ဂ်ပန္ ႏိုင္ငံဟာ ဆယ္စုႏွစ္ အတြင္း အျပင္းထန္ဆုံး မုန္တိုင္း တစ္ခုနဲ႔ ရင္ဆိုင္ရဖို႔ရွိ


ဂ်ပန္ႏိုင္ငံဟာ ဆယ္စုႏွစ္ေတြ အတြင္း အျပင္းထန္ဆုံး တိုင္ဖြန္း တစ္ခုကို ရင္ဆိုင္ရဖို႔ ရွိေနပါတယ္
Zawgyi

ဂ်ပန္ႏိုင္ငံဟာ ဆယ္စုႏွစ္ေတြ အတြင္း အျပင္းထန္ဆုံး တိုင္ဖြန္း တစ္ခုကို ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။ တိုင္ဖြန္း ဟာဂ်ီဘစ္စ္ (Hagibis) လို႔ အမည္ ေပးထားတဲ့ အဲဒီ အင္အားျပင္း မုန္တိုင္းဟာ ေအာက္တိုဘာ ၁၂ ရက္ စေနေန႔ (ဒီေန႔) ေႏွာင္းပိုင္းမွာ ၿမိဳ႕ေတာ္ တိုက်ိဳ အနီးမွာ ကုန္တြင္းပိုင္းကို ဝင္ဖို႔ ရွိပါတယ္။

အခု မုန္တိုင္း ဝင္မယ့္ ေနရာဟာ အရင္လက မုန္တိုင္း တစ္ခု ဒဏ္ခံခဲ့ရလို႔ ျပန္လည္ ထူေထာင္ေရး လုပ္ေနဆဲ ေဒသေတြလည္း ျဖစ္ေနပါတယ္။

တိုက်ိဳ ၿမိဳ႕ေတာ္ ေနရာ အႏွံ႔အျပားမွာ မုန္တိုင္း အႀကိဳ မိုးသည္းထန္ ေနၿပီး လူေနအိမ္ ေသာင္းနဲ႔ခ်ီဟာ လွ်ပ္စစ္ မီး ျပတ္ေတာက္မႈေတြလည္း ႀကဳံေတြ႕ေနရပါတယ္။

ေျမနိမ့္ပိုင္း ေဒသက လူေနအိမ္ေတြကိုလည္း ေ႐ႊ႕ေျပာင္းၾကဖို႔ အမိန္႔ထုတ္ျပန္ ထားရပါတယ္။ ေလယာဥ္နဲ႔ ရထား ခရီးစဥ္ေတြလည္း ဖ်က္သိမ္းထားပါတယ္။

မုန္တိုင္းေၾကာင့္ ဂ်ပန္မွာ ကမာၻ႔ Rugby အားကစားၿပိဳင္ပြဲရဲ႕ ပြဲစဥ္ ၂ ခု ကို ေ႐ႊ႕ဆိုင္းထားၿပီး တျခား ပြဲစဥ္ေတြလည္း ေ႐ႊ႕ဆိုင္းဖို႔ ျဖစ္လာႏိုင္ပါတယ္။

ဒါ့အျပင္ ေဖာ္ျမဴလာဝမ္း ဂ႐ြန္းပရီ ကားေမာင္းၿပိဳင္ပြဲ အႀကိဳ အဆင့္ ပြဲစဥ္ေတြနဲ႔ ေလ့က်င့္မႈေတြကိုလည္း စေနေန႔ အတြက္ ရပ္ဆိုင္းထားပါတယ္။

BBC Burmese
https://www.bbc.com
-------
Unicode

ဂျပန် နိုင်ငံဟာ ဆယ်စုနှစ် အတွင်း အပြင်းထန်ဆုံး မုန်တိုင်း တစ်ခုနဲ့ ရင်ဆိုင်ရဖို့ရှိ

Image caption ဂျပန်နိုင်ငံဟာ ဆယ်စုနှစ်တွေ အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်း တစ်ခုကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်

ဂျပန်နိုင်ငံဟာ ဆယ်စုနှစ်တွေ အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်း တစ်ခုကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ တိုင်ဖွန်း ဟာဂျီဘစ်စ် (Hagibis) လို့ အမည် ပေးထားတဲ့ အဲဒီ အင်အားပြင်း မုန်တိုင်းဟာ အောက်တိုဘာ ၁၂ ရက် စနေနေ့ (ဒီနေ့) နှောင်းပိုင်းမှာ မြို့တော် တိုကျို အနီးမှာ ကုန်တွင်းပိုင်းကို ဝင်ဖို့ ရှိပါတယ်။

အခု မုန်တိုင်း ဝင်မယ့် နေရာဟာ အရင်လက မုန်တိုင်း တစ်ခု ဒဏ်ခံခဲ့ရလို့ ပြန်လည် ထူထောင်ရေး လုပ်နေဆဲ ဒေသတွေလည်း ဖြစ်နေပါတယ်။

တိုကျို မြို့တော် နေရာ အနှံ့အပြားမှာ မုန်တိုင်း အကြို မိုးသည်းထန် နေပြီး လူနေအိမ် သောင်းနဲ့ချီဟာ လျှပ်စစ် မီး ပြတ်တောက်မှုတွေလည်း ကြုံတွေ့နေရပါတယ်။

မြေနိမ့်ပိုင်း ဒေသက လူနေအိမ်တွေကိုလည်း ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ပြန် ထားရပါတယ်။ လေယာဉ်နဲ့ ရထား ခရီးစဉ်တွေလည်း ဖျက်သိမ်းထားပါတယ်။

မုန်တိုင်းကြောင့် ဂျပန်မှာ ကမ္ဘာ့ Rugby အားကစားပြိုင်ပွဲရဲ့ ပွဲစဉ် ၂ ခု ကို ရွှေ့ဆိုင်းထားပြီး တခြား ပွဲစဉ်တွေလည်း ရွှေ့ဆိုင်းဖို့ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ဖော်မြူလာဝမ်း ဂရွန်းပရီ ကားမောင်းပြိုင်ပွဲ အကြို အဆင့် ပွဲစဉ်တွေနဲ့ လေ့ကျင့်မှုတွေကိုလည်း စနေနေ့ အတွက် ရပ်ဆိုင်းထားပါတယ်။

BBC Burmese
https://www.bbc.com
ဂ်ပန္ ႏိုင္ငံဟာ ဆယ္စုႏွစ္ အတြင္း အျပင္းထန္ဆုံး မုန္တိုင္း တစ္ခုနဲ႔ ရင္ဆိုင္ရဖို႔ရွိ ဂ်ပန္ ႏိုင္ငံဟာ ဆယ္စုႏွစ္ အတြင္း အျပင္းထန္ဆုံး မုန္တိုင္း တစ္ခုနဲ႔ ရင္ဆိုင္ရဖို႔ရွိ Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.