ဂ်ပန္ ေျမမွာ စိန္ေခၚသူကို ထပ္မံ အႏိုင္ယူလိုက္တဲ့ ေအာင္လ

ဗဲရာကို ဒုတိယ အခ်ီမွာ ထိုးခ်က္ျပင္းျပင္းနဲ႔ အႏိုင္ထိုးသတ္ခဲ့တာပါ။
Zawgyi
ျမန္မာ့ စပါးအုံး လို႔ လူသိမ်ားတဲ့ ကခ်င္ တိုင္းရင္းသား ေအာင္လ အန္ဆန္း တစ္ေယာက္ ဂ်ပန္ ႏိုင္ငံ တိုက်ိဳ ၿမိဳ႕မွာ ထိုးသတ္တဲ့ One Championship ကိုယ္ခံပညာ ေပါင္းစုံ အသတ္အပုတ္ ၿပိဳင္ပြဲမွာလည္း လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံ ဘြဲ႕ ကို ကာကြယ္ ႏိုင္ခဲ့ပါတယ္။

ေအာင္လ ဟာ လိုက္ဟဲဗီးဝိတ္တန္း သရဖူ ကာကြယ္ပြဲ အျဖစ္ စိန္ေခၚသူ ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒန္ ဗဲရာကို ဒုတိယ အခ်ီ ၃ မိနစ္ နဲ႔၂၃ စကၠန႔္ မွာ အလဲထိုး အႏိုင္ရယူ ခဲ့တာပါ။

ဂ်ပန္မွာ က်င္းပ တဲ့ ပြဲ ကို ျမန္မာေတြ အေတာ္မ်ားမ်ားက လည္းတိုက္႐ိုက္႐ုပ္သံ ကေနၾကည့္ေနၾကသလို အင္တာနက္ကေနလည္းတိုက္႐ိုက္ၾကည့္သူေတြလည္းရွိပါတယ္။ ဂ်ပန္ေရာက္ျမန္မာေတြလည္းကြင္းထဲကို လာေရာက္အားေပးခဲ့ၾကပါတယ္။

ဘယ္လက္သီးထိုးခ်က္ေတြနဲ႔ ၁၀ခ်က္မ ကထိုးသတ္ခဲ့

ေအာင္လ ဘယ္လိုထိုးခဲ့သလဲ

ဒီပြဲဟာအျပန္အလွန္ ထိုးသတ္ၾကသလို ပြဲေကာင္း တစ္ပြဲ ျဖစ္ခဲ့ၿပီး ေအာင္လရဲ႕ တံေတာင္ နဲ႔ ႐ိုက္တာကို ဗဲရာ မခံႏိုင္ဘဲ လဲက်သြားခဲ့ခ်ိန္မွာ ေအာင္လန္က သူ႔ရဲ႕ အားသာတဲ့ ဘယ္လက္သီးထိုးခ်က္ေတြနဲ႔ ၁၀ခ်က္မ ကထိုးသတ္ခဲ့လို႔ ဒိုင္လူႀကီး ျဖစ္သူက ပြဲရပ္ၿပီး အႏိုင္ေပးခဲ့ပါတယ္။ ေအာင္လအန္ဆန္အတြက္ လိုက္ဟဲဗီးဝိတ္တန္ ကာကြယ္ပြဲမွာ ဒုတိယအခ်ီရဲ႕ ၃မိနစ္၊ ၂၃စကၠန႔္အၾကာမွာ အေကာင္းဆုံး ထိုးသတ္ခဲ့ၿပီး အႏိုင္ယူခဲ့တာ ျဖစ္ပါတယ္။

ဘရန္ဒန္ဟာ ပထမအခ်ီ၊ ဒုတိယအခ်ီေတြမွာ ေအာင္လကို ဒူးတိုက္ခ်က္ေတြနဲ႔ အလဲထိုးဖို႔ ျပင္ဆင္ခဲ့သလို ေအာင္လကလည္း သူ႔ရဲ႕ အကြက္ေတြကို အေကာင္းဆုံးျပင္ဆင္ၿပီး ဖိအားေပးခဲ့ပါတယ္။ ေအာင္လဟာ သူ႔ရဲ႕ ႀကိဳတင္ျပင္ထားတဲ့အတိုင္း အေကာင္းဆုံး ထိုးသတ္ခဲ့ၿပီးေနာက္ ဒုတိယအခ်ီမွာတင္ အႏိုင္ရခဲ့တာပါ။ One Championship မွာ ပထမခ်ီတိုင္းမွာတင္ အႏိုင္ယူခဲ့တဲ့ ဘရန္ဒန္ ဗဲရာအတြက္ ပထမဆုံး ထိုးရတဲ့ ဒုတိယအခ်ီမွာ ရႈံးခဲ့တာပါ။ ေအာင္လအတြက္ေတာ့ မစ္ဒယ္ဝိတန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံဆုေတြရဲ႕ ခ်န္ပီယံအျဖစ္ ဆက္ရွိခဲ့ၿပီး အေကာင္းဆုံးဆိုတာကို ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္ဟာ ျမန္မာ့စပါးအုံး ဆိုၿပီး အဖမ္း၊ အခ်ဳပ္မွာ နာမည္ေက်ာ္သူပါ။

ဒါေပမဲ့ အလဲထိုး၊ အလဲကန္၊ အႏိုင္ခ်ဳပ္ နည္းမ်ိဳးစုံနဲ႔ ေအာင္ပြဲခံႏိုင္သူလည္း ျဖစ္ပါတယ္။

လိုက္ဟဲဗီးဝိတ္တန္း ကာကြယ္ပြဲကေတာ့ ပထမဆုံးအႀကိမ္ အႏိုင္ရ

ဒီပြဲနဲ႔ ေအာင္လအန္ဆန္ဟာ MMA ျဖတ္သန္းမႈ

One Championship ၿပိဳင္ပြဲရဲ႕ Century ၿပိဳင္ပြဲႀကီးကို ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။ ျမန္မာ့ ဂုဏ္ေဆာင္ ကမာၻ႔ ႏွစ္ထပ္ကြမ္း ခ်န္ပီယံ မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံႏွစ္ခုကို ရထားတဲ့ ေအာင္လအန္ဆန္ကို အေမရိကန္ဖြား ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒန္ ဗဲရာက စိန္ေခၚထားခဲ့တာပါ။

ေအာင္လရဲ႕ လိုက္ဟဲဗီးဝိတ္တန္း ခါးပတ္ကို လုဖို႔ စိန္ေခၚထားခဲ့တာျဖစ္ၿပီး သူတို႔ ႏွစ္ဦးစလုံးရဲ႕ ပြဲက ေအာက္တိုဘာ ၁၃ ရက္ One Championship Century ရဲ႕ ေနာက္ဆုံး ပြဲလည္း ျဖစ္ပါတယ္။

အသက္ ၃၄ႏွစ္ အ႐ြယ္ရွိတဲ့ ေအာင္လအန္ဆန္ဟာ MMA သိုင္းေပါင္းစုံၿပိဳင္ပြဲ သမိုင္းတစ္ေလ်ာက္ ၃၅ပြဲ ထိုးထားၿပီး ၂၄ပြဲႏိုင္၊ ၁၀ပြဲ ရႈံးထားပါတယ္။ ရႈံးပြဲ အမ်ားစုကေတာ့ သူ႔ရဲ႕ အေစာပိုင္း ကာလေတြမွာ ရႈံးခဲ့တာျဖစ္ၿပီး ေနာက္ဆုံး ထိုးသတ္ထားတဲ့ ၁၁ပြဲမွာ ၁၀ပြဲအထိ အႏိုင္ရထားသူျဖစ္ပါတယ္။ ၂၀၁၄ခုႏွစ္မွာ One Championship နဲ႔ စတင္လက္တြဲခဲ့ၿပီးေနာက္ ဆက္တိုက္ ေအာင္ပြဲရခဲ့တဲ့ ေအာင္လအန္ဆန္အတြက္ ဝိတ္တန္း ၂ခုမွာ ခ်န္ပီယံျဖစ္တဲ့အထိ ေအာင္ျမင္မႈ ရခဲ့တာပါ။

ေအာင္လရဲ႕ ေနာက္ဆုံး ရႈံးပြဲကေတာ့ ၂၀၁၇ခုႏွစ္၊ ဇန္နဝါရီလက၊ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ာကာတာမွာ ထိုးသတ္ခဲ့တဲ့ပြဲျဖစ္ၿပီး MMA မွတ္တမ္းေတြအရ ၂၀၁၃ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ ၆ႏွစ္ေက်ာ္အတြင္းမွာ ၂ပြဲပဲ ရႈံးဖူးေသးတာ ျဖစ္ပါတယ္။

ဘရန္ဒန္ဗဲရာအသက္ ၄၁ႏွစ္ အ႐ြယ္ရွိသူျဖစ္ၿပီး ဟဲဗီးဝိတ္တန္းရဲ႕ ခ်န္ပီယံပါ။

ဘရန္ဒန္က ဘယ္လိုလူလဲ

ေအာင္လအန္ဆန္ရဲ႕ ၿပိဳင္ဖက္ ျဖစ္တဲ့ ဘရန္ဒန္ဗဲရာကေတာ့ အသက္ ၄၁ႏွစ္ အ႐ြယ္ရွိသူျဖစ္ၿပီး ဟဲဗီးဝိတ္တန္းရဲ႕ ခ်န္ပီယံပါ။

အရင္က အေမရိကန္ အေျခစိုက္ နာမည္ေက်ာ္ UFC ၿပိဳင္ပြဲေတြကို ဝင္ေရာက္ ထိုးသတ္ခဲ့ဖူးသူျဖစ္ၿပီး MMA သိုင္းေပါင္းစုံၿပိဳင္ပြဲသမိုင္းတစ္ေလ်ာက္ ၂၄ပြဲမွာ ၁၆ပြဲႏိုင္ထားၿပီး၊ ၇ပြဲ ရႈံးထားပါတယ္။ ဘရန္ဒန္ရဲ႕ ရႈံးပြဲ ၇ပြဲစလုံးဟာ UFC မွာ ထိုးသတ္ခဲ့တဲ့ ပြဲေတြခ်ည္းျဖစ္ၿပီး One Championship ၿပိဳင္ပြဲနဲ႔ လက္တြဲခဲ့တာကေတာ့ ၂၀၁၄ခုႏွစ္မွာျဖစ္ပါတယ္။

One Championship ၿပိဳင္ပြဲေတြမွာ ၄ပြဲသာ ထိုးထားရေပမယ့္ ဟဲဗီးဝိတ္တန္း ခ်န္ပီယံဆုကို ဒုတိယေျမာက္ ထိုးသတ္ခဲ့တဲ့ ပြဲအၿပီးမွာ ရခဲ့တာပါ။ ဟဲဗီးဝိတ္တန္း ခ်န္ပီယံဆုကိုေတာ့ ၂ႀကိမ္တိုင္တိုင္ ကာကြယ္ထိုးသတ္ထားသူျဖစ္ေပမယ့္ လိုက္ဟဲဗီးဝိတ္တန္းကိုေတာ့ ပထမဆုံးအႀကိမ္ စိတ္ေခၚ ထိုးသတ္တာလည္း ျဖစ္ပါတယ္။

ေအာင္လအန္ဆန္ကေတာ့ သူ႔ရဲ႕ အဓိက ဝိတ္တန္းျဖစ္တဲ့ မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံဆုကို ၂၀၁၇ခုႏွစ္မွာ စတင္ရခဲ့ၿပီးေနာက္ ၃ႀကိမ္တိုင္တိုင္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ အခုဂ်ပန္မွာက်င္းပတဲ့ လိုက္ဟဲဗီးဝိတ္တန္း ကာကြယ္ပြဲကေတာ့ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

One Championship Part 1 မွာ ဝင္ေရာက္ ထိုးသတ္ခဲ့တဲ့ ျမန္မာႏိုင္ငံက ဖိုးေသာ္ကေတာ့ ကီလို ၇၀ရွိတဲ့ ဖယ္သာဝိတ္တန္းမွာ ေတာင္ကိုရီးယားက ယြန္ကို ပထမအခ်ီမွာတင္ ရႈံးနိမ့္ခဲ့ပါတယ္။
One Championship ဝိတ္တန္းအလိုက္ ခ်န္ပီယံမ်ား

ဟဲဗီးဝိတ္တန္း - ဘရန္ဒန္ ဗဲရာ ( ဖိလစ္ပိုင္)

လိုက္ဟဲဗီးဝိတ္တန္း - ေအာင္လအန္ဆန္ ( ျမန္မာ )

မစ္ဒယ္ဝိတ္တန္း - ေအာင္လအန္ဆန္ ( ျမန္မာ)

ဝယ္လ္တာဝိတ္တန္း - Zebaztian Kadestam ( ဆြီဒင္)

လိုက္ဝိတ္တန္း - ခရစၥတီယန္ လီ ( စင္ကာပူ)

ဖယ္သာဝိတ္တန္း - မာတင္ ( ၾသစေၾတးလ်)

ဘန္တန္ဝိတ္တန္း - ဘီဘီယာႏို ဖာနန္ဒတ္စ္ ( ဘရာဇီး)

ဖလိုင္းဝိတ္တန္း - အက္ဒရီယာႏို မိုေရစ္ ( ဘရာဇီး)

ေအာင္လအန္ဆန္ရဲ႕ MMA မွတ္တမ္း

အသက္ - ၃၄ႏွစ္

ထိုးပြဲ - ၃၆ပြဲ

ႏိုင္ပြဲ - ၂၅ပြဲ

အလဲထိုး - ၁၁ပြဲ

ရႈံးပြဲ - ၁၀ပြဲ

ဘရန္ဒန္ ဗဲရာရဲ႕ MMA မွတ္တမ္း

အသက္ - ၄၁ႏွစ္

ထိုးပြဲ - ၂၅ပြဲ

ႏိုင္ပြဲ - ၁၆ပြဲ

အလဲထိုး - ၁၁ပြဲ

ရႈံးပြဲ - ၈ပြဲ

BBC Burmese
https://www.bbc.com
--------------
Unicode
ဂျပန် မြေမှာ စိန်ခေါ်သူကို ထပ်မံ အနိုင်ယူလိုက်တဲ့ အောင်လ

 
Image caption ဗဲရာကို ဒုတိယ အချီမှာ ထိုးချက်ပြင်းပြင်းနဲ့ အနိုင်ထိုးသတ်ခဲ့တာပါ။

မြန်မာ့ စပါးအုံး လို့ လူသိများတဲ့ ကချင် တိုင်းရင်းသား အောင်လ အန်ဆန်း တစ်ယောက် ဂျပန် နိုင်ငံ တိုကျို မြို့မှာ ထိုးသတ်တဲ့ One Championship ကိုယ်ခံပညာ ပေါင်းစုံ အသတ်အပုတ် ပြိုင်ပွဲမှာလည်း လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ ဘွဲ့ ကို ကာကွယ် နိုင်ခဲ့ပါတယ်။

အောင်လ ဟာ လိုက်ဟဲဗီးဝိတ်တန်း သရဖူ ကာကွယ်ပွဲ အဖြစ် စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန် ဗဲရာကို ဒုတိယ အချီ ၃ မိနစ် နဲ့၂၃ စက္ကန့် မှာ အလဲထိုး အနိုင်ရယူ ခဲ့တာပါ။

ဂျပန်မှာ ကျင်းပ တဲ့ ပွဲ ကို မြန်မာတွေ အတော်များများက လည်းတိုက်ရိုက်ရုပ်သံ ကနေကြည့်နေကြသလို အင်တာနက်ကနေလည်းတိုက်ရိုက်ကြည့်သူတွေလည်းရှိပါတယ်။ ဂျပန်ရောက်မြန်မာတွေလည်းကွင်းထဲကို လာရောက်အားပေးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် One championship
Image caption ဘယ်လက်သီးထိုးချက်တွေနဲ့ ၁၀ချက်မ ကထိုးသတ်ခဲ့
အောင်လ ဘယ်လိုထိုးခဲ့သလဲ

ဒီပွဲဟာအပြန်အလှန် ထိုးသတ်ကြသလို ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး အောင်လရဲ့ တံတောင် နဲ့ ရိုက်တာကို ဗဲရာ မခံနိုင်ဘဲ လဲကျသွားခဲ့ချိန်မှာ အောင်လန်က သူ့ရဲ့ အားသာတဲ့ ဘယ်လက်သီးထိုးချက်တွေနဲ့ ၁၀ချက်မ ကထိုးသတ်ခဲ့လို့ ဒိုင်လူကြီး ဖြစ်သူက ပွဲရပ်ပြီး အနိုင်ပေးခဲ့ပါတယ်။ အောင်လအန်ဆန်အတွက် လိုက်ဟဲဗီးဝိတ်တန် ကာကွယ်ပွဲမှာ ဒုတိယအချီရဲ့ ၃မိနစ်၊ ၂၃စက္ကန့်အကြာမှာ အကောင်းဆုံး ထိုးသတ်ခဲ့ပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ဘရန်ဒန်ဟာ ပထမအချီ၊ ဒုတိယအချီတွေမှာ အောင်လကို ဒူးတိုက်ချက်တွေနဲ့ အလဲထိုးဖို့ ပြင်ဆင်ခဲ့သလို အောင်လကလည်း သူ့ရဲ့ အကွက်တွေကို အကောင်းဆုံးပြင်ဆင်ပြီး ဖိအားပေးခဲ့ပါတယ်။ အောင်လဟာ သူ့ရဲ့ ကြိုတင်ပြင်ထားတဲ့အတိုင်း အကောင်းဆုံး ထိုးသတ်ခဲ့ပြီးနောက် ဒုတိယအချီမှာတင် အနိုင်ရခဲ့တာပါ။ One Championship မှာ ပထမချီတိုင်းမှာတင် အနိုင်ယူခဲ့တဲ့ ဘရန်ဒန် ဗဲရာအတွက် ပထမဆုံး ထိုးရတဲ့ ဒုတိယအချီမှာ ရှုံးခဲ့တာပါ။ အောင်လအတွက်တော့ မစ်ဒယ်ဝိတန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေရဲ့ ချန်ပီယံအဖြစ် ဆက်ရှိခဲ့ပြီး အကောင်းဆုံးဆိုတာကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ မြန်မာ့စပါးအုံး ဆိုပြီး အဖမ်း၊ အချုပ်မှာ နာမည်ကျော်သူပါ။

ဒါပေမဲ့ အလဲထိုး၊ အလဲကန်၊ အနိုင်ချုပ် နည်းမျိုးစုံနဲ့ အောင်ပွဲခံနိုင်သူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် One championship
Image caption လိုက်ဟဲဗီးဝိတ်တန်း ကာကွယ်ပွဲကတော့ ပထမဆုံးအကြိမ် အနိုင်ရ
ဒီပွဲနဲ့ အောင်လအန်ဆန်ဟာ MMA ဖြတ်သန်းမှု

One Championship ပြိုင်ပွဲရဲ့ Century ပြိုင်ပွဲကြီးကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာ့ ဂုဏ်ဆောင် ကမ္ဘာ့ နှစ်ထပ်ကွမ်း ချန်ပီယံ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံနှစ်ခုကို ရထားတဲ့ အောင်လအန်ဆန်ကို အမေရိကန်ဖွား ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန် ဗဲရာက စိန်ခေါ်ထားခဲ့တာပါ။

အောင်လရဲ့ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကို လုဖို့ စိန်ခေါ်ထားခဲ့တာဖြစ်ပြီး သူတို့ နှစ်ဦးစလုံးရဲ့ ပွဲက အောက်တိုဘာ ၁၃ ရက် One Championship Century ရဲ့ နောက်ဆုံး ပွဲလည်း ဖြစ်ပါတယ်။

အသက် ၃၄နှစ် အရွယ်ရှိတဲ့ အောင်လအန်ဆန်ဟာ MMA သိုင်းပေါင်းစုံပြိုင်ပွဲ သမိုင်းတစ်လျောက် ၃၅ပွဲ ထိုးထားပြီး ၂၄ပွဲနိုင်၊ ၁၀ပွဲ ရှုံးထားပါတယ်။ ရှုံးပွဲ အများစုကတော့ သူ့ရဲ့ အစောပိုင်း ကာလတွေမှာ ရှုံးခဲ့တာဖြစ်ပြီး နောက်ဆုံး ထိုးသတ်ထားတဲ့ ၁၁ပွဲမှာ ၁၀ပွဲအထိ အနိုင်ရထားသူဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မှာ One Championship နဲ့ စတင်လက်တွဲခဲ့ပြီးနောက် ဆက်တိုက် အောင်ပွဲရခဲ့တဲ့ အောင်လအန်ဆန်အတွက် ဝိတ်တန်း ၂ခုမှာ ချန်ပီယံဖြစ်တဲ့အထိ အောင်မြင်မှု ရခဲ့တာပါ။

အောင်လရဲ့ နောက်ဆုံး ရှုံးပွဲကတော့ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလက၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ထိုးသတ်ခဲ့တဲ့ပွဲဖြစ်ပြီး MMA မှတ်တမ်းတွေအရ ၂၀၁၃ခုနှစ်ကနေ လက်ရှိအချိန်အထိ ၆နှစ်ကျော်အတွင်းမှာ ၂ပွဲပဲ ရှုံးဖူးသေးတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် One championship
Image caption ဘရန်ဒန်ဗဲရာအသက် ၄၁နှစ် အရွယ်ရှိသူဖြစ်ပြီး ဟဲဗီးဝိတ်တန်းရဲ့ ချန်ပီယံပါ။
ဘရန်ဒန်က ဘယ်လိုလူလဲ

အောင်လအန်ဆန်ရဲ့ ပြိုင်ဖက် ဖြစ်တဲ့ ဘရန်ဒန်ဗဲရာကတော့ အသက် ၄၁နှစ် အရွယ်ရှိသူဖြစ်ပြီး ဟဲဗီးဝိတ်တန်းရဲ့ ချန်ပီယံပါ။

အရင်က အမေရိကန် အခြေစိုက် နာမည်ကျော် UFC ပြိုင်ပွဲတွေကို ဝင်ရောက် ထိုးသတ်ခဲ့ဖူးသူဖြစ်ပြီး MMA သိုင်းပေါင်းစုံပြိုင်ပွဲသမိုင်းတစ်လျောက် ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး၊ ၇ပွဲ ရှုံးထားပါတယ်။ ဘရန်ဒန်ရဲ့ ရှုံးပွဲ ၇ပွဲစလုံးဟာ UFC မှာ ထိုးသတ်ခဲ့တဲ့ ပွဲတွေချည်းဖြစ်ပြီး One Championship ပြိုင်ပွဲနဲ့ လက်တွဲခဲ့တာကတော့ ၂၀၁၄ခုနှစ်မှာဖြစ်ပါတယ်။

One Championship ပြိုင်ပွဲတွေမှာ ၄ပွဲသာ ထိုးထားရပေမယ့် ဟဲဗီးဝိတ်တန်း ချန်ပီယံဆုကို ဒုတိယမြောက် ထိုးသတ်ခဲ့တဲ့ ပွဲအပြီးမှာ ရခဲ့တာပါ။ ဟဲဗီးဝိတ်တန်း ချန်ပီယံဆုကိုတော့ ၂ကြိမ်တိုင်တိုင် ကာကွယ်ထိုးသတ်ထားသူဖြစ်ပေမယ့် လိုက်ဟဲဗီးဝိတ်တန်းကိုတော့ ပထမဆုံးအကြိမ် စိတ်ခေါ် ထိုးသတ်တာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ သူ့ရဲ့ အဓိက ဝိတ်တန်းဖြစ်တဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ၂၀၁၇ခုနှစ်မှာ စတင်ရခဲ့ပြီးနောက် ၃ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့ပေမယ့် အခုဂျပန်မှာကျင်းပတဲ့ လိုက်ဟဲဗီးဝိတ်တန်း ကာကွယ်ပွဲကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

One Championship Part 1 မှာ ဝင်ရောက် ထိုးသတ်ခဲ့တဲ့ မြန်မာနိုင်ငံက ဖိုးသော်ကတော့ ကီလို ၇၀ရှိတဲ့ ဖယ်သာဝိတ်တန်းမှာ တောင်ကိုရီးယားက ယွန်ကို ပထမအချီမှာတင် ရှုံးနိမ့်ခဲ့ပါတယ်။
One Championship ဝိတ်တန်းအလိုက် ချန်ပီယံများ

ဟဲဗီးဝိတ်တန်း - ဘရန်ဒန် ဗဲရာ ( ဖိလစ်ပိုင်)

လိုက်ဟဲဗီးဝိတ်တန်း - အောင်လအန်ဆန် ( မြန်မာ )

မစ်ဒယ်ဝိတ်တန်း - အောင်လအန်ဆန် ( မြန်မာ)

ဝယ်လ်တာဝိတ်တန်း - Zebaztian Kadestam ( ဆွီဒင်)

လိုက်ဝိတ်တန်း - ခရစ္စတီယန် လီ ( စင်ကာပူ)

ဖယ်သာဝိတ်တန်း - မာတင် ( သြစတြေးလျ)

ဘန်တန်ဝိတ်တန်း - ဘီဘီယာနို ဖာနန်ဒတ်စ် ( ဘရာဇီး)

ဖလိုင်းဝိတ်တန်း - အက်ဒရီယာနို မိုရေစ် ( ဘရာဇီး)

အောင်လအန်ဆန်ရဲ့ MMA မှတ်တမ်း

အသက် - ၃၄နှစ်

ထိုးပွဲ - ၃၆ပွဲ

နိုင်ပွဲ - ၂၅ပွဲ

အလဲထိုး - ၁၁ပွဲ

ရှုံးပွဲ - ၁၀ပွဲ

ဘရန်ဒန် ဗဲရာရဲ့ MMA မှတ်တမ်း

အသက် - ၄၁နှစ်

ထိုးပွဲ - ၂၅ပွဲ

နိုင်ပွဲ - ၁၆ပွဲ

အလဲထိုး - ၁၁ပွဲ

ရှုံးပွဲ - ၈ပွဲ

BBC Burmese
https://www.bbc.com
ဂ်ပန္ ေျမမွာ စိန္ေခၚသူကို ထပ္မံ အႏိုင္ယူလိုက္တဲ့ ေအာင္လ ဂ်ပန္ ေျမမွာ စိန္ေခၚသူကို ထပ္မံ အႏိုင္ယူလိုက္တဲ့ ေအာင္လ Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.