ေဒါက္တာေအာင္ေက်ာ္ဝင္း ၊ေ႐ႊတိဂုံေစတီေတာ္အထက္ပစၥယံနဲ႔ ၊အမ်ိဳးသားလား အမ်ိဳးသမီးလား

 ေ႐ႊတိဂုံ ေစတီ အထက္ပစၥယံကို သံဃာနဲ႔အမ်ိဳးသားေတြပဲ ဖူးခြင့္ဆိုတဲ့ ကန႔္သတ္ခ်က္ ရွိတာျဖစ္ပါတယ္။
Zawgyi
ေ႐ႊတိဂုံေစတီေတာ္အထက္ပစၥယံကို တက္ေရာက္ၿပီးဖူး ခဲ့တဲ့ ေ႐ႊနန္းေတာ္ေ႐ႊဆိုင္ပိုင္ရွင္ ေဒါက္တာေအာင္ေက်ာ္ဝင္းဟာ အမ်ိဳးသားလား အမ်ိဳးသမီးလားဆိုတာ က အျငင္းပြားမႈေတြရွိေနပါတယ္ ။

သူ႔ကိုအမ်ိဳးသားျဖစ္တယ္ ဆိုတာကို သာသနာေရးဝန္ႀကီးဌာက အတည္ျပဳတယ္လို႔ ေ႐ႊတိဂုံေဂါပကအဖြဲ႕က ေျပာလိုက္ပါတယ္။

ဒါေပမဲ့ အထက္ပစၥယံကို စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ ဖူးခြင့္မေပးခဲ့တာေၾကာင့္ ေ႐ႊတိဂုံေစတီေတာ္ ေစတီေတာ္႐ုံးအဖြဲ႕မႉး ရာထူးကရပ္နားၿပီး ခု႐ုံးဖြဲ႕စစ္ေဆးေနပါတယ္။

ရာထူးကရပ္နားခံရတဲ့ ေ႐ႊတိဂုံေစတီေတာ္ ေစတီေတာ္႐ုံးအဖြဲ႕မႉး ဦးထြန္းေအာင္ေငြ ကေတာ့ ေဒါက္တာေအာင္ေက်ာ္ဝင္းကို သူက ခြင့္ျပဳေပးခဲ့လို႔ ခု႐ုံးဖြဲ႕စစ္ေဆးၿပီး ရာထူး ကေန အနားခံရတယ္လို႔ ဘီဘီစီကိုေျပာပါတယ္။

ေ႐ႊတိဂုံ ေစတီ အထက္ပစၥယံကို သံဃာနဲ႔အမ်ိဳးသားေတြပဲ ဖူးခြင့္ရွိတယ္ဆိုတဲ့ ကန႔္သတ္ခ်က္ ရွိတာျဖစ္ပါတယ္။

 ေ႐ႊနန္းေတာ္ေ႐ႊဆိုင္ပိုင္ရွင္ေဒါက္တာေအာင္ေက်ာ္ဝင္း
ေ႐ႊတိဂုံေဂါပကအဖြဲ႕ဘက္ကေတာ့ ေဒါက္တာေအာင္ေက်ာ္ဝင္းဟာ အမ်ိဳးသားျဖစ္တယ္ဆိုတဲ့ အတည္ျပဳခ်က္ကို သာသနာေရးဝန္ႀကီးဌာနဘက္က ရထားၿပီး ဒါနဲ႔ပတ္သက္လို႔ အျငင္းပြားစရာမရွိဘူးလို႔ ေျပာပါတယ္ ။

လသာၿမိဳ႕နယ္ က ေဒါက္တာေအာင္ေက်ာ္ဝင္းနဲ႔ ေက်ာင္းေနဘက္ အခ်ိဳ႕ ကလည္း သူ႔ကို အမ်ိဳးသား အျဖစ္သာ သိထားၾကတယ္လို႔လည္းဘီဘီစီကိုေျပာပါတယ္။

ဦးထြန္းေအာင္ေငြဘက္ကေတာ့သူ႔ကို ေဒါက္တာေအာင္ေက်ာ္ဝင္းကိစၥနဲ႔ ပတ္သက္လို႔ ေ႐ႊတိဂုံေဂါပကအဖြဲ႕ဘက္က အေရးယူတာမေက်နပ္လို႔ ႏိုင္ငံေတာ္သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္၊ အဂတိေကာ္မရွင္နဲ႔ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ကို တိုင္ၾကားခ်က္ ျပဳလုပ္ထားပါတယ္။

"ကြၽန္ေတာ္ကို ဗ်ာ မိန္းမႀကီး အထက္ပစၥယံ တင္ေပးလို႔ ဆိုၿပီးခုံ႐ုံးဖြဲ႕စစ္တာ။ ေနာက္ေတာ့ ကဒ္မရွိဘဲ အထက္ပစၥယံကို တက္ခြင့္ေပးခဲ့တာၾကာင့္ စည္းကမ္းနဲ႔ မကိုက္ညီလို႔ အေရးယူတာလို႔ ေဂါပကအဖြဲ႕က ေျပာတယ္လို႔ "လည္း ေ႐ႊတိဂုံေစတီေတာ္ ေစတီေတာ္႐ုံးအဖြဲ႕မႉး ဦးထြန္းေအာင္ေငြ ကေျပာပါတယ္။

ေ႐ႊတိဂုံ ေစတီ အထက္ပစၥယံကို ဖူးခဲ့တဲ့ ေဒါက္တာေအာင္ေက်ာ္ဝင္းကိစၥမွာေတာ့ အမ်ိဳးသားလား အမ်ိဳးသမီးလားဆိုတာ ေၾကာင့္ အခုလို အျငင္းပြားမႈေတြရွိလာတာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ဘယ္ကိစၥက စည္းကမ္းနဲ႔ မညီျဖစ္သလဲဆိုတာကို စုံစမ္းေနဆဲျဖစ္ၿပီး စစ္ေဆးေရးကာလအတြင္း ႐ုံးအဖြဲ႕မႉး ဦးထြန္းေအာင္ေငြကို ရာထူးက ရပ္နားထားမယ္လို႔ ေဂါပကအဖြဲ႕က ေျပာပါတယ္။

ေ႐ႊတိဂုံေစတီေတာ္ အထက္ပစၥယံမွာ ဘုရားဝတ္ျပဳခြင့္ေလွ်ာက္ထား မယ္ဆိုရင္ ေလွ်ာက္လႊာတင္သြင္းျခင္းဆိုင္ရာ စည္းကမ္းသတ္မွတ္ခ်က္ေတြမွာ ေလွ်ာက္ထားသူဟာ စာရိတၱေကာင္းမြန္ေၾကာင္း ရပ္ကြက္ေထာက္ခံစာ၊ ျမန္မာတိုင္းရင္းသား အသက္ (၁၈) ႏွစ္ျပည့္ၿပီးသူ အမ်ိဳးသားျဖစ္ရမယ္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမူရင္းတင္ျပၿပီး ေလွ်ာက္လႊာပုံစံဝယ္ယူရမယ္၊ ေလွ်ာက္လႊာပုံစံႏွင့္အတူ မိတၱဴပူးတြဲတင္ျပရမယ္ အစရွိသျဖင့္ေဖာ္ျပထားတယ္လို႔ သိရပါတယ္ ။

အထက္ပစၥယံကို တက္ေရာက္ ဘုရားဝတ္ျပဳျခင္းဆိုင္ရာ စည္းကမ္းခ်က္မ်ားမွာ ဝတ္စားဆင္ယင္မႈဆိုင္ရာ၊ အျပဳအမူဆိုင္ရာ၊ လုံၿခဳံေရးဆိုင္ရာ စည္းကမ္းခ်က္မ်ားႏွင့္အတူ တက္ေရာက္ခြင့္ျပဳထားတဲ့ ရက္ေတြရွိပါတယ္။

ဝါတြင္းကာလ စေန၊ တနဂၤေႏြ၊ ဥပုသ္ေန႔နဲ႔ အခါႀကီးရက္ႀကီးမ်ား၊ ဝါပကာလ စေန၊ တနဂၤေႏြ၊ ဗုဒၶဟူးေန႔နဲ႔ အခါႀကီးရက္ႀကီးမ်ားမွာ မနက္ ၇ နာရီကေန ညေန ၄ နာရီအထိလို႔သတ္မွတ္ထားပါတယ္။

BBC Burmese
https://www.bbc.com
----------------------
Unicode
ဒေါက်တာအောင်ကျော်ဝင်း ၊ရွှေတိဂုံစေတီတော်အထက်ပစ္စယံနဲ့ ၊အမျိုးသားလား အမျိုးသမီးလား

Image caption ရွှေတိဂုံ စေတီ အထက်ပစ္စယံကို သံဃာနဲ့အမျိုးသားတွေပဲ ဖူးခွင့်ဆိုတဲ့ ကန့်သတ်ချက် ရှိတာဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်အထက်ပစ္စယံကို တက်ရောက်ပြီးဖူး ခဲ့တဲ့ ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းဟာ အမျိုးသားလား အမျိုးသမီးလားဆိုတာ က အငြင်းပွားမှုတွေရှိနေပါတယ် ။

သူ့ကိုအမျိုးသားဖြစ်တယ် ဆိုတာကို သာသနာရေးဝန်ကြီးဌာက အတည်ပြုတယ်လို့ ရွှေတိဂုံဂေါပကအဖွဲ့က ပြောလိုက်ပါတယ်။

ဒါပေမဲ့ အထက်ပစ္စယံကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖူးခွင့်မပေးခဲ့တာကြောင့် ရွှေတိဂုံစေတီတော် စေတီတော်ရုံးအဖွဲ့မှူး ရာထူးကရပ်နားပြီး ခုရုံးဖွဲ့စစ်ဆေးနေပါတယ်။

ရာထူးကရပ်နားခံရတဲ့ ရွှေတိဂုံစေတီတော် စေတီတော်ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ ကတော့ ဒေါက်တာအောင်ကျော်ဝင်းကို သူက ခွင့်ပြုပေးခဲ့လို့ ခုရုံးဖွဲ့စစ်ဆေးပြီး ရာထူး ကနေ အနားခံရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ရွှေတိဂုံ စေတီ အထက်ပစ္စယံကို သံဃာနဲ့အမျိုးသားတွေပဲ ဖူးခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်ချက် ရှိတာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် MHA
Image caption ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်ဒေါက်တာအောင်ကျော်ဝင်း

ရွှေတိဂုံဂေါပကအဖွဲ့ဘက်ကတော့ ဒေါက်တာအောင်ကျော်ဝင်းဟာ အမျိုးသားဖြစ်တယ်ဆိုတဲ့ အတည်ပြုချက်ကို သာသနာရေးဝန်ကြီးဌာနဘက်က ရထားပြီး ဒါနဲ့ပတ်သက်လို့ အငြင်းပွားစရာမရှိဘူးလို့ ပြောပါတယ် ။

လသာမြို့နယ် က ဒေါက်တာအောင်ကျော်ဝင်းနဲ့ ကျောင်းနေဘက် အချို့ ကလည်း သူ့ကို အမျိုးသား အဖြစ်သာ သိထားကြတယ်လို့လည်းဘီဘီစီကိုပြောပါတယ်။

ဦးထွန်းအောင်ငွေဘက်ကတော့သူ့ကို ဒေါက်တာအောင်ကျော်ဝင်းကိစ္စနဲ့ ပတ်သက်လို့ ရွှေတိဂုံဂေါပကအဖွဲ့ဘက်က အရေးယူတာမကျေနပ်လို့ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိကော်မရှင်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို တိုင်ကြားချက် ပြုလုပ်ထားပါတယ်။

"ကျွန်တော်ကို ဗျာ မိန်းမကြီး အထက်ပစ္စယံ တင်ပေးလို့ ဆိုပြီးခုံရုံးဖွဲ့စစ်တာ။ နောက်တော့ ကဒ်မရှိဘဲ အထက်ပစ္စယံကို တက်ခွင့်ပေးခဲ့တာကြာင့် စည်းကမ်းနဲ့ မကိုက်ညီလို့ အရေးယူတာလို့ ဂေါပကအဖွဲ့က ပြောတယ်လို့ "လည်း ရွှေတိဂုံစေတီတော် စေတီတော်ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ ကပြောပါတယ်။

ရွှေတိဂုံ စေတီ အထက်ပစ္စယံကို ဖူးခဲ့တဲ့ ဒေါက်တာအောင်ကျော်ဝင်းကိစ္စမှာတော့ အမျိုးသားလား အမျိုးသမီးလားဆိုတာ ကြောင့် အခုလို အငြင်းပွားမှုတွေရှိလာတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဘယ်ကိစ္စက စည်းကမ်းနဲ့ မညီဖြစ်သလဲဆိုတာကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ဆေးရေးကာလအတွင်း ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကို ရာထူးက ရပ်နားထားမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

ရွှေတိဂုံစေတီတော် အထက်ပစ္စယံမှာ ဘုရားဝတ်ပြုခွင့်လျှောက်ထား မယ်ဆိုရင် လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေမှာ လျှောက်ထားသူဟာ စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ မြန်မာတိုင်းရင်းသား အသက် (၁၈) နှစ်ပြည့်ပြီးသူ အမျိုးသားဖြစ်ရမယ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းတင်ပြပြီး လျှောက်လွှာပုံစံဝယ်ယူရမယ်၊ လျှောက်လွှာပုံစံနှင့်အတူ မိတ္တူပူးတွဲတင်ပြရမယ် အစရှိသဖြင့်ဖော်ပြထားတယ်လို့ သိရပါတယ် ။

အထက်ပစ္စယံကို တက်ရောက် ဘုရားဝတ်ပြုခြင်းဆိုင်ရာ စည်းကမ်းချက်များမှာ ဝတ်စားဆင်ယင်မှုဆိုင်ရာ၊ အပြုအမူဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အတူ တက်ရောက်ခွင့်ပြုထားတဲ့ ရက်တွေရှိပါတယ်။

ဝါတွင်းကာလ စနေ၊ တနင်္ဂနွေ၊ ဥပုသ်နေ့နဲ့ အခါကြီးရက်ကြီးများ၊ ဝါပကာလ စနေ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့နဲ့ အခါကြီးရက်ကြီးများမှာ မနက် ၇ နာရီကနေ ညနေ ၄ နာရီအထိလို့သတ်မှတ်ထားပါတယ်။

BBC Burmese
https://www.bbc.com
ေဒါက္တာေအာင္ေက်ာ္ဝင္း ၊ေ႐ႊတိဂုံေစတီေတာ္အထက္ပစၥယံနဲ႔ ၊အမ်ိဳးသားလား အမ်ိဳးသမီးလား ေဒါက္တာေအာင္ေက်ာ္ဝင္း ၊ေ႐ႊတိဂုံေစတီေတာ္အထက္ပစၥယံနဲ႔ ၊အမ်ိဳးသားလား အမ်ိဳးသမီးလား Reviewed by THITHTOOLWIN on 00:32 Rating: 5
Powered by Blogger.