ရခိုင္မွာ အရပ္သား ၃၀ ေက်ာ္ ဖမ္းဆီးခံရတဲ့ေနာက္ လံုၿခံဳေရး စိုးရိမ္စရာျဖစ္လာ

ရခုိင္ျပည္နယ္ ေရွးေဟာင္း ေစတီပုထုိးမ်ားရွိရာ ေျမာက္ဦးၿမိဳ႕ျမင္ကြင္း။ (ႏုိဝင္ဘာ ၈၊ ၂၀၁၂)
ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက ရခိုင္ျပည္နယ္တြင္း AA လက္နက္ကိုင္ေတြြက အရပ္သားခရီးသည္ ၃၀ ေက်ာ္ကို ဖမ္းဆီးေခၚေဆာင္သြားတဲ့ေနာက္ ေဒသတြင္းမွာ စစ္တပ္ဘက္က နယ္ေျမရွင္းလင္း ရွာေဖြတာေတြ လုပ္ေနပါတယ္။ ဒီိအေျခအေနေၾကာင့္ ေဒသခံေတြ အၾကားမွာလည္း စိုးရိမ္မႈေတြ တိုးလာပါတယ္။ စစ္ဆင္ေရးေတြအတြင္း အရပ္သားျပည္သူေတြရဲ႕ လံုၿခံဳေရးကို ကာကြယ္ေပးဖို႔ ရခိုင္အမတ္ေတြက ေတာင္းဆိုေနၾကပါတယ္။ အျပည့္အစုံကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။

AA ရခိုင္တုိင္းရင္းသားလက္နက္ကိုင္တပ္နဲ႔ ျမန္မာအစိုးရ စစ္တပ္တို႔ၾကား ကာလရွည္ၾကာ တိုက္ပြဲေတြျဖစ္ေနတဲ့ ရခိုင္ျပည္နယ္တြင္းမွာေတာ့ ဗံုးခြဲတိုက္ခိုက္မႈေတြ၊ ရင္ဆိုင္တုိက္ပြဲေတြနဲ႔ စစ္ေရးတင္းမာေနဆဲ အေနအထားပါ။ ဒီလို စစ္ေရးပဋိပကၡေတြ ျဖစ္ေနခ်ိန္မွာပဲ ၿပီးခဲ့တဲ့သီတင္းပတ္ ေသာၾကာေန႔က ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ကန္ႀကီးကုန္းအနီးမွာ စစ္ေတြကိုလာေနတဲ့ ေရႊျပည္သစ္ ခရီးသည္တင္ယာဥ္ကို လက္နက္ကိုင္တပ္ဖြဲ႔ဝင္ တခ်ိဳ႕က တားဆီးၿပီး မီးသတ္တပ္ဖြဲ႔ဝင္တခ်ိဳ႕ အပါအဝင္ ခရီးသည္ ၃၁ ဦးကို ဖမ္းဆီးေခၚေဆာင္သြားတဲ့ျဖစ္စဥ္ ျဖစ္ခဲ့ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ စစ္တပ္ သတင္းမွန္ထုတ္ျပန္ေရး တာဝန္ရွိသူေတြနဲ႔ AA ရခိုင္တုိင္းရင္းသား လက္နက္ကိုင္တပ္ ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ အတည္ျပဳခ်က္ မရပါဘူး။

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကေတာ့ ေျမာက္ဦးၿမိဳ႕နယ္တြင္း လတ္တေလာျဖစ္ေနတဲ့ တုိက္ပြဲေတြ အပါအဝင္ ေျမာက္ဦးၿမိဳ႕လံုၿခံဳေရးနဲ႔ ျဖစ္စဥ္အေျခအေန သူသိထားသေလာက္ ဗီြအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။

“ၾကားထားတာကေတာ့ဗ်ာ ဘယ္ဘက္ကလဲမသိဘူး ထိန္းသိမ္းထားတယ္ ဆုိတာကိုေပါ့။ ေျမာက္ဦးမွာေတာ့ မေန႔ကလည္း တပ္မေတာ္ လႈပ္ရွားစစ္ေၾကာင္းေတြေတာ့ အုတ္ဖုိကန္တို႔ ေပါက္ေတာျပင္တို႔ဘက္မွာေတာ့ ရွိပါတယ္။ သူတုိ႔ လႈပ္ရွားသြားလာေနတယ္လို႔လည္း ၾကားရပါတယ္။ တုိက္ပြဲကေတာ့ မေန႔ကညေန ေပါက္ေတာျပင္ဘက္မွာ တုိက္ပြဲျဖစ္တယ္လို႔ေတာ့ သတင္းရပါတယ္။ ေဒသခံေတြကေတာ့ သူတုိ႔လုံၿခဳံေရးအတြက္ တာဝန္ရွိတာက အစုိးရမွာပဲ တာဝန္ရွိပါတယ္။ ဆုိေတာ့ အစုိးရကပဲ တာဝန္ယူ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္၊ အဲဒီကိစၥေတြကို။”

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္တြင္း ခရီးသည္တင္ယာဥ္က ခရီးသြားေတြ ဖမ္းဆီးထိန္းသိမ္းခံရတာလို ျဖစ္စဥ္နဲ႔ စစ္ျဖစ္ေနတဲ့ နယ္ေျမေတြထဲမွာ တုိက္ပြဲေတြက အရွိန္မေလ်ာ့ေသးတဲ့အတြက္ ေဒသတြင္း လံုၿခံဳေရးက စိုးရိမ္ရတဲ့ အေနအထား ျဖစ္ေနတယ္လို႔လည္း ရခုိင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

“မီးသတ္ေတြက ေမၿမိဳ႕က သင္တန္းဆင္းေတြလို႔ ေျပာပါတယ္။ ဆုိေတာ့ ေမၿမိဳ႕က သင္တန္းဆင္းလာတယ္။ ေနာက္တခါ Asia World က တာဝန္ရွိတဲ့လူ ၈ ေယာက္ပါတယ္ဆုိၿပီး က်မတို႔ အဲလုိ သတင္းၾကားတယ္။ အဲဒါကိုေတာ့ AA တပ္မေတာ္က ေခၚသြားတယ္ဆုိၿပီးေတာ့ က်မတို႔ အဲလုိပဲ သိထားရပါတယ္ရွင့္။ က်မတုိ႔ဘက္မွာ တကယ့္ကို ရေသ့ေတာင္ၿမိဳ႕နယ္ဆုိရင္ လုံၿခဳံေရး ေတာ္ေတာ္ကင္းမဲ့ေနတယ္။ ၿပီးေတာ့ ေနာက္တခါ တုိက္ပြဲေတြ ႀကိဳးၾကား ႀကိဳးၾကား ျဖစ္တယ္။

“လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က ေက်ာက္တန္းမွာ ျဖစ္ပါတယ္။ မနက္တခါျဖစ္တယ္၊ ေန႔လယ္တခါျဖစ္တယ္။ ေနာက္တခါ တပ္မေတာ္က ေက်ာက္တန္းကို ျပန္လာၿပီးေတာ့ ေက်ာက္တန္းစာသင္ေက်ာင္းနားမွာ ေနရာယူတယ္။ အဲဒီအနားအနားမွာရွိတဲ့ ဟိုဘက္က AA ေတြနဲ႔ တညလုံး တိုက္ပြဲျဖစ္ပါတယ္။ တခ်ဳိ႕ရြာေတြဆုိရင္ အုပ္ခ်ဳပ္ေရးမွဴးေတြ မရွိဘူး။ အဲဒါေၾကာင့္ ဒီတုိက္ပြဲေတြ ၾကားထဲမွာေတာ့ လုံၿခဳံေရးက ကိုယ့္အရပ္ေဒသကုိပဲ ကုိယ္ေစာင့္ေရွာက္ရတာရွိတယ္။ ေနာက္တခါ ရြာတရြာကို တပ္မေတာ္က ဝင္လာၿပီဆုိတာနဲ႔ အဲဒီတပ္မေတာ္စစ္ေၾကာင္း ေရာက္တာနဲ႔ပဲ ေဒသခံ ေက်းရြာေတြကေတာ့ အနီးအနားကရြာေတြမွာ ေရွာင္ေနၾကရပါတယ္။”

စစ္ေဘးဒုကၡသည္ေတြအတြက္လည္း စားနပ္ရိကၡာ မလံုေလာက္မႈေတြနဲ႔ အခက္ႀကံဳေနရသလို လံုၿခံဳေရးကလည္း စိတ္မခ်ရတဲ့ အေနအထားပါ။ ဒီလိုအေျခအေနေတြမွာ မသကၤာမႈေတြနဲ႔ ရြာလံုးကၽြတ္ ဖမ္းဆီးစစ္ေဆးတာ၊ တရားစြဲဆိုတာေတြ ရွိေနတဲ့အတြက္ ရြာသားေတြက ေဘးလြတ္ရာကို တိမ္းေရွာင္ေနရၿပီး ရေသ့ေတာင္ဘက္မွာလည္း စစ္တပ္ေရယာဥ္ေတြပါ အတိုက္ခိုက္ခံေနရတဲ့ အေနအထားျဖစ္တာမို႔ နယ္ေျမတြင္း ခရီးသြားလာေရး အေျခအေနကလည္း လံုၿခံဳစိတ္ခ်ရမႈ မရွိတာေၾကာင့္ စိုးရိမ္ရတယ္လို႔ ရခိုင္အမတ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

“အဲေတာ့ အခု က်မတို႔ ရခုိင္ျပည္နယ္မွာ စစ္ပြဲေတြျဖစ္တယ္၊ တုိက္ပြဲေတြျဖစ္တယ္။ အဲေတာ့ ၾကားမွာ ေျမစာပင္ျဖစ္တဲ့ ျပည္သူေတြက ဒုကၡေရာက္ရတယ္။ ေနာက္တခါ အခုက လုံၿခဳံေရးပိုင္းမွာဆုိလည္း အရမ္းအားနည္းတယ္။ မိမိကုိယ္ကုိယ္ မိမိ ေစာင့္ေရွာက္ရတဲ့အခ်ိန္ ေရာက္ေနပါတယ္။ သံသယနဲ႔ ဖမ္းဆီးမႈေတြ ရွိေနေသးတယ္။ ေသတဲ့လူေတြကလည္း ေသသြားတာရွိတယ္။ အဓိကေတာ့ ေက်ာက္တန္းျဖစ္စဥ္မွာ ျဖစ္သြားတာကုိ လူတုိင္းက ေၾကာက္ၾကပါတယ္။ အခုလို တုိက္ပြဲေတြျဖစ္တာ၊ ႏွစ္ဖက္တိုက္ပြဲကို က်မတို႔ မေျပာလုိပါဘူး၊ သူေသ ကိုယ္ေသ တုိက္ၾကတာ။ အဲဒီအတြက္ေၾကာင့္ က်မတို႔က အဓိက ၾကားက ေျမစာပင္ျဖစ္တဲ့ ျပည္သူေတြ ဒီေနရာမွာ မညပ္ဖုိ႔အတြက္ က်မတုိ႔ ေတာင္းဆုိပါတယ္။ သူတို႔ေတြ ဒုကၡမေရာက္ဖို႔ က်မတုိ႔ကေတာ့ ႏွစ္ဖက္စလုံးကို ေတာင္းဆုိေနပါတယ္ရွင့္။”

ရခိုင္တိုင္းရင္းသား လက္နက္ကိုင္တပ္ AA နဲ႔ ျမန္မာအစိုးရ စစ္တပ္တို႔ၾကား တုိက္ပြဲေတြအတြင္း ေပ်ာက္ဆံုးသူ အရပ္သားဦးေရလည္း ပိုတိုးလာသလို စစ္ေဘးဒဏ္သင့္ေနတဲ့ ရခုိင္ျပည္နယ္တြင္း ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပား၊ ဘူးသီးေတာင္၊ ရေသ့ေတာင္နဲ႔ ပုဏၰားကၽြန္းၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္က နယ္ေျမမတည္ၿငိမ္တဲ့အတြက္ ေနရပ္စြန္႔ခြာ ထြက္ေျပးသူ ဒုကၡသည္ေတြအတြက္လည္း ေနရပ္ရင္းျပန္ႏုိင္ေရးက မေရမရာျဖစ္ေနဆဲ အေနအထားျဖစ္ၿပီး စစ္ေဘးဒုကၡသည္ဦးေရ ၇၀၀၀၀ အထိ တိမ္းေရွာင္ေနၾကရဆဲ အေနအထား ျဖစ္ေနပါတယ္။

-----------------------------

(Unicode)

ရခိုင်မှာ အရပ်သား ၃၀ ကျော် ဖမ်းဆီးခံရတဲ့နောက် လုံခြုံရေး စိုးရိမ်စရာဖြစ်လာ

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရခိုင်ပြည်နယ်တွင်း AA လက်နက်ကိုင်တွေက အရပ်သားခရီးသည် ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့နောက် ဒေသတွင်းမှာ စစ်တပ်ဘက်က နယ်မြေရှင်းလင်း ရှာဖွေတာတွေ လုပ်နေပါတယ်။ ဒီအခြေအနေကြောင့် ဒေသခံတွေ အကြားမှာလည်း စိုးရိမ်မှုတွေ တိုးလာပါတယ်။ စစ်ဆင်ရေးတွေအတွင်း အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ရခိုင်အမတ်တွေက တောင်းဆိုနေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ကာလရှည်ကြာ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်းမှာတော့ ဗုံးခွဲတိုက်ခိုက်မှုတွေ၊ ရင်ဆိုင်တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာနေဆဲ အနေအထားပါ။ ဒီလို စစ်ရေးပဋိပက္ခတွေ ဖြစ်နေချိန်မှာပဲ ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကန်ကြီးကုန်းအနီးမှာ စစ်တွေကိုလာနေတဲ့ ရွှေပြည်သစ် ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင်တပ်ဖွဲ့ဝင် တချို့က တားဆီးပြီး မီးသတ်တပ်ဖွဲ့ဝင်တချို့ အပါအဝင် ခရီးသည် ၃၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်တပ် သတင်းမှန်ထုတ်ပြန်ရေး တာဝန်ရှိသူတွေနဲ့ AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် အတည်ပြုချက် မရပါဘူး။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ မြောက်ဦးမြို့နယ်တွင်း လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေ အပါအဝင် မြောက်ဦးမြို့လုံခြုံရေးနဲ့ ဖြစ်စဉ်အခြေအနေ သူသိထားသလောက် ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

“ကြားထားတာကတော့ဗျာ ဘယ်ဘက်ကလဲမသိဘူး ထိန်းသိမ်းထားတယ် ဆိုတာကိုပေါ့။ မြောက်ဦးမှာတော့ မနေ့ကလည်း တပ်မတော် လှုပ်ရှားစစ်ကြောင်းတွေတော့ အုတ်ဖိုကန်တို့ ပေါက်တောပြင်တို့ဘက်မှာတော့ ရှိပါတယ်။ သူတို့ လှုပ်ရှားသွားလာနေတယ်လို့လည်း ကြားရပါတယ်။ တိုက်ပွဲကတော့ မနေ့ကညနေ ပေါက်တောပြင်ဘက်မှာ တိုက်ပွဲဖြစ်တယ်လို့တော့ သတင်းရပါတယ်။ ဒေသခံတွေကတော့ သူတို့လုံခြုံရေးအတွက် တာဝန်ရှိတာက အစိုးရမှာပဲ တာဝန်ရှိပါတယ်။ ဆိုတော့ အစိုးရကပဲ တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ အဲဒီကိစ္စတွေကို။”

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင်း ခရီးသည်တင်ယာဉ်က ခရီးသွားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာလို ဖြစ်စဉ်နဲ့ စစ်ဖြစ်နေတဲ့ နယ်မြေတွေထဲမှာ တိုက်ပွဲတွေက အရှိန်မလျော့သေးတဲ့အတွက် ဒေသတွင်း လုံခြုံရေးက စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်လို့လည်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“မီးသတ်တွေက မေမြို့က သင်တန်းဆင်းတွေလို့ ပြောပါတယ်။ ဆိုတော့ မေမြို့က သင်တန်းဆင်းလာတယ်။ နောက်တခါ Asia World က တာဝန်ရှိတဲ့လူ ၈ ယောက်ပါတယ်ဆိုပြီး ကျမတို့ အဲလို သတင်းကြားတယ်။ အဲဒါကိုတော့ AA တပ်မတော်က ခေါ်သွားတယ်ဆိုပြီးတော့ ကျမတို့ အဲလိုပဲ သိထားရပါတယ်ရှင့်။ ကျမတို့ဘက်မှာ တကယ့်ကို ရသေ့တောင်မြို့နယ်ဆိုရင် လုံခြုံရေး တော်တော်ကင်းမဲ့နေတယ်။ ပြီးတော့ နောက်တခါ တိုက်ပွဲတွေ ကြိုးကြား ကြိုးကြား ဖြစ်တယ်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျောက်တန်းမှာ ဖြစ်ပါတယ်။ မနက်တခါဖြစ်တယ်၊ နေ့လယ်တခါဖြစ်တယ်။ နောက်တခါ တပ်မတော်က ကျောက်တန်းကို ပြန်လာပြီးတော့ ကျောက်တန်းစာသင်ကျောင်းနားမှာ နေရာယူတယ်။ အဲဒီအနားအနားမှာရှိတဲ့ ဟိုဘက်က AA တွေနဲ့ တညလုံး တိုက်ပွဲဖြစ်ပါတယ်။ တချို့ရွာတွေဆိုရင် အုပ်ချုပ်ရေးမှူးတွေ မရှိဘူး။ အဲဒါကြောင့် ဒီတိုက်ပွဲတွေ ကြားထဲမှာတော့ လုံခြုံရေးက ကိုယ့်အရပ်ဒေသကိုပဲ ကိုယ်စောင့်ရှောက်ရတာရှိတယ်။ နောက်တခါ ရွာတရွာကို တပ်မတော်က ဝင်လာပြီဆိုတာနဲ့ အဲဒီတပ်မတော်စစ်ကြောင်း ရောက်တာနဲ့ပဲ ဒေသခံ ကျေးရွာတွေကတော့ အနီးအနားကရွာတွေမှာ ရှောင်နေကြရပါတယ်။”

စစ်ဘေးဒုက္ခသည်တွေအတွက်လည်း စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ အခက်ကြုံနေရသလို လုံခြုံရေးကလည်း စိတ်မချရတဲ့ အနေအထားပါ။ ဒီလိုအခြေအနေတွေမှာ မသင်္ကာမှုတွေနဲ့ ရွာလုံးကျွတ် ဖမ်းဆီးစစ်ဆေးတာ၊ တရားစွဲဆိုတာတွေ ရှိနေတဲ့အတွက် ရွာသားတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ရသေ့တောင်ဘက်မှာလည်း စစ်တပ်ရေယာဉ်တွေပါ အတိုက်ခိုက်ခံနေရတဲ့ အနေအထားဖြစ်တာမို့ နယ်မြေတွင်း ခရီးသွားလာရေး အခြေအနေကလည်း လုံခြုံစိတ်ချရမှု မရှိတာကြောင့် စိုးရိမ်ရတယ်လို့ ရခိုင်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“အဲတော့ အခု ကျမတို့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်တယ်၊ တိုက်ပွဲတွေဖြစ်တယ်။ အဲတော့ ကြားမှာ မြေစာပင်ဖြစ်တဲ့ ပြည်သူတွေက ဒုက္ခရောက်ရတယ်။ နောက်တခါ အခုက လုံခြုံရေးပိုင်းမှာဆိုလည်း အရမ်းအားနည်းတယ်။ မိမိကိုယ်ကိုယ် မိမိ စောင့်ရှောက်ရတဲ့အချိန် ရောက်နေပါတယ်။ သံသယနဲ့ ဖမ်းဆီးမှုတွေ ရှိနေသေးတယ်။ သေတဲ့လူတွေကလည်း သေသွားတာရှိတယ်။ အဓိကတော့ ကျောက်တန်းဖြစ်စဉ်မှာ ဖြစ်သွားတာကို လူတိုင်းက ကြောက်ကြပါတယ်။ အခုလို တိုက်ပွဲတွေဖြစ်တာ၊ နှစ်ဖက်တိုက်ပွဲကို ကျမတို့ မပြောလိုပါဘူး၊ သူသေ ကိုယ်သေ တိုက်ကြတာ။ အဲဒီအတွက်ကြောင့် ကျမတို့က အဓိက ကြားက မြေစာပင်ဖြစ်တဲ့ ပြည်သူတွေ ဒီနေရာမှာ မညပ်ဖို့အတွက် ကျမတို့ တောင်းဆိုပါတယ်။ သူတို့တွေ ဒုက္ခမရောက်ဖို့ ကျမတို့ကတော့ နှစ်ဖက်စလုံးကို တောင်းဆိုနေပါတယ်ရှင့်။”

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေအတွင်း ပျောက်ဆုံးသူ အရပ်သားဦးရေလည်း ပိုတိုးလာသလို စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်တွင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ခြောက်မြို့နယ်က နယ်မြေမတည်ငြိမ်တဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးသူ ဒုက္ခသည်တွေအတွက်လည်း နေရပ်ရင်းပြန်နိုင်ရေးက မရေမရာဖြစ်နေဆဲ အနေအထားဖြစ်ပြီး စစ်ဘေးဒုက္ခသည်ဦးရေ ၇၀၀၀၀ အထိ တိမ်းရှောင်နေကြရဆဲ အနေအထား ဖြစ်နေပါတယ်။

မဆုမြန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ရခိုင္မွာ အရပ္သား ၃၀ ေက်ာ္ ဖမ္းဆီးခံရတဲ့ေနာက္ လံုၿခံဳေရး စိုးရိမ္စရာျဖစ္လာ ရခိုင္မွာ အရပ္သား ၃၀ ေက်ာ္ ဖမ္းဆီးခံရတဲ့ေနာက္ လံုၿခံဳေရး စိုးရိမ္စရာျဖစ္လာ Reviewed by THITHTOOLWIN on 00:13 Rating: 5
Powered by Blogger.