ဘူးသီးေတာင္မွာ တိုက္ပြဲေတြ ျပင္းထန္လို႔ ႐ြာလုံးကြၽတ္ ထြက္ေျပးရ

တပ္နဲ႔ ရဲအရာရွိေတြ AA ဖမ္းဆီးေခၚေဆာင္ ခံရၿပီးေနာက္ ရခိုင္မွာ တိုက္ပြဲ ျပင္းထန္
Zawgyi
ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး မင္းျပားၿမိဳ႕နယ္မွာ ရဟတ္ယာဥ္သုံးစီးနဲ႔ တပ္မေတာ္က တိုက္ခိုက္ခဲ့သလို ရေသ့ေတာင္မွာလည္း တိုက္ပြဲေတြ ထပ္မံ ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဘူးသီးေတာင္မွာဆိုရင္လည္း ေက်း႐ြာေတြထဲကို စစ္သားေတြ ဝင္လာတဲ့အတြက္ ေဒသခံေတြ ႐ြာလုံးကြၽတ္ ထြက္ေျပးေနၾကရပါတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္က စည္ေတာင္ေက်း႐ြာကို ေအာက္တိုဘာလ ၂၈ ရက္ မနက္ပိုင္းမွာ တပ္မေတာ္ စစ္ေၾကာင္းက ေသနတ္ေတြနဲ႔ ပစ္ခတ္ ဝင္ေရာက္လာခဲ့တဲ့အတြက္ အမ်ိဳးသမီးႏွစ္ဦး ဒဏ္ရာရရွိၿပီး ႐ြာထဲ ပိတ္မိေနသူေတြရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒါေပမဲ့ အဲဒီလို ပစ္ခတ္တာမ်ိဳးမရွိဘူးဆိုၿပီး တပ္မေတာ္ဘက္က ေျပာပါတယ္။

စစ္ေၾကာင္းေတြ ႐ြာမ၀င္ခင္ လက္နက္ႀကီးနဲ႔ အရင္ ပစ္ခတ္တယ္လို႔ဆို

ဒီစစ္ေၾကာင္း ေရာက္မလာခင္မွာ ေက်း႐ြာနဲ႔ တစ္မိုင္ေလာက္ ေဝးတဲ့ စပါးထား ေက်း႐ြာဘက္ကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ၿပီး စစ္ေၾကာင္းက စည္ေတာင္ေက်း႐ြာကို ဝင္ေရာက္ လာခဲ့ရာမွာ ႐ြာထဲက အိမ္တစ္အိမ္ေပၚ လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့တာေၾကာင့္ အမ်ိဳးသမီးႏွစ္ဦး ထိခိုက္ဒဏ္ရာ ရခဲ့တာ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒဏ္ရာရသူေတြကေတာ့ အသက္ ၇၀ နဲ႔ အသက္ ၄၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးေတြ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကို ဘီဘီစီက ဆက္သြယ္ေမးျမန္းရာမွာ အဲဒီဘက္မွာ တပ္မေတာ္စစ္ေၾကာင္းေတြ မရွိသလို ေက်း႐ြာေတြကို တပ္မေတာ္က ပစ္ခတ္တာေတြမရွိဘူးလို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။
ရဟတ္ယာဥ္နဲ႔ ပစ္ခတ္ တိုက္ခိုက္မႈေတြ ပိုမ်ားလာတယ္လို႔ ေဒသခံဆို

"အဲဒီဘက္မွာ တပ္လည္းမရွိဘူး၊ ႐ြာသားေျပာတယ္ဆိုတာ အဲဒီလူေတြက ႐ြာသားအစစ္မဟုတ္ဘူး၊ ေအေအေတြက ႐ြာသားအမည္ခံၿပီးေျပာေနတာ ၊ အဲဒီ႐ြာတင္ မဟုတ္ဘူး က်န္တဲ့႐ြာေတြလည္း ေျပာတာပဲ "လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

စည္ေတာင္႐ြာက အမ်ိဳးသမီးႏွစ္ေယာက္ ဒဏ္ရာ ရခဲ့တာနဲ႔ ပတ္သက္လို႔ အဲဒီေဒသမွာ တိုက္ပြဲျဖစ္တာမရွိတဲ့ အတြက္ေၾကာင့္ သူ႔အေနနဲ႔ ဒီကိစၥကို သုံးသပ္ေပးစရာ မလိုဘူးလို႔လည္း သူက ေျပာပါတယ္။

တပ္မေတာ္က ေက်း႐ြာအတြင္းမွာ ဝင္ေရာက္ ပစ္ခတ္ခဲ့တဲ့အတြက္ ေက်း႐ြာသားေတြ ထြက္ေျပးခဲ့ၾကရသလို မသြားႏိုင္မလာႏိုင္သူေတြ၊ က်န္းမာေရးမေကာင္းသူေတြ၊ ကိုယ္အဂၤါခ်ိဳ႕တဲ့သူေတြနဲ႔ အသက္ႀကီးသူေတြ က်န္ေနခဲ့ၿပီး အဲဒီက်န္ေနသူေတြဟာ ႐ြာထဲမွာ ပိတ္မိေနတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းက ေျပာပါတယ္။

လက္နက္ႀကီးက်လို႔ အမ်ိဳးသမီးႏွစ္ဦး ဒဏ္ရာရတယ္၊ အဆက္အသြယ္မရေသးလို႔ သူတို႔ကို ကယ္မထုတ္ႏိုင္ေသးဘူး ၊ ရထားတဲ့သတင္းေတြအရ ႐ြာထဲမွာ ပိတ္မိေနတာ အေယာက္၂၀ ေက်ာ္ရွိႏိုင္ၿပီး ဒီထက္လည္း မ်ားႏိုင္တယ္လို႔ ဦးထြန္းေအာင္သိန္းက ဆိုပါတယ္။

တိုက္ပြဲေၾကာင့္ သက္ႀကီး႐ြယ္အိုေတြ ႐ြာထဲ ပိတ္မိေနတယ္လို႔ ႐ြာသားေတြက ေျပာ

အဲဒီအထဲမွာ အသက္ ၂၀ အ႐ြယ္ စိတ္ေဝဒနာရွင္ တစ္ေယာက္ ပါတယ္ ၊ အသက္ ၃၀ ေက်ာ္အ႐ြယ္ ေနမေကာင္းျဖစ္ေနတဲ့ ကေလးအေမ တစ္ေယာက္လည္း ပိတ္မိေနၿပီး က်န္တာကေတာ့ အသက္ ၅၀ ကေန ၉၀ အတြင္း ျဖစ္တယ္ ၊ ဘယ္သူနဲ႔မွ အဆက္အသြယ္မရတဲ့အတြက္ ေနာက္ဆုံးအေျခအေနကို မသိရဘဲ ျဖစ္ေနတယ္လို႔ ဦးထြန္းေအာင္သိန္းက ေျပာပါတယ္။

ဒါ့အျပင္ ေအာက္တိုဘာ ၂၈ ရက္ေန႔က ေက်း႐ြာထဲကို တပ္မေတာ္စစ္ေၾကာင္းက ဝင္ေရာက္လာခဲ့တဲ့အခ်ိန္မွာ တပ္မေတာ္သား ၂၀၀ ခန႔္ ပါဝင္ၿပီး အဲဒီေက်း႐ြာအတြင္းမွာ စခန္းခ်ေနထိုင္ခဲ့တယ္၊ ေအာက္တိုဘာလ ၂၉ ရက္ မနက္ပိုင္းမွာ သေျပဆိပ္ ေက်း႐ြာကို တဝက္ေလာက္ ထြက္သြားခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

လက္ရွိမွာေတာ့ စည္ေတာင္၊ သေျပဆိပ္၊ စပါးထား၊ ဆင္ခုံတိုင္၊ေရေခါင္းေခ်ာင္းစတဲ့ အနီးဝန္းက်င္က ေက်း႐ြာသားေတြ ဟာ ေဘးလြတ္ရာကိုထြက္ေျပးေနၾကရတာ ျဖစ္ၿပီး ေနာက္ဆုံးအေျခအေနေတြကို သတင္းေတြအတိအက်မရဘဲ ျဖစ္ေနတယ္လို႔လည္း သူကဆိုပါတယ္။

တပ္မေတာ္က လြန္ခဲ့တဲ့ လပိုင္းတုန္းက ႏြား႐ုံေတာင္ေက်း႐ြာမွာ ေနရာယူ စခန္းခ် ထားတာရွိၿပီး အခုစစ္ေၾကာင္းဟာ အဲဒီဘက္ကေန ထြက္လာခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

"႐ြာမွာ က်န္ခဲ့တဲ့သူေတြက တစ္အိမ္နဲ႔တစ္အိမ္ကို သြားလို႔မရဘူး၊ ကိုယ့္အိမ္မွာပဲ ကိုယ္ေနေနရတာဆိုေတာ့ သတင္းေတြ တိတိက်က်မသိႏိုင္ဘူး၊ ဘယ္ေလာက္ ဒဏ္ရာရရလဲ၊ အေျခအေနဘယ္လိုရွိေနလဲ မသိဘူး၊အဆက္အသြယ္လည္း မရဘူး ျဖစ္ေနတယ္"လို႔ ေနာက္ထပ္ ႐ြာသားတစ္ဦးက ေျပာပါတယ္။

 ေအေအက ဖမ္းဆီး ေခၚေဆာင္သြားတဲ့ ေရယာဥ္ေပၚက တပ္နဲ႔ ရဲ၀န္ထမ္းေတြ အနက္ တခ်ိဳ႕ကိုသာ ျပန္လည္ ကယ္ထုတ္ႏိုင္
ေက်း႐ြာအတြင္းက ေနအိမ္တခ်ိဳ႕အနက္ လူမရွိတဲ့အိမ္ေတြမွာ လည္း စစ္ေၾကာင္းက တံခါးေတြကို ခ်ိဳးဖ်က္ၿပီး ဝင္ေရာက္ရွာေဖြမႈေတြ ရွိသလို ၾကက္ေတြကို ဖမ္းဆီးသတ္စားတာေတြ ရွိေနတယ္လို႔ ေဖာက္ထြင္းခံလိုက္ရတယ္ဆိုတဲ့ ေနအိမ္ပိုင္ရွင္တစ္ဦးက ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္က ျငင္းဆိုထားပါတယ္။

ေ႐ႊနဒီေရယာဥ္က တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ လူဦးေရ ၆၀ နီးပါးကို ေအေအက ဖမ္းဆီးတာ ခံလိုက္ရၿပီး ေနာက္ေန႔မွာ ေရပုတ္ေက်း႐ြာသား ၁၃ ဦးကို တပ္မေတာ္စစ္ေၾကာင္းက ဖမ္းဆီးသြားခဲ့တယ္လို႔ ေက်း႐ြာသားေတြက ေျပာဆိုၾက ေပမယ့္ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ျငင္းဆိုထားပါတယ္။

BBC Burmese
https://www.bbc.com
--------------------
Unicode
ဘူးသီးတောင်မှာ တိုက်ပွဲတွေ ပြင်းထန်လို့ ရွာလုံးကျွတ် ထွက်ပြေးရ

ဓာတ်ပုံ မူပိုင် Reuters
Image caption တပ်နဲ့ ရဲအရာရှိတွေ AA ဖမ်းဆီးခေါ်ဆောင် ခံရပြီးနောက် ရခိုင်မှာ တိုက်ပွဲ ပြင်းထန်

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မင်းပြားမြို့နယ်မှာ ရဟတ်ယာဉ်သုံးစီးနဲ့ တပ်မတော်က တိုက်ခိုက်ခဲ့သလို ရသေ့တောင်မှာလည်း တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မှာဆိုရင်လည်း ကျေးရွာတွေထဲကို စစ်သားတွေ ဝင်လာတဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်က စည်တောင်ကျေးရွာကို အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်းမှာ တပ်မတော် စစ်ကြောင်းက သေနတ်တွေနဲ့ ပစ်ခတ် ဝင်ရောက်လာခဲ့တဲ့အတွက် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိပြီး ရွာထဲ ပိတ်မိနေသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို ပစ်ခတ်တာမျိုးမရှိဘူးဆိုပြီး တပ်မတော်ဘက်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Narinjara
Image caption စစ်ကြောင်းတွေ ရွာမဝင်ခင် လက်နက်ကြီးနဲ့ အရင် ပစ်ခတ်တယ်လို့ဆို

ဒီစစ်ကြောင်း ရောက်မလာခင်မှာ ကျေးရွာနဲ့ တစ်မိုင်လောက် ဝေးတဲ့ စပါးထား ကျေးရွာဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းက စည်တောင်ကျေးရွာကို ဝင်ရောက် လာခဲ့ရာမှာ ရွာထဲက အိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၇၀ နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတွေ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ အဲဒီဘက်မှာ တပ်မတော်စစ်ကြောင်းတွေ မရှိသလို ကျေးရွာတွေကို တပ်မတော်က ပစ်ခတ်တာတွေမရှိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Narinjara
Image caption ရဟတ်ယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ ဒေသခံဆို

"အဲဒီဘက်မှာ တပ်လည်းမရှိဘူး၊ ရွာသားပြောတယ်ဆိုတာ အဲဒီလူတွေက ရွာသားအစစ်မဟုတ်ဘူး၊ အေအေတွေက ရွာသားအမည်ခံပြီးပြောနေတာ ၊ အဲဒီရွာတင် မဟုတ်ဘူး ကျန်တဲ့ရွာတွေလည်း ပြောတာပဲ "လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

စည်တောင်ရွာက အမျိုးသမီးနှစ်ယောက် ဒဏ်ရာ ရခဲ့တာနဲ့ ပတ်သက်လို့ အဲဒီဒေသမှာ တိုက်ပွဲဖြစ်တာမရှိတဲ့ အတွက်ကြောင့် သူ့အနေနဲ့ ဒီကိစ္စကို သုံးသပ်ပေးစရာ မလိုဘူးလို့လည်း သူက ပြောပါတယ်။

တပ်မတော်က ကျေးရွာအတွင်းမှာ ဝင်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသားတွေ ထွက်ပြေးခဲ့ကြရသလို မသွားနိုင်မလာနိုင်သူတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ ကိုယ်အင်္ဂါချို့တဲ့သူတွေနဲ့ အသက်ကြီးသူတွေ ကျန်နေခဲ့ပြီး အဲဒီကျန်နေသူတွေဟာ ရွာထဲမှာ ပိတ်မိနေတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

လက်နက်ကြီးကျလို့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်၊ အဆက်အသွယ်မရသေးလို့ သူတို့ကို ကယ်မထုတ်နိုင်သေးဘူး ၊ ရထားတဲ့သတင်းတွေအရ ရွာထဲမှာ ပိတ်မိနေတာ အယောက်၂၀ ကျော်ရှိနိုင်ပြီး ဒီထက်လည်း များနိုင်တယ်လို့ ဦးထွန်းအောင်သိန်းက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် EPA/Nyein Chan Naing
Image caption တိုက်ပွဲကြောင့် သက်ကြီးရွယ်အိုတွေ ရွာထဲ ပိတ်မိနေတယ်လို့ ရွာသားတွေက ပြော

အဲဒီအထဲမှာ အသက် ၂၀ အရွယ် စိတ်ဝေဒနာရှင် တစ်ယောက် ပါတယ် ၊ အသက် ၃၀ ကျော်အရွယ် နေမကောင်းဖြစ်နေတဲ့ ကလေးအမေ တစ်ယောက်လည်း ပိတ်မိနေပြီး ကျန်တာကတော့ အသက် ၅၀ ကနေ ၉၀ အတွင်း ဖြစ်တယ် ၊ ဘယ်သူနဲ့မှ အဆက်အသွယ်မရတဲ့အတွက် နောက်ဆုံးအခြေအနေကို မသိရဘဲ ဖြစ်နေတယ်လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၈ ရက်နေ့က ကျေးရွာထဲကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်လာခဲ့တဲ့အချိန်မှာ တပ်မတော်သား ၂၀၀ ခန့် ပါဝင်ပြီး အဲဒီကျေးရွာအတွင်းမှာ စခန်းချနေထိုင်ခဲ့တယ်၊ အောက်တိုဘာလ ၂၉ ရက် မနက်ပိုင်းမှာ သပြေဆိပ် ကျေးရွာကို တဝက်လောက် ထွက်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စည်တောင်၊ သပြေဆိပ်၊ စပါးထား၊ ဆင်ခုံတိုင်၊ရေခေါင်းချောင်းစတဲ့ အနီးဝန်းကျင်က ကျေးရွာသားတွေ ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတာ ဖြစ်ပြီး နောက်ဆုံးအခြေအနေတွေကို သတင်းတွေအတိအကျမရဘဲ ဖြစ်နေတယ်လို့လည်း သူကဆိုပါတယ်။

တပ်မတော်က လွန်ခဲ့တဲ့ လပိုင်းတုန်းက နွားရုံတောင်ကျေးရွာမှာ နေရာယူ စခန်းချ ထားတာရှိပြီး အခုစစ်ကြောင်းဟာ အဲဒီဘက်ကနေ ထွက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရွာမှာ ကျန်ခဲ့တဲ့သူတွေက တစ်အိမ်နဲ့တစ်အိမ်ကို သွားလို့မရဘူး၊ ကိုယ့်အိမ်မှာပဲ ကိုယ်နေနေရတာဆိုတော့ သတင်းတွေ တိတိကျကျမသိနိုင်ဘူး၊ ဘယ်လောက် ဒဏ်ရာရရလဲ၊ အခြေအနေဘယ်လိုရှိနေလဲ မသိဘူး၊အဆက်အသွယ်လည်း မရဘူး ဖြစ်နေတယ်"လို့ နောက်ထပ် ရွာသားတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Narinjara
Image caption အေအေက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရေယာဉ်ပေါ်က တပ်နဲ့ ရဲဝန်ထမ်းတွေ အနက် တချို့ကိုသာ ပြန်လည် ကယ်ထုတ်နိုင်

ကျေးရွာအတွင်းက နေအိမ်တချို့အနက် လူမရှိတဲ့အိမ်တွေမှာ လည်း စစ်ကြောင်းက တံခါးတွေကို ချိုးဖျက်ပြီး ဝင်ရောက်ရှာဖွေမှုတွေ ရှိသလို ကြက်တွေကို ဖမ်းဆီးသတ်စားတာတွေ ရှိနေတယ်လို့ ဖောက်ထွင်းခံလိုက်ရတယ်ဆိုတဲ့ နေအိမ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ငြင်းဆိုထားပါတယ်။

ရွှေနဒီရေယာဉ်က တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဦးရေ ၆၀ နီးပါးကို အေအေက ဖမ်းဆီးတာ ခံလိုက်ရပြီး နောက်နေ့မှာ ရေပုတ်ကျေးရွာသား ၁၃ ဦးကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောဆိုကြ ပေမယ့် ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုထားပါတယ်။

BBC Burmese
https://www.bbc.com
ဘူးသီးေတာင္မွာ တိုက္ပြဲေတြ ျပင္းထန္လို႔ ႐ြာလုံးကြၽတ္ ထြက္ေျပးရ ဘူးသီးေတာင္မွာ တိုက္ပြဲေတြ ျပင္းထန္လို႔ ႐ြာလုံးကြၽတ္ ထြက္ေျပးရ Reviewed by THITHTOOLWIN on 02:24 Rating: 5
Powered by Blogger.