ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေ႐ွ႕မတိုးတာ ဘာေၾကာင္႔လဲ

AA ရခိုင္လက္နက္ကိုင္ တပ္ဖဲြ႕၀င္မ်ား

(Zawgyi/Unicode)

ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္ အခုခ်ိန္ထိ ေရွ႕မတိုးႏိုင္တာဟာ လက္ရွိ NLD အစိုးရနဲ႔ တပ္မေတာ္ဘက္က ဖယ္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု စနစ္အေပၚ တာ၀န္ယူလုပ္ေဆာင္တဲ့ အေထာက္အထားမ်ဳိး မရွိသလို၊ ႏွစ္ဦးႏွစ္ဘက္ ယံုၾကည္မႈ ကင္းမဲ့ေနတာေၾကာင့္ ျဖစ္တယ္လို႔ ျမန္မာ့အေရးကြ်မ္းက်င္သူ ေတြက သံုးသပ္ပါတယ္။

မေန႔ တနလၤာေန႔က တႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး NCA စာခ်ဳပ္ ေလးႏွစ္ျပည့္အခမ္းအနားကို ေနျပည္ေတာ္မွာ က်င္းပခဲ့ရာမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ ယာယီဥကၠဌ တာ၀န္ယူထားတဲ့ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA က ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ တက္ေရာက္ခဲ့ျခင္းမရွိတဲ့ အတြက္ ၿငိမ္းခ်မ္းေရး JICM အစည္းအေ၀းေတြကို ဖ်က္သိမ္းခဲ့ရပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစံုကို ဆက္လက္တင္ျပမွာပါ။

အခုလို NCA အပစ္ရပ္စာခ်ဳပ္ ေလးႏွစ္ျပည့္ခဲ့ေပမယ့္ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ဘာေၾကာင့္ေရွ႕မတိုးႏိုင္ ျဖစ္ေနရသလဲ။ အေမရိကန္ ျပည္ေထာင္စု George Washington တကၠသိုလ္ ႏိုင္ငံတကာ ဆက္ဆံေရး ပါေမာကၡ Christina Fink က အခုလို သံုးသပ္ပါတယ္။

“NLD အေနနဲ႔ ျပည္ေထာင္စု ဒီမိုကေရစီအစိုးရအျဖစ္ ႀကိဳးစားအုပ္ခ်ဳပ္တယ္ဆိုေပမဲ့လည္း ဒီအျမင္ကို ခိုင္ခိုင္မာမာ အေကာင္အထည္ေဖၚတယ္ဆိုတဲ့ အေထာက္အထားမ်ဳိးမရွိပါဘူး။ တခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းမွာ တဖက္သက္အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ကို ဒီႏွစ္အေစာပိုင္းမွာ တပ္မေတာ္က ေၾကညာခဲ့ပါတယ္။ အဲဒီလို အပစ္ရပ္ေၾကညာခဲ့ေပမဲ့လည္း ေနာက္ဆက္တဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ အသစ္ေတြ ဒါမွမဟုတ္ ျပည္ေထာင္စု အစိုးရ စနစ္ထူေထာင္ဖို႔ သေဘာထား လက္ေတြ႕ျပသာတာ စတာေတြကို ဆက္လက္လုပ္ေဆာင္ျခင္း မရွိခဲ့ပါဘူး။ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ဆိုတာ လက္နက္ကိုင္ပဋိပကၡကို အဆံုးသတ္ရံု သက္သက္မဟုတ္ပါဘူး။ အနည္းဆံုးအေနနဲ႔ ျပည္နယ္ေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ နဲ႔ ေဒသတြင္း အုပ္ခ်ဳပ္ပိုင္ခြင့္ ရွိတဲ့ ျပည္ေထာင္စု ဒီမိုကေရစီ စနစ္မ်ဳိးကို ဖန္တီးတဲ့ အဆင့္ပါ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာပါ၀င္ေနတာပါ။

ေမး။ ။ ဒါဆိုရင္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေရွ႕ဆက္တိုးဖို႔ ဘယ္လို လုပ္ေဆာင္သင့္တယ္လို႔ ပါေမာကၡ Fink ျမင္လဲရွင့္။

ေျဖ။ ။ ၿငိမ္းခ်မ္းျဖစ္စဥ္ကို ျပန္ၿပီးသစ္လြင္ေစဖို႔ဆိုရင္ UPDJC ေကာ္မတီအေနနဲ႔ ႏိုင္ငံအႏွံသြားေရာက္ၿပီး က႑အမ်ဳိးမ်ဳိးမွာ လုပ္ကိုင္ေနတဲ့ လူေတြကို ဖိတ္ေခၚၿပီးေတာ့ တိုင္းျပည္အနာဂတ္ေပၚမွာ သူတို႔ အေတြးအေခၚ၊ ယူဆခ်က္ေတြကို ထုတ္ေဖၚတင္ျပတဲ့ အျပန္အလွန္ေျပာဆိုေဆြးေႏြးပဲြေတြျပဳလုပ္ သင့္ပါတယ္။ ဒီေနရာမွာလည္း သူတို႔ကို အသေရဖ်က္မႈ၊ မတရားအသင္းနဲ႔ ဆက္သြယ္မႈ စတဲ့ စြဲခ်က္ေတြနဲ႔ ဖမ္းဆီးခံရမယ္ဆိုတဲ့ စိုးရိမ္မႈအေၾကာက္တရားေတြ ကင္းဖို႔လိုပါတယ္။ ဒါအျပင္ အစိုးရနဲ႔ တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းျဖစ္စဥ္က ပါ၀င္သူေတြနဲ႔ အလြတ္သေဘာေဆြးေႏြးပဲြေတြ ပံုမွန္ျပဳလုပ္သင့္ပါတယ္။ ဒီေနရာမွာ လက္နက္ကိုင္အုပ္စုေတြနဲ႔သာမက ႏိုင္ငံေရးပါတီေတြ၊ အရပ္ဖက္လူမႈ အဖဲြ႔အစည္းေတြနဲ႕ အျခားကြ်မ္းက်င္ပညာရွင္ေတြလည္း ပါ၀င္သင့္ပါတယ္။”

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကေတာ့ မေန႔က ေျပာၾကားတဲ့ သူ႔မိန္႔ခြန္းထဲမွာ- ဖက္ဒရယ္ကို အေကာင္အထည္ေဖာ္ရာမွာ မျဖစ္ႏိုင္တဲ့ ႏိုင္ငံရဲ႕ အေျခအေနနဲ႔ မကိုက္ညီတဲ့ ျဖစ္လိုတဲ့ ဆႏၵတစ္ခုတည္းအေပၚ အာရံုစိုက္ေဆာင္ရြက္မေနပဲ လက္ရွိအေျခအေနနဲ႔ ကိုက္ညီတဲ့ ျဖစ္ႏိုင္ေျခအေပၚ အာရံုစိုက္ရင္ ၿငိမ္းခ်မ္္းေရး လုပ္ငန္းစဥ္ ထိေရာက္ျမန္ဆန္မယ္လို႔လည္း ဆိုပါတယ္။ ဒါေပမယ့္ တပ္မေတာ္ဘက္က ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ ေပးထားတဲ့ ကတိေတြအတိုင္း လိုက္နာအေကာင္အထည္ေဖၚျခင္းမရွိဘူးဆိုတာ ေတြ႕ရတယ္လို႔ ဂ်ာမနီ အေျခစိုက္ တိုင္းရင္းသားေရးရာကြ်မ္းက်င္သံုးသပ္သူ စိုင္း၀မ္စိုင္က ေျပာပါတယ္။

“တိုင္းရင္းသားေတြက တကယ္တမ္းက သူတုိ႔ေတာင္းဆိုတာမဟုတ္ဘူး။ တကယ္တမ္းက NCA မွာ သေဘာတူညီခ်က္နဲ႔အညီ လုပ္ခြင့္ကိုင္ခြင့္ကိုေတာင္းေနတာ။ ဥပမာ- ရွမ္းအဖြဲ႔ကို ၾကည့္မယ္ဆိုရင္ RCSS က တျပည္လံုး ႏိုင္ငံေရးေဆြးေႏြးပြဲေတြလုပ္ဖို႔အတြက္ တကယ္တမ္းက NCA က ခြင့္ျပဳထားတယ္။ ဒါေပမယ့္ တကယ္တမ္းလုပ္တဲ့အခါက်ေတာ့ စစ္တပ္ကေန ပိတ္ပင္တာရွိတယ္။ ပိတ္ပင္လို႔ သူတို႔ ေဆြးေႏြးပြဲေတြ ရပ္လိုက္အၿပီး ၂၁ ရာစု ပင္လံုညီလာခံ တတိယအႀကိမ္ကို တက္တဲ့အခ်ိန္မွာ ဘာမွမေျပာပဲနဲ႔ ဒီအတိုင္း၀င္တက္တဲ့အေျခအေနပဲ ျဖစ္ေနတယ္။ ဆိုေတာ့ အဓိပၸါယ္က အစိုးရနဲ႔ စစ္တပ္အေနနဲ႔ NCA မွာ သေဘာတူညီထားတဲ့ အခ်က္အလက္ေတြကို လိုက္ေလ်ာညီေထြေအာင္လုပ္ေပးဖို႔လိုတယ္။ ဟိုေနရာပိတ္လိုက္၊ ဒီေနရာျပင္လိုက္ လုပ္ရင္ အလုပ္မျဖစ္ဘူး။

ေမး။ ။ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔မိန္႔ခြန္းထဲမွာ ေျပာသြားတာ ဒီလိုမေအာင္မျမင္ျဖစ္ေနရတဲ့ အေၾကာင္းအခ်က္ေတြမွာ NCA စာခ်ဳပ္ေၾကာင့္မဟုတ္ပဲNCA စာခ်ဳပ္အေကာင္အထည္ေဖာ္ရာမွာ ေးထားတဲ့ ကတိေတြ အတိုင္းလုပ္ေဆာင္ႏိုင္ျခင္းမရွိလို႔ ဆိုတဲ့ သူေျပာသြားတဲ့အပိုင္းေတြမွာေရာ ဘယ္လိုသံုးသပ္ပါသလဲ။

ေျဖ။ ။ NCA စာခ်ဳပ္မွာ သတ္မွတ္ထားတဲ့အတိုင္း မလုပ္ေဆာင္ႏိုင္တာက ဘာေၾကာင့္လဲဆိုတာ ေနာက္တခ်က္ ထပ္ေမးဖို႔ လိုတာေပါ့။ အဲလိုထပ္ေမးမယ္ဆိုရင္ ခုနက ေျပာသလိုေပါ့ လူမ်ိဳးအလိုက္လုပ္တဲ့ Political dialogue ေပါ့ ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို စစ္တပ္ဘက္က ကျပက္ကရက္ ျဖစ္ေအာင္လုပ္ေနတဲ့ဟာေၾကာင့္မို႔ပဲ ေျပာရမွာေပါ့။ ေနာက္တခုကလည္း ဒီထက္ပိုၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ သြားမယ္ဆိုရင္ အားလံုးပါ၀င္ေရးမႈကို မူအားျဖင့္ NCA က လက္ခံတယ္လို႔ ေျပာေပမယ့္ တကယ္တမ္းက်ေတာ့ အကုန္လံုးကို လက္မခံတဲ့အတြက္ေၾကာင့္ ဒီေန႔အခ်ိန္အထိ အားလံုးပါ၀င္ေရးက မျဖစ္ႏိုင္တာေပါ့။”

ေအာက္တိုဘာလ ၂၈ ရက္ က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ NCA စာခ်ဳပ္ ေလးနွစ္ျပည့္အခမ္းအနားကို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ကရင္အမ်ဳိးသားအစည္းအရံုး KNU ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး မူးတူးေစးဖိုးတို႔ တက္ေရာက္ၿပီး NCA စာခ်ဳပ္ပါအခ်က္ေတြကို အေကာင္အထည္ေဖၚႏိုင္ျခင္း မရွိတဲ့အေပၚမွာ သူတို႔ရဲ႕ အျမင္သေဘာထားေတြကို ထုတ္ေဖၚေျပာဆိုသြားပါတယ္။

..............

ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးတာ ဘာကြောင့်လဲ

(Unicode)

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အခုချိန်ထိ ရှေ့မတိုးနိုင်တာဟာ လက်ရှိ NLD အစိုးရနဲ့ တပ်မတော်ဘက်က ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု စနစ်အပေါ် တာဝန်ယူလုပ်ဆောင်တဲ့ အထောက်အထားမျိုး မရှိသလို၊ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ကင်းမဲ့နေတာကြောင့် ဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ တွေက သုံးသပ်ပါတယ်။

မနေ့ တနင်္လာနေ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လေးနှစ်ပြည့်အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ယာယီဥက္ကဌ တာဝန်ယူထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်ခဲ့ခြင်းမရှိတဲ့ အတွက် ငြိမ်းချမ်းရေး JICM အစည်းအဝေးတွေကို ဖျက်သိမ်းခဲ့ရပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

အခုလို NCA အပစ်ရပ်စာချုပ် လေးနှစ်ပြည့်ခဲ့ပေမယ့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ဘာကြောင့်ရှေ့မတိုးနိုင် ဖြစ်နေရသလဲ။ အမေရိကန် ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ Christina Fink က အခုလို သုံးသပ်ပါတယ်။

“NLD အနေနဲ့ ပြည်ထောင်စု ဒီမိုကရေစီအစိုးရအဖြစ် ကြိုးစားအုပ်ချုပ်တယ်ဆိုပေမဲ့လည်း ဒီအမြင်ကို ခိုင်ခိုင်မာမာ အကောင်အထည်ဖေါ်တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိပါဘူး။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တဖက်သက်အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဒီနှစ်အစောပိုင်းမှာ တပ်မတော်က ကြေညာခဲ့ပါတယ်။ အဲဒီလို အပစ်ရပ်ကြေညာခဲ့ပေမဲ့လည်း နောက်ဆက်တဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် အသစ်တွေ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရ စနစ်ထူထောင်ဖို့ သဘောထား လက်တွေ့ပြသာတာ စတာတွေကို ဆက်လက်လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရုံ သက်သက်မဟုတ်ပါဘူး။ အနည်းဆုံးအနေနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ဒေသတွင်း အုပ်ချုပ်ပိုင်ခွင့် ရှိတဲ့ ပြည်ထောင်စု ဒီမိုကရေစီ စနစ်မျိုးကို ဖန်တီးတဲ့ အဆင့်ပါ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်နေတာပါ။

မေး။ ။ ဒါဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်တိုးဖို့ ဘယ်လို လုပ်ဆောင်သင့်တယ်လို့ ပါမောက္ခ Fink မြင်လဲရှင့်။

ဖြေ။ ။ ငြိမ်းချမ်းဖြစ်စဉ်ကို ပြန်ပြီးသစ်လွင်စေဖို့ဆိုရင် UPDJC ကော်မတီအနေနဲ့ နိုင်ငံအနှံသွားရောက်ပြီး ကဏ္ဍအမျိုးမျိုးမှာ လုပ်ကိုင်နေတဲ့ လူတွေကို ဖိတ်ခေါ်ပြီးတော့ တိုင်းပြည်အနာဂတ်ပေါ်မှာ သူတို့ အတွေးအခေါ်၊ ယူဆချက်တွေကို ထုတ်ဖေါ်တင်ပြတဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးပွဲတွေပြုလုပ် သင့်ပါတယ်။ ဒီနေရာမှာလည်း သူတို့ကို အသရေဖျက်မှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံရမယ်ဆိုတဲ့ စိုးရိမ်မှုအကြောက်တရားတွေ ကင်းဖို့လိုပါတယ်။ ဒါအပြင် အစိုးရနဲ့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းဖြစ်စဉ်က ပါဝင်သူတွေနဲ့ အလွတ်သဘောဆွေးနွေးပွဲတွေ ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဒီနေရာမှာ လက်နက်ကိုင်အုပ်စုတွေနဲ့သာမက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ အခြားကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်သင့်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မနေ့က ပြောကြားတဲ့ သူ့မိန့်ခွန်းထဲမှာ- ဖက်ဒရယ်ကို အကောင်အထည်ဖော်ရာမှာ မဖြစ်နိုင်တဲ့ နိုင်ငံရဲ့ အခြေအနေနဲ့ မကိုက်ညီတဲ့ ဖြစ်လိုတဲ့ ဆန္ဒတစ်ခုတည်းအပေါ် အာရုံစိုက်ဆောင်ရွက်မနေပဲ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ဖြစ်နိုင်ခြေအပေါ် အာရုံစိုက်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိရောက်မြန်ဆန်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပေးထားတဲ့ ကတိတွေအတိုင်း လိုက်နာအကောင်အထည်ဖေါ်ခြင်းမရှိဘူးဆိုတာ တွေ့ရတယ်လို့ ဂျာမနီ အခြေစိုက် တိုင်းရင်းသားရေးရာကျွမ်းကျင်သုံးသပ်သူ စိုင်းဝမ်စိုင်က ပြောပါတယ်။

“တိုင်းရင်းသားတွေက တကယ်တမ်းက သူတို့တောင်းဆိုတာမဟုတ်ဘူး။ တကယ်တမ်းက NCA မှာ သဘောတူညီချက်နဲ့အညီ လုပ်ခွင့်ကိုင်ခွင့်ကိုတောင်းနေတာ။ ဥပမာ- ရှမ်းအဖွဲ့ကို ကြည့်မယ်ဆိုရင် RCSS က တပြည်လုံး နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့အတွက် တကယ်တမ်းက NCA က ခွင့်ပြုထားတယ်။ ဒါပေမယ့် တကယ်တမ်းလုပ်တဲ့အခါကျတော့ စစ်တပ်ကနေ ပိတ်ပင်တာရှိတယ်။ ပိတ်ပင်လို့ သူတို့ ဆွေးနွေးပွဲတွေ ရပ်လိုက်အပြီး ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်ကို တက်တဲ့အချိန်မှာ ဘာမှမပြောပဲနဲ့ ဒီအတိုင်းဝင်တက်တဲ့အခြေအနေပဲ ဖြစ်နေတယ်။ ဆိုတော့ အဓိပ္ပါယ်က အစိုးရနဲ့ စစ်တပ်အနေနဲ့ NCA မှာ သဘောတူညီထားတဲ့ အချက်အလက်တွေကို လိုက်လျောညီထွေအောင်လုပ်ပေးဖို့လိုတယ်။ ဟိုနေရာပိတ်လိုက်၊ ဒီနေရာပြင်လိုက် လုပ်ရင် အလုပ်မဖြစ်ဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မိန့်ခွန်းထဲမှာ ပြောသွားတာ ဒီလိုမအောင်မမြင်ဖြစ်နေရတဲ့ အကြောင်းအချက်တွေမှာ NCA စာချုပ်ကြောင့်မဟုတ်ပဲNCA စာချုပ်အကောင်အထည်ဖော်ရာမှာ ေးထားတဲ့ ကတိတွေ အတိုင်းလုပ်ဆောင်နိုင်ခြင်းမရှိလို့ ဆိုတဲ့ သူပြောသွားတဲ့အပိုင်းတွေမှာရော ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ NCA စာချုပ်မှာ သတ်မှတ်ထားတဲ့အတိုင်း မလုပ်ဆောင်နိုင်တာက ဘာကြောင့်လဲဆိုတာ နောက်တချက် ထပ်မေးဖို့ လိုတာပေါ့။ အဲလိုထပ်မေးမယ်ဆိုရင် ခုနက ပြောသလိုပေါ့ လူမျိုးအလိုက်လုပ်တဲ့ Political dialogue ပေါ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စစ်တပ်ဘက်က ကပြက်ကရက် ဖြစ်အောင်လုပ်နေတဲ့ဟာကြောင့်မို့ပဲ ပြောရမှာပေါ့။ နောက်တခုကလည်း ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သွားမယ်ဆိုရင် အားလုံးပါဝင်ရေးမှုကို မူအားဖြင့် NCA က လက်ခံတယ်လို့ ပြောပေမယ့် တကယ်တမ်းကျတော့ အကုန်လုံးကို လက်မခံတဲ့အတွက်ကြောင့် ဒီနေ့အချိန်အထိ အားလုံးပါဝင်ရေးက မဖြစ်နိုင်တာပေါ့။”

အောက်တိုဘာလ ၂၈ ရက် က နေပြည်တော်မှာ ပြုလုပ်တဲ့ NCA စာချုပ် လေးနှစ်ပြည့်အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုးတို့ တက်ရောက်ပြီး NCA စာချုပ်ပါအချက်တွေကို အကောင်အထည်ဖေါ်နိုင်ခြင်း မရှိတဲ့အပေါ်မှာ သူတို့ရဲ့ အမြင်သဘောထားတွေကို ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

အင္ၾကင္းႏုုိင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေ႐ွ႕မတိုးတာ ဘာေၾကာင္႔လဲ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေ႐ွ႕မတိုးတာ ဘာေၾကာင္႔လဲ Reviewed by THITHTOOLWIN on 02:26 Rating: 5
Powered by Blogger.