ေက်ာက္မဲခရိုင္အတြင္း လက္ဖက္ၿခံရွင္းရင္း ေျမျမဳပ္မိုင္းနင္းမိ တဦးေသ၊ တဦး ဒဏ္ရာရ

ေက်ာက္မဲခရိုင္အတြင္း လက္ဖက္ၿခံရွင္းရင္း ေျမျမဳပ္မိုင္းနင္းမိ တဦးေသ၊ တဦး ဒဏ္ရာရ
Zawgyi

ေအာက္တုိဘာလ ၉ ရက္ ၂၀၁၉

သၽွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲခရိုင္ မိုင္းလုံၿမိဳ႕နယ္ ပန္ဆန္ေက်းရြာအုပ္စု တြင္ လက္ဖက္ၿခံ သြားရွင္းသည့္ေဒသခံမ်ား ေျမျမဳပ္မိုင္းနင္းမိရာ အမ်ိဳးသားတဦးေသဆုံးၿပီး၊ တဦး ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

ေအာက္တိုဘာ ၈ ရက္ ယမန္ေန႔ မနက္ ၁၀ နာရီ ဝန္းက်င္က ေတာင္ပလို႔ရြာႏွင့္ ပန္ဆန္ရြာၾကားရွိ လက္ဖက္ၿခံကို အသက္ ၄၀ ေက်ာ္ဝန္းက်င္ရွိ ဦးသာေအးႏွင့္ အသက္ ၃၀ ေက်ာ္ ဝန္းက်င္ရွိ စိုင္းပန္းစံ တို႔ သြားရွင္း စဥ္ ဦးသာေအး မိုင္းနင္းမိကာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး၊ စိုင္းပန္းစံ သည္ မိုင္းစ ထိမွန္ကာ ဒဏ္ရာရရွိသြားေၾကာင္း ဒဏ္ရာမွာ မစိုးရိမ္ရေၾကာင္း ဇီဝိတ လူမွုကူညီေရး အသင္းမွ ဦးတင္ေမာင္သိန္း က သၽွမ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ မနက္ ၁၀ နာရီမွာလက္ဖက္ၿခံမွာ ေပါင္းရွင္းရင္း ေျမျမဳပ္မိုင္းနင္းမိတယ္ဆိုၿပီး ဖုန္းဆက္လာတယ္။ က်ေနာ္တို႔သြားေခၚတယ္။ တေယာက္ကေတာ့ ပြဲခ်င္းၿပီးပဲ၊ တေယာက္ကေတာ့ မိုင္းစ ေတာ္ေတာ္မ်ား မ်ား ထိတယ္။ ဒါေပမယ့္ စိုးရိမ္ရတဲ့ အေနအထားမရွိဘူး။ ညေန ၅နာရီ ခြဲ မွာေတာ့ ေက်ာက္မဲေဆး႐ုံေရာက္တယ္” ဟု ဦးတင္ေမာင္သိန္း ကဆိုသည္။

ေျမျမဳပ္မိုင္း ေပါက္ကြဲမွုေၾကာင့္ စိုင္းပန္းစံ ညာရင္ဘတ္၊ ဘယ္လက္ဖမိုး၊ ညာလက္ဖ်ံ၊ ဘယ္ေျခသလုံး၊ ညာေပါင္ ႏွင့္ ဗိုက္တို႔ ထိမွန္ခဲ့ေၾကာင္း၊ စိုးရိမ္စရာ မရွိေၾကာင္းလည္း သိရသည္။

ေက်ာက္မဲခရိုင္ အတြင္း စက္တင္ဘာ လႏွင့္ ေအာက္တိုဘာ လဆန္း အတြင္း ေျမျမဳပ္မိုင္း နင္းမိသည့္ ျပည္သူ ၆ ဦး ရွိကာ ၄ ဦးသာ ေက်ာက္မဲေဆး႐ုံသို႔ ေရာက္ရွိလာသည္ ဟု သိရသည္။

လက္နက္ကိုင္တပ္ဖြဲ႕ေပါင္းစုံလွုပ္ရွားေနထိုင္ေသာေက်ာက္မဲၿမိဳ႕နယ္အတြင္း လက္ရွိတြင္ပစ္ခတ္တိုက္ခိုက္မွု ၿငိမ္သြားၿပီျဖစ္ေသာ္လည္းေဒသခံလူထုမွာ ေျမျမဳပ္မိုင္းမ်ားဆက္တိုက္ နင္းမိမွု ျဖစ္ပြါးေနပါသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
-------------------
Unicode

ကျောက်မဲခရိုင်အတွင်း လက်ဖက်ခြံရှင်းရင်း မြေမြုပ်မိုင်းနင်းမိ တဦးသေ၊ တဦး ဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် ပန်ဆန်ကျေးရွာအုပ်စု တွင် လက်ဖက်ခြံ သွားရှင်းသည့်ဒေသခံများ မြေမြုပ်မိုင်းနင်းမိရာ အမျိုးသားတဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ ရက် ယမန်နေ့ မနက် ၁၀ နာရီ ဝန်းကျင်က တောင်ပလို့ရွာနှင့် ပန်ဆန်ရွာကြားရှိ လက်ဖက်ခြံကို အသက် ၄၀ ကျော်ဝန်းကျင်ရှိ ဦးသာအေးနှင့် အသက် ၃၀ ကျော် ဝန်းကျင်ရှိ စိုင်းပန်းစံ တို့ သွားရှင်း စဉ် ဦးသာအေး မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ စိုင်းပန်းစံ သည် မိုင်းစ ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ဇီဝိတ လူမှုကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မနက် ၁၀ နာရီမှာလက်ဖက်ခြံမှာ ပေါင်းရှင်းရင်း မြေမြုပ်မိုင်းနင်းမိတယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ကျနော်တို့သွားခေါ်တယ်။ တယောက်ကတော့ ပွဲချင်းပြီးပဲ၊ တယောက်ကတော့ မိုင်းစ တော်တော်များ များ ထိတယ်။ ဒါပေမယ့် စိုးရိမ်ရတဲ့ အနေအထားမရှိဘူး။ ညနေ ၅နာရီ ခွဲ မှာတော့ ကျောက်မဲဆေးရုံရောက်တယ်” ဟု ဦးတင်မောင်သိန်း ကဆိုသည်။

မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် စိုင်းပန်းစံ ညာရင်ဘတ်၊ ဘယ်လက်ဖမိုး၊ ညာလက်ဖျံ၊ ဘယ်ခြေသလုံး၊ ညာပေါင် နှင့် ဗိုက်တို့ ထိမှန်ခဲ့ကြောင်း၊ စိုးရိမ်စရာ မရှိကြောင်းလည်း သိရသည်။

ကျောက်မဲခရိုင် အတွင်း စက်တင်ဘာ လနှင့် အောက်တိုဘာ လဆန်း အတွင်း မြေမြုပ်မိုင်း နင်းမိသည့် ပြည်သူ ၆ ဦး ရှိကာ ၄ ဦးသာ ကျောက်မဲဆေးရုံသို့ ရောက်ရှိလာသည် ဟု သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံလှုပ်ရှားနေထိုင်သောကျောက်မဲမြို့နယ်အတွင်း လက်ရှိတွင်ပစ်ခတ်တိုက်ခိုက်မှု ငြိမ်သွားပြီဖြစ်သော်လည်းဒေသခံလူထုမှာ မြေမြုပ်မိုင်းများဆက်တိုက် နင်းမိမှု ဖြစ်ပွါးနေပါသည်။
ေက်ာက္မဲခရိုင္အတြင္း လက္ဖက္ၿခံရွင္းရင္း ေျမျမဳပ္မိုင္းနင္းမိ တဦးေသ၊ တဦး ဒဏ္ရာရ ေက်ာက္မဲခရိုင္အတြင္း လက္ဖက္ၿခံရွင္းရင္း ေျမျမဳပ္မိုင္းနင္းမိ တဦးေသ၊ တဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.