ထုိင္း-ျမန္မာ နယ္စပ္ ခ်င္းရုိင္းခရုိင္ စစ္သားေဟာင္းတဦး၏ကားအတြင္း စိတ္ၾကြေဆးျပား ၁သန္းေက်ာ္ ဖမ္းဆီးရ


Zawgyi
ေအာက္တိုဘာလ ၁၀ ရက္ ၂၀၁၉

ထုိင္း-ျမန္မာနယ္စပ္ ခ်င္းရုိင္းခရုိင္ မယ့္က်န္း ၿမိဳ႕နယ္တြင္ စိတ္ၾကြေဆးျပား ၁ သန္းေက်ာ္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေအာက္တုိဘာလ ၁၀ ရက္ ယေန႕မနက္ ၉ နာရီက ထုိင္း-ျမန္မာနယ္စပ္ ခ်င္း႐ုိင္းခရိုင္ မယ့္က်န္းၿမိဳ႕နယ္ ဒြယ္တြန္း(Doi Tung) ကားဂိတ္ အနီး Bua Ban Resort တြင္ အသက္ ၄၃ ႏွစ္ အရြယ္ ရွိ Mr. Adisak (အဒီးဆတ္) ႏွင့္ အသက္ ၂၀ ရွိ Ms. Phattiya (ဖတ္သိယ) တုိ႕ေမာင္းႏွင္လာသည့္ ကားေပၚတြင္ စိတ္ၾကြေဆးျပားအေရအတြက္ ၁ သန္း၂ သိန္း (၁၂၀၀၀၀၀) ဖမ္းဆီးရမိေၾကာင္း ထိုင္းသတင္းစာမ်ား ေရးသားခ်က္အရသိရသည္။

အဆုိပါ ေဆးျပားမ်ား သယ္ေဆာင္လာသည့္ Mr.Adisak သည္ ယခင္က ခ်င္း႐ုိင္ခရုိင္ တြင္ တာဝန္က်ဖူးသည့္ စစ္သားေဟာင္းတဦးျဖစ္ေၾကာင္း Chiang Rai Report သတင္းတြင္ေရးသားထားသည္။

စိတ္ၾကြေဆးျပား မ်ားကို ခရီးေဆာင္ ေသတၱာ (၄)လံုး ႏွင့္ ခရီးေဆာင္ လက္ဆြဲအိတ္ (၂)လံုးထဲတြင္ ထည့္လာေၾကာင္း၊ ထိုသုိ႕ ခိုးသယ္လာသည္ကို မယ့္က်န္းရဲတပ္ဖြဲ႔ ႏွင့္ စစ္တပ္ မွ သတင္းရရွိထားသျဖင့္ ဝင္ေရာက္ဖမ္းဆီး စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္းလည္း ထုိင္းသတင္းတြင္ေဖာ္ျပထားသည္။

လက္ရွိမွာ ထို စိတ္ၾကြေဆးျပားသယ္ေဆာင္လာသည့္ အမ်ိဳးသား ႏွင့္ အမ်ိဳးသမီး ကို မယ့္က်န္း ရဲစခန္းတြင္ ဖမ္းဆီးစစ္ေဆးကာ ေနာက္ဆက္တြဲ ကြင္းဆက္မ်ားကိုလည္း ေဖာ္ထုတ္စစ္ေဆးသြားမည္ ဟု သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------------
Unicode

ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်းခရိုင် စစ်သားဟောင်းတဦး၏ကားအတွင်း စိတ်ကြွဆေးပြား ၁သန်းကျော် ဖမ်းဆီးရ

အောက်တိုဘာလ ၁၀ ရက် ၂၀၁၉


ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်း မြို့နယ်တွင် စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက် ယနေ့မနက် ၉ နာရီက ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ် ဒွယ်တွန်း(Doi Tung) ကားဂိတ် အနီး Bua Ban Resort တွင် အသက် ၄၃ နှစ် အရွယ် ရှိ Mr. Adisak (အဒီးဆတ်) နှင့် အသက် ၂၀ ရှိ Ms. Phattiya (ဖတ်သိယ) တို့မောင်းနှင်လာသည့် ကားပေါ်တွင် စိတ်ကြွဆေးပြားအရေအတွက် ၁ သန်း၂ သိန်း (၁၂၀၀၀၀၀) ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းစာများ ရေးသားချက်အရသိရသည်။

အဆိုပါ ဆေးပြားများ သယ်ဆောင်လာသည့် Mr.Adisak သည် ယခင်က ချင်းရိုင်ခရိုင် တွင် တာဝန်ကျဖူးသည့် စစ်သားဟောင်းတဦးဖြစ်ကြောင်း Chiang Rai Report သတင်းတွင်ရေးသားထားသည်။

စိတ်ကြွဆေးပြား များကို ခရီးဆောင် သေတ္တာ (၄)လုံး နှင့် ခရီးဆောင် လက်ဆွဲအိတ် (၂)လုံးထဲတွင် ထည့်လာကြောင်း၊ ထိုသို့ ခိုးသယ်လာသည်ကို မယ့်ကျန်းရဲတပ်ဖွဲ့ နှင့် စစ်တပ် မှ သတင်းရရှိထားသဖြင့် ဝင်ရောက်ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။

လက်ရှိမှာ ထို စိတ်ကြွဆေးပြားသယ်ဆောင်လာသည့် အမျိုးသား နှင့် အမျိုးသမီး ကို မယ့်ကျန်း ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးကာ နောက်ဆက်တွဲ ကွင်းဆက်များကိုလည်း ဖော်ထုတ်စစ်ဆေးသွားမည် ဟု သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ထုိင္း-ျမန္မာ နယ္စပ္ ခ်င္းရုိင္းခရုိင္ စစ္သားေဟာင္းတဦး၏ကားအတြင္း စိတ္ၾကြေဆးျပား ၁သန္းေက်ာ္ ဖမ္းဆီးရ ထုိင္း-ျမန္မာ နယ္စပ္ ခ်င္းရုိင္းခရုိင္ စစ္သားေဟာင္းတဦး၏ကားအတြင္း စိတ္ၾကြေဆးျပား ၁သန္းေက်ာ္ ဖမ္းဆီးရ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.