သိႏၷီၿမိဳ႕တြင္း ပစ္ခတ္မွုရဲ့ေနာက္ဆက္တြဲအေျခအေန


Zawgyi

ေအာက္တိုဘာလ ၉ ရက္ ၂၀၁၉

ေအာက္တိုဘာ ၉ ရက္ ယေန႔မနက္ ၆ နာရီခြဲက သၽွမ္းျပည္နယ္ေျမာက္ပိုင္း သိႏၷီၿမိဳ႕ထဲမွာ ျမန္မာ့တပ္မေတာ္နဲ႔ တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတ္(TNLA) တို႔ အျပန္အလွန္ ပစ္ခတ္မွု ျဖစ္ပြားမွုေၾကာင့္ ေဒသခံ ၇ ဦး ဒဏ္ရာရရွိၿပီး၊ ျမန္မာ့တပ္မေတာ္က ၃ဦး က်ဆုံးခဲ့ပါတယ္။ လက္နက္ႀကီးက်ည္ေတြဟာေနအိမ္ေတြနဲ႔ ကားေတြကိုပါထိခိုက္ပ်က္စီးေၾကာင္းလည္းသိရပါတယ္။ ပ်က္စီးဆုံးရွုံးမွုအေျခအေနေတြနဲ႔လက္ရွိသိႏၷီၿမိဳ႕တြင္းလုံျခဳံေရးအေျခအေန ေတြနဲ႔ပတ္သက္ၿပီး သိႏၷီၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းဦးခမ္း ကိုသၽွမ္းသံေတာ္ဆင့္ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ။ လက္ရွိ သိႏၷီၿမိဳ႕တြင္းအေျခအေန ေျပာျပေပးပါဦး။

ေျဖ။ ။ အခုေတာ့ ပစ္ခတ္မွုေတြမရွိေတာ့ဘူး။ က်ေနာ္ အခု ပစ္ခတ္မွုေၾကာင့္ ပ်က္စီး သြားတဲ့ေနအိမ္ေတြကို လိုက္လံ ၾကည့္ၿပီး စာရင္းေကာက္ေနပါတယ္။

ေမး။ ။ ပစ္ခတ္မွုေၾကာင့္ ေနအိမ္ ဘယ္နလုံးေလာက္ လက္နက္ႀကီး ထိမွန္ ပ်က္စီးသြားပါသလဲ။

ေျဖ။ ။ လက္နက္ႀကီးထိမွန္တဲ့ေနအိမ္ က ၆ အိမ္ရွိပါတယ္။

ေမး။ ။ တျခား လူထိခိုက္မွုေတြ ေရာ ဘယ္လို ရွိပါသလဲ။

ေျဖ။ ။ လူထိခိုက္မွုကေတာ့ အရပ္သား ၇ ဦးပါ။ အဲ့ထဲမွာ အမ်ိဳးသမီး ၅ ဦး နဲ႔၊ အမ်ိဳးသား ၂ ဦးပါတယ္။ အမ်ိဳးသမီး ၂ ဦး ကေတာ့ လားရွိုး ေဆး႐ုံကို ပို႔ေဆာင္ထားပါတယ္။ က်ည္စေတြ အသားထဲ ဝင္သြားလို႔ ဓာတ္မွန္ရိုက္ၿပီး ခြဲစိတ္ရမယ္။ စိုးရိမ္စရာေတာ့ မရွိပါဘူး။

ေမး။ ။ ထိခိုက္ဒဏ္ရာရတဲ့ သူေတြ ရဲ့ အမည္ စာရင္းေရာ ရနိုင္ပါသလား။

ေျဖ။ ။ စိုင္းဆိုင္လွိုင္း အသက္ ၂၄ ႏွစ္ ၊ ဦးဟန္ဝင္းေအာင္ အသက္ ၃၁ ႏွစ္ ၊ မခင္နန္းစိုး အသက္ ၂၉ ႏွစ္ ၊ ေဒၚနန္းအုံစိန္ အသက္ ၅၅ ႏွစ္ ၊ မသန္းသန္းႏြယ္ အသက္ ၃၃ ႏွစ္၊ မနန္းတင့္တင့္ထြန္း အသက္ ၂၅ ႏွစ္ ၊ ေဒၚႏြမ္းစိန္ အသက္ ၄၇ ႏွစ္ တို႔ ျဖစ္ပါတယ္။

ေမး။ ။ ပစ္ခတ္မွုေၾကာင့္ ေသဆုံးသူေတြ ေရာ ရွိလားမသိဘူး။

ေျဖ။ ။ ျမန္မာ့တပ္မေတာ္ တပ္မ ၈၈ က တပ္သား ၃ ဦး က်ဆုံးတယ္။ တပ္သား ၁၀ ဦးေလာက္ေတာ့ ဒဏ္ရာရမယ္ထင္တယ္။

ေမး။ ။ ေနာက္ေရာ ဘာေတြ ပ်က္စီးဆုံးရွုံးမွုေတြ ထပ္ရွိေသးလဲ။

ေျဖ။ ။ က်ေနာ္တို႔ သိႏၷီၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ထားရီ ရဲ့ ကားတစီးလည္း ေသနတ္ပစ္ခံရတယ္။ မွန္ ကြဲသြားတယ္။ ေနာက္ အရပ္သား ကားႀကီး တစီးနဲ႔ ကားေသး တစီးလည္း ပ်က္စီး သြားတယ္။

ေမး။ ။ ထိခိုက္ဒဏ္ရာရတဲ့ ျပည္သူေတြကိုေရာ ဘာေတြကူညီေဆာင္ရြက္ေပးပါသလဲ။

ေျဖ။ ။ က်ေနာ္တို႔ နဲ႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွူးေတြ၊ သၽွမ္းျပည္နယ္အစိုးရနဲ႔ တိုင္ပင္ၿပီးေတာ့ ထိခိုက္ဒဏ္ရာရတဲ့သူေတြကို က်ပ္ေငြ တေယာက္ တသိန္းစီ ကူညီေထာက္ပံ့ပါတယ္။

ေမး။ ။ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ အေနနဲ႔ေရာ ဘာမ်ား ထပ္ၿပီး ျဖည့္စြတ္ ေျပာခ်င္ပါသလဲ။

ေျဖ။ ။ က်ေနာ္အေနနဲ႔ ကေတာ့ ပစ္ခတ္မွုေတြ လည္း ရပ္သြားၿပီ၊ ေဒသခံေတြ အေနနဲ႔ စိုးရိမ္မွုေတြ ထိတ္လန႔္မွုေတြ မရွိဖို႔ေျပာခ်င္ပါတယ္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
-----------
Unicode

သိန္နီမြို့တွင်း ပစ်ခတ်မှုရဲ့နောက်ဆက်တွဲအခြေအနေ

အောက်တိုဘာ ၉ ရက် ယနေ့မနက် ၆ နာရီခွဲက သျှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ထဲမှာ မြန်မာ့တပ်မတော်နဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတေ်(TNLA) တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားမှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရရှိပြီး၊ မြန်မာ့တပ်မတော်က ၃ဦး ကျဆုံးခဲ့ပါတယ်။ လက်နက်ကြီးကျည်တွေဟာနေအိမ်တွေနဲ့ ကားတွေကိုပါထိခိုက်ပျက်စီးကြောင်းလည်းသိရပါတယ်။ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေနဲ့လက်ရှိသိန္နီမြို့တွင်းလုံခြုံရေးအခြေအနေ တွေနဲ့ပတ်သက်ပြီး သိန္နီမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း ကိုသျှမ်းသံတော်ဆင့်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လက်ရှိ သိန္နီမြို့တွင်းအခြေအနေ ပြောပြပေးပါဦး။

ဖြေ။ ။ အခုတော့ ပစ်ခတ်မှုတွေမရှိတော့ဘူး။ ကျနော် အခု ပစ်ခတ်မှုကြောင့် ပျက်စီး သွားတဲ့နေအိမ်တွေကို လိုက်လံ ကြည့်ပြီး စာရင်းကောက်နေပါတယ်။

မေး။ ။ ပစ်ခတ်မှုကြောင့် နေအိမ် ဘယ်နလုံးလောက် လက်နက်ကြီး ထိမှန် ပျက်စီးသွားပါသလဲ။

ဖြေ။ ။ လက်နက်ကြီးထိမှန်တဲ့နေအိမ် က ၆ အိမ်ရှိပါတယ်။

မေး။ ။ တခြား လူထိခိုက်မှုတွေ ရော ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ လူထိခိုက်မှုကတော့ အရပ်သား ၇ ဦးပါ။ အဲ့ထဲမှာ အမျိုးသမီး ၅ ဦး နဲ့၊ အမျိုးသား ၂ ဦးပါတယ်။ အမျိုးသမီး ၂ ဦး ကတော့ လားရှိုး ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ကျည်စတွေ အသားထဲ ဝင်သွားလို့ ဓာတ်မှန်ရိုက်ပြီး ခွဲစိတ်ရမယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။

မေး။ ။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ ရဲ့ အမည် စာရင်းရော ရနိုင်ပါသလား။

ဖြေ။ ။ စိုင်းဆိုင်လှိုင်း အသက် ၂၄ နှစ် ၊ ဦးဟန်ဝင်းအောင် အသက် ၃၁ နှစ် ၊ မခင်နန်းစိုး အသက် ၂၉ နှစ် ၊ ဒေါ်နန်းအုံစိန် အသက် ၅၅ နှစ် ၊ မသန်းသန်းနွယ် အသက် ၃၃ နှစ်၊ မနန်းတင့်တင့်ထွန်း အသက် ၂၅ နှစ် ၊ ဒေါ်နွမ်းစိန် အသက် ၄၇ နှစ် တို့ ဖြစ်ပါတယ်။

မေး။ ။ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေ ရော ရှိလားမသိဘူး။

ဖြေ။ ။ မြန်မာ့တပ်မတော် တပ်မ ၈၈ က တပ်သား ၃ ဦး ကျဆုံးတယ်။ တပ်သား ၁၀ ဦးလောက်တော့ ဒဏ်ရာရမယ်ထင်တယ်။

မေး။ ။ နောက်ရော ဘာတွေ ပျက်စီးဆုံးရှုံးမှုတွေ ထပ်ရှိသေးလဲ။

ဖြေ။ ။ ကျနော်တို့ သိန္နီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီ ရဲ့ ကားတစီးလည်း သေနတ်ပစ်ခံရတယ်။ မှန် ကွဲသွားတယ်။ နောက် အရပ်သား ကားကြီး တစီးနဲ့ ကားသေး တစီးလည်း ပျက်စီး သွားတယ်။

မေး။ ။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေကိုရော ဘာတွေကူညီဆောင်ရွက်ပေးပါသလဲ။

ဖြေ။ ။ ကျနော်တို့ နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ သျှမ်းပြည်နယ်အစိုးရနဲ့ တိုင်ပင်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကျပ်ငွေ တယောက် တသိန်းစီ ကူညီထောက်ပံ့ပါတယ်။

မေး။ ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ရော ဘာများ ထပ်ပြီး ဖြည့်စွတ် ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်အနေနဲ့ ကတော့ ပစ်ခတ်မှုတွေ လည်း ရပ်သွားပြီ၊ ဒေသခံတွေ အနေနဲ့ စိုးရိမ်မှုတွေ ထိတ်လန့်မှုတွေ မရှိဖို့ပြောချင်ပါတယ်။

သိႏၷီၿမိဳ႕တြင္း ပစ္ခတ္မွုရဲ့ေနာက္ဆက္တြဲအေျခအေန သိႏၷီၿမိဳ႕တြင္း ပစ္ခတ္မွုရဲ့ေနာက္ဆက္တြဲအေျခအေန Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.