လားရွိုးၿမိဳ႕အနီးကေက်းလက္ေက်ာင္းထိုင္ဆရာေတာ္တပါး ပစ္ခတ္ခံရၿပီး ပ်ံလြန္ေတာ္မူ

Zawgyi
ေအာက္တုိဘာလ ၂၀ ရက္ ၂၀၁၉

ေအာက္တိုဘာ ၂၀ ရက္ ၂၀၁၉ ခု ယေန႔ ညေန ၆ နာရီ ၄၅ မိနစ္ သံဃာေတာ္မ်ား ဘုရား၀တ္ျပဳေနစဥ္ လက္နက္ကိုင္ လူႏွစ္ဉီး ေက်ာင္းထိုင္ဆရာေတာ္အား ၀င္ေရာက္ပစ္ခတ္ရာ က်ည္ ၅ ခ်က္ ထိမွန္ၿပီး ပ်ံလြန္ေတာ္မူ သြားသည္ဟု သိရသည္။

“သံဃာေတာ္ေတြ ဘုရား ရွိခိုးေနခ်ိန္ ဆရာေတာ္က စၾကၤန္ ေလၽွာက္ေနတဲ့အခ်ိန္အျပင္ ကေနၿပီး ၀င္ပစ္သြားတာ ေပ ၄၀-၅၀ ေလာက္ ရွိမယ္။ ဒဏ္ရာ ၅ ခ်က္ ေခါင္း နဲ႔ ကိုယ္ခႏၶာ မွာ ထိမွန္တာ ပြဲခ်င္းၿပီး ဘဲ” - ဟု လားရွိုး ေန သၽွမ္းလူငယ္ေခါင္းေဆာင္ စိုင္းဟန္က ေျပာသည္။

ဆရာေတာ္ ဉီးပညာေဇာတ သက္ေတာ္ ၄၅ ႏွစ္ ဝါေတာ္ ၂၅ သည္ ေခးနင္းေက်းရြာအုပ္စု ေခးနင္းေက်ာင္းတိုက္ တြင္ ၂၀၀၃ ခုႏွစ္မွစၿပီး ေက်ာင္းထိုင္ ကာ ဘုရားအမွုျပဳလာခဲ့သည္မွာ ၁၆ ဝါ ရွိ ၿပီဟု ေဒသခံမ်ား ေျပာျပခ်က္အရ သိရသည္။

လက္ရွိ ဆရာေတာ္ဉီးပညာေဇာတ ၏ ႐ုပ္ကလာပ္ေတာ္အား လားရွိုးေဆး႐ုံတြင္ ပို႔ေဆာင္ကာ တာ၀န္ရွိမ်ားက စစ္ေဆးေနေၾကာင္းသိရွိရသည္။

ေခးနင္းရြာသည္ လားရွိုးၿမိဳ႕အေနာက္ေတာင္ဘက္ ၁၀ မိုင္ခန႔္အကြာ လားရွိုး-သီေပါၾကားတြင္ တည္ရွိပါသည္။

၂၀၁၈ ခုႏွစ္က ေအာက္တိုဘာလ ၅ ရက္ ယမန္ႏွစ္ကလည္း ေက်ာက္မဲၿမိဳ႕ ေရႊက်င္ေက်ာင္းတိုက္ဆရာေတာ္ ဉီးကလ်ာဏဝံသ အားလည္း အမည္မသိလက္နက္ကိုင္ ဆိုင္ကယ္စီးလူႏွစ္ဉီးက ၀င္ေရာက္ပစ္ခတ္သည့္အတြက္ ေသနတ္ဒဏ္ရာ ၇ ခ်က္ျဖင့္ ပ်ံလြန္ေတာ္မူသြားသည္။ အဆိုပါ လူသတ္သမား အားလည္း ယေန႔တိုင္ တာ၀န္ရွိမ်ားက ဖမ္းဆီးနိုင္ျခင္းမရွိေသးေပ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------
Unicode
လားရှိုးမြို့အနီးကကျေးလက်ကျောင်းထိုင်ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူ

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
အောက်တိုဘာလ ၂၀ ရက် ၂၀၁၉

အောက်တိုဘာ ၂၀ ရက် ၂၀၁၉ ခု ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ် သံဃာတော်များ ဘုရားဝတ်ပြုနေစဉ် လက်နက်ကိုင် လူနှစ်ဉီး ကျောင်းထိုင်ဆရာတော်အား ဝင်ရောက်ပစ်ခတ်ရာ ကျည် ၅ ချက် ထိမှန်ပြီး ပျံလွန်တော်မူ သွားသည်ဟု သိရသည်။

“သံဃာတော်တွေ ဘုရား ရှိခိုးနေချိန် ဆရာတော်က စြင်္ကန် လျှောက်နေတဲ့အချိန်အပြင် ကနေပြီး ဝင်ပစ်သွားတာ ပေ ၄၀-၅၀ လောက် ရှိမယ်။ ဒဏ်ရာ ၅ ချက် ခေါင်း နဲ့ ကိုယ်ခန္ဓာ မှာ ထိမှန်တာ ပွဲချင်းပြီး ဘဲ” - ဟု လားရှိုး နေ သျှမ်းလူငယ်ခေါင်းဆောင် စိုင်းဟန်က ပြောသည်။

ဆရာတော် ဉီးပညာဇောတ သက်တော် ၄၅ နှစ် ဝါတော် ၂၅ သည် ခေးနင်းကျေးရွာအုပ်စု ခေးနင်းကျောင်းတိုက် တွင် ၂၀၀၃ ခုနှစ်မှစပြီး ကျောင်းထိုင် ကာ ဘုရားအမှုပြုလာခဲ့သည်မှာ ၁၆ ဝါ ရှိ ပြီဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိ ဆရာတော်ဉီးပညာဇောတ ၏ ရုပ်ကလာပ်တော်အား လားရှိုးဆေးရုံတွင် ပို့ဆောင်ကာ တာဝန်ရှိများက စစ်ဆေးနေကြောင်းသိရှိရသည်။

ခေးနင်းရွာသည် လားရှိုးမြို့အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ လားရှိုး-သီပေါကြားတွင် တည်ရှိပါသည်။

၂၀၁၈ ခုနှစ်က အောက်တိုဘာလ ၅ ရက် ယမန်နှစ်ကလည်း ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဉီးကလျာဏဝံသ အားလည်း အမည်မသိလက်နက်ကိုင် ဆိုင်ကယ်စီးလူနှစ်ဉီးက ဝင်ရောက်ပစ်ခတ်သည့်အတွက် သေနတ်ဒဏ်ရာ ၇ ချက်ဖြင့် ပျံလွန်တော်မူသွားသည်။ အဆိုပါ လူသတ်သမား အားလည်း ယနေ့တိုင် တာဝန်ရှိများက ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လားရွိုးၿမိဳ႕အနီးကေက်းလက္ေက်ာင္းထိုင္ဆရာေတာ္တပါး ပစ္ခတ္ခံရၿပီး ပ်ံလြန္ေတာ္မူ လားရွိုးၿမိဳ႕အနီးကေက်းလက္ေက်ာင္းထိုင္ဆရာေတာ္တပါး ပစ္ခတ္ခံရၿပီး ပ်ံလြန္ေတာ္မူ Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.