အက္စစ္နဲ႔အပက္ခံခဲ့ရေပမယ့္ လူမႈဝန္းက်င္ထဲ ရဲရဲဝံ့ဝံ့ ျပန္ဝင္လာသူ

 ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ရွိေနတဲ့ နန္းေမဇင္ဦး
Zawgyi
"... သေဘာမတူႏိုင္ဘူး၊ မေပးစားႏိုင္ဘူး ဆိုၿပီး အက္စစ္နဲ႔ေလာင္း၊ ေလွာင္ပိတ္ ႏွိပ္စက္ခဲ့တာရွင့္။ သူတို႔အိမ္မွာ သူတို႔ခိုင္းတဲ့ အလုပ္ကိုလုပ္ၿပီး ႏွိပ္စက္သေလာက္ ခံေပါ့၊ ဒဏ္ရာနဲ႔က ၈ ႏွစ္ ပိတ္ေလွာင္ၿပီးေတာ့ သူတို႔ ခိုင္းေစခဲ့တယ္ရွင့္ .... "

အိမ္အကူ လုပ္ကိုင္ရင္း အိမ္ရွင္ေတြရဲ႕ ေဆြမ်ိဳးေတာ္စပ္သူနဲ႔ သေဘာမတူႏိုင္ဘူးဆိုၿပီး အက္ဆစ္နဲ႔ပက္ တိုက္ခိုက္ ခံခဲ့ရတဲ့ နန္းေမဇင္ဦးက ေျပာတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ မ်က္ႏွာ ဘယ္ဘက္တျခမ္းလုံးနဲ႔ လည္ပင္းတေလွ်ာက္မွာ အက္စစ္ေလာင္ထားတဲ့ အမာ႐ြတ္ေတြ ရွိေနပါတယ္။ ဘယ္ဘက္မ်က္လုံးလည္း ပ်က္စီးေနပါတယ္။

သူဟာ ရွမ္းျပည္နယ္ ေတာင္ပိုင္းကေန မႏၲေလးကိုလာၿပီး အိမ္အကူ အလုပ္ လုပ္ခဲ့သူပါ။

သူ မႏၲေလးကို ေရာက္စက အသက္ ၁၄ ႏွစ္ ဝန္းက်င္ပဲ ရွိေသးတယ္လို႔ ျပည္တြင္း သတင္းဌာနတခ်ိဳ႕က ေရးပါတယ္။

မႏၲေလးကို ေရာက္ၿပီး ၂ ႏွစ္ အၾကာမွာေတာ့ အိမ္ရွင္ေတြက သူတို႔ရဲ႕ ေဆြမ်ိဳးေတာ္သူ တစ္ဦးနဲ႔ သေဘာမတူႏိုင္ဘူး ဆိုၿပီး အက္ဆစ္နဲ႔ ပက္တဲ့အထိ ျဖစ္ခဲ့ပါတယ္။

ဒီေနာက္မွာ အိမ္ရွင္ေတြက လူသိမခံ ႀကိတ္ေဆးကုေပးၿပီး အိမ္ထဲမွာ ေလွာင္ထားခဲ့ပါတယ္။ ဒဏ္ရာေတြက သက္သာလာတဲ့ အခါ အိမ္အလုပ္ေတြ ႏွစ္ရွည္လမ်ား ဆက္လက္ ခိုင္းေစခဲ့ပါတယ္။

ဒဏ္ရာအတြက္ နစ္နာေၾကး မေျပာနဲ႔ ကိုယ့္ရဲ႕ လုပ္အားခေတာင္ ကိုယ္မရခဲ့ဘူးလို႔ နန္းေမဇင္ဦးက ဆိုပါတယ္။

အက္ဆစ္နဲ႔ အပက္ခံရၿပီး ၈ ႏွစ္ နီးပါး အၾကာ၊ ၂ဝ၁၈ ခုႏွစ္မွာ နန္းေမဇင္ဦး ထြက္ေျပး လြတ္ေျမာက္လာေတာ့မွ သူ႔ရဲ႕ အေၾကာင္း လူအမ်ား သိလာရတာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၈ ႏွစ္က ျဖစ္ခဲ့တာ၊ အမႈလုပ္လို႔ မရဘူး … ရႈံးမွာပဲလို႔ ေျပာသူေတြနဲ႔လည္း သူလြတ္လာခါစ ဆုံခဲ့ရတယ္လို႔ နန္းေမဇင္ဦးက ျပန္ေျပာင္း ေျပာပါတယ္။

ဒီေနာက္မွာေတာ့ အမ်ိဳးသမီးေရးရာ အဖြဲ႕နဲ႔ အဆက္အသြယ္ရၿပီး က်ဴးလြန္သူေတြကို ႐ုံးတင္ ႏိုင္တဲ့အထိ တရားမွ်တမႈ ရွာေဖြ ႏိုင္ခဲ့ပါတယ္။

အိမ္ရွင္ အမ်ိဳးသမီး၊ နဲ႔ အဲဒီအမ်ိဳးသမီးရဲ႕ ေယာကၡမ အမ်ိဳးသမီး ကေတာ့ ၿပီးခဲ့တဲ့ လပိုင္းကပဲ လူကုန္ကူးမႈ ဥပေဒနဲ႔ ေထာင္ ၁၅ ႏွစ္ စီ က်သြားပါတယ္။ အဲဒီႏွစ္ေယာက္ထဲက ေခြၽးမျဖစ္သူ အိမ္ရွင္အမ်ိဳးသမီးကေတာ့ ျပင္းထန္စြာ နာက်င္ေစမႈနဲ႔ ေထာင္ ၇ ႏွစ္ လည္း ထပ္ခ်မွတ္ ခံထားရပါတယ္။

နန္းေမဇင္ဦးကို ၾကည့္ရတာ စိတ္ဓာတ္က်ေနတာ၊ အားငယ္ေနတာမ်ိဳး မရွိဘဲ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ အျပည့္ ရွိေနတယ္လို႔ ကိုယ္တိုင္ ဆုံခဲ့တဲ့ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

စိတ္ပိုင္းေရာ၊ ႐ုပ္ပိုင္းပါ ႀကံ့ခိုင္ေနပုံရတဲ့ နန္းေမဇင္ဦးဟာ အခုဆို ရွမ္းျပည္နယ္ ေတာင္ပိုင္းက သူ႔ ဇာတိမွာ ကုန္စုံဆိုင္ေလး တစ္ဆိုင္ ဖြင့္ထားတယ္လို႔ ဆိုပါတယ္။

နန္းေမဇင္ဦး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ႏိုင္ေအာင္ လူမႈကယ္ဆယ္ေရး အသင္းအဖြဲ႕တခ်ိဳ႕က ကူညီၾကပါတယ္။

အက္စစ္နဲ႔ ပက္ခံထားရတဲ့ ဒဏ္ရာေတြ ရွိေနေပမဲ့ သိမ္ငယ္စရာ မလိုဘဲ လူ႔ အသိုင္းအဝိုင္း ဝန္းက်င္မွာ ရဲရဲဝံ့ဝံ့ ေနထိုင္ ဝင္ဆံ့ဖို႔ကိုလည္း ကူညီသူေတြက တြန္းအားေပးပါတယ္။

ဒီလို အေျခအေနေတြ ျဖတ္သန္းခဲ့ရတဲ့ နန္းေမဇင္ဦးက အလုပ္တစ္ခု လုပ္ေတာ့မယ္ဆိုရင္ လစာ ဘယ္ေလာက္လဲ၊ အခ်ိန္ပို လုပ္ရင္ေရာ အခ်ိန္ပိုေၾကးရမွာလား၊ အလုပ္ရွင္ေတြရဲ႕ ေနရပ္လိပ္စာက အစ အခ်က္အလက္ေတြ တိတိက်က် သိထားဖို႔ လိုမယ္လို႔ သူ႔ဘဝ အေတြ႕အႀကဳံနဲ႔ ယွဥ္ၿပီး အႀကံျပဳပါတယ္။

အိမ္အကူလုပ္သားေတြနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံမွာ ဥပေဒ အတိအက် ျပဌာန္းသင့္ေၾကာင္း လူမႈ အဖြဲ႕အစည္းေတြ၊ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ၊ ဥပေဒကြၽမ္းက်င္သူေတြ စုေပါင္းၿပီး လႈပ္ရွားၾကတဲ့ ေအာက္တိုဘာ ၁၈ ရက္၊ မႏၲေလးက ပြဲတစ္ခုမွာ နန္းေမဇင္ဦးက သူ႔အျဖစ္အပ်က္ေတြကို ဘီဘီစီကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

အဲဒီပြဲမွာ နန္းေမဇင္ဦးလိုပဲ အိမ္အကူ အလုပ္လုပ္ကိုင္ဖူးတဲ့ တျခား မိန္းကေလး ႏွစ္ေယာက္ကို ေတြ႕ခဲ့ရေပမယ့္ သူတို႔ကေတာ့ ဘယ္လို ျဖတ္သန္းခဲ့ရတဲ့ ေကာင္း၊ဆိုးအေတြ႕အႀကဳံေတြကို ဖြင့္ဟေျပာလိုပုံ မရဘူးလို႔ ဘီဘီစီ သတင္းေထာက္က ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အလုပ္သမား ဥပေဒတခ်ိဳ႕မွာ အိမ္အကူလုပ္သား၊ အိမ္ေဖာ္ စတဲ့ ေဝါဟာရေတြနဲ႔ ေဖာ္ျပခ်က္ တခ်ိဳ႕ ရွိေပမယ့္၊ သီးသီးသန္႔သန္႔ ဥပေဒ တစ္ရပ္ မရွိေသးဘူးလို႔ ဥပေဒေရးရာ ကုစားေရး အဖြဲ႕ (ျမန္မာ) ရဲ႕ ဒါ႐ိုက္တာ၊ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚလွလွရီက ဘီဘီစီကို ေျပာပါတယ္။

အိမ္အကူေတြ အေနနဲ႔ လုပ္ခလစာေတြ အျပည့္အဝ မရရွိတာ၊ ဂုဏ္သိကၡာ ညႇိဳးႏြမ္းေအာင္ ဆက္ဆံခံရတာမ်ိဳးေတြက အစ၊ ဆိုး႐ြားစြာ အၾကမ္းဖက္ ခံရတာမ်ိဳးအထိ ေတြ႕ႀကဳံ ခံစား ေနရတယ္လို႔ ေဒၚလွလွရီက ဆိုပါတယ္။

ဒီျပႆနာေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ ဆိုရင္ အိမ္အကူေတြကို "အလုပ္သမား" အျဖစ္ အသိအမွတ္ ျပဳဖို႔ အေရးႀကီးၿပီး၊ အိမ္အကူ ငွားရမ္း ရွာေဖြတဲ့ တရားဝင္ ယႏၲရား တစ္ရပ္လည္း ေပၚေပါက္လာဖို႔ လိုတယ္လို႔ ေဒၚလွလွရီက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-----------
Unicode
အက်စစ်နဲ့အပက်ခံခဲ့ရပေမယ့် လူမှုဝန်းကျင်ထဲ ရဲရဲဝံ့ဝံ့ ပြန်ဝင်လာသူ

Image caption ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတဲ့ နန်းမေဇင်ဦး

"... သဘောမတူနိုင်ဘူး၊ မပေးစားနိုင်ဘူး ဆိုပြီး အက်စစ်နဲ့လောင်း၊ လှောင်ပိတ် နှိပ်စက်ခဲ့တာရှင့်။ သူတို့အိမ်မှာ သူတို့ခိုင်းတဲ့ အလုပ်ကိုလုပ်ပြီး နှိပ်စက်သလောက် ခံပေါ့၊ ဒဏ်ရာနဲ့က ၈ နှစ် ပိတ်လှောင်ပြီးတော့ သူတို့ ခိုင်းစေခဲ့တယ်ရှင့် .... "

အိမ်အကူ လုပ်ကိုင်ရင်း အိမ်ရှင်တွေရဲ့ ဆွေမျိုးတော်စပ်သူနဲ့ သဘောမတူနိုင်ဘူးဆိုပြီး အက်ဆစ်နဲ့ပက် တိုက်ခိုက် ခံခဲ့ရတဲ့ နန်းမေဇင်ဦးက ပြောတာ ဖြစ်ပါတယ်။

သူ့ရဲ့ မျက်နှာ ဘယ်ဘက်တခြမ်းလုံးနဲ့ လည်ပင်းတလျှောက်မှာ အက်စစ်လောင်ထားတဲ့ အမာရွတ်တွေ ရှိနေပါတယ်။ ဘယ်ဘက်မျက်လုံးလည်း ပျက်စီးနေပါတယ်။

သူဟာ ရှမ်းပြည်နယ် တောင်ပိုင်းကနေ မန္တလေးကိုလာပြီး အိမ်အကူ အလုပ် လုပ်ခဲ့သူပါ။

သူ မန္တလေးကို ရောက်စက အသက် ၁၄ နှစ် ဝန်းကျင်ပဲ ရှိသေးတယ်လို့ ပြည်တွင်း သတင်းဌာနတချို့က ရေးပါတယ်။

မန္တလေးကို ရောက်ပြီး ၂ နှစ် အကြာမှာတော့ အိမ်ရှင်တွေက သူတို့ရဲ့ ဆွေမျိုးတော်သူ တစ်ဦးနဲ့ သဘောမတူနိုင်ဘူး ဆိုပြီး အက်ဆစ်နဲ့ ပက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီနောက်မှာ အိမ်ရှင်တွေက လူသိမခံ ကြိတ်ဆေးကုပေးပြီး အိမ်ထဲမှာ လှောင်ထားခဲ့ပါတယ်။ ဒဏ်ရာတွေက သက်သာလာတဲ့ အခါ အိမ်အလုပ်တွေ နှစ်ရှည်လများ ဆက်လက် ခိုင်းစေခဲ့ပါတယ်။

ဒဏ်ရာအတွက် နစ်နာကြေး မပြောနဲ့ ကိုယ့်ရဲ့ လုပ်အားခတောင် ကိုယ်မရခဲ့ဘူးလို့ နန်းမေဇင်ဦးက ဆိုပါတယ်။

အက်ဆစ်နဲ့ အပက်ခံရပြီး ၈ နှစ် နီးပါး အကြာ၊ ၂ဝ၁၈ ခုနှစ်မှာ နန်းမေဇင်ဦး ထွက်ပြေး လွတ်မြောက်လာတော့မှ သူ့ရဲ့ အကြောင်း လူအများ သိလာရတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်က ဖြစ်ခဲ့တာ၊ အမှုလုပ်လို့ မရဘူး … ရှုံးမှာပဲလို့ ပြောသူတွေနဲ့လည်း သူလွတ်လာခါစ ဆုံခဲ့ရတယ်လို့ နန်းမေဇင်ဦးက ပြန်ပြောင်း ပြောပါတယ်။

ဒီနောက်မှာတော့ အမျိုးသမီးရေးရာ အဖွဲ့နဲ့ အဆက်အသွယ်ရပြီး ကျူးလွန်သူတွေကို ရုံးတင် နိုင်တဲ့အထိ တရားမျှတမှု ရှာဖွေ နိုင်ခဲ့ပါတယ်။

အိမ်ရှင် အမျိုးသမီး၊ နဲ့ အဲဒီအမျိုးသမီးရဲ့ ယောက္ခမ အမျိုးသမီး ကတော့ ပြီးခဲ့တဲ့ လပိုင်းကပဲ လူကုန်ကူးမှု ဥပဒေနဲ့ ထောင် ၁၅ နှစ် စီ ကျသွားပါတယ်။ အဲဒီနှစ်ယောက်ထဲက ချွေးမဖြစ်သူ အိမ်ရှင်အမျိုးသမီးကတော့ ပြင်းထန်စွာ နာကျင်စေမှုနဲ့ ထောင် ၇ နှစ် လည်း ထပ်ချမှတ် ခံထားရပါတယ်။

နန်းမေဇင်ဦးကို ကြည့်ရတာ စိတ်ဓာတ်ကျနေတာ၊ အားငယ်နေတာမျိုး မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေတယ်လို့ ကိုယ်တိုင် ဆုံခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကြံ့ခိုင်နေပုံရတဲ့ နန်းမေဇင်ဦးဟာ အခုဆို ရှမ်းပြည်နယ် တောင်ပိုင်းက သူ့ ဇာတိမှာ ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ထားတယ်လို့ ဆိုပါတယ်။

နန်းမေဇင်ဦး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တချို့က ကူညီကြပါတယ်။

အက်စစ်နဲ့ ပက်ခံထားရတဲ့ ဒဏ်ရာတွေ ရှိနေပေမဲ့ သိမ်ငယ်စရာ မလိုဘဲ လူ့ အသိုင်းအဝိုင်း ဝန်းကျင်မှာ ရဲရဲဝံ့ဝံ့ နေထိုင် ဝင်ဆံ့ဖို့ကိုလည်း ကူညီသူတွေက တွန်းအားပေးပါတယ်။

ဒီလို အခြေအနေတွေ ဖြတ်သန်းခဲ့ရတဲ့ နန်းမေဇင်ဦးက အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် လစာ ဘယ်လောက်လဲ၊ အချိန်ပို လုပ်ရင်ရော အချိန်ပိုကြေးရမှာလား၊ အလုပ်ရှင်တွေရဲ့ နေရပ်လိပ်စာက အစ အချက်အလက်တွေ တိတိကျကျ သိထားဖို့ လိုမယ်လို့ သူ့ဘဝ အတွေ့အကြုံနဲ့ ယှဉ်ပြီး အကြံပြုပါတယ်။

အိမ်အကူလုပ်သားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေ အတိအကျ ပြဌာန်းသင့်ကြောင်း လူမှု အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ဥပဒေကျွမ်းကျင်သူတွေ စုပေါင်းပြီး လှုပ်ရှားကြတဲ့ အောက်တိုဘာ ၁၈ ရက်၊ မန္တလေးက ပွဲတစ်ခုမှာ နန်းမေဇင်ဦးက သူ့အဖြစ်အပျက်တွေကို ဘီဘီစီကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ နန်းမေဇင်ဦးလိုပဲ အိမ်အကူ အလုပ်လုပ်ကိုင်ဖူးတဲ့ တခြား မိန်းကလေး နှစ်ယောက်ကို တွေ့ခဲ့ရပေမယ့် သူတို့ကတော့ ဘယ်လို ဖြတ်သန်းခဲ့ရတဲ့ ကောင်း၊ဆိုးအတွေ့အကြုံတွေကို ဖွင့်ဟပြောလိုပုံ မရဘူးလို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေတချို့မှာ အိမ်အကူလုပ်သား၊ အိမ်ဖော် စတဲ့ ဝေါဟာရတွေနဲ့ ဖော်ပြချက် တချို့ ရှိပေမယ့်၊ သီးသီးသန့်သန့် ဥပဒေ တစ်ရပ် မရှိသေးဘူးလို့ ဥပဒေရေးရာ ကုစားရေး အဖွဲ့ (မြန်မာ) ရဲ့ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဘီဘီစီကို ပြောပါတယ်။

အိမ်အကူတွေ အနေနဲ့ လုပ်ခလစာတွေ အပြည့်အဝ မရရှိတာ၊ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ဆက်ဆံခံရတာမျိုးတွေက အစ၊ ဆိုးရွားစွာ အကြမ်းဖက် ခံရတာမျိုးအထိ တွေ့ကြုံ ခံစား နေရတယ်လို့ ဒေါ်လှလှရီက ဆိုပါတယ်။

ဒီပြဿနာတွေကို လျှော့ချနိုင်ဖို့ ဆိုရင် အိမ်အကူတွေကို "အလုပ်သမား" အဖြစ် အသိအမှတ် ပြုဖို့ အရေးကြီးပြီး၊ အိမ်အကူ ငှားရမ်း ရှာဖွေတဲ့ တရားဝင် ယန္တရား တစ်ရပ်လည်း ပေါ်ပေါက်လာဖို့ လိုတယ်လို့ ဒေါ်လှလှရီက ပြောပါတယ်။

BBC Burmese
https://www.bbc.com
အက္စစ္နဲ႔အပက္ခံခဲ့ရေပမယ့္ လူမႈဝန္းက်င္ထဲ ရဲရဲဝံ့ဝံ့ ျပန္ဝင္လာသူ အက္စစ္နဲ႔အပက္ခံခဲ့ရေပမယ့္ လူမႈဝန္းက်င္ထဲ ရဲရဲဝံ့ဝံ့ ျပန္ဝင္လာသူ Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.