ေက်ာက္မဲ DENKO စက္သုံးဆီဆိုင္ လက္လုပ္မိုင္းတု ျဖင့္ ၿခိမ္းေျခာက္ခံရ


Zawgyi
ေအာက္တိုဘာလ ၂၁ ရက္ ၂၀၁၉

သၽွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ DENKO စက္သုံးဆီ ဆိုင္တြင္ လက္လုပ္မိုင္း အတု ျဖင့္ ၿခိမ္းေျခာက္ခံရေၾကာင္း သတင္းရရွိသည္။

ယေန႔ ေအာက္တိုဘာ ၂၁ ရက္ မနက္ပိုင္းတြင္ ေက်ာက္မဲၿမိဳ႕အဝင္ ျပည္ေထာင္စု လမ္းမႀကီးေဘးရွိ DENKO စက္သုံးဆီဆိုင္တြင္ လက္လုပ္မိုင္းအတုျဖင့္ၿခိမ္းေျခာက္ကာ ေငြက်ပ္ (၁၀) သိန္းေတာင္းခံရန္ႀကိဳးစားခဲ့ေၾကာင္း စိုင္းထြန္း ေျပာသည္။

“ က်ေနာ္သိရသေလာက္ေတာ့ မနက္ မွာ သန႔္ရွင္းေရးလုပ္တဲ့ သူက အဲ့စာကို ျမင္လိုက္တာ။ အိမ္သာထဲမွာ မိုင္းေထာင္ထားတယ္။ ခလုတ္တခ်က္ႏွိပ္ရင္ မိုင္းေပါက္မယ္။ ေတာင္းတဲ့ေငြလာေပးပါ ဆိုတဲ့စာပါ” ဟု စိုင္းထြန္း က ေျပာသည္။

လက္ရွိ အခ်ိန္မွာ အဆိုပါ ၿခိမ္းေျခာက္စာကို မည္သူက လာေရာက္ခ်ထားၿပီး လက္လုပ္မိုင္း အတုကို မည္သည့္အဖြဲ႕က လာေထာင္သည္ကို စုံစမ္းေနဆဲ ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕ ရဲစခန္း မွ တာဝန္ရွိသူတဦး က ေျပာသည္။

“ ဗုံးက အႏၲရာယ္မရွိဘူး။ လက္လုပ္ဗုံးအတု ပါ” ဟုအဆိုပါ တာဝန္ရွိသူက ဆိုျပန္သည္။

ေအာက္တိုဘာ ၂၁ ရက္ေန႔ တြင္ လားရွိုးၿမိဳ႕နယ္ ေခးနင္း ဘုန္းႀကီးေက်ာင္း ေက်ာင္းထိုင္ ဆရာေတာ္ တပါးကို အမည္မသိ လက္နက္ကိုင္ ၂ ဦး က ဆိုင္ကယ္ျဖင့္ ဝင္ေရာက္ ပစ္ခတ္ၿပီး၊ ဆရာေတာ္ ပြဲခ်င္းၿပီး ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ယမန္ေန႔ ညတြင္လည္း သၽွမ္းျပည္နယ္ေျမာက္ပိုင္း သၽွမ္းလူ႔အခြင့္အေရး တက္ႂကြလွုပ္ရွားသူမ်ား၏ လူမွုကြန္ရက္ ( facebook) တြင္ ၿခိမ္းေျခာက္ခံရေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
Unicode
ကျောက်မဲ DENKO စက်သုံးဆီဆိုင် လက်လုပ်မိုင်းတု ဖြင့် ခြိမ်းခြောက်ခံရ

သျှမ်းသံတော်ဆင့်- နန်းဆိုင်နွမ်
အောက်တိုဘာလ ၂၁ ရက် ၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ DENKO စက်သုံးဆီ ဆိုင်တွင် လက်လုပ်မိုင်း အတု ဖြင့် ခြိမ်းခြောက်ခံရကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့အဝင် ပြည်ထောင်စု လမ်းမကြီးဘေးရှိ DENKO စက်သုံးဆီဆိုင်တွင် လက်လုပ်မိုင်းအတုဖြင့်ခြိမ်းခြောက်ကာ ငွေကျပ် (၁၀) သိန်းတောင်းခံရန်ကြိုးစားခဲ့ကြောင်း စိုင်းထွန်း ပြောသည်။

“ ကျနော်သိရသလောက်တော့ မနက် မှာ သန့်ရှင်းရေးလုပ်တဲ့ သူက အဲ့စာကို မြင်လိုက်တာ။ အိမ်သာထဲမှာ မိုင်းထောင်ထားတယ်။ ခလုတ်တချက်နှိပ်ရင် မိုင်းပေါက်မယ်။ တောင်းတဲ့ငွေလာပေးပါ ဆိုတဲ့စာပါ” ဟု စိုင်းထွန်း က ပြောသည်။

လက်ရှိ အချိန်မှာ အဆိုပါ ခြိမ်းခြောက်စာကို မည်သူက လာရောက်ချထားပြီး လက်လုပ်မိုင်း အတုကို မည်သည့်အဖွဲ့က လာထောင်သည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ကျောက်မဲမြို့ ရဲစခန်း မှ တာဝန်ရှိသူတဦး က ပြောသည်။

“ ဗုံးက အန္တရာယ်မရှိဘူး။ လက်လုပ်ဗုံးအတု ပါ” ဟုအဆိုပါ တာဝန်ရှိသူက ဆိုပြန်သည်။

အောက်တိုဘာ ၂၁ ရက်နေ့ တွင် လားရှိုးမြို့နယ် ခေးနင်း ဘုန်းကြီးကျောင်း ကျောင်းထိုင် ဆရာတော် တပါးကို အမည်မသိ လက်နက်ကိုင် ၂ ဦး က ဆိုင်ကယ်ဖြင့် ဝင်ရောက် ပစ်ခတ်ပြီး၊ ဆရာတော် ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ ညတွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း သျှမ်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ လူမှုကွန်ရက် ( facebook) တွင် ခြိမ်းခြောက်ခံရကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေက်ာက္မဲ DENKO စက္သုံးဆီဆိုင္ လက္လုပ္မိုင္းတု ျဖင့္ ၿခိမ္းေျခာက္ခံရ ေက်ာက္မဲ DENKO စက္သုံးဆီဆိုင္ လက္လုပ္မိုင္းတု ျဖင့္ ၿခိမ္းေျခာက္ခံရ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.