ျမန္မာပင္လယ္ ျပင္မွာ ေမ်ာေနတဲ့ အိုက္စ္ေတြ ေတြ႕

ကမ္းေဝးငါးဖမ္းသေဘၤာေတြ ဝင္ထြက္ေနတဲ့ လမ္းေၾကာင္းေတြ အနီးမွာေတြ႕
Zawgyi
ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံၿမိဳ႕နယ္၊ အမာၿမိဳ႕အနီး ပင္လယ္ေရမိုင္ ၁၅ မိုင္အကြာ ပင္လယ္ျပင္အတြင္း မွာေမ်ာပါေနတဲ့ က်ပ္သိန္းေပါင္း ၃ သိန္းနီးပါး တန္ဖိုးရွိ အိုက္စ္ (ICE) လို႔ ယူဆရတဲ့ မူးယစ္ေဆးဝါးေတြကို ေမ်ာပါေနတာကို ေရလုပ္သားေတြ ေတြ႕ခဲ့ပါတယ္။

အဲဒီအိတ္ေတြ မွာ ျမန္မာလို ငါးစာလို႔ေရးထားၿပီးေတာ့ လႈိင္သာယာ ေ႐ႊလင္ပန္းစက္မႈဇုန္က ထုတ္တဲ့အိတ္ခြံေတြလို႔ ယူဆရတယ္လို႔ မ်က္ျမင္ေတြ႕ရွိခဲ့သူ ဦးေဇာ္ဝင္းက ေျပာပါတယ္။

ရဲတပ္ဖြဲ႕ ဘက္ကေတာ့ ပင္လယ္ထဲမွာ ေမ်ာလာတဲ့ ပီနံအိတ္ထုပ္ေတြကို စစ္ေဆးၾကည့္ ရာမွာ အထဲမွာပါလာတဲ့ ပစၥည္းေတြက အိုက္စ္ - ICE လို႔ ယူဆရၿပီးအမႈကြင္းဆက္ေတြကို ဆက္လက္စုံစမ္းေနတယ္လို႔လည္း သတင္းေထာက္ ေတြကို ေျပာပါတယ္။

စုစုေပါင္းအိတ္၂၃ အိတ္ ျဖစ္ၿပီးေတာ့ ပီနံအိတ္ေတြထဲမွာ အိုက္စ္ - ICE လို႔ ယူဆရတဲ့ တစ္ကီလိုဂရမ္စီ အထုပ္ေပါင္း ၃၀ ခန႔္ပါတယ္ လို႔လည္း ဦးေဇာ္ဝင္းကေျပာပါတယ္။

ေရလုပ္သားေတြက ပင္လယ္ျပင္ ပိုက္ေထာင္ရင္းေတြ႕လို႔ ဆယ္ယူလာတာျဖစ္ၿပီး ေက်ာတ္ခ်ဥ္နဲ႔ ပုံစံဆင္ကာ မီးနဲ႔ရႈိ႕ၾကည့္ရာမွာေတာ့ အေငြ႕ကမူးတာေၾကာင့္ အုပ္ခ်ဳပ္ေရးမႉးေတြကေနတစ္ဆင့္ ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့တာလို႔လည္း ဘီဘီစီကို ေျပာျပပါတယ္။

ဧရာဝတီတိုင္းအတြင္းမွာ မူးယစ္ေဆးဝါး ပမာဏအမ်ားဆုံးနဲ႔ ေငြေၾကးပမာဏ အမ်ားဆုံး ပင္လယ္ျပင္မွာ ေတြ႕တာ ျဖစ္တယ္လို႔လည္း ဖ်ာပုံ ၿမိဳ႕ခံတစ္ဦးက ရဲတပ္ဖြဲ႕ကိုကိုးကားၿပီး ေျပာပါတယ္။

ပီနံအိတ္ေတြထဲက အထုပ္ေတြက Refined Coffee Tea စာတန္း နဲ႔ တ႐ုတ္စာေတြပါၿပီးေတာ့ ၁ ကီလိုဂရမ္ပါ အထုပ္ေပါင္း ၆၄၉ ထုပ္၊ တန္ဖိုးအားျဖင့္ ျမန္မာေငြသိန္းေပါင္း သုံးသိန္းနီးပါး တန္ဖိုးရွိ မူးယစ္ေဆးဝါးလို႔ရဲတပ္ဖြဲ႕ ဘက္က တန္ဖိုးျဖတ္ထုတ္ျပန္ပါတယ္ ။

သိမ္းဆည္းရမိတဲ့မူးယစ္ေဆးေတြကို ဖ်ာပုံၿမိဳ႕နယ္၊ အမာနယ္ေျမရဲစခန္းမွာ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတဲ့ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ နဲ႔ အမႈဖြင့္ ၿပီးစုံစမ္းစစ္ေဆး ေနပါတယ္။

ဖ်ာပုံၿမိဳ႕ခံေတြ ေျပာတာက အရင္က ပင္လယ္ျပင္မွာ ဆီေပပါေတြ အျခားအသုံးအေဆာင္ ေတြ ေမ်ာတာကို ေတြ႕ရၿပီး အခုလို မူးယစ္ေဆးဝါးေတြ ေမ်ာပါေနတာကိုေတြ႕တာ ပထမဆုံးျဖစ္တယ္လို႔လည္းေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လကလည္း တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕အနီး ပင္လယ္ျပင္မွာ ခန႔္မွန္းတန္ဖိုးေငြ က်ပ္ သိန္းေပါင္း ေလးသိန္းေက်ာ္ (ေဒၚလာ ၂၆ .၆ သန္း) တန္ဖိုးရွိတဲ့ ICE မူးယစ္ေဆးဝါး ၁ ကီလိုဂရမ္ပါ အထုပ္ ၁၇၃၇ ထုပ္ ဖမ္းဆီး ရမိခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

အခုဒီမူးယစ္ေဆးဝါးေတြ ကို ရတဲ့ေနရာမွာ ကမ္းေဝးငါးဖမ္းသေဘၤာေတြ ဝင္ထြက္ေနတဲ့ ရန္ကုန္ ဖ်ာပုံ ၿမိဳ႕လမ္းေၾကာင္းေပၚမွာရွိေနၿပီးေတာ့ ဒီမူးယစ္ေဆးဝါးေတြဟာ ဘဂၤလားေဒ့ရွ္ လမ္းေၾကာင္းလား၊ မေလးထိုင္းပီနန္ လမ္းေၾကာင္းလား ဆိုတာကို မွန္းရခက္ေၾကာင္းလည္း ဖ်ာပုံ ေဒသခံေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
Unicode
မြန်မာပင်လယ် ပြင်မှာ မျောနေတဲ့ အိုက်စ်တွေ တွေ့


Image caption ကမ်းဝေးငါးဖမ်းသင်္ဘောတွေ ဝင်ထွက်နေတဲ့ လမ်းကြောင်းတွေ အနီးမှာတွေ့

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့အနီး ပင်လယ်ရေမိုင် ၁၅ မိုင်အကွာ ပင်လယ်ပြင်အတွင်း မှာမျောပါနေတဲ့ ကျပ်သိန်းပေါင်း ၃ သိန်းနီးပါး တန်ဖိုးရှိ အိုက်စ် (ICE) လို့ ယူဆရတဲ့ မူးယစ်ဆေးဝါးတွေကို မျောပါနေတာကို ရေလုပ်သားတွေ တွေ့ခဲ့ပါတယ်။

အဲဒီအိတ်တွေ မှာ မြန်မာလို ငါးစာလို့ရေးထားပြီးတော့ လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်က ထုတ်တဲ့အိတ်ခွံတွေလို့ ယူဆရတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ ဦးဇော်ဝင်းက ပြောပါတယ်။

ရဲတပ်ဖွဲ့ ဘက်ကတော့ ပင်လယ်ထဲမှာ မျောလာတဲ့ ပီနံအိတ်ထုပ်တွေကို စစ်ဆေးကြည့် ရာမှာ အထဲမှာပါလာတဲ့ ပစ္စည်းတွေက အိုက်စ် - ICE လို့ ယူဆရပြီးအမှုကွင်းဆက်တွေကို ဆက်လက်စုံစမ်းနေတယ်လို့လည်း သတင်းထောက် တွေကို ပြောပါတယ်။

စုစုပေါင်းအိတ်၂၃ အိတ် ဖြစ်ပြီးတော့ ပီနံအိတ်တွေထဲမှာ အိုက်စ် - ICE လို့ ယူဆရတဲ့ တစ်ကီလိုဂရမ်စီ အထုပ်ပေါင်း ၃၀ ခန့်ပါတယ် လို့လည်း ဦးဇော်ဝင်းကပြောပါတယ်။

ရေလုပ်သားတွေက ပင်လယ်ပြင် ပိုက်ထောင်ရင်းတွေ့လို့ ဆယ်ယူလာတာဖြစ်ပြီး ကျောတ်ချဉ်နဲ့ ပုံစံဆင်ကာ မီးနဲ့ရှို့ကြည့်ရာမှာတော့ အငွေ့ကမူးတာကြောင့် အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာလို့လည်း ဘီဘီစီကို ပြောပြပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ မူးယစ်ဆေးဝါး ပမာဏအများဆုံးနဲ့ ငွေကြေးပမာဏ အများဆုံး ပင်လယ်ပြင်မှာ တွေ့တာ ဖြစ်တယ်လို့လည်း ဖျာပုံ မြို့ခံတစ်ဦးက ရဲတပ်ဖွဲ့ကိုကိုးကားပြီး ပြောပါတယ်။

ပီနံအိတ်တွေထဲက အထုပ်တွေက Refined Coffee Tea စာတန်း နဲ့ တရုတ်စာတွေပါပြီးတော့ ၁ ကီလိုဂရမ်ပါ အထုပ်ပေါင်း ၆၄၉ ထုပ်၊ တန်ဖိုးအားဖြင့် မြန်မာငွေသိန်းပေါင်း သုံးသိန်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးလို့ရဲတပ်ဖွဲ့ ဘက်က တန်ဖိုးဖြတ်ထုတ်ပြန်ပါတယ် ။

သိမ်းဆည်းရမိတဲ့မူးယစ်ဆေးတွေကို ဖျာပုံမြို့နယ်၊ အမာနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ နဲ့ အမှုဖွင့် ပြီးစုံစမ်းစစ်ဆေး နေပါတယ်။

ဖျာပုံမြို့ခံတွေ ပြောတာက အရင်က ပင်လယ်ပြင်မှာ ဆီပေပါတွေ အခြားအသုံးအဆောင် တွေ မျောတာကို တွေ့ရပြီး အခုလို မူးယစ်ဆေးဝါးတွေ မျောပါနေတာကိုတွေ့တာ ပထမဆုံးဖြစ်တယ်လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ ခန့်မှန်းတန်ဖိုးငွေ ကျပ် သိန်းပေါင်း လေးသိန်းကျော် (ဒေါ်လာ ၂၆ .၆ သန်း) တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်ပါ အထုပ် ၁၇၃၇ ထုပ် ဖမ်းဆီး ရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုဒီမူးယစ်ဆေးဝါးတွေ ကို ရတဲ့နေရာမှာ ကမ်းဝေးငါးဖမ်းသင်္ဘောတွေ ဝင်ထွက်နေတဲ့ ရန်ကုန် ဖျာပုံ မြို့လမ်းကြောင်းပေါ်မှာရှိနေပြီးတော့ ဒီမူးယစ်ဆေးဝါးတွေဟာ ဘင်္ဂလားဒေ့ရှ် လမ်းကြောင်းလား၊ မလေးထိုင်းပီနန် လမ်းကြောင်းလား ဆိုတာကို မှန်းရခက်ကြောင်းလည်း ဖျာပုံ ဒေသခံတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာပင္လယ္ ျပင္မွာ ေမ်ာေနတဲ့ အိုက္စ္ေတြ ေတြ႕ ျမန္မာပင္လယ္ ျပင္မွာ ေမ်ာေနတဲ့ အိုက္စ္ေတြ ေတြ႕ Reviewed by THITHTOOLWIN on 01:57 Rating: 5
Powered by Blogger.