တ႐ုတ္ျပည္ထဲမွာ ကယ္သူမဲ့ျဖစ္ေနတဲ့ ျမန္မာအမ်ိဳးသမီး

တ႐ုတ္ႏိုင္ငံ ထဲမွာ ေရာင္းစားခံရၿပီး ျမန္မာႏိုင္ငံ ကိုျပန္လာဖို႔ ကိုယ္ဝန္ အရင့္အမာနဲ႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။
Zawgyi
၂၀၁၈ ႏွစ္ဦးပိုင္း တစ္ရက္၊ ေတာင္ငူၿမိဳ႕အနီး ထန္းတစ္ပင္ၿမိဳ႕နယ္ ေက်း႐ြာတစ္႐ြာက အသက္ ၁၈ ႏွစ္ အ႐ြယ္ မသူဇာေအးဟာ ျမန္မာ တ႐ုတ္နယ္စပ္တစ္ေနရာမွာ ေရာင္းစားခံလိုက္ရပါတယ္။

ပြဲစားက သူ႔အေမကို ေနာက္တစ္ပတ္ေလာက္အၾကာမွာ ေငြသုံးသိန္းခြဲ လာေပးပါတယ္။

ႏွစ္စဥ္ ျမန္မာႏိုင္ငံက အမ်ိဳးသမီးငယ္ေတြ အေျမာက္အျမားဟာ တ႐ုတ္ႏိုင္ငံကို နည္းလမ္းေပါင္းစုံနဲ႔ ဇနီးမယားအျဖစ္ ေရာင္းစားခံရေနၿပီးေတာ့ အဲဒီထဲက တခ်ိဳ႕ကေတာ့ တ႐ုတ္ႏိုင္ငံဘက္ကေန ျမန္မာႏိုင္ငံကို ျပန္ေရာက္လာခဲ့ၾကပါတယ္။

ျပန္ေရာက္လာသူေတြထဲက တခ်ိဳ႕ဟာ တ႐ုတ္နဲ႔ အိမ္ေထာင္က် ကေလးေမြးၿပီးမွ ျပန္လာႏိုင္ၾကတာပါ။

တ႐ုတ္ႏိုင္ငံမွာ ေရာင္းစားခံရၿပီးေနာက္မွာေတာ့ မသူဇာေအး ျမန္မာႏိုင္ငံ ကိုျပန္လာဖို႔ ကိုယ္ဝန္ အရင့္အမာနဲ႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

သတင္းအခ်က္အလက္ေတြ အေသးစိတ္ ပို႔ေပမယ့္ သူ႔ကို ကယ္ထုတ္ႏိုင္တာ မရွိေသးပါဘူး။

ဘယ္လိုဆက္သြယ္လာတာလဲ

သူအခုလိုျပန္လာဖို႔ႀကိဳးစားေနခဲ့တာ တႏွစ္ေက်ာ္လာၿပီျဖစ္ပါတယ္။

မသူဇာေအး ဆက္သြယ္ေနတာ မႏွစ္ထဲက ျဖစ္ၿပီး သတင္းအခ်က္အလက္ေတြ အေသးစိတ္ ပို႔ေပမယ့္ သူ႔ကို ကယ္ထုတ္ႏိုင္တာ မရွိေသးပါဘူး။

အခုရက္ပိုင္း ျမန္မာျပည္ျပန္လာသူ တ႐ုတ္ႏိုင္ငံထဲ မွာ အလုပ္လုပ္ေနသူတစ္ေယာက္ ကေနတစ္ဆင့္ သူ႔ကိုလာကယ္ဖို႔ အကူအညီေတာင္းေနတာလည္းျဖစ္ပါတယ္။

တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားခံရတာေတြကို တ႐ုတ္-ျမန္မာနယ္စပ္ စစ္ေဆးေရးဂိတ္ေတြမွာ မၾကာခဏ ဖမ္းဆီးမိေလ့ရွိၿပီး ၂၀၁၉ ခုႏွစ္ စက္တင္ဘာလအထိ ေရာင္းစားခံရသူ အမ်ိဳးသမီး ၄၈ ဦးကို ကယ္တင္ႏိုင္ခဲ့ကာ လူကုန္ကူးသူ ၇၉ ဦးကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲက ဆိုပါတယ္။

ျမန္မာႏိုင္ငံ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဘက္က တ႐ုတ္ ဇနီးမယားအျဖစ္ေရာင္းစားခံရတဲ့သူေတြကို တ႐ုတ္ျပည္ထဲမေရာက္ခင္ နယ္စပ္ဂိတ္မွာတင္ တားဆီးရတဲ့ အမႈေတြခ်ည္းျဖစ္ၿပီး တ႐ုတ္ျပည္ထဲ ေရာက္ၿပီးမွ ျပန္လည္ ကယ္ဆယ္ရမွာကေတာ့ ၂၀၁၉ ခုႏွစ္ထဲမွာ မသူဇာေအးအမႈတစ္ခုပဲ ရွိေနတယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

အခုရက္ပိုင္းမသူဇာေအး ပို႔ေပးတဲ့ဓာတ္ပုံ

ဘယ္မွာေရာက္ေနတာလဲ

မသူဇာေအးဟာ ျမန္မာႏိုင္ငံ နဲ႔ ကပ္ေနတဲ့ တ႐ုတ္ျပည္ ယူနန္ျပည္နယ္ထဲကလို႔ယူဆရ ဆတဲ့ တေနရာမွာရွိေနတာပါ။ ေရာင္းစားခံရၿပီး တစ္ႏွစ္နဲ႔ ေျခာက္လ အၾကာမွာ မိဘေတြနဲ႔ အဆက္သြယ္ျပန္ရခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံထဲေရာက္လာတဲ့ ျမန္မာ လူမ်ိဳး အလုပ္သမားေလး ျပန္အလာ မွာ မိဘေတြရွိရာ ႐ြာကို သူေရာက္လာၿပီး တ႐ုတ္ႏိုင္ငံထဲက သမီးနဲ႔ အဆက္အသြယ္ရခဲ့ ၾကပါတယ္။

မသူဇာေအး ေပးပို႔တဲ့ သတင္းအခ်က္အလက္ေတြအရ သူဟာ ခ်င္းခ်ိန္ၿမိဳ႕ သာကန္ခ်ိန္ ႐ြာေရာက္ေနတယ္လို႔ ေရးပါတယ္ ။ သူ႔ကို ဝယ္ယူထားတဲ့ သူေတြရဲ႕ အခ်က္အလက္ေတြကို လည္း ျမန္မာလူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ ကို ပို႔ထားၿပီး ျဖစ္ပါတယ္ ။

ရဲတပ္ဖြဲ႕ဘက္ကလည္း တ႐ုတ္ႏိုင္ငံဘက္ကို အေၾကာင္းၾကားထားၿပီဆိုေပမယ့္ အခုထိေတာ့ သူဇာေအးကို တ႐ုတ္ျပည္ထဲက မကယ္ႏိုင္ေသးပါဘူး။
ဘယ္လိုေရာင္းစားခံခဲ့ရတာလဲ

မသူဇာေအးပို႔လိုက္တဲ့ ေနရာ အေၾကာင္းသတင္းအခ်က္အလက္

ပြဲစားက မသူဇာေအးကို ေခၚသြားၿပီးေနာက္ မူဆယ္တည္းခိုခန္းကေန တစ္ဆင့္ တ႐ုတ္ျပည္ထဲ ေရာင္းစားခံခဲ့ရၿပီး ၅ ရက္ေလာက္ အလုံပိတ္ကားနဲ႔ သြားခဲ့ရၿပီး သူ႔ကို ပိတ္ေလွာင္ထားတယ္ လို႔ သမီးျဖစ္သူက ျပန္ေျပာေၾကာင္း သူဇာေအး အေမ ေဒၚတူးမာက ဘီဘီစီကို ေျပာပါတယ္။

သူဇာေအးကို တစ္လ သုံးသိန္းခြဲနဲ႔ ေ႐ႊလီက ထမင္းဆိုင္မွာ အလုပ္ရမယ္ဆိုလို႔ တ႐ုတ္ျပည္ဘက္ကို လႊတ္လိုက္တာလို႔လည္း ေဒၚတူးမာက ေျပာပါတယ္။

မိန္းကေလး ငါးေယာက္ အတူသြားၾကရာမွာ သူဇာေအးနဲ႔ အျခားတစ္ေယာက္ကိုပဲ နယ္စပ္မွာ ေခၚထားလိုက္ၿပီး က်န္ သုံးေယာက္ကို ျပန္လႊတ္လိုက္တာျဖစ္ပါတယ္။

သူ႔ကို မူဆယ္တည္းခိုခန္းကေန အလုံပိတ္ကားနဲ႔ ေခၚသြားခဲ့တာလို႔ သူဇာေအးက သူ႔မိဘေတြကို ေျပာပါတယ္။

မသူဇာေအး အမႈနဲ႔ ပတ္သက္ၿပီး မိဘေတြက တိုင္ၾကားခ်က္ရွိတဲ့အတြက္ လူကုန္ကူးမႈ တားဆီးေရး ရဲတပ္ဖြဲ႕က ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကစလို႔ တ႐ုတ္အာဏာပိုင္ေတြဆီ သုံးႀကိမ္တိုင္တိုင္ အေၾကာင္းၾကားခဲ့တယ္လို႔ မူဆယ္ၿမိဳ႕ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မႉး ရဲမႉး ဦးေက်ာ္ၫြန႔္က ဘီဘီစီကို ေျပာပါတယ္။

သူဇာေအး ေျပာတဲ့သူ႔ရဲ႕ တ႐ုတ္အမ်ိဳးသား

ထပ္ၿပီးေရာင္းစားခံရမွာကို လည္းစိုးရီမ္ေန

သူဇာေအးပို႔ေပးတဲ့ သတင္းေတြ အရ သူဇာေအးဟာ ေနာက္ငါးရက္ေလာက္ေနရင္ ကေလးေမြးေတာ့မွာ ျဖစ္ပါတယ္။ သူက ျမန္မာျပည္ထဲ ျပန္လာခ်င္ေနၿပီးေတာ့ ေနာက္ တစ္ေယာက္ကို ထပ္ၿပီးေရာင္းစားခံရမွာကိုလည္း စိုးရိမ္ေနပါတယ္။

သူ႔ကို ဇနီးမယားအျဖစ္ ဝယ္ထားသူဟာ ငုံးၿခံလုပ္ငန္း လုပ္ကိုင္တယ္လို႔ ေျပာၿပီး ဘယ္ေနရာေရာက္ေနတယ္ဆိုတာကိုေတာ့ သူက တိတိက်က် ေျပာႏိုင္တာမ်ိဳးေတာ့ မရွိပါဘူး ။

"သူဇာေအးေနတဲ့ ၿမိဳ႕ေတြ ဘာေတြ တ႐ုတ္ ရဲဆီပို႔ၿပီးၿပီ၊ အခုဆက္သြယ္တဲ့ အေကာင့္က်ေတာ့ ကြၽန္ေတာ္တို႔လည္း မလုပ္တတ္ဘူး၊ ခက္တာက သူနဲ႔တိုက္႐ိုက္ အဆက္သြယ္မရဘူးျဖစ္ေနတာ"လို႔ရဲမႉး ေက်ာ္ၫြန႔္ က ဘီဘီစီကို ေျပာပါတယ္။

သူဇာေအးလို တ႐ုတ္ျပည္ထဲမွာ ေရာက္ေနၿပီး တ႐ုတ္မယားအျဖစ္ ေရာင္းစားခံရသူေတြ ရွိေနပါေသးတယ္။

အခ်ိဳ႕ ကလည္း ႏွစ္ေတြၾကာလို႔ျပန္ခ်င္ေပမယ့္ မျပန္တတ္လို႔ ဖုန္းကေနပဲ ဆက္သြယ္ၿပီး လာကယ္ဖို႔ေျပာၾကပါတယ္။

 ေၾကျငာစာေတြ ကပ္ၿပီး ျမန္မာအမ်ိဳးသမီးေတြကို အငွားကိုယ္ဝန္ေဆာင္ဖို႔ ေခၚဆိုတာေတြ ရွိေနပါတယ္

ျမန္မာရဲေတြဘယ္ေလာက္ကယ္ထုတ္ႏိုင္လဲ

အခုႏွစ္ ေဖေဖာ္ဝါရီလ အတြင္း တ႐ုတ္ႏိုင္ငံသား ဇနီးမယားအျဖစ္ ေရာင္းစားခံထားရတဲ့ ျမန္မာအမ်ိဳးသမီးတစ္ဦးနဲ႔ ေရာင္းစားခံရေတာ့မယ့္ အမ်ိဳးသမီးႏွစ္ဦးကို တ႐ုတ္ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းၿပီး ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ မူဆယ္ၿမိဳ႕ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕႐ုံးက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသား ဇနီးမယားအျဖစ္ ေရာင္းစားခဲ့တဲ့ ဒီအမႈမွာ ျမန္မာႏိုင္ငံသား ပြဲစား ႏွစ္ဦးနဲ႔ အတူ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသမီးပြဲစား ၁ ဦး ကိုပါ စုံစမ္းေဖာ္ထုတ္ႏိုင္ခဲ့တယ္လို႔ မူဆယ္ၿမိဳ႕ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕႐ုံးက ရဲမႉးေက်ာ္ၫြန႔္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဘက္က သတို႔သမီး လိုအပ္ခ်က္အရ တ႐ုတ္ - ျမန္မာ နယ္စပ္ၿမိဳ႕ေတြမွာ သိန္းရာေက်ာ္ အထိ ေပးမယ္ဆိုတဲ့ ေၾကာ္ျငာစာေတြ ကပ္ၿပီး ျမန္မာအမ်ိဳးသမီးေတြကို အငွားကိုယ္ဝန္ေဆာင္ဖို႔ ေခၚဆိုတာေတြ ရွိေနပါတယ္။

တ႐ုတ္အမ်ိဳးသားေတြနဲ႔ အတင္း အဓမၼ မဂၤလာေဆာင္ၿပီး ကေလးေမြးေပးဖို႔ လူကုန္ကူးေရာင္းစားခံရတဲ့ ျမန္မာအမ်ိဳးသမီး ၇,၅၀၀ ေလာက္ ရွိတယ္လို႔လည္း ဂြၽန္ေဟာ့ပ္ကင္းစ္ ဘလြန္းဘတ္ေက်ာင္းက ျပည္သူ႔က်န္းမာေရးဌာနနဲ႔ ထိုင္းႏိုင္ငံ အေျခစိုက္ ကခ်င္အမ်ိဳးသမီးအဖြဲ႕က ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၇ ရက္မွာ သတင္းထုတ္ျပန္ ေၾကညာခဲ့ပါတယ္။

ေထာင္ငါးလပဲက်တဲ့ပြဲစား

မသူဇာေအးကို ေရာင္းစားခဲ့သူ႔၊ မသူဇာေအးကို အလုပ္ရမယ္ဆိုၿပီး ေခၚသြားခဲ့တဲ့ ပြဲစား ကိုစိုးႏိုင္ဆိုသူကိုေတာ့ မိဘေတြက ျပည္ပအလုပ္အကိုင္ရွာေဖြေရး ဥပေဒ ပုဒ္မ ၂၆ နဲ႔ တရားစြဲခဲ့ၿပီး ျပစ္မႈထင္ရွားလို႔ အဲ့ဒီလူဟာ ငါးလ ေထာင္က်ခဲ့ပါတယ္။

အခုေတာ့ အဲ့ဒီပြဲစားက ေထာင္က ျပန္လြတ္ေျမာက္လာၿပီး ႐ြာကိုေတာင္ ျပန္ေရာက္ေနၿပီလို႔ မသူဇာေအးရဲ႕ မိဘေတြက ေျပာပါတယ္။ မသူဇာေအး အမႈနဲ႔ ပတ္သက္လို႔ ေရာင္းစားခဲ့သူဟာ တစ္႐ြာတည္းသားလို႔ ေျပာပါတယ္ ။

အခု သမီးျဖစ္သူရဲ႕ အေျခအေနကို သိတဲ့အတြက္ လူကုန္ကူးပုဒ္မ ထပ္တပ္ကာ ပြဲစားျဖစ္သူ ကိုစိုးႏိုင္ကို တရားထပ္မံစြဲဆိုသင့္တယ္လို႔ လူကုန္တားရဲတပ္ဖြဲ႕က ေျပာပါတယ္။

မသူဇာေအးကေတာ့ဒီရက္ပိုင္း တ႐ုတ္နဲ႔ ရတဲ့ ကေလးကို ေမြးေတာ့မွာ ျဖစ္ပါတယ္။ကေလးေမြးၿပီးရင္ သူ႔ကိုထပ္ၿပီး ေရာင္းစားမွာ စိုးရိမ္လို႔ သူ႔ကို ကယ္ဖို႔ အကူညီေတာင္းေနတာပါ။

"တ႐ုတ္ဘက္ကေမြးေတာ့မယ့္ကိုယ္ဝန္ အရင့္အမာနဲ႔ ဆိုရင္ ေမြးၿပီးမွ ျပန္လႊတ္တာ မ်ားတယ္ "လို႔လည္း မူဆယ္ၿမိဳ႕ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ရဲမႉး ေက်ာ္ၫြန႔္ က ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
Unicode
တရုတ်ပြည်ထဲမှာ ကယ်သူမဲ့ဖြစ်နေတဲ့ မြန်မာအမျိုးသမီး

Image caption တရုတ်နိုင်ငံ ထဲမှာ ရောင်းစားခံရပြီး မြန်မာနိုင်ငံ ကိုပြန်လာဖို့ ကိုယ်ဝန် အရင့်အမာနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

၂၀၁၈ နှစ်ဦးပိုင်း တစ်ရက်၊ တောင်ငူမြို့အနီး ထန်းတစ်ပင်မြို့နယ် ကျေးရွာတစ်ရွာက အသက် ၁၈ နှစ် အရွယ် မသူဇာအေးဟာ မြန်မာ တရုတ်နယ်စပ်တစ်နေရာမှာ ရောင်းစားခံလိုက်ရပါတယ်။

ပွဲစားက သူ့အမေကို နောက်တစ်ပတ်လောက်အကြာမှာ ငွေသုံးသိန်းခွဲ လာပေးပါတယ်။

နှစ်စဉ် မြန်မာနိုင်ငံက အမျိုးသမီးငယ်တွေ အမြောက်အမြားဟာ တရုတ်နိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ဇနီးမယားအဖြစ် ရောင်းစားခံရနေပြီးတော့ အဲဒီထဲက တချို့ကတော့ တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ကြပါတယ်။

ပြန်ရောက်လာသူတွေထဲက တချို့ဟာ တရုတ်နဲ့ အိမ်ထောင်ကျ ကလေးမွေးပြီးမှ ပြန်လာနိုင်ကြတာပါ။

တရုတ်နိုင်ငံမှာ ရောင်းစားခံရပြီးနောက်မှာတော့ မသူဇာအေး မြန်မာနိုင်ငံ ကိုပြန်လာဖို့ ကိုယ်ဝန် အရင့်အမာနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Image caption သတင်းအချက်အလက်တွေ အသေးစိတ် ပို့ပေမယ့် သူ့ကို ကယ်ထုတ်နိုင်တာ မရှိသေးပါဘူး။
ဘယ်လိုဆက်သွယ်လာတာလဲ

သူအခုလိုပြန်လာဖို့ကြိုးစားနေခဲ့တာ တနှစ်ကျော်လာပြီဖြစ်ပါတယ်။

မသူဇာအေး ဆက်သွယ်နေတာ မနှစ်ထဲက ဖြစ်ပြီး သတင်းအချက်အလက်တွေ အသေးစိတ် ပို့ပေမယ့် သူ့ကို ကယ်ထုတ်နိုင်တာ မရှိသေးပါဘူး။

အခုရက်ပိုင်း မြန်မာပြည်ပြန်လာသူ တရုတ်နိုင်ငံထဲ မှာ အလုပ်လုပ်နေသူတစ်ယောက် ကနေတစ်ဆင့် သူ့ကိုလာကယ်ဖို့ အကူအညီတောင်းနေတာလည်းဖြစ်ပါတယ်။

တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတာတွေကို တရုတ်-မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်တွေမှာ မကြာခဏ ဖမ်းဆီးမိလေ့ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ရောင်းစားခံရသူ အမျိုးသမီး ၄၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူ ၇၉ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲက ဆိုပါတယ်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဘက်က တရုတ် ဇနီးမယားအဖြစ်ရောင်းစားခံရတဲ့သူတွေကို တရုတ်ပြည်ထဲမရောက်ခင် နယ်စပ်ဂိတ်မှာတင် တားဆီးရတဲ့ အမှုတွေချည်းဖြစ်ပြီး တရုတ်ပြည်ထဲ ရောက်ပြီးမှ ပြန်လည် ကယ်ဆယ်ရမှာကတော့ ၂၀၁၉ ခုနှစ်ထဲမှာ မသူဇာအေးအမှုတစ်ခုပဲ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
Image caption အခုရက်ပိုင်းမသူဇာအေး ပို့ပေးတဲ့ဓာတ်ပုံ
ဘယ်မှာရောက်နေတာလဲ

မသူဇာအေးဟာ မြန်မာနိုင်ငံ နဲ့ ကပ်နေတဲ့ တရုတ်ပြည် ယူနန်ပြည်နယ်ထဲကလို့ယူဆရ ဆတဲ့ တနေရာမှာရှိနေတာပါ။ ရောင်းစားခံရပြီး တစ်နှစ်နဲ့ ခြောက်လ အကြာမှာ မိဘတွေနဲ့ အဆက်သွယ်ပြန်ရခဲ့ပါတယ်။

တရုတ်နိုင်ငံထဲရောက်လာတဲ့ မြန်မာ လူမျိုး အလုပ်သမားလေး ပြန်အလာ မှာ မိဘတွေရှိရာ ရွာကို သူရောက်လာပြီး တရုတ်နိုင်ငံထဲက သမီးနဲ့ အဆက်အသွယ်ရခဲ့ ကြပါတယ်။

မသူဇာအေး ပေးပို့တဲ့ သတင်းအချက်အလက်တွေအရ သူဟာ ချင်းချိန်မြို့ သာကန်ချိန် ရွာရောက်နေတယ်လို့ ရေးပါတယ် ။ သူ့ကို ဝယ်ယူထားတဲ့ သူတွေရဲ့ အချက်အလက်တွေကို လည်း မြန်မာလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ကို ပို့ထားပြီး ဖြစ်ပါတယ် ။

ရဲတပ်ဖွဲ့ဘက်ကလည်း တရုတ်နိုင်ငံဘက်ကို အကြောင်းကြားထားပြီဆိုပေမယ့် အခုထိတော့ သူဇာအေးကို တရုတ်ပြည်ထဲက မကယ်နိုင်သေးပါဘူး။
ဘယ်လိုရောင်းစားခံခဲ့ရတာလဲ
Image caption မသူဇာအေးပို့လိုက်တဲ့ နေရာ အကြောင်းသတင်းအချက်အလက်

ပွဲစားက မသူဇာအေးကို ခေါ်သွားပြီးနောက် မူဆယ်တည်းခိုခန်းကနေ တစ်ဆင့် တရုတ်ပြည်ထဲ ရောင်းစားခံခဲ့ရပြီး ၅ ရက်လောက် အလုံပိတ်ကားနဲ့ သွားခဲ့ရပြီး သူ့ကို ပိတ်လှောင်ထားတယ် လို့ သမီးဖြစ်သူက ပြန်ပြောကြောင်း သူဇာအေး အမေ ဒေါ်တူးမာက ဘီဘီစီကို ပြောပါတယ်။

သူဇာအေးကို တစ်လ သုံးသိန်းခွဲနဲ့ ရွှေလီက ထမင်းဆိုင်မှာ အလုပ်ရမယ်ဆိုလို့ တရုတ်ပြည်ဘက်ကို လွှတ်လိုက်တာလို့လည်း ဒေါ်တူးမာက ပြောပါတယ်။

မိန်းကလေး ငါးယောက် အတူသွားကြရာမှာ သူဇာအေးနဲ့ အခြားတစ်ယောက်ကိုပဲ နယ်စပ်မှာ ခေါ်ထားလိုက်ပြီး ကျန် သုံးယောက်ကို ပြန်လွှတ်လိုက်တာဖြစ်ပါတယ်။

သူ့ကို မူဆယ်တည်းခိုခန်းကနေ အလုံပိတ်ကားနဲ့ ခေါ်သွားခဲ့တာလို့ သူဇာအေးက သူ့မိဘတွေကို ပြောပါတယ်။

မသူဇာအေး အမှုနဲ့ ပတ်သက်ပြီး မိဘတွေက တိုင်ကြားချက်ရှိတဲ့အတွက် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ တရုတ်အာဏာပိုင်တွေဆီ သုံးကြိမ်တိုင်တိုင် အကြောင်းကြားခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။
Image caption သူဇာအေး ပြောတဲ့သူ့ရဲ့ တရုတ်အမျိုးသား
ထပ်ပြီးရောင်းစားခံရမှာကို လည်းစိုးရီမ်နေ

သူဇာအေးပို့ပေးတဲ့ သတင်းတွေ အရ သူဇာအေးဟာ နောက်ငါးရက်လောက်နေရင် ကလေးမွေးတော့မှာ ဖြစ်ပါတယ်။ သူက မြန်မာပြည်ထဲ ပြန်လာချင်နေပြီးတော့ နောက် တစ်ယောက်ကို ထပ်ပြီးရောင်းစားခံရမှာကိုလည်း စိုးရိမ်နေပါတယ်။

သူ့ကို ဇနီးမယားအဖြစ် ဝယ်ထားသူဟာ ငုံးခြံလုပ်ငန်း လုပ်ကိုင်တယ်လို့ ပြောပြီး ဘယ်နေရာရောက်နေတယ်ဆိုတာကိုတော့ သူက တိတိကျကျ ပြောနိုင်တာမျိုးတော့ မရှိပါဘူး ။

"သူဇာအေးနေတဲ့ မြို့တွေ ဘာတွေ တရုတ် ရဲဆီပို့ပြီးပြီ၊ အခုဆက်သွယ်တဲ့ အကောင့်ကျတော့ ကျွန်တော်တို့လည်း မလုပ်တတ်ဘူး၊ ခက်တာက သူနဲ့တိုက်ရိုက် အဆက်သွယ်မရဘူးဖြစ်နေတာ"လို့ရဲမှူး ကျော်ညွန့် က ဘီဘီစီကို ပြောပါတယ်။

သူဇာအေးလို တရုတ်ပြည်ထဲမှာ ရောက်နေပြီး တရုတ်မယားအဖြစ် ရောင်းစားခံရသူတွေ ရှိနေပါသေးတယ်။

အချို့ ကလည်း နှစ်တွေကြာလို့ပြန်ချင်ပေမယ့် မပြန်တတ်လို့ ဖုန်းကနေပဲ ဆက်သွယ်ပြီး လာကယ်ဖို့ပြောကြပါတယ်။
Image caption ကြေငြာစာတွေ ကပ်ပြီး မြန်မာအမျိုးသမီးတွေကို အငှားကိုယ်ဝန်ဆောင်ဖို့ ခေါ်ဆိုတာတွေ ရှိနေပါတယ်
မြန်မာရဲတွေဘယ်လောက်ကယ်ထုတ်နိုင်လဲ

အခုနှစ် ဖေဖော်ဝါရီလ အတွင်း တရုတ်နိုင်ငံသား ဇနီးမယားအဖြစ် ရောင်းစားခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးနဲ့ ရောင်းစားခံရတော့မယ့် အမျိုးသမီးနှစ်ဦးကို တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

တရုတ်နိုင်ငံသား ဇနီးမယားအဖြစ် ရောင်းစားခဲ့တဲ့ ဒီအမှုမှာ မြန်မာနိုင်ငံသား ပွဲစား နှစ်ဦးနဲ့ အတူ တရုတ်နိုင်ငံသား အမျိုးသမီးပွဲစား ၁ ဦး ကိုပါ စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးက ရဲမှူးကျော်ညွန့်က ပြောပါတယ်။

တရုတ်နိုင်ငံဘက်က သတို့သမီး လိုအပ်ချက်အရ တရုတ် - မြန်မာ နယ်စပ်မြို့တွေမှာ သိန်းရာကျော် အထိ ပေးမယ်ဆိုတဲ့ ကြော်ငြာစာတွေ ကပ်ပြီး မြန်မာအမျိုးသမီးတွေကို အငှားကိုယ်ဝန်ဆောင်ဖို့ ခေါ်ဆိုတာတွေ ရှိနေပါတယ်။

တရုတ်အမျိုးသားတွေနဲ့ အတင်း အဓမ္မ မင်္ဂလာဆောင်ပြီး ကလေးမွေးပေးဖို့ လူကုန်ကူးရောင်းစားခံရတဲ့ မြန်မာအမျိုးသမီး ၇,၅၀၀ လောက် ရှိတယ်လို့လည်း ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ်ကျောင်းက ပြည်သူ့ကျန်းမာရေးဌာနနဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်မှာ သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

ထောင်ငါးလပဲကျတဲ့ပွဲစား

မသူဇာအေးကို ရောင်းစားခဲ့သူ့၊ မသူဇာအေးကို အလုပ်ရမယ်ဆိုပြီး ခေါ်သွားခဲ့တဲ့ ပွဲစား ကိုစိုးနိုင်ဆိုသူကိုတော့ မိဘတွေက ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေ ပုဒ်မ ၂၆ နဲ့ တရားစွဲခဲ့ပြီး ပြစ်မှုထင်ရှားလို့ အဲ့ဒီလူဟာ ငါးလ ထောင်ကျခဲ့ပါတယ်။

အခုတော့ အဲ့ဒီပွဲစားက ထောင်က ပြန်လွတ်မြောက်လာပြီး ရွာကိုတောင် ပြန်ရောက်နေပြီလို့ မသူဇာအေးရဲ့ မိဘတွေက ပြောပါတယ်။ မသူဇာအေး အမှုနဲ့ ပတ်သက်လို့ ရောင်းစားခဲ့သူဟာ တစ်ရွာတည်းသားလို့ ပြောပါတယ် ။

အခု သမီးဖြစ်သူရဲ့ အခြေအနေကို သိတဲ့အတွက် လူကုန်ကူးပုဒ်မ ထပ်တပ်ကာ ပွဲစားဖြစ်သူ ကိုစိုးနိုင်ကို တရားထပ်မံစွဲဆိုသင့်တယ်လို့ လူကုန်တားရဲတပ်ဖွဲ့က ပြောပါတယ်။

မသူဇာအေးကတော့ဒီရက်ပိုင်း တရုတ်နဲ့ ရတဲ့ ကလေးကို မွေးတော့မှာ ဖြစ်ပါတယ်။ကလေးမွေးပြီးရင် သူ့ကိုထပ်ပြီး ရောင်းစားမှာ စိုးရိမ်လို့ သူ့ကို ကယ်ဖို့ အကူညီတောင်းနေတာပါ။

"တရုတ်ဘက်ကမွေးတော့မယ့်ကိုယ်ဝန် အရင့်အမာနဲ့ ဆိုရင် မွေးပြီးမှ ပြန်လွှတ်တာ များတယ် "လို့လည်း မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူး ကျော်ညွန့် က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ျပည္ထဲမွာ ကယ္သူမဲ့ျဖစ္ေနတဲ့ ျမန္မာအမ်ိဳးသမီး တ႐ုတ္ျပည္ထဲမွာ ကယ္သူမဲ့ျဖစ္ေနတဲ့ ျမန္မာအမ်ိဳးသမီး Reviewed by THITHTOOLWIN on 01:57 Rating: 5
Powered by Blogger.