တရုတ္ႏုိင္ငံနဲ႔ နယ္နိမိတ္ျပႆနာ ေျဖရွင္းေပးဖုိ႔ ျပည္ေထာင္စုအစုိးရကုိေတာင္းဆုိ

ျမန္မာ-တရုတ္ နယ္စပ္ နမ့္ခမ္းၿမိဳ႕နယ္ ေနာင္ခမ္းေက်းရြာအနီးမွာ တရုတ္ႏိုင္ငံသားေတြ ေျမတူးစက္နဲ႔ ေျမာင္းတူးခဲ့တာကို ေတြ႔ရစဥ္
Zawgyi
ျမန္မာ- တရုတ္နယ္စပ္ ေရႊလီခ်ိဳင့္ဝွမ္းတေလွ်ာက္က ျမန္မာပုိင္နက္နယ္ေျမထဲကုိ တရုတ္ႏိုင္ငံက က်ဴးေက်ာ္ ဝင္ေရာက္ၿပီး ေျမသားေျမာင္းတူတာေတြ မၾကာခဏ ေဆာင္ရြက္ေနတာေၾကာင့္ ျပည္ေထာင္စု အစုိးရအေနနဲ႔ လာေရာက္ေျဖရွင္းေပးဖုိ႔ နမ့္ခမ္းၿမိဳ႕နယ္အေျခစုိက္ အဖြဲ႔အစည္းေတြက ေတာင္းဆိုလုိက္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၉ ရက္ေန႔က နမ့္ခမ္းၿမိဳ႕နယ္ ေနာင္ခမ္းေက်းရြာအနီးမွာရွိတဲ့ ႏွစ္ႏိုင္ငံနယ္နိမိတ္ မုိင္တုိင္ကုိေက်ာ္ၿပီး ျမန္မာႏုိင္ငံထဲကုိ က်ဴးေက်ာ္ဝင္ေရာက္ၿပီး တရုတ္ႏိုင္ငံသားေတြက ေျမသားေျမာင္းတူးတာေတြ လုပ္ခဲ့တာေၾကာင့္ နမ့္ခမ္းၿမိဳ႕ အေျခစုိက္ အဖြဲ႔အစည္း ငါးခုက မေန႔က ေန႔စြဲနဲ႔ အစုိးရကုိ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆုိလုိက္တာပါ။

တရုတ္ႏုိင္ငံသား အရပ္ဝတ္နဲ႔ လူ ေလးဦးဟာ ျမန္မာနုိင္ငံ နယ္နိမိတ္ထဲကုိ ေပ ၆၀ ေလာက္ ေက်ာ္လြန္ဝင္ေရာက္ၿပီး ေျမတူးစက္နဲ႔ ေျမာင္းတူးခဲ့တာကုိ နမ့္ခမ္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက တရုတ္ႏိုင္ငံ၊ ေရႊလီျပည္ပေရးရာဌာနမွဴးထံကုိ ကန္႔ကြက္စာေပးပုိ႔ခဲ့တာေၾကာင့္ ေျမတူးေဖာ္တဲ့ လုပ္ငန္းေတြ ရပ္ဆုိင္သြားခဲ့တယ္လုိ႔ သိရပါတယ္။

နမ့္ခမ္းၿမိဳ႕ အေျခစုိက္ အဖြဲ႔အစည္းေတြက တရုတ္ႏိုင္ငံသားေတြက ျမန္မာႏိုင္ငံထဲကုိ ေက်ာ္လြန္ဝင္ေရာက္ၿပီး ေရေျမာင္းတူးတာေတြ ျဖစ္ေနတာေတြကုိ ကန္႔ကြက္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ထည့္သြင္းထားပါတယ္။

နမ့္ခမ္းၿမိဳ႕ အေျခစုိက္ ၿမိဳ႕နယ္ ၿမိဳ႕မိၿမိ႕ဖအဖြဲ႔၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကရက္တစ္ပါတီ၊ ၿမိဳ႕နယ္ေတာင္သူ လယ္သမားမ်ားအသင္း၊ လူမႈညီညြတ္ေရးအသင္း၊ ေရွးေဟာင္းအေမြအႏွစ္နဲ႔ သမုိင္းဝင္ေနရာမ်ား ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရးအသင္းေတြက ႏွစ္ႏိုင္ငံ နယ္နိမိတ္ ျပႆနာကုိ အစုိးရအေနနဲ႔ ေျဖရွင္းေဆာင္ရြက္ေပးဖုိ႔ အစုိးရကုိ ေတာင္းဆုိလုိက္တာျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူေတြကုိ RFA က ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေနပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၉ ရက္ေန႔ကလည္း ကုိးကန္႔ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခ်င္းေရႊေဟာ္ၿမိဳ႕ အမွတ္ (၂) ရပ္ကြက္က ႏွစ္ႏုိင္ငံနယ္နိမိတ္ ေက်ာက္တုိင္အနီးမွာ စုိက္ထူထားတဲ့ ျမန္မာႏိုင္ငံအလံကုိ တရုတ္ နယ္ျခားေစာင့္တပ္က လက္နက္အျပည့္အစုံ ဝတ္ဆင္ထားတဲ့ တပ္ဖြဲ႔ဝင္ ၁၀ ဦးခန္႔က လာေရာက္ဖ်က္ဆီး တာေတြရွိခဲ့ပါတယ္။ အဲဒီကိစၥကုိ ျမန္မာအစုိးရက ျမန္မာႏိုင္ငံဆုိင္ရာ တရုတ္ သံအမတ္ကုိ ေခၚယူေဆြးေႏြး ကန္႔ကြက္ခဲ့တယ္လုိ႔ သိရပါတယ္။

အလားတူ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလတုန္းကလည္း ရွမ္းျပည္နယ္၊ (ၾကဴကုတ္) ပန္ဆန္းၿမိဳ႕နယ္၊ ဖုိးေကာင္းေက်းရြာမွာလည္း တရုတ္ဘက္က ျမန္မာႏိုင္ငံထဲကုိ မီတာ ၃၀ က်ဴးေက်ာ္ၿပီး သံကြန္ကရစ္တံတုိင္း တည္ေဆာက္ဖုိ႔ႀကိဳးစားခဲ့တာေၾကာင့္ နယ္စပ္အျငင္းပြားမႈေတြျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၁၈ ခုႏွစ္ ေအာက္တုိဘာလတုန္းကလည္း မူဆယ္ၿမိဳ႕မွာ ျမန္မာႏိုင္ငံဘက္က ဆင္ျဖဴေစ်းတည္ေဆာက္ေနတာကုိ တရုတ္နယ္ျခားေစာင့္တပ္က လက္နက္အျပည့္အစုံနဲ႔ ဝင္ေရာက္လာၿပီး ကန္႔ကြက္ခဲ့တာေၾကာင့္ ေစ်းတည္ေဆာက္ေနတာကို ရပ္တန္႔ခဲ့ရပါတယ္။

ဒါေၾကာင့္ ၁ ႏွစ္ ဝန္းက်င္အတြင္း နွစ္ႏိုင္ငံ နယ္နိမိတ္ ျပႆနာဟာ အနည္းဆုံး ေလးႀကိမ္ထက္မနည္း ရွိခဲ့ပါတယ္။
တရုတ္- ျမန္မာနယ္စပ္ အျငင္းပြားမႈေတြ ျဖစ္ေပၚလာရင္ ေျဖရွင္းေဆာင္ရြက္ဖုိ႔အတြက္ ျမန္မာ- တရုတ္ နယ္စပ္ေဒသမ်ား စီမံခန္႔ခြဲေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာ သေဘာတူစာခ်ဳပ္ကုိ ၁၉၉၇ ခုႏွစ္မွာ ႏွစ္ႏိုင္ငံ သေဘာတူလက္မွတ္ ေရးထုိးထားတာရွိေပမယ့္ ထိထိေရာက္ေရာက္ ေဆာင္ရြက္နုိင္မႈ အားနည္းခ်က္ေတြ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
----------------
Unicode
တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ပြဿနာ ဖြေရှင်းပေးဖို့ ပြည်ထောင်စုအစိုးရကိုတောင်းဆို

မြန်မာ-တရုတ် နယ်စပ် နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအနီးမှာ တရုတ်နိုင်ငံသားတွေ မြေတူးစက်နဲ့ မြောင်းတူးခဲ့တာကို တွေ့ရစဉ်
Photo: SNDP, Nam Kham

မြန်မာ- တရုတ်နယ်စပ် ရွှေလီချိုင့်ဝှမ်းတလျှောက်က မြန်မာပိုင်နက်နယ်မြေထဲကို တရုတ်နိုင်ငံက ကျူးကျော် ဝင်ရောက်ပြီး မြေသားမြောင်းတူတာတွေ မကြာခဏ ဆောင်ရွက်နေတာကြောင့် ပြည်ထောင်စု အစိုးရအနေနဲ့ လာရောက်ဖြေရှင်းပေးဖို့ နမ့်ခမ်းမြို့နယ်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအနီးမှာရှိတဲ့ နှစ်နိုင်ငံနယ်နိမိတ် မိုင်တိုင်ကိုကျော်ပြီး မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ပြီး တရုတ်နိုင်ငံသားတွေက မြေသားမြောင်းတူးတာတွေ လုပ်ခဲ့တာကြောင့် နမ့်ခမ်းမြို့ အခြေစိုက် အဖွဲ့အစည်း ငါးခုက မနေ့က နေ့စွဲနဲ့ အစိုးရကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

တရုတ်နိုင်ငံသား အရပ်ဝတ်နဲ့ လူ လေးဦးဟာ မြန်မာနိုင်ငံ နယ်နိမိတ်ထဲကို ပေ ၆၀ လောက် ကျော်လွန်ဝင်ရောက်ပြီး မြေတူးစက်နဲ့ မြောင်းတူးခဲ့တာကို နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက တရုတ်နိုင်ငံ၊ ရွှေလီပြည်ပရေးရာဌာနမှူးထံကို ကန့်ကွက်စာပေးပို့ခဲ့တာကြောင့် မြေတူးဖော်တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်သွားခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့ အခြေစိုက် အဖွဲ့အစည်းတွေက တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံထဲကို ကျော်လွန်ဝင်ရောက်ပြီး ရေမြောင်းတူးတာတွေ ဖြစ်နေတာတွေကို ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

နမ့်ခမ်းမြို့ အခြေစိုက် မြို့နယ် မြို့မိမြိ့ဖအဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မြို့နယ်တောင်သူ လယ်သမားများအသင်း၊ လူမှုညီညွတ်ရေးအသင်း၊ ရှေးဟောင်းအမွေအနှစ်နဲ့ သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်းတွေက နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာကို အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ် (၂) ရပ်ကွက်က နှစ်နိုင်ငံနယ်နိမိတ် ကျောက်တိုင်အနီးမှာ စိုက်ထူထားတဲ့ မြန်မာနိုင်ငံအလံကို တရုတ် နယ်ခြားစောင့်တပ်က လက်နက်အပြည့်အစုံ ဝတ်ဆင်ထားတဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးခန့်က လာရောက်ဖျက်ဆီး တာတွေရှိခဲ့ပါတယ်။ အဲဒီကိစ္စကို မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကို ခေါ်ယူဆွေးနွေး ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းကလည်း ရှမ်းပြည်နယ်၊ (ကြူကုတ်) ပန်ဆန်းမြို့နယ်၊ ဖိုးကောင်းကျေးရွာမှာလည်း တရုတ်ဘက်က မြန်မာနိုင်ငံထဲကို မီတာ ၃၀ ကျူးကျော်ပြီး သံကွန်ကရစ်တံတိုင်း တည်ဆောက်ဖို့ကြိုးစားခဲ့တာကြောင့် နယ်စပ်အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းကလည်း မူဆယ်မြို့မှာ မြန်မာနိုင်ငံဘက်က ဆင်ဖြူဈေးတည်ဆောက်နေတာကို တရုတ်နယ်ခြားစောင့်တပ်က လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်လာပြီး ကန့်ကွက်ခဲ့တာကြောင့် ဈေးတည်ဆောက်နေတာကို ရပ်တန့်ခဲ့ရပါတယ်။

ဒါကြောင့် ၁ နှစ် ဝန်းကျင်အတွင်း နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာဟာ အနည်းဆုံး လေးကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
တရုတ်- မြန်မာနယ်စပ် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာရင် ဖြေရှင်းဆောင်ရွက်ဖို့အတွက် မြန်မာ- တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်မှာ နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးထားတာရှိပေမယ့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှု အားနည်းချက်တွေ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
တရုတ္ႏုိင္ငံနဲ႔ နယ္နိမိတ္ျပႆနာ ေျဖရွင္းေပးဖုိ႔ ျပည္ေထာင္စုအစုိးရကုိေတာင္းဆုိ တရုတ္ႏုိင္ငံနဲ႔ နယ္နိမိတ္ျပႆနာ ေျဖရွင္းေပးဖုိ႔ ျပည္ေထာင္စုအစုိးရကုိေတာင္းဆုိ Reviewed by THITHTOOLWIN on 00:39 Rating: 5
Powered by Blogger.