မႏၲေလးတကၠသိုလ္ဝင္းစားေသာက္ဆိုင္ကိစၥ အျမန္အေရးယူဖို႔ တိုက္တြန္း

မႏၲေလးတကၠသိုလ္ (Photo- mandalay university myanmar)
Zawgyi
မႏၱေလးတကၠသုိလ္ဝင္းထဲမွာ တည္ေဆာက္ထားတဲ့ စားေသာက္ဆိုင္တန္းကိစၥနဲ႔ပတ္သက္ၿပီး ပညာေရးဝန္ႀကီးဌာနရဲ႕ စစ္ေဆးမႈေတြဟာ ၾကန္႔ၾကာလြန္းေနၿပီး စုံစမ္းၿပီးတဲ့ ရလဒ္ကုိ ေမးတဲ့အခါမွာလည္း စစ္ေဆးေရးအဖြဲ႕ေခါင္းေဆာင္နဲ႔ ပညာေရးဝန္ႀကီးရဲ႕ ေျပာဆုိခ်က္ေတြဟာ ကြဲလြဲေနေၾကာင္း ေက်ာင္းသားသမဂၢ ေခါင္းေဆာင္ေတြက ေျပာပါတယ္။ ဒီကိစၥကုိ ပညာေရး၀န္ႀကီးဌာနအေနနဲ႔ အျမန္ဆုံး ကုိင္တြယ္ ေဆာင္ရြက္ေပးဖုိ႔ ေက်ာင္းသားေခါင္းေဆာင္ေတြက ဒီကေန႔ သတင္းစာရွင္းလင္းပြဲ က်င္းပၿပီး ေတာင္းဆုိလုိက္ၾကတာပါ။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

မႏၱေလးတကၠသုိလ္ဝင္းအတြင္း စားေသာက္ဆုိင္တန္းေဆာက္လုပ္ထားတဲ့ကိစၥမွာ တကၠသုိလ္ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာဝင္းက တင္ဒါမေခၚဘဲ သူနဲ႔ရင္းႏွီးတဲ့လုပ္ငန္းရွင္ကုိ ေဆာက္လုပ္ခြင့္ေပးလိုက္တာေၾကာင့္ ေက်ာင္းသားသမဂၢက စက္တင္ဘာလ ၂ရက္ေန႔ကစၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ဒီကိစၥကုိ စုံစမ္းစစ္ေဆးဖုိ႔ ပညာေရး၀န္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း ဦးေဆာင္တဲ့ ဌာနဆုိင္ရာ စစ္ေဆးေရးအဖြဲ႔ကုိ စက္တင္ဘာလ ၅ ရက္ေန႔မွာ ပညာေရးဝန္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးကုိယ္တုိင္က ဖြဲ႔စည္းေပးခဲ့ပါတယ္။

ဒုတိယဝန္ႀကီးဦးေဆာင္တဲ့ ဌာနဆုိင္ရာစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းလိုက္တာ ႏွစ္လနီးပါးၾကာေနခဲ့ေပမယ့္ အဲဒီကာလအတြင္းမွာ စံုစမ္းစစ္ေဆးမႈ ၃ႀကိမ္ျပဳလုပ္ခဲ့ၿပီးပါၿပီ။ အဲဒီအဖြဲ႕ကိုဦးေဆာင္တဲ့ ဒုတိယဝန္ႀကီးက စံုစမ္းမႈရလဒ္ေတြကုိ သမၼတရံုးကိုတင္ျပခဲ့ၿပီးၿပီလို႔ ဖုန္းနဲ႔ဆက္သြယ္ရာမွာ ေျပာခဲ့ေပမယ့္၊ လူခ်င္းေတြ႕တဲ့အခါမွာေတာ့ အစီရင္ခံစာကေရးၿပီးေနေပမယ့္ သမၼတရံုးက အဲဒီအစီရင္ခံစာကို လက္မခံတာလို႔ ေျပာဆိုလိုက္ေၾကာင္း မႏၱေလးတကၠသုိလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ မယမင္းသူက ဗီြအုိေအကုိ ေျပာပါတယ္။

အခုျဖစ္ေနတဲ့ မႏၱေလးတကၠသုိလ္ဝင္းအတြင္း စားေသာက္ဆုိင္တန္း ေဆာက္လုပ္ရာမွာ တင္ဒါမေခၚတာဟာ ႏုိင္ငံေတာ္အတြက္ ဆံုးရံႈးမႈမရွိဘူးလို႔ ဒုတိယဝန္ႀကီးရဲ႕ေျပာဆိုခ်က္ကုိ မယမင္းသူက အခုလုိ ျပန္ေျပာျပပါတယ္။

“တင္ဒါမေခၚဘူးဆုိတာနဲ႔ တကၠသုိလ္ေရာ၊ ေက်ာင္းသားေက်ာင္းသူေတြအတြက္ေရာ၊ ႏုိင္ငံေတာ္အတြက္ေရာ ဆံုးရံႈးမႈကႀကီးမားတယ္လုိ႔ ညီမတို႔အေနနဲ႔ထင္တယ္။ အဲေတာ့ တျခားေက်ာင္းသားေက်ာင္းသူေတြေရာ၊ တႏိုင္ငံလံုးကေရာ တင္ဒါမေခၚတဲ့အေပၚမွာ အဲလိုအျမင္ရွိတာကို စံုစမ္းစစ္ေဆးေရးေခါင္းေဆာင္ ဒုဝန္ႀကီးကက်ေတာ့ ႏုိင္ငံေတာ္အတြက္ ဆံုးရံႈးနစ္နာမႈမရွိေစဘူးလို႔ သူကေျပာခဲ့တယ္။ ဒါဟာ စံုစမ္းစစ္ေဆးေရးအဖြဲ႕ေခါင္းေဆာင္အေနနဲ႔ မေျပာသင့္တဲ့စကားေပါ့ေနာ္။ အဲလိုျမင္တယ္။ အဲဒီစကားထြက္လာတဲ့အတြက္ေၾကာင့္ ညီမတုိ႔က သူသည္စံုစမ္းစစ္ေဆးေရးအဖြဲ႕ လုပ္တဲ့ေနရာမွာ ေနာက္ပုိင္းမွာ သူမရိုးသားေတာ့ဘူးလို႔ ညီမတို႔အေနနဲ႔ျမင္တယ္။”

ဒီကိစၥအေပၚ စံုစမ္းစစ္ေဆးေနတာ အခ်ိန္ကာလၾကာေနၿပီလို႔ ေက်ာင္းသားသမဂၢဘက္က ေျပာဆုိေနေပမယ့္ အဖြဲ႕ေခါင္းေဆာင္ခရီးထြက္ေနလို႔ စစ္ေဆးမရတာလို႔ ဌာနဆုိင္ရာစစ္ေဆးေရးအဖြဲ႕ဝင္ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးညြန္႕က ဆုိပါတယ္။

“ၾကန္႔ၾကာေနတာေတာ့ မဟုတ္ဘူး။ ဒုဝန္ႀကီးက ခရီးထြက္ေနတာကုိ။ တရုတ္ျပည္ခရီးစဥ္ရွိေတာ့ ဘယ္လုိလုပ္စစ္လို႔ရမလဲ။”

တင္ဒါမေခၚဘဲ ကုိယ္နဲ႔ရင္းႏွီးတဲ့ လုပ္ငန္းရွင္ကုိ လုပ္ပုိင္ခြင့္ေပးခဲ့တဲ့ ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာဝင္းကုိ ရာထူးကေန ယာယီရပ္ဆိုင္းဖုိ႔အတြက္ တကၠသုိလ္ေက်ာင္းသားေတြက ဆႏၵျပေတာင္းဆိုခဲ့ၾကေပမယ့္ ေဒါက္တာသီတာဝင္းရဲ႕ လုပ္ပုိင္ခြင့္ေတြက အရင္တုိင္းပဲရွိေနတယ္လို႔ မယမင္းသူက ေျပာပါတယ္။

“ဒီေက်ာင္းမွာပဲရွိေနေသးတယ္။ သူ႔ရဲ႕နဂိုစီမံခန္႔ခြဲတာေတြေရာ၊ လုပ္ပိုင္ခြင့္ေတြေရာ အရင္အတုိင္းပဲရွိေနတယ္။ အဲေတာ့ ဝန္ထမ္းဥပေဒမွာလည္းပါတယ္။ ဝန္ထမ္းတေယာက္ဟာ သူ႔ရဲ႕ျပစ္မႈဟာ ထင္ရွားလို႔ရွိရင္ သူ႔ကိုတာဝန္ကေနၿပီးေတာ့ ယာယီရပ္ဆုိင္းတယ္ ဆိုၿပီးေတာ့ ဥပေဒမွာေတာင္မွ ပါေနတဲ့ကိစၥကုိ အခုက ယာယီရပ္ဆုိင္းမႈေတြလည္း မျပဳလုပ္ဘူးေပါ့ေနာ္။”

ဒါနဲ႔ပတ္သက္ၿပီး စံုစမ္းစစ္ေဆးေနတာ သံုးႀကိမ္ရွိေနၿပီး ပထမတႀကိမ္တုန္းက မႏၱေလးတကၠသုိလ္မွာ စစ္ေဆးမႈလုပ္ခဲ့ၿပီး၊ ဒုတိယတေခါက္မွာ ေက်ာင္းသားသမဂၢရဲ႕ သပိတ္ဦးေဆာင္ေကာ္မတီမပါဘဲ ေက်ာင္းစီမံအဖြဲ႕ကုိ ေနျပည္ေတာ္မွာ စစ္ေဆးခဲ့ပါတယ္။ တတိယအေခါက္မွာေတာ့ ေက်ာင္းစီမံအဖြဲ႕နဲ႔ ေက်ာင္းသားသမဂၢ၊ ဆရာသမဂၢတို႔ကို စစ္ေဆးခဲ့တာပါ။

ေနာက္တပတ္မွာေတာ့ စားေသာက္ဆုိင္တန္းပုိင္ရွင္နဲ႔ ခြင့္ျပဳခဲ့တဲ့ ေဒါက္တာသီတာဝင္းတို႔ကို စစ္ေဆးမယ္လို႔ မႏၱေလးတကၠသုိလ္ ေက်ာင္းသားမ်ားသမဂၢကေျပာပါတယ္။

..........................

မန္တလေးတက္ကသိုလ်ဝင်းစားသောက်ဆိုင်ကိစ္စ အမြန်အရေးယူဖို့ တိုက်တွန်း

မန္တလေးတက္ကသိုလ်ဝင်းထဲမှာ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်တန်းကိစ္စနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုတွေဟာ ကြန့်ကြာလွန်းနေပြီး စုံစမ်းပြီးတဲ့ ရလဒ်ကို မေးတဲ့အခါမှာလည်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်နဲ့ ပညာရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေဟာ ကွဲလွဲနေကြောင်း ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ပေးဖို့ ကျောင်းသားခေါင်းဆောင်တွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုလိုက်ကြတာပါ။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

မန္တလေးတက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်တန်းဆောက်လုပ်ထားတဲ့ကိစ္စမှာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက တင်ဒါမခေါ်ဘဲ သူနဲ့ရင်းနှီးတဲ့လုပ်ငန်းရှင်ကို ဆောက်လုပ်ခွင့်ပေးလိုက်တာကြောင့် ကျောင်းသားသမဂ္ဂက စက်တင်ဘာလ ၂ရက်နေ့ကစပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်တဲ့ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို စက်တင်ဘာလ ၅ ရက်နေ့မှာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကိုယ်တိုင်က ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒုတိယဝန်ကြီးဦးဆောင်တဲ့ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တာ နှစ်လနီးပါးကြာနေခဲ့ပေမယ့် အဲဒီကာလအတွင်းမှာ စုံစမ်းစစ်ဆေးမှု ၃ကြိမ်ပြုလုပ်ခဲ့ပြီးပါပြီ။ အဲဒီအဖွဲ့ကိုဦးဆောင်တဲ့ ဒုတိယဝန်ကြီးက စုံစမ်းမှုရလဒ်တွေကို သမ္မတရုံးကိုတင်ပြခဲ့ပြီးပြီလို့ ဖုန်းနဲ့ဆက်သွယ်ရာမှာ ပြောခဲ့ပေမယ့်၊ လူချင်းတွေ့တဲ့အခါမှာတော့ အစီရင်ခံစာကရေးပြီးနေပေမယ့် သမ္မတရုံးက အဲဒီအစီရင်ခံစာကို လက်မခံတာလို့ ပြောဆိုလိုက်ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မယမင်းသူက ဗွီအိုအေကို ပြောပါတယ်။

အခုဖြစ်နေတဲ့ မန္တလေးတက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်တန်း ဆောက်လုပ်ရာမှာ တင်ဒါမခေါ်တာဟာ နိုင်ငံတော်အတွက် ဆုံးရှုံးမှုမရှိဘူးလို့ ဒုတိယဝန်ကြီးရဲ့ပြောဆိုချက်ကို မယမင်းသူက အခုလို ပြန်ပြောပြပါတယ်။

“တင်ဒါမခေါ်ဘူးဆိုတာနဲ့ တက္ကသိုလ်ရော၊ ကျောင်းသားကျောင်းသူတွေအတွက်ရော၊ နိုင်ငံတော်အတွက်ရော ဆုံးရှုံးမှုကကြီးမားတယ်လို့ ညီမတို့အနေနဲ့ထင်တယ်။ အဲတော့ တခြားကျောင်းသားကျောင်းသူတွေရော၊ တနိုင်ငံလုံးကရော တင်ဒါမခေါ်တဲ့အပေါ်မှာ အဲလိုအမြင်ရှိတာကို စုံစမ်းစစ်ဆေးရေးခေါင်းဆောင် ဒုဝန်ကြီးကကျတော့ နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုမရှိစေဘူးလို့ သူကပြောခဲ့တယ်။ ဒါဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်အနေနဲ့ မပြောသင့်တဲ့စကားပေါ့နော်။ အဲလိုမြင်တယ်။ အဲဒီစကားထွက်လာတဲ့အတွက်ကြောင့် ညီမတို့က သူသည်စုံစမ်းစစ်ဆေးရေးအဖွဲ့ လုပ်တဲ့နေရာမှာ နောက်ပိုင်းမှာ သူမရိုးသားတော့ဘူးလို့ ညီမတို့အနေနဲ့မြင်တယ်။”

ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးနေတာ အချိန်ကာလကြာနေပြီလို့ ကျောင်းသားသမဂ္ဂဘက်က ပြောဆိုနေပေမယ့် အဖွဲ့ခေါင်းဆောင်ခရီးထွက်နေလို့ စစ်ဆေးမရတာလို့ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ဆိုပါတယ်။

“ကြန့်ကြာနေတာတော့ မဟုတ်ဘူး။ ဒုဝန်ကြီးက ခရီးထွက်နေတာကို။ တရုတ်ပြည်ခရီးစဉ်ရှိတော့ ဘယ်လိုလုပ်စစ်လို့ရမလဲ။”

တင်ဒါမခေါ်ဘဲ ကိုယ်နဲ့ရင်းနှီးတဲ့ လုပ်ငန်းရှင်ကို လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို ရာထူးကနေ ယာယီရပ်ဆိုင်းဖို့အတွက် တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် ဒေါက်တာသီတာဝင်းရဲ့ လုပ်ပိုင်ခွင့်တွေက အရင်တိုင်းပဲရှိနေတယ်လို့ မယမင်းသူက ပြောပါတယ်။

“ဒီကျောင်းမှာပဲရှိနေသေးတယ်။ သူ့ရဲ့နဂိုစီမံခန့်ခွဲတာတွေရော၊ လုပ်ပိုင်ခွင့်တွေရော အရင်အတိုင်းပဲရှိနေတယ်။ အဲတော့ ဝန်ထမ်းဥပဒေမှာလည်းပါတယ်။ ဝန်ထမ်းတယောက်ဟာ သူ့ရဲ့ပြစ်မှုဟာ ထင်ရှားလို့ရှိရင် သူ့ကိုတာဝန်ကနေပြီးတော့ ယာယီရပ်ဆိုင်းတယ် ဆိုပြီးတော့ ဥပဒေမှာတောင်မှ ပါနေတဲ့ကိစ္စကို အခုက ယာယီရပ်ဆိုင်းမှုတွေလည်း မပြုလုပ်ဘူးပေါ့နော်။”

ဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတာ သုံးကြိမ်ရှိနေပြီး ပထမတကြိမ်တုန်းက မန္တလေးတက္ကသိုလ်မှာ စစ်ဆေးမှုလုပ်ခဲ့ပြီး၊ ဒုတိယတခေါက်မှာ ကျောင်းသားသမဂ္ဂရဲ့ သပိတ်ဦးဆောင်ကော်မတီမပါဘဲ ကျောင်းစီမံအဖွဲ့ကို နေပြည်တော်မှာ စစ်ဆေးခဲ့ပါတယ်။ တတိယအခေါက်မှာတော့ ကျောင်းစီမံအဖွဲ့နဲ့ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂတို့ကို စစ်ဆေးခဲ့တာပါ။

နောက်တပတ်မှာတော့ စားသောက်ဆိုင်တန်းပိုင်ရှင်နဲ့ ခွင့်ပြုခဲ့တဲ့ ဒေါက်တာသီတာဝင်းတို့ကို စစ်ဆေးမယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကပြောပါတယ်။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
မႏၲေလးတကၠသိုလ္ဝင္းစားေသာက္ဆိုင္ကိစၥ အျမန္အေရးယူဖို႔ တိုက္တြန္း မႏၲေလးတကၠသိုလ္ဝင္းစားေသာက္ဆိုင္ကိစၥ အျမန္အေရးယူဖို႔ တိုက္တြန္း Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.