ေဖ့စ္ဘုတ္တြင္ ဘာသာစုံမွ ျမန္မာစာသို႔ ဘာသာျပန္ေပးသည့္လုပ္ေဆာင္ခ်က္ စတင္ပါဝင္လာ



Zawgyi
ရန္ကုန္ ေအာက္တိုဘာ ၁၃

ယူနီကုဒ္ အသုံးျပဳေနသူမ်ားအတြက္ ေဖ့စ္ဘုတ္ေပၚမွ အဂၤလိပ္ဘာသာ အပါအဝင္ ဘာသာေပါင္းစုံျဖင့္ ေရးသားထားေသာ စာမ်ားကို ျမန္မာဘာသာျပန္၍ ေဖာ္ျပသည့္ Translation လုပ္ေဆာင္ခ်က္ကို ေအာက္တိုဘာ ၁၂ ရက္မွ စ၍ ေဖ့စ္ဘုတ္က ထည့္သြင္းေပးထားေၾကာင္း သိရသည္။

ယခင္က ျမန္မာဘာသာကို ေဇာ္ဂ်ီႏွင့္ျဖစ္ေစ၊ ယူနီကုဒ္ ႏွင့္ျဖစ္ေစ အသုံးျပဳသူ မ်ားအတြက္ ေဖ့စ္ဘုတ္၏ ဆက္တင္ မ်ား အပါအဝင္ အၫႊန္းမ်ားကို ျမန္မာဘာသာျဖင့္ သုံးစြဲႏိုင္ရန္ ေဖ့စ္ဘုတ္က လုပ္ေဆာင္ေပးထားျခင္း ရွိခဲ့ေသာ္လည္း ေဖ့စ္ဘုတ္ေပၚတြင္ ကမာၻအႏွံ႔မွ ဘာသာ စကား ေပါင္းစုံျဖင့္ ေရးတင္ထားသမွ် ပို႔စ္မ်ားႏွင့္ ကြန္းမန႔္မ်ား အပါအဝင္ စာအားလုံးကို ျမန္မာဘာသာသို႔ ျပန္ဆိုႏိုင္သည့္ လုပ္ေဆာင္ခ်က္မွာ ယခုမွ စတင္ပါဝင္လာျခင္းျဖစ္ကာ ယူနီကုဒ္ျဖင့္သာ အသုံးျပဳႏိုင္သည္။

ထိုဘာသာျပန္သည့္ လုပ္ေဆာင္ခ်က္ကို အသုံးျပဳရာ တြင္ ယူနီကုဒ္စနစ္သုံးထားေသာ ဖုန္းမ်ားတြင္ ေဖ့စ္ဘုတ္ အက္ပလီေကးရွင္းျဖင့္ အလြယ္တကူ အသုံးျပဳႏိုင္သည္။ သာမန္အားျဖင့္ မည္သည့္ေျပာင္းလဲမႈမ်ိဳးမွ လုပ္ရန္မလိုဘဲ အဂၤလိပ္စာ အပါအဝင္ ျမန္မာဘာသာမဟုတ္ေသာ အျခား မည္သည့္ဘာသာျဖင့္မဆို ေရးသားထားသည့္ စာတိုင္း၏ ေအာက္တြင္ See Translation ဟု စာတန္းတစ္ေၾကာင္း ေပၚေနမည္ျဖစ္ကာ ထိုစာတန္းကို တစ္ခ်က္ႏွိပ္႐ုံျဖင့္ ျမန္မာ ဘာသာျပန္ကို ေဖာ္ျပမည္ျဖစ္သည္။ မိုဘိုင္းဖုန္းျဖင့္ သုံးေသာ္လည္း အက္ပလီေကးရွင္းမသုံးဘဲ ဖုန္း၏ Browser မွ ေဖ့စ္ဘုတ္ဝက္ဘ္ဆိုက္ကိုဝင္၍ သုံးမည္ဆိုလွ်င္လည္း ဘာသာျပန္သည့္ လုပ္ေဆာင္ခ်က္ကို အသုံးျပဳႏိုင္သည္။

လက္ရွိအခ်ိန္တြင္ ဘာသာစကား အားလုံးအတြက္ ျမန္မာဘာသာျပန္ကို ရႏိုင္ေသာ္လည္း တ႐ုတ္စာ အပါ အဝင္ ဘာသာစကားအခ်ိဳ႕အတြက္မူ See Translation စာတန္း ေဖာ္ျပျခင္းမရွိ သည္ ကို ေတြ႕ရကာ ထိုသို႔ အလို ေလ်ာက္ ဘာသာျပန္ေပးရန္ စာတန္းမေဖာ္ျပထားေသာ ဘာသာစကားမ်ားအတြက္ ဘာသာျပန္ကို ရယူလိုပါက အက္ပလီေကးရွင္း၏ Setting ထဲသို႔သြား၍ ျပင္ေပးရန္ လိုအပ္မည္ျဖစ္သည္။

ကြန္ပ်ဴတာျဖင့္ ေဖ့စ္ဘုတ္ကိုအသုံးျပဳသူမ်ားအတြက္မူ ကြန္ပ်ဴတာတြင္ ယူနီကုဒ္ ရွိရမည္ျဖစ္သလို ေဖ့စ္ဘုတ္ ဝက္ဘ္ဆိုက္ကို အသုံးျပဳမည့္ Browser ၏ Setting ထဲတြင္ လည္း Default Font အျဖစ္ ယူနီကုဒ္ေဖာင့္ တစ္ခုခုကို သတ္မွတ္ ေပးရမည္ျဖစ္သည္။ ထို႔ေနာက္တြင္ ေဖ့စ္ဘုတ္ကို ဖြင့္လိုက္ပါက ျမန္မာဘာသာ မဟုတ္ေသာ အျခားဘာသာ မ်ားျဖင့္ ေရးထားသည့္ စာတိုင္းအတြက္ ေအာက္ဘက္တြင္ See Translation စာတန္း ေပၚလာမည္ျဖစ္ကာ ထိုစာတန္း ကိုႏွိပ္၍ ျမန္မာဘာသာျပန္ကို ဖတ္ႏိုင္မည္ျဖစ္သည္။

ဘာသာျပန္သည့္လုပ္ေဆာင္ခ်က္ စတင္ေသာ္လည္း လက္ရွိအခ်ိန္တြင္ မွန္ကန္စြာ ဘာသာ ျပန္ႏိုင္ျခင္း မရွိ ေသးဘဲ အားနည္းခ်က္မ်ား ရွိေနေသးသည္ကိုလည္း ေတြ႕ရ သည္။ စာသားအား လုံးကို ဘာသာမျပန္ႏိုင္ေသးဘဲ အခ်ိဳ႕ စာလုံးမ်ားကို အဂၤလိပ္စာအတိုင္းသာ ျပန္ေဖာ္ျပသလို ဘာသာျပန္ႏိုင္သည့္ စာလုံးမ်ားကို ဘာသာျပန္ရာတြင္ လည္း ေခ်ာေမြ႕ေအာင္ ျပန္ဆိုႏိုင္ျခင္း မရွိေသးဘဲ သဒၵါ အလြဲမ်ား အေတာ္မ်ားမ်ား ရွိေနေသးသည္ကို ေတြ႕ရသည္။

သို႔ရာတြင္ အဂၤလိပ္စာ အားနည္းသူမ်ားအတြက္ျဖစ္ေစ၊ အျခားဘာသာစကားမ်ားျဖင့္ ေရးထား ေသာ စာမ်ားကို ျမန္မာဘာသာျဖင့္ အၾကမ္းဖ်ဥ္း ဖတ္ရႈႏိုင္ရန္ျဖစ္ေစ ထို ဘာသာျပန္သည့္ လုပ္ေဆာင္ခ်က္သည္ လြန္စြာအသုံးဝင္သည့္ လုပ္ေဆာင္ ခ်က္ျဖစ္သည္။ ထို႔အျပင္ ယခု စတင္ ဘာသာျပန္ႏိုင္ခ်ိန္တြင္ မေခ်ာေမြ႕ ေသးေသာ္လည္း ေနာက္ ပိုင္းတြင္ ျမန္မာစာကို အသုံးျပဳသူမ်ား က ဝိုင္းဝန္းျပဳျပင္ သည့္အခါ ပို၍ ေခ်ာေမြ႕လာမည္ျဖစ္ရာ ယူနီကုဒ္စနစ္ကို ေျပာင္းလဲ အသုံးျပဳျခင္း အတြက္ ရရွိလာသည့္ သိသာ ထင္ရွားေသာ အက်ိဳးရလဒ္မ်ားထဲမွ တစ္ခု ျဖစ္သည္ဟု လည္း ဆိုႏိုင္မည္ျဖစ္သည္။

သူရၿဖိဳး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
------------------
Unicode
ဖေ့စ်ဘုတ်တွင် ဘာသာစုံမှ မြန်မာစာသို့ ဘာသာပြန်ပေးသည့်လုပ်ဆောင်ချက် စတင်ပါဝင်လာ

ရန်ကုန် အောက်တိုဘာ ၁၃

ယူနီကုဒ် အသုံးပြုနေသူများအတွက် ဖေ့စ်ဘုတ်ပေါ်မှ အင်္ဂလိပ်ဘာသာ အပါအဝင် ဘာသာပေါင်းစုံဖြင့် ရေးသားထားသော စာများကို မြန်မာဘာသာပြန်၍ ဖော်ပြသည့် Translation လုပ်ဆောင်ချက်ကို အောက်တိုဘာ ၁၂ ရက်မှ စ၍ ဖေ့စ်ဘုတ်က ထည့်သွင်းပေးထားကြောင်း သိရသည်။

ယခင်က မြန်မာဘာသာကို ဇော်ဂျီနှင့်ဖြစ်စေ၊ ယူနီကုဒ် နှင့်ဖြစ်စေ အသုံးပြုသူ များအတွက် ဖေ့စ်ဘုတ်၏ ဆက်တင် များ အပါအဝင် အညွှန်းများကို မြန်မာဘာသာဖြင့် သုံးစွဲနိုင်ရန် ဖေ့စ်ဘုတ်က လုပ်ဆောင်ပေးထားခြင်း ရှိခဲ့သော်လည်း ဖေ့စ်ဘုတ်ပေါ်တွင် ကမ္ဘာအနှံ့မှ ဘာသာ စကား ပေါင်းစုံဖြင့် ရေးတင်ထားသမျှ ပို့စ်များနှင့် ကွန်းမန့်များ အပါအဝင် စာအားလုံးကို မြန်မာဘာသာသို့ ပြန်ဆိုနိုင်သည့် လုပ်ဆောင်ချက်မှာ ယခုမှ စတင်ပါဝင်လာခြင်းဖြစ်ကာ ယူနီကုဒ်ဖြင့်သာ အသုံးပြုနိုင်သည်။

ထိုဘာသာပြန်သည့် လုပ်ဆောင်ချက်ကို အသုံးပြုရာ တွင် ယူနီကုဒ်စနစ်သုံးထားသော ဖုန်းများတွင် ဖေ့စ်ဘုတ် အက်ပလီကေးရှင်းဖြင့် အလွယ်တကူ အသုံးပြုနိုင်သည်။ သာမန်အားဖြင့် မည်သည့်ပြောင်းလဲမှုမျိုးမှ လုပ်ရန်မလိုဘဲ အင်္ဂလိပ်စာ အပါအဝင် မြန်မာဘာသာမဟုတ်သော အခြား မည်သည့်ဘာသာဖြင့်မဆို ရေးသားထားသည့် စာတိုင်း၏ အောက်တွင် See Translation ဟု စာတန်းတစ်ကြောင်း ပေါ်နေမည်ဖြစ်ကာ ထိုစာတန်းကို တစ်ချက်နှိပ်ရုံဖြင့် မြန်မာ ဘာသာပြန်ကို ဖော်ပြမည်ဖြစ်သည်။ မိုဘိုင်းဖုန်းဖြင့် သုံးသော်လည်း အက်ပလီကေးရှင်းမသုံးဘဲ ဖုန်း၏ Browser မှ ဖေ့စ်ဘုတ်ဝက်ဘ်ဆိုက်ကိုဝင်၍ သုံးမည်ဆိုလျှင်လည်း ဘာသာပြန်သည့် လုပ်ဆောင်ချက်ကို အသုံးပြုနိုင်သည်။

လက်ရှိအချိန်တွင် ဘာသာစကား အားလုံးအတွက် မြန်မာဘာသာပြန်ကို ရနိုင်သော်လည်း တရုတ်စာ အပါ အဝင် ဘာသာစကားအချို့အတွက်မူ See Translation စာတန်း ဖော်ပြခြင်းမရှိ သည် ကို တွေ့ရကာ ထိုသို့ အလို လျောက် ဘာသာပြန်ပေးရန် စာတန်းမဖော်ပြထားသော ဘာသာစကားများအတွက် ဘာသာပြန်ကို ရယူလိုပါက အက်ပလီကေးရှင်း၏ Setting ထဲသို့သွား၍ ပြင်ပေးရန် လိုအပ်မည်ဖြစ်သည်။

ကွန်ပျူတာဖြင့် ဖေ့စ်ဘုတ်ကိုအသုံးပြုသူများအတွက်မူ ကွန်ပျူတာတွင် ယူနီကုဒ် ရှိရမည်ဖြစ်သလို ဖေ့စ်ဘုတ် ဝက်ဘ်ဆိုက်ကို အသုံးပြုမည့် Browser ၏ Setting ထဲတွင် လည်း Default Font အဖြစ် ယူနီကုဒ်ဖောင့် တစ်ခုခုကို သတ်မှတ် ပေးရမည်ဖြစ်သည်။ ထို့နောက်တွင် ဖေ့စ်ဘုတ်ကို ဖွင့်လိုက်ပါက မြန်မာဘာသာ မဟုတ်သော အခြားဘာသာ များဖြင့် ရေးထားသည့် စာတိုင်းအတွက် အောက်ဘက်တွင် See Translation စာတန်း ပေါ်လာမည်ဖြစ်ကာ ထိုစာတန်း ကိုနှိပ်၍ မြန်မာဘာသာပြန်ကို ဖတ်နိုင်မည်ဖြစ်သည်။

ဘာသာပြန်သည့်လုပ်ဆောင်ချက် စတင်သော်လည်း လက်ရှိအချိန်တွင် မှန်ကန်စွာ ဘာသာ ပြန်နိုင်ခြင်း မရှိ သေးဘဲ အားနည်းချက်များ ရှိနေသေးသည်ကိုလည်း တွေ့ရ သည်။ စာသားအား လုံးကို ဘာသာမပြန်နိုင်သေးဘဲ အချို့ စာလုံးများကို အင်္ဂလိပ်စာအတိုင်းသာ ပြန်ဖော်ပြသလို ဘာသာပြန်နိုင်သည့် စာလုံးများကို ဘာသာပြန်ရာတွင် လည်း ချောမွေ့အောင် ပြန်ဆိုနိုင်ခြင်း မရှိသေးဘဲ သဒ္ဒါ အလွဲများ အတော်များများ ရှိနေသေးသည်ကို တွေ့ရသည်။

သို့ရာတွင် အင်္ဂလိပ်စာ အားနည်းသူများအတွက်ဖြစ်စေ၊ အခြားဘာသာစကားများဖြင့် ရေးထား သော စာများကို မြန်မာဘာသာဖြင့် အကြမ်းဖျဉ်း ဖတ်ရှုနိုင်ရန်ဖြစ်စေ ထို ဘာသာပြန်သည့် လုပ်ဆောင်ချက်သည် လွန်စွာအသုံးဝင်သည့် လုပ်ဆောင် ချက်ဖြစ်သည်။ ထို့အပြင် ယခု စတင် ဘာသာပြန်နိုင်ချိန်တွင် မချောမွေ့ သေးသော်လည်း နောက် ပိုင်းတွင် မြန်မာစာကို အသုံးပြုသူများ က ဝိုင်းဝန်းပြုပြင် သည့်အခါ ပို၍ ချောမွေ့လာမည်ဖြစ်ရာ ယူနီကုဒ်စနစ်ကို ပြောင်းလဲ အသုံးပြုခြင်း အတွက် ရရှိလာသည့် သိသာ ထင်ရှားသော အကျိုးရလဒ်များထဲမှ တစ်ခု ဖြစ်သည်ဟု လည်း ဆိုနိုင်မည်ဖြစ်သည်။

သူရဖြိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ေဖ့စ္ဘုတ္တြင္ ဘာသာစုံမွ ျမန္မာစာသို႔ ဘာသာျပန္ေပးသည့္လုပ္ေဆာင္ခ်က္ စတင္ပါဝင္လာ ေဖ့စ္ဘုတ္တြင္ ဘာသာစုံမွ ျမန္မာစာသို႔ ဘာသာျပန္ေပးသည့္လုပ္ေဆာင္ခ်က္ စတင္ပါဝင္လာ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.