၂၀၂၀ အမတ္ေလာင္းေရြးခ်ယ္ေရး NLD စဥ္းစားေန

NLD ဗဟို၊ တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္ ေတြ႔ဆံုပြဲကို ၂ဝ၁၉ ဇူလိုင္ ၂၁ ရက္ေန႔က ေနျပည္ေတာ္မွာက်င္းပစဥ္ / Photo: Thiha Tun/RFA
Zawgyi
၂၀၂၀ ေရြးေကာက္ပဲြအတြက္ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္မႈနဲ႔ ပတ္သက္ၿပီး အာဏာရ အမ်ဳိးသား ဒီမိုကေရစီ အဖဲြ႔ခ်ဳပ္က စတင္စဥ္းစားေနၿပီျဖစ္ပါတယ္။

ပါတီနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ယံုၾကည္ၿပီးမဲေပးခဲ့ရာမွာ ကိုယ္စားလွယ္ေတြအေပၚ ျပည္သူလူေတြက ထင္သေလာက္အားမရတဲ့ ျပႆနာေတြရွိခဲ့တာကို ပါတီေခါင္းေဆာင္ေတြ သတိထားမိတယ္လို႔ NLD ဗဟိုျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဦးေအာင္ရွင္က ေျပာပါတယ္။

ဒါဟာ လူပုဂၢိဳလ္ျပႆနာရွိလာတယ္လို႔ ျမင္တဲ့အတြက္ ဒီတစ္ႀကိမ္မွာ လူေတာ္ေတြကို စိစစ္ေရြးခ်ယ္သြားမွာျဖစ္တယ္ လို႔ သူက ဆိုပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲမွာ NLD ပါတီအေနနဲ႔ လူကိုမၾကည့္ဘဲ မူကိုၾကည့္ၿပီး မဲေပးဖို႔ စည္းရံုးခဲ့ေပမယ့္  လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ လူကိုၾကည့္ၿပီး ကိုယ္စားလွယ္ ေလာင္းေတြ ေရြးခ်ယ္ဖို႔ NLD ပါတီတြင္း ေဆြးေႏြးခ်က္ေတြ ရွိေနပါတယ္။

ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္ေရး အစီအစဥ္ ဘယ္ေတာ့အစျပဳမယ္ ဆိုတာကိုေတာ့ ဦးေအာင္ရွင္က ထုတ္ေဖာ္ေျပာဆုိျခင္း မရိွပါဘူး။

ပါတီအေပၚ သစၥာရွိၿပီး  အစဥ္အလာအရ နာမည္ေကာင္းခဲ့သူေတြ၊ လူေတာ္ေတြကိုသာ ေရြးခ်ယ္သြားမွာျဖစ္သလို လက္ရွိလႊတ္ေတာ္ ကိုယ္စားလွယ္ေတြထဲက ထက္ဝက္ေက်ာ္ကို ေျပာင္းလဲသြားမယ့္ အေျခအေနရွိတယ္လို႔ သိရပါတယ္။

ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ အဓိကလုိအပ္ခ်က္ျဖစ္တဲ့ ေငြေၾကး၊ စည္းရံုးႏိုင္တဲ့လူအင္အားနဲ႔ မဲဆြယ္ စည္းရံုးခြင့္ရမယ့္ အခ်ိန္ေတြကို စနစ္တက် စီမံေဆာင္ရြက္သြားဖို႔ ပါတီတြင္း ေဆြးေႏြးေဆာင္ရြက္ေနၿပီလို႔ ေျပာပါတယ္။

၂၀၂၀ အေထြေထြေရြးေကာက္ပြဲ  ဘယ္လမွာ က်င္းပမယ္ဆိုတာကိုေတာ့ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ေျပာတာ မရွိေသးပါဘူး။

လက္ရွိမွာ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ စာရင္းေတြအရ တရားဝင္မွတ္ပံုတင္ထားတဲ့ ပါတီအေရ အတြက္ဟာ ၉၅ ပါတီရွိေနပါတယ္။

အဲဒီထဲက တိုင္းရင္းသား စည္းလံုးညီညြတ္ေရးပါတီ တစညကေတာ့ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ တရားဝင္ထုတ္ေဖာ္ေျပာၾကားထားၿပီး ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
Unicode
၂၀၂၀ အမတ်လောင်းရွေးချယ်ရေး NLD စဉ်းစားနေ

NLD ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် တွေ့ဆုံပွဲကို ၂ဝ၁၉ ဇူလိုင် ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပစဉ် / Photo: Thiha Tun/RFA

၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီး အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စတင်စဉ်းစားနေပြီဖြစ်ပါတယ်။

ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီးမဲပေးခဲ့ရာမှာ ကိုယ်စားလှယ်တွေအပေါ် ပြည်သူလူတွေက ထင်သလောက်အားမရတဲ့ ပြဿနာတွေရှိခဲ့တာကို ပါတီခေါင်းဆောင်တွေ သတိထားမိတယ်လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ရှင်က ပြောပါတယ်။

ဒါဟာ လူပုဂ္ဂိုလ်ပြဿနာရှိလာတယ်လို့ မြင်တဲ့အတွက် ဒီတစ်ကြိမ်မှာ လူတော်တွေကို စိစစ်ရွေးချယ်သွားမှာဖြစ်တယ် လို့ သူက ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ လူကိုမကြည့်ဘဲ မူကိုကြည့်ပြီး မဲပေးဖို့ စည်းရုံးခဲ့ပေမယ့်  လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လူကိုကြည့်ပြီး ကိုယ်စားလှယ် လောင်းတွေ ရွေးချယ်ဖို့ NLD ပါတီတွင်း ဆွေးနွေးချက်တွေ ရှိနေပါတယ်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး အစီအစဉ် ဘယ်တော့အစပြုမယ် ဆိုတာကိုတော့ ဦးအောင်ရှင်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ပါတီအပေါ် သစ္စာရှိပြီး  အစဉ်အလာအရ နာမည်ကောင်းခဲ့သူတွေ၊ လူတော်တွေကိုသာ ရွေးချယ်သွားမှာဖြစ်သလို လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေထဲက ထက်ဝက်ကျော်ကို ပြောင်းလဲသွားမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ငွေကြေး၊ စည်းရုံးနိုင်တဲ့လူအင်အားနဲ့ မဲဆွယ် စည်းရုံးခွင့်ရမယ့် အချိန်တွေကို စနစ်တကျ စီမံဆောင်ရွက်သွားဖို့ ပါတီတွင်း ဆွေးနွေးဆောင်ရွက်နေပြီလို့ ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ  ဘယ်လမှာ ကျင်းပမယ်ဆိုတာကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြောတာ မရှိသေးပါဘူး။

လက်ရှိမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီအရေ အတွက်ဟာ ၉၅ ပါတီရှိနေပါတယ်။

အဲဒီထဲက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစညကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
၂၀၂၀ အမတ္ေလာင္းေရြးခ်ယ္ေရး NLD စဥ္းစားေန ၂၀၂၀ အမတ္ေလာင္းေရြးခ်ယ္ေရး NLD စဥ္းစားေန Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.