ကိုယ္ခ်စ္ခင္ရတဲ့သူတစ္ေယာက္ မူးယစ္ေဆးသုံးေနသလား ဘယ္လိုသိႏိုင္မလဲ

Zawgyi
ေဆးသုံးတယ္တဲ့လား။ လူကပိန္သြားၿပီး မ်က္တြင္းေလးက်ေနရင္ အိမ္ကလူႀကီးေတြကထင္မယ္။ ဒီေကာင္ ေဆးသုံးေနလားမသိဘူး ဆိုတဲ့အေတြး…

တကယ္က ညဘက္ဂိမ္းေဆာ့ထားလို႔ျဖစ္ရင္ျဖစ္မယ္၊ အစားမမွန္ အအိပ္မမွန္လို႔၊ ေသြးအားနည္းလို႔၊ ေဆးလိပ္ေသာက္တာမ်ားလို႔ စတဲ့ အေၾကာင္းရင္းေတြေၾကာင့္ျဖစ္ရင္ျဖစ္မယ္။ အဲ… တကယ္ပဲ ေဆးသုံးတယ္ဆိုရင္ေတာ့ ဒီအသြင္အျပင္ေလာက္နဲ႔ အဆုံးအျဖတ္ေပးလို႔၊ ေကာက္ခ်က္ခ်လို႔မရပါဘူးေနာ္။ တျခားသိသာတဲ့ အသြင္အျပင္နဲ႔ အျပဳအမူ လကၡဏာေတြ အမ်ားႀကီး ရွိေနေသးတယ္ဆိုတာ အိမ္ကလူႀကီးေတြကိုေျပာျပလိုက္ပါဦး။

မူးယစ္ေဆးသုံးေနသူတစ္ေယာက္မွာ ေတြ႕ရမ်ားတဲ့ အျပင္ပန္းလကၡဏာေတြ

ကိုယ္ခ်စ္ခင္ရတဲ့သူတစ္ေယာက္ မူးယစ္ေဆးဝါးသုံးစြဲေနသလားဆိုတာကို သိႏိုင္ဖို႔က အသြင္အျပင္လကၡဏာေတြက အသိသာဆုံးဆိုတာ မွန္ပါတယ္။ အမ်ားစုမွာ ေတြ႕ရတတ္တာက –

• အိပ္မေပ်ာ္ႏိုင္တာ၊ အခ်ိန္အခါမဟုတ္ ႏိုးလာတာ၊ အခ်ိန္အခါမဟုတ္ ေနရာမေ႐ြး အိပ္ေမာက်သြားတာ တို႔လို သိသာတဲ့အိပ္စက္မႈျပႆနာမ်ား

• သုံးတဲ့ေဆးအမ်ိဳးအစားကိုမူတည္ၿပီး မလုပ္ခ်င္မကိုင္ခ်င္ ႏုံးခ်ိတာ ဒါမွမဟုတ္ရင္ အလြန္အကြၽံ ခြန္အားရွိေနတာမ်ိဳး

• စားေသာက္ပုံ အမူအက်င့္ေတြေျပာင္းလဲလာတာ( အစားပ်က္တာ၊ အစာစားခ်င္စိတ္ပိုမ်ားလာတာမ်ိဳး)

• မ်က္စိသူငယ္အိမ္ ပုံမွန္ထက္ ပိုက်ယ္လာတာ ဒါမွမဟုတ္ က်ဳံ႕သြားတာ

• မ်က္ရည္ထြက္ေနတာ၊ ဒါမွမဟုတ္ မ်က္စိနီရဲေနတာ

• အနံ႔တမ်ိဳးထြက္ေနတာ

• စကားအရမ္းမ်ားလာတာ ဒါမွမဟုတ္ တက္ႂကြလြန္ေနတာ

• စကားေျပာ ဗလုံးဗေထြးျဖစ္လာတာ

• တုန္တုန္ရီရီျဖစ္လာတာ၊ ဟန္ခ်က္ထိန္းညႇိမရတာ

• ကိုယ္အေလးခ်ိန္ အတက္အက်႐ုတ္တရက္ေျပာင္းလဲလာတာ

• ကိုယ့္ကိုယ္ကို ဂ႐ုစိုက္မႈ၊ ျပင္ဆင္မႈ မရွိေတာ့တာ

• မ်က္ႏွာမွာ နီတာ၊ ျဖဴေဖ်ာ့တာ ေတြျဖစ္လာတာ ေတြ ျဖစ္ပါတယ္။

အသုံးမ်ားတဲ့ တလြဲသုံး ေဆးဝါးေတြရဲ႕ သက္ေရာက္မႈ

အမ်ားအားျဖင့္ ၿခဳံငုံေဖာ္ျပရရင္ေတာ့ –

• ေဆးေျခာက္ – ေဆးေျခာက္သုံးတဲ့သူေတြမွာ မ်က္စိနီတာ၊ မ်က္လုံးအၾကည့္က အသက္မပါတာ၊ မလိုအပ္ဘဲ ထရယ္တာ၊ စကားသံက်ယ္ေလာင္တာ၊ စိတ္အားတက္ႂကြမႈ နဲ႔ စိတ္ဝင္စားမႈနည္းတာ၊ ကိုယ္အေလးခ်ိန္ေျပာင္းလဲတာေတြျဖစ္ေစႏိုင္တယ္။

• Opioids – OxyContin၊ hydrocodone ၊ Vicodin ၊ Percocet ၊ Demerol တို႔လို ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ေသာက္ရတဲ့ opioid အကိုက္အခဲေပ်ာက္ေဆးေတြ ဒီအမ်ိဳးအစားမွာ ပါဝင္ပါတယ္။ ဒီေဆးေတြနဲ႔ ဘိန္း သုံးစြဲတဲ့အခါ အလင္းေရာင္ေကာင္းတဲ့ေနရာမွာေတာင္ သူငယ္အိမ္က်ဳံ႕ေစႏိုင္တယ္၊ အစားအေသာက္ပ်က္တယ္၊ အရမ္းအိပ္မယ္၊ အန္မယ္၊ ေခ်ာင္းဆိုးမယ္၊ ေခြၽးေတြထြက္မယ္၊ မ်က္ေၾကာလိုက္တတ္တယ္၊ ႏွာေခါင္းတရႈံ႕ရႈံ႕ျဖစ္မယ္။

• စိတ္ႂကြေဆး – စိတ္ႂကြေဆးေတြက ဗဟိုအာ႐ုံေၾကာစနစ္ကို လႈပ္ရွားလုပ္ေဆာင္မႈ ပိုေစတဲ့ေဆးေတြျဖစ္ၿပီး amphetamine နဲ႔ methamphetamine တို႔လို ဆရာဝန္ၫႊန္ၾကားမွရတဲ့ ေဆးေတြကို တလြဲသုံးျခင္း၊ ကိုကင္း၊ crystal meth တို႔ပါဝင္ပါတယ္။ စိတ္ႂကြေဆးဝါးေတြက စိတ္ကူးယဥ္ေမ်ာလြင့္မႈကိုျဖစ္ေစၿပီး ခြန္အားပိုရွိေစတာ၊ လန္းဆန္းတက္ႂကြေစတာ၊ အအိပ္နည္းတာ၊ အစာစားခ်င္စိတ္နည္းေစတာ၊ ကိုယ္အေလးခ်ိန္က်ေစတာ၊ အာေခါင္ေျခာက္ေစတာ၊ စိတ္တိုေဒါသျဖစ္လြယ္ေစတာ၊ စိုးရိမ္စိတ္မ်ားေစတာတို႔ပါဝင္ပါတယ္။ စိတ္ႂကြေဆး သုံးထားသူေတြက တက္ႂကြလြန္ေနတာ၊ စကားမ်ားလြန္းတာ၊ ၿပဳံး႐ႊင္ေနရာကေန ခ်က္ခ်င္းစိတ္ဓာတ္က်တာေတြ ျဖစ္လာႏိုင္ပါတယ္။
• စိတ္ၿငိမ္ေဆး – ခႏၶာကိုယ္ကို ေျပေလ်ာ့ေစၿပီး အိပ္ေပ်ာ္ေစတဲ့ စိတ္ၿငိမ္ေဆးေတြပါ။ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ေသာက္ရတဲ့ ဒီေဆးေတြကို အိပ္မေပ်ာ္တဲ့လူနာေတြနဲ႔ စိုးရိမ္စိတ္မ်ားတဲ့လူနာေတြကိုကုသရာမွာ သုံးေလ့ရွိပါတယ္။ Benzodiazepines အပါအဝင္ ဒီေဆးေတြက အိပ္ငိုက္တာ၊ ဟန္ခ်က္ထိန္းမရႏိုင္တာ၊ ဆင္ျခင္ဆုံးျဖတ္ႏိုင္စြမ္းမေကာင္းတာ၊ စကားဗလုံးဗေထြးေျပာတာ၊ အာ႐ုံစူးစိုက္ဖို႔ခက္တာ၊ အရက္မူးသလိုလကၡဏာေတြျဖစ္တာတို႔ ျဖစ္ေစပါတယ္။

• အာ႐ုံမွာ ထင္ေယာင္ထင္မွားျဖစ္ေစတဲ့ေဆး – ဒီေဆးေတြထဲမွာ Phencyclidine (PCP)၊ angel dust၊ peyote၊ Lysergic acid diethylamide(LSD) တို႔ပါဝင္ပါတယ္။ ဒီေဆးေတြက အာ႐ုံကို ထင္ေယာင္ထင္မွားေတြျဖစ္ေစတဲ့အျပင္ သူငယ္အိမ္က်ယ္ျခင္း၊ အာ႐ုံရႈပ္ေထြးျခင္း၊ စကား ဗလုံးဗေထြးျဖစ္ျခင္း၊ အေၾကာက္လြန္သံသယစိတ္ဖိစီးျခင္း၊ စိတ္အတက္အက်ျမန္ျခင္း၊ ရန္လိုျခင္း၊ အေတြးထဲနစ္ေမ်ာ စိတ္စြဲလမ္းမႈေတြျဖစ္ေစပါတယ္။

• ရႉသြင္းျခင္း – ဒီအမ်ိဳးအစားမွာ ေကာ္၊ aerosol နဲ႔ အိမ္သုတ္ေဆးတို႔လို အရွိန္တက္ေစႏိုင္တဲ့ အိမ္သုံးဓာတုပစၥည္းေတြပါဝင္ပါတယ္။ ေကာ္ရႉတာလိုမ်ိဳး သုံးစြဲမႈေတြေၾကာင့္ မွတ္ဉာဏ္ျပႆနာေတြ၊ ပါးစပ္ ဒါမွမဟုတ္ ႏွာေခါင္းတဝိုက္မွာ အနီကြက္ေတြျဖစ္ေစတာ၊ ႏွာရည္က်တာ၊ အျမင္အာ႐ုံျပႆနာ၊ ေခါင္းကိုက္တာ၊ ငိုက္မ်ဥ္းတာ၊ စိုးရိမ္စိတ္မ်ားတာ၊ မအီမသာျဖစ္တာ၊ ႂကြက္သားထိန္းခ်ဳပ္လို႔မရတာ၊ အစာစားခ်င္စိတ္ အေျပာင္းအလဲျဖစ္တာေတြ ရွိလာႏိုင္ပါတယ္။

ဒီေလာက္ဆို မူးယစ္ေဆးသုံးထားလား၊ မသုံးထားဘူးလားဆိုတာ ေယဘုယ်အားျဖင့္ေတာ့ သတိထားၾကည့္လို႔ရႏိုင္ပါတယ္ေနာ္။

ေရးသားသူ Yun Sandi Nan Mon
 ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
Unicode
ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ

ဆေးသုံးတယ်တဲ့လား။ လူကပိန်သွားပြီး မျက်တွင်းလေးကျနေရင် အိမ်ကလူကြီးတွေကထင်မယ်။ ဒီကောင် ဆေးသုံးနေလားမသိဘူး ဆိုတဲ့အတွေး…

တကယ်က ညဘက်ဂိမ်းဆော့ထားလို့ဖြစ်ရင်ဖြစ်မယ်၊ အစားမမှန် အအိပ်မမှန်လို့၊ သွေးအားနည်းလို့၊ ဆေးလိပ်သောက်တာများလို့ စတဲ့ အကြောင်းရင်းတွေကြောင့်ဖြစ်ရင်ဖြစ်မယ်။ အဲ… တကယ်ပဲ ဆေးသုံးတယ်ဆိုရင်တော့ ဒီအသွင်အပြင်လောက်နဲ့ အဆုံးအဖြတ်ပေးလို့၊ ကောက်ချက်ချလို့မရပါဘူးနော်။ တခြားသိသာတဲ့ အသွင်အပြင်နဲ့ အပြုအမူ လက္ခဏာတွေ အများကြီး ရှိနေသေးတယ်ဆိုတာ အိမ်ကလူကြီးတွေကိုပြောပြလိုက်ပါဦး။

မူးယစ်ဆေးသုံးနေသူတစ်ယောက်မှာ တွေ့ရများတဲ့ အပြင်ပန်းလက္ခဏာတွေ

ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးဝါးသုံးစွဲနေသလားဆိုတာကို သိနိုင်ဖို့က အသွင်အပြင်လက္ခဏာတွေက အသိသာဆုံးဆိုတာ မှန်ပါတယ်။ အများစုမှာ တွေ့ရတတ်တာက –

• အိပ်မပျော်နိုင်တာ၊ အချိန်အခါမဟုတ် နိုးလာတာ၊ အချိန်အခါမဟုတ် နေရာမရွေး အိပ်မောကျသွားတာ တို့လို သိသာတဲ့အိပ်စက်မှုပြဿနာများ

• သုံးတဲ့ဆေးအမျိုးအစားကိုမူတည်ပြီး မလုပ်ချင်မကိုင်ချင် နုံးချိတာ ဒါမှမဟုတ်ရင် အလွန်အကျွံ ခွန်အားရှိနေတာမျိုး

• စားသောက်ပုံ အမူအကျင့်တွေပြောင်းလဲလာတာ( အစားပျက်တာ၊ အစာစားချင်စိတ်ပိုများလာတာမျိုး)

• မျက်စိသူငယ်အိမ် ပုံမှန်ထက် ပိုကျယ်လာတာ ဒါမှမဟုတ် ကျုံ့သွားတာ

• မျက်ရည်ထွက်နေတာ၊ ဒါမှမဟုတ် မျက်စိနီရဲနေတာ

• အနံ့တမျိုးထွက်နေတာ

• စကားအရမ်းများလာတာ ဒါမှမဟုတ် တက်ကြွလွန်နေတာ

• စကားပြော ဗလုံးဗထွေးဖြစ်လာတာ

• တုန်တုန်ရီရီဖြစ်လာတာ၊ ဟန်ချက်ထိန်းညှိမရတာ

• ကိုယ်အလေးချိန် အတက်အကျရုတ်တရက်ပြောင်းလဲလာတာ

• ကိုယ့်ကိုယ်ကို ဂရုစိုက်မှု၊ ပြင်ဆင်မှု မရှိတော့တာ

• မျက်နှာမှာ နီတာ၊ ဖြူဖျော့တာ တွေဖြစ်လာတာ တွေ ဖြစ်ပါတယ်။

အသုံးများတဲ့ တလွဲသုံး ဆေးဝါးတွေရဲ့ သက်ရောက်မှု

အများအားဖြင့် ခြုံငုံဖော်ပြရရင်တော့ –

• ဆေးခြောက် – ဆေးခြောက်သုံးတဲ့သူတွေမှာ မျက်စိနီတာ၊ မျက်လုံးအကြည့်က အသက်မပါတာ၊ မလိုအပ်ဘဲ ထရယ်တာ၊ စကားသံကျယ်လောင်တာ၊ စိတ်အားတက်ကြွမှု နဲ့ စိတ်ဝင်စားမှုနည်းတာ၊ ကိုယ်အလေးချိန်ပြောင်းလဲတာတွေဖြစ်စေနိုင်တယ်။

• Opioids – OxyContin၊ hydrocodone ၊ Vicodin ၊ Percocet ၊ Demerol တို့လို ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတဲ့ opioid အကိုက်အခဲပျောက်ဆေးတွေ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်။ ဒီဆေးတွေနဲ့ ဘိန်း သုံးစွဲတဲ့အခါ အလင်းရောင်ကောင်းတဲ့နေရာမှာတောင် သူငယ်အိမ်ကျုံ့စေနိုင်တယ်၊ အစားအသောက်ပျက်တယ်၊ အရမ်းအိပ်မယ်၊ အန်မယ်၊ ချောင်းဆိုးမယ်၊ ချွေးတွေထွက်မယ်၊ မျက်ကြောလိုက်တတ်တယ်၊ နှာခေါင်းတရှုံ့ရှုံ့ဖြစ်မယ်။

• စိတ်ကြွဆေး – စိတ်ကြွဆေးတွေက ဗဟိုအာရုံကြောစနစ်ကို လှုပ်ရှားလုပ်ဆောင်မှု ပိုစေတဲ့ဆေးတွေဖြစ်ပြီး amphetamine နဲ့ methamphetamine တို့လို ဆရာဝန်ညွှန်ကြားမှရတဲ့ ဆေးတွေကို တလွဲသုံးခြင်း၊ ကိုကင်း၊ crystal meth တို့ပါဝင်ပါတယ်။ စိတ်ကြွဆေးဝါးတွေက စိတ်ကူးယဉ်မျောလွင့်မှုကိုဖြစ်စေပြီး ခွန်အားပိုရှိစေတာ၊ လန်းဆန်းတက်ကြွစေတာ၊ အအိပ်နည်းတာ၊ အစာစားချင်စိတ်နည်းစေတာ၊ ကိုယ်အလေးချိန်ကျစေတာ၊ အာခေါင်ခြောက်စေတာ၊ စိတ်တိုဒေါသဖြစ်လွယ်စေတာ၊ စိုးရိမ်စိတ်များစေတာတို့ပါဝင်ပါတယ်။ စိတ်ကြွဆေး သုံးထားသူတွေက တက်ကြွလွန်နေတာ၊ စကားများလွန်းတာ၊ ပြုံးရွှင်နေရာကနေ ချက်ချင်းစိတ်ဓာတ်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။
• စိတ်ငြိမ်ဆေး – ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အိပ်ပျော်စေတဲ့ စိတ်ငြိမ်ဆေးတွေပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတဲ့ ဒီဆေးတွေကို အိပ်မပျော်တဲ့လူနာတွေနဲ့ စိုးရိမ်စိတ်များတဲ့လူနာတွေကိုကုသရာမှာ သုံးလေ့ရှိပါတယ်။ Benzodiazepines အပါအဝင် ဒီဆေးတွေက အိပ်ငိုက်တာ၊ ဟန်ချက်ထိန်းမရနိုင်တာ၊ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမကောင်းတာ၊ စကားဗလုံးဗထွေးပြောတာ၊ အာရုံစူးစိုက်ဖို့ခက်တာ၊ အရက်မူးသလိုလက္ခဏာတွေဖြစ်တာတို့ ဖြစ်စေပါတယ်။

• အာရုံမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ဆေး – ဒီဆေးတွေထဲမှာ Phencyclidine (PCP)၊ angel dust၊ peyote၊ Lysergic acid diethylamide(LSD) တို့ပါဝင်ပါတယ်။ ဒီဆေးတွေက အာရုံကို ထင်ယောင်ထင်မှားတွေဖြစ်စေတဲ့အပြင် သူငယ်အိမ်ကျယ်ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ စကား ဗလုံးဗထွေးဖြစ်ခြင်း၊ အကြောက်လွန်သံသယစိတ်ဖိစီးခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ ရန်လိုခြင်း၊ အတွေးထဲနစ်မျော စိတ်စွဲလမ်းမှုတွေဖြစ်စေပါတယ်။

• ရှူသွင်းခြင်း – ဒီအမျိုးအစားမှာ ကော်၊ aerosol နဲ့ အိမ်သုတ်ဆေးတို့လို အရှိန်တက်စေနိုင်တဲ့ အိမ်သုံးဓာတုပစ္စည်းတွေပါဝင်ပါတယ်။ ကော်ရှူတာလိုမျိုး သုံးစွဲမှုတွေကြောင့် မှတ်ဉာဏ်ပြဿနာတွေ၊ ပါးစပ် ဒါမှမဟုတ် နှာခေါင်းတဝိုက်မှာ အနီကွက်တွေဖြစ်စေတာ၊ နှာရည်ကျတာ၊ အမြင်အာရုံပြဿနာ၊ ခေါင်းကိုက်တာ၊ ငိုက်မျဉ်းတာ၊ စိုးရိမ်စိတ်များတာ၊ မအီမသာဖြစ်တာ၊ ကြွက်သားထိန်းချုပ်လို့မရတာ၊ အစာစားချင်စိတ် အပြောင်းအလဲဖြစ်တာတွေ ရှိလာနိုင်ပါတယ်။

ဒီလောက်ဆို မူးယစ်ဆေးသုံးထားလား၊ မသုံးထားဘူးလားဆိုတာ ယေဘုယျအားဖြင့်တော့ သတိထားကြည့်လို့ရနိုင်ပါတယ်နော်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကိုယ္ခ်စ္ခင္ရတဲ့သူတစ္ေယာက္ မူးယစ္ေဆးသုံးေနသလား ဘယ္လိုသိႏိုင္မလဲ ကိုယ္ခ်စ္ခင္ရတဲ့သူတစ္ေယာက္ မူးယစ္ေဆးသုံးေနသလား ဘယ္လိုသိႏိုင္မလဲ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.