လယ္သမား ၅၀၀ ၀န္းက်င္ သီလ၀ါစီးပြားေရးဇုန္မွာ ဆႏၵျပ

ရန္ကုန္တိုင္း ေျမစစ္ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္က ေဒသခံေတြ နစ္နာေစတဲ့အတြက္ ပယ္ဖ်က္ေပးဖို႔ ၂၀၁၉၊ ေအာက္တိုဘာ ၂၃ ရက္ေန႔က ေက်ာက္တန္းၿမိဳ႕ေပၚမွာ လယ္သမားေတြ လမ္းေလွ်ာက္ဆႏၵျပၾကစဥ္
Zawgyi
သီလ၀ါ အထူးစီးပြားေရးဇုုန္နားတ၀ုိက္ ေျမသိမ္းမႈနဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္း ေျမစစ္ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္က ေဒသခံေတြ နစ္နာေစတဲ့အတြက္ ဆုံးျဖတ္ခ်က္ကုိ ပယ္ဖ်က္ေပးဖို႔ လယ္သမား ၅၀၀ ၀န္းက်င္က ဒီေန႔ ေက်ာက္တန္းၿမိဳ႕ေပၚမွာ လမ္းေလွ်ာက္ဆႏၵျပခဲ့ၾကပါတယ္။

သိမ္းဆည္းခံေျမေတြအမႈကို ပိတ္သိမ္းဖို႔ တိုင္းေျမစစ္က ဆံုးျဖတ္တာေၾကာင့္ အခုလို ဆႏၵျပေနၾကတာပါ။ လယ္သမားေတြက သီလဝါဝန္းက်င္မွာ ဥပေဒမဲ့ သိမ္းဆည္းခံရတဲ့ေျမယာေတြ ဥပေဒနဲ႔အညီ ျပန္လည္ရရွိေရး၊ ေတာင္သူလယ္သမား အခြင့္အေရးနဲ႔နစ္နာမႈေတြကို ႏိုင္ငံေတာ္က ကာကြယ္ေပးေရးတို႔အတြက္ ေတာင္းဆိုၾကပါတယ္။

ျမန္မာႏုိင္ငံမွာ အထူးစီးပြားေရးစက္မႈဇုန္ သံုးခုရွိတဲ့အနက္ သီလ၀ါ စီးပြားေရးဇုန္ဟာ လက္ရွိအခ်ိန္မွာ အေအာင္ျမင္ဆုံးျဖစ္ၿပီးေတာ့ ထြက္ကုန္ေတြကို ႏုိင္ငံတကာ ေစ်းကြက္အထိ တင္ပုိ႔ေရာင္းခ်လ်က္ရွိပါတယ္။ ဒီလုိေအာင္ျမင္ေနေပမယ့္ တစ္ဘက္မွာ အျငင္းပြားဖြယ္ ေျမယာေလ်ာ္ေၾကးကိစၥရပ္ေတြ၊ ေနရာခ်ထားေရး ကိစၥရပ္ေတြဟာ လက္ရွိအခ်ိန္ထိ ေျဖရွင္းေနရဆဲပါ။

သီလ၀ါစီးပြားေရးဇုန္မွာ ဂ်ပန္၊ တရုတ္၊ စကၤာပူ ႏုိင္ငံေတြက ကုမၸဏီေတြ ပါ၀င္ၿပီးေတာ့ အထည္ခ်ဳပ္ကေန ကားထုတ္လုပ္တဲ့လုပ္ငန္းေတြအထိ ပါ၀င္ပါတယ္။ စက္မႈဇုန္ A ကုိ ၂၀၁၅ ကတည္းက ေျမ ဟက္တာ ၄၀၀ ေက်ာ္မွာ လုပ္ငန္းေပါင္း ၈၀ ေက်ာ္နဲ႔ လည္ပတ္ေနတာပါ။

လက္ရွိအခ်ိန္မွာေတာ့ ဇုန္ B ကုိ ဆက္လက္ အေကာင္အထည္ေဖာ္ေနတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
Unicode
လယ်သမား ၅၀၀ ဝန်းကျင် သီလဝါစီးပွားရေးဇုန်မှာ ဆန္ဒပြ

ရန်ကုန်တိုင်း မြေစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်က ဒေသခံတွေ နစ်နာစေတဲ့အတွက် ပယ်ဖျက်ပေးဖို့ ၂၀၁၉၊ အောက်တိုဘာ ၂၃ ရက်နေ့က ကျောက်တန်းမြို့ပေါ်မှာ လယ်သမားတွေ လမ်းလျှောက်ဆန္ဒပြကြစဉ်
ဓါတ်ပုံ - ကျော်လွင်ဦး/ RFA

သီလဝါ အထူးစီးပွားရေးဇုန်နားတဝိုက် မြေသိမ်းမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း မြေစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်က ဒေသခံတွေ နစ်နာစေတဲ့အတွက် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ လယ်သမား ၅၀၀ ဝန်းကျင်က ဒီနေ့ ကျောက်တန်းမြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

သိမ်းဆည်းခံမြေတွေအမှုကို ပိတ်သိမ်းဖို့ တိုင်းမြေစစ်က ဆုံးဖြတ်တာကြောင့် အခုလို ဆန္ဒပြနေကြတာပါ။ လယ်သမားတွေက သီလဝါဝန်းကျင်မှာ ဥပဒေမဲ့ သိမ်းဆည်းခံရတဲ့မြေယာတွေ ဥပဒေနဲ့အညီ ပြန်လည်ရရှိရေး၊ တောင်သူလယ်သမား အခွင့်အရေးနဲ့နစ်နာမှုတွေကို နိုင်ငံတော်က ကာကွယ်ပေးရေးတို့အတွက် တောင်းဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ အထူးစီးပွားရေးစက်မှုဇုန် သုံးခုရှိတဲ့အနက် သီလဝါ စီးပွားရေးဇုန်ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးဖြစ်ပြီးတော့ ထွက်ကုန်တွေကို နိုင်ငံတကာ ဈေးကွက်အထိ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ဒီလိုအောင်မြင်နေပေမယ့် တစ်ဘက်မှာ အငြင်းပွားဖွယ် မြေယာလျော်ကြေးကိစ္စရပ်တွေ၊ နေရာချထားရေး ကိစ္စရပ်တွေဟာ လက်ရှိအချိန်ထိ ဖြေရှင်းနေရဆဲပါ။

သီလဝါစီးပွားရေးဇုန်မှာ ဂျပန်၊ တရုတ်၊ စင်္ကာပူ နိုင်ငံတွေက ကုမ္ပဏီတွေ ပါဝင်ပြီးတော့ အထည်ချုပ်ကနေ ကားထုတ်လုပ်တဲ့လုပ်ငန်းတွေအထိ ပါဝင်ပါတယ်။ စက်မှုဇုန် A ကို ၂၀၁၅ ကတည်းက မြေ ဟက်တာ ၄၀၀ ကျော်မှာ လုပ်ငန်းပေါင်း ၈၀ ကျော်နဲ့ လည်ပတ်နေတာပါ။

လက်ရှိအချိန်မှာတော့ ဇုန် B ကို ဆက်လက် အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
လယ္သမား ၅၀၀ ၀န္းက်င္ သီလ၀ါစီးပြားေရးဇုန္မွာ ဆႏၵျပ လယ္သမား ၅၀၀ ၀န္းက်င္ သီလ၀ါစီးပြားေရးဇုန္မွာ ဆႏၵျပ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.