ပလက္ဝမွာ တပ္က ေပၚတာဆဲြ၊ ေန႔တြက္ခေပးၿပီး ေစခိုင္း

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ေျမပံုကို ေတြ႔ရစဥ္
Zawgyi
ပလက္ဝၿမိဳ႕နယ္ ခေမာင္းဝေက်းရြာမွာရွိတဲ့ တပ္မ ၇၇ လက္ေအာက္ခံတပ္အထိ ေဒသခံေတြဟာ မီးဇာေက်းရြာကေန ဆန္နဲ႔ စားနပ္ရိကၡာေတြကို သြားေရာက္သယ္ေပးရတာျဖစ္ပါတယ္။

ခေမာင္းဝ ေက်းရြာဟာ ပလက္၀ၿမဳိ႕နယ္ရဲ႕ ေျမာက္ဘက္ မုိင္ ၃၀ ၀န္းက်င္ေ၀းၿပီး တပ္မေတာ္ စစ္ဗ်ဴဟာကုန္းရွိတဲ့ေနရာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၉ ရက္ေန႔ကစၿပီး တပ္မေတာ္က မီးဇာေက်းရြာက အမ်ိဳးသားေတြကို လာ ေရာက္ေခၚယူတာလို႔ ေဒသခံေတြက ေျပာပါတယ္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔က အေယာက္ ၂၀၊ ၂၀ ရက္ေန႔က ၁၇ ေယာက္၊ ၂၁ ရက္ေန႔က ၂၇ ေယာက္နဲ႔ ဒီေန႔ ၂၃ ရက္ေန႔မွာ အေယာက္ ၃၀ ေက်ာ္ ေခၚယူေနတယ္လို႔ သိရပါတယ္။

အဓမၼသေဘာမ်ိဳးေခၚတာမဟုတ္ေပမယ့္ တခ်ိဳ႕ေတြက ေက်ေက်နပ္နပ္ သြားေရာက္ၾကတာျဖစ္ၿပီး တခ်ိဳ႕ကေတာ့ မသြားခ်င္ဘဲ သြားရတာလုိ႔ မီးဇာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးမိုဘိုင္း ကေျပာပါတယ္။

"တခ်ိဳ႕ေတြက ေက်နပ္တယ္ တခ်ိဳ႕ေတြက မေက်နပ္တာေတာ့ ရွိတာေပါ့ တခ်ိဳ႕ေတြက သြားတယ္ တခ်ိဳ႕ေတြက မသြားဘူး အဲလိုေတာ့ ရႈပ္ေထြးေနတာေတာ့ရွိတာေပါ့ တျဖည္းျဖည္းပို႔ေနတာ အကန္႔အသတ္ေတာ့မရွိဘူး တစ္ေန႔ရွိရင္တစ္ေန႔ ေနာက္တစ္ေန႔ရွိရင္ ေနာက္တစ္ေနပို႔တယ္ အဆက္မျပတ္ေပါ့ေလ ဒီလိုပို႔ေနရတယ္ အေျခအေန ေကာင္းလို႔ရွိရင္"

ဆန္တစ္အိတ္ကို လူ ႏွစ္ေယာက္ႏႈန္းထမ္းရတာျဖစ္ၿပီး တစ္ေယာက္ကို ေန႔တြက္ခ ေလးေထာင္က်ပ္ ေပးတယ္လို႔ သိရပါတယ္။

မီးဇာကေန ခေမာင္းဝေက်းရြာ အထိသြားရတဲ့ခရီးဟာ ေျခလ်င္သြားေရာက္ရတာျဖစ္ၿပီး တစ္ေန႔လံုး သြားရတဲ့ ခရီးျဖစ္ပါတယ္။

ပလက္ဝၿမိဳ႕ဟာ မေအးခ်မ္းတဲ့ေနရာျဖစ္တာေၾကာင့္ ေဒသခံေတြရဲ႕ လံုျခံဳေရးစိုးရိမ္ရၿပီး တပ္က အခု လို ေပၚတာေခၚယူတာ ျပည္သူကို ဝန္ထုတ္ဝန္ပိုးျဖစ္ေစတယ္လို႔ ခ်င္းလူအခြင့္အေရးအဖြဲ႔က ဆလိုင္းေတးရာက ေျပာပါတယ္။

"အဲဒီေဒသက တကယ္စစ္ျဖစ္တဲ့ေနရာ သူတို႔လံုျခံဳေရးအတြက္ စိုးရိမ္စရာရွိတယ္။ ၿပီးေတာ့ သူတို႔ကို လံုျခံဳေရးလည္း မေပးဘူး အဲလိုခိုင္းတာေတာ့ သူတို႔အတြက္ အဲလိုမျဖစ္သင့္ဘူး။ အခုခ်ိန္ဆို ပလက္ဝၿမိဳ႕နယ္မွာ အခုခ်ိန္က ေတာင္သူေတြ စပါးရိတ္သိမ္းတဲ့အခ်ိန္ေပါ့ ဒီလိုမ်ိဳးခိုင္းတယ္ဆိုတာ ျပည္သူေတြကို ဝန္ထုပ္ ဝန္ပိုးသေဘာမ်ိဳး သက္ေရာက္တယ္"

ဒီလိုေပၚတာဆြဲတာဟာ ႏွစ္စဥ္ မိုးရာသီတိုင္းနဲ႔ ပြင့္လင္းရာသီအစေတြမွာ ေခၚယူေလ့ရွိၿပီး မိုးရာသီမွာ ေရလမ္းေပၚလာတဲ့အတြက္ စက္ေလွေတြနဲ႔ ပို႔ေပးရတယ္လုိ႔ ေျပာပါတယ္။

တပ္မေတာ္အေနနဲ႔ ၁၉၉၁ ခုႏွစ္ထဲက အတင္းအဓမၼေစခိုင္းတာေတြ မလုပ္ဖို႔ ညႊန္ၾကားထားၿပီးျဖစ္ ေၾကာင္းနဲ႔ အခု မီးဇာေက်းရြာမွာ ခိုင္းေစတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းၾကည့္တာမွာ အခေၾကးေငြေပးၿပီး စည္းရံုးခိုင္းေစတာလို႔ သိရေၾကာင္း တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။

စစ္ဆင္ေရးနဲ႔ ပတ္သက္ၿပီး ေန႔စားသေဘာမ်ိဳး လုပ္ခြင့္ရွိၿပီး ဆႏၵမရွိရင္ ျငင္းပယ္ခြင့္ရွိတယ္လို႔ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"စည္းရံုးေဆာင္ရြက္တာတို႔ အခေၾကးေငြ ေပးေဆာင္ရြက္တာတို႔နဲ႔ပတ္သက္တာက စစ္ဆင္ေရးမွာ ေနစားသေဘာမ်ိဳး လုပ္ခြင့္ရွိတယ္။ ဒါကလည္း သူတို႔ဆႏၵပါမွပါ။ ဆႏၵမပါရင္ ျငင္းခြင့္ရွိတယ္"

ပလက္ဝၿမိဳ႕အတြင္း တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲေတြအၾကား ေဒသခံ ၁၅ ေယာက္ဟာလည္း ၿပီးခဲ့တဲ့ ႏွစ္ေတြကတည္းက တစ္ျဖည္းျဖည္း ေပ်ာက္ဆံုးေနတယ္လို႔လည္း ေဒသခံေတြနဲ႔ အရပ္ဖက္အဖြဲ႔ အစည္းေတြက ေျပာပါတယ္။

ေပ်ာက္ဆံုးေနတဲ့ ၁၅ ေယာက္ထဲ ပါဝင္တဲ့ သာယာကုန္းေက်းရြာက လင္မယားႏွစ္ေယာက္ဟာ ၿပီးခဲ့ တဲ့ သံုးရက္ေလာက္ကတည္းက ေက်းရြာကို ျပန္လည္ေရာက္ရွိလာပါတယ္။

သူတို႔ကို ရကိၡဳင့္တပ္ေတာ္ AA က ဖမ္းဆီးသြားတာျဖစ္ၿပီး အလုပ္ခိုင္းေစတာမရွ္ိဘဲ ျပန္လႊတ္ေပးခဲ့တယ္လုိ႔ သိရေၾကာင္း မီးဇာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လက တပ္မေတာ္ နဲ႔ AA တုိ႔ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး တိုက္ပြဲေတြေၾကာင့္ ပလက္ဝ ၿမိဳ႕နယ္အတြင္း ေနရပ္စြန္႔ခြာထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ ေလးေထာင္ေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
Unicode
ပလက်ဝမှာ တပ်က ပေါ်တာဆွဲ၊ နေ့တွက်ခပေးပြီး စေခိုင်း

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မြေပုံကို တွေ့ရစဉ်

ပလက်ဝမြို့နယ် ခမောင်းဝကျေးရွာမှာရှိတဲ့ တပ်မ ၇၇ လက်အောက်ခံတပ်အထိ ဒေသခံတွေဟာ မီးဇာကျေးရွာကနေ ဆန်နဲ့ စားနပ်ရိက္ခာတွေကို သွားရောက်သယ်ပေးရတာဖြစ်ပါတယ်။

ခမောင်းဝ ကျေးရွာဟာ ပလက်ဝမြို့နယ်ရဲ့ မြောက်ဘက် မိုင် ၃၀ ဝန်းကျင်ဝေးပြီး တပ်မတော် စစ်ဗျူဟာကုန်းရှိတဲ့နေရာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး တပ်မတော်က မီးဇာကျေးရွာက အမျိုးသားတွေကို လာ ရောက်ခေါ်ယူတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့က အယောက် ၂၀၊ ၂၀ ရက်နေ့က ၁၇ ယောက်၊ ၂၁ ရက်နေ့က ၂၇ ယောက်နဲ့ ဒီနေ့ ၂၃ ရက်နေ့မှာ အယောက် ၃၀ ကျော် ခေါ်ယူနေတယ်လို့ သိရပါတယ်။

အဓမ္မသဘောမျိုးခေါ်တာမဟုတ်ပေမယ့် တချို့တွေက ကျေကျေနပ်နပ် သွားရောက်ကြတာဖြစ်ပြီး တချို့ကတော့ မသွားချင်ဘဲ သွားရတာလို့ မီးဇာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမိုဘိုင်း ကပြောပါတယ်။

"တချို့တွေက ကျေနပ်တယ် တချို့တွေက မကျေနပ်တာတော့ ရှိတာပေါ့ တချို့တွေက သွားတယ် တချို့တွေက မသွားဘူး အဲလိုတော့ ရှုပ်ထွေးနေတာတော့ရှိတာပေါ့ တဖြည်းဖြည်းပို့နေတာ အကန့်အသတ်တော့မရှိဘူး တစ်နေ့ရှိရင်တစ်နေ့ နောက်တစ်နေ့ရှိရင် နောက်တစ်နေပို့တယ် အဆက်မပြတ်ပေါ့လေ ဒီလိုပို့နေရတယ် အခြေအနေ ကောင်းလို့ရှိရင်"

ဆန်တစ်အိတ်ကို လူ နှစ်ယောက်နှုန်းထမ်းရတာဖြစ်ပြီး တစ်ယောက်ကို နေ့တွက်ခ လေးထောင်ကျပ် ပေးတယ်လို့ သိရပါတယ်။

မီးဇာကနေ ခမောင်းဝကျေးရွာ အထိသွားရတဲ့ခရီးဟာ ခြေလျင်သွားရောက်ရတာဖြစ်ပြီး တစ်နေ့လုံး သွားရတဲ့ ခရီးဖြစ်ပါတယ်။

ပလက်ဝမြို့ဟာ မအေးချမ်းတဲ့နေရာဖြစ်တာကြောင့် ဒေသခံတွေရဲ့ လုံခြုံရေးစိုးရိမ်ရပြီး တပ်က အခု လို ပေါ်တာခေါ်ယူတာ ပြည်သူကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့က ဆလိုင်းတေးရာက ပြောပါတယ်။

"အဲဒီဒေသက တကယ်စစ်ဖြစ်တဲ့နေရာ သူတို့လုံခြုံရေးအတွက် စိုးရိမ်စရာရှိတယ်။ ပြီးတော့ သူတို့ကို လုံခြုံရေးလည်း မပေးဘူး အဲလိုခိုင်းတာတော့ သူတို့အတွက် အဲလိုမဖြစ်သင့်ဘူး။ အခုချိန်ဆို ပလက်ဝမြို့နယ်မှာ အခုချိန်က တောင်သူတွေ စပါးရိတ်သိမ်းတဲ့အချိန်ပေါ့ ဒီလိုမျိုးခိုင်းတယ်ဆိုတာ ပြည်သူတွေကို ဝန်ထုပ် ဝန်ပိုးသဘောမျိုး သက်ရောက်တယ်"

ဒီလိုပေါ်တာဆွဲတာဟာ နှစ်စဉ် မိုးရာသီတိုင်းနဲ့ ပွင့်လင်းရာသီအစတွေမှာ ခေါ်ယူလေ့ရှိပြီး မိုးရာသီမှာ ရေလမ်းပေါ်လာတဲ့အတွက် စက်လှေတွေနဲ့ ပို့ပေးရတယ်လို့ ပြောပါတယ်။

တပ်မတော်အနေနဲ့ ၁၉၉၁ ခုနှစ်ထဲက အတင်းအဓမ္မစေခိုင်းတာတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးဖြစ် ကြောင်းနဲ့ အခု မီးဇာကျေးရွာမှာ ခိုင်းစေတာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တာမှာ အခကြေးငွေပေးပြီး စည်းရုံးခိုင်းစေတာလို့ သိရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး နေ့စားသဘောမျိုး လုပ်ခွင့်ရှိပြီး ဆန္ဒမရှိရင် ငြင်းပယ်ခွင့်ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"စည်းရုံးဆောင်ရွက်တာတို့ အခကြေးငွေ ပေးဆောင်ရွက်တာတို့နဲ့ပတ်သက်တာက စစ်ဆင်ရေးမှာ နေစားသဘောမျိုး လုပ်ခွင့်ရှိတယ်။ ဒါကလည်း သူတို့ဆန္ဒပါမှပါ။ ဆန္ဒမပါရင် ငြင်းခွင့်ရှိတယ်"

ပလက်ဝမြို့အတွင်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေအကြား ဒေသခံ ၁၅ ယောက်ဟာလည်း ပြီးခဲ့တဲ့ နှစ်တွေကတည်းက တစ်ဖြည်းဖြည်း ပျောက်ဆုံးနေတယ်လို့လည်း ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ၁၅ ယောက်ထဲ ပါဝင်တဲ့ သာယာကုန်းကျေးရွာက လင်မယားနှစ်ယောက်ဟာ ပြီးခဲ့ တဲ့ သုံးရက်လောက်ကတည်းက ကျေးရွာကို ပြန်လည်ရောက်ရှိလာပါတယ်။

သူတို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတာဖြစ်ပြီး အလုပ်ခိုင်းစေတာမရှိဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရကြောင်း မီးဇာကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက တပ်မတော် နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် ပလက်ဝ မြို့နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
ပလက္ဝမွာ တပ္က ေပၚတာဆဲြ၊ ေန႔တြက္ခေပးၿပီး ေစခိုင္း ပလက္ဝမွာ တပ္က ေပၚတာဆဲြ၊ ေန႔တြက္ခေပးၿပီး ေစခိုင္း Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.