တပ္မေတာ္ထိုးစစ္ရပ္ေပးဖို႔ ေျမာက္ပုိင္းမဟာမိတ္ သံုးဖဲြ႔ ေတာင္းဆို

ေျမာက္ပိုင္း မဟာမိတ္ ၃ ဖဲြ႔ TNLA, MNDAA, AA တပ္ဖြဲ႔ဝင္ေတြကို ေတြ႔ရစဥ္
Zawgyi
တပ္မေတာ္က ကုိးကန္႔၊ တအာင္း၊ ရခုိင္ေဒသေတြမွာ  ျပင္းျပင္းထန္ထန္  ထုိးစစ္ဆင္တုိက္ခုိက္တာေတြဟာ ေတြ႔ဆံုေဆြးေႏြးပဲြေတြကို ေနာက္ျပန္ဆုတ္ေစၿပီး ရၿပီးသား ယံုၾကည္မႈေတြကိုလည္း ထိခိုက္ေစႏိုင္တာေၾကာင့္ ထိုးစစ္ အျမန္ရပ္တန္႔ဖို႔ ညီေနာင္မဟာမိတ္ ၃ ဖဲြ႔က ဒီကေန႔ ေတာင္းဆိုလုိက္ပါတယ္။

တပ္မေတာ္က  အရပ္သား ျပည္သူေတြရိွတဲ့ေနရာေတြကိုလည္း  လက္နက္ႀကီး၊ လက္နက္ငယ္၊ ရဟတ္ယာဥ္ေတြ အသံုးျပဳၿပီး ေန႔ညမေရြး တိုက္ခုိက္ေနတယ္လို႔ MNDAA, TNLA, AA သံုးဖဲြ႔ရဲ႕ ပူးတဲြေၾကညာခ်က္မွာ စြပ္စြဲေဖာ္ျပ ထားပါတယ္။

အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္မွာ လက္မွတ္ထိုးႏိုင္ေရးအတြက္ ဒီသံုးဖဲြ႔က ဒီဇင္ဘာ ၃၁ ရက္ေန႔အထိ အပစ္ ရပ္ေၾကာင္း ေၾကညာခဲ့တဲ့ အေျခအေနမွာ ထိုးစစ္ဆင္ခံေနရလို႔ တုိက္ပဲြေတြ ျဖစ္ပြားေနရတာလို႔ ေၾကညာခ်က္က ဆိုပါတယ္။

ညီေနာင္သံုးဖဲြ႔ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔။ အတြင္းေရးမွဴး၊ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက တုိင္းရင္းသားလက္နက္ကုိင္အဖဲြ႔ေတြ နယ္ေျမတိုးခ်ဲ႕တာ အင္အားတိုးခ်ဲ႕တာ ျပည္သူ လူထုအေပၚႏွိပ္စက္တာေတြ မရွိရင္ တိုက္ပြဲေတြျဖစ္လာဖို႔ မရွိဘူးလို႔ အပစ္ရပ္လက္မွတ္ေရးထိုးႏိုင္ဖို႔ ဆက္လက္ ႀကိဳးပမ္းေဆာင္ရြက္သြားမွာျဖစ္တယ္၊ လက္မွတ္ထိုးႏိုင္ျခင္းရိွမရိွဟာ ေဆြးေႏြးတဲ့အခ်ိန္မွာ ေဆြးေႏြးတဲ့အေၾကာင္း အရာေပၚ မူတည္တယ္လို႔ သူက ဆက္ေျပာပါတယ္။

RFA Burmese
https://www.rfa.org
---------------
Unicode
တပ်မတော်ထိုးစစ်ရပ်ပေးဖို့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ တောင်းဆို

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Arakan Army

တပ်မတော်က ကိုးကန့်၊ တအာင်း၊ ရခိုင်ဒေသတွေမှာ  ပြင်းပြင်းထန်ထန်  ထိုးစစ်ဆင်တိုက်ခိုက်တာတွေဟာ တွေ့ဆုံဆွေးနွေးပွဲတွေကို နောက်ပြန်ဆုတ်စေပြီး ရပြီးသား ယုံကြည်မှုတွေကိုလည်း ထိခိုက်စေနိုင်တာကြောင့် ထိုးစစ် အမြန်ရပ်တန့်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

တပ်မတော်က  အရပ်သား ပြည်သူတွေရှိတဲ့နေရာတွေကိုလည်း  လက်နက်ကြီး၊ လက်နက်ငယ်၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး နေ့ညမရွေး တိုက်ခိုက်နေတယ်လို့ MNDAA, TNLA, AA သုံးဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ စွပ်စွဲဖော်ပြ ထားပါတယ်။

အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးနိုင်ရေးအတွက် ဒီသုံးဖွဲ့က ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အပစ် ရပ်ကြောင်း ကြေညာခဲ့တဲ့ အခြေအနေမှာ ထိုးစစ်ဆင်ခံနေရလို့ တိုက်ပွဲတွေ ဖြစ်ပွားနေရတာလို့ ကြေညာချက်က ဆိုပါတယ်။

ညီနောင်သုံးဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့။ အတွင်းရေးမှူး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နယ်မြေတိုးချဲ့တာ အင်အားတိုးချဲ့တာ ပြည်သူ လူထုအပေါ်နှိပ်စက်တာတွေ မရှိရင် တိုက်ပွဲတွေဖြစ်လာဖို့ မရှိဘူးလို့ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်၊ လက်မှတ်ထိုးနိုင်ခြင်းရှိမရှိဟာ ဆွေးနွေးတဲ့အချိန်မှာ ဆွေးနွေးတဲ့အကြောင်း အရာပေါ် မူတည်တယ်လို့ သူက ဆက်ပြောပါတယ်။

RFA Burmese
https://www.rfa.org
တပ္မေတာ္ထိုးစစ္ရပ္ေပးဖို႔ ေျမာက္ပုိင္းမဟာမိတ္ သံုးဖဲြ႔ ေတာင္းဆို တပ္မေတာ္ထိုးစစ္ရပ္ေပးဖို႔ ေျမာက္ပုိင္းမဟာမိတ္ သံုးဖဲြ႔ ေတာင္းဆို Reviewed by THITHTOOLWIN on 01:37 Rating: 5
Powered by Blogger.