ကန္-လက္ေထာက္၀န္ႀကီးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာ့အေရးေဆြးေႏြး

(သတင္းဓာတ္ပံု - Myanmar State Counsellor Office)

(Zawgyi/Unicode)

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန၊ အေရွ႕အာရွႏွင့္ ပစိဖိတ္ေရးရာ လက္ေထာက္ဝန္ႀကီး David Stilwell ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂၢိဳလ္နဲ႔ ေနျပည္ေတာ္မွာ ေတြ႔ဆုံခဲ့တာမွာ ျမန္မာ့ ဒီမုိကေရစီ အသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္ေတြ၊ ရခုိင္ျပည္နယ္မွာ ႀကံဳေတြ႔ေနရတဲ့ အၾကပ္အတည္းေတြကုိ အတူတကြ ေျဖရွင္းေရး ပညာေရး၊ စီးပြားေရးနဲ႔ တျခား ႏွစ္ႏွစ္ႏုိင္ငံ အက်ဳိးတူကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့တယ္လုိ႔ ႏွစ္ဘက္ အစုိးရက သတင္းထုတ္ျပန္ပါတယ္။ လက္ေထာက္၀န္ႀကီးဟာ မေန႔တုန္းကေတာ့ ရခုိင္ျပည္နယ္ၿမိဳ႕ေတာ္ စစ္ေတြကုိ သြားခဲ့ၿပီး လႊတ္ေတာ္ဥကၠ႒ အပါအ၀င္ ဒုကၡသည္စခန္းက တာ၀န္ရွိသူေတြနဲ႔ပါ ေတြ႔ဆုံခဲ့တာပါ။ အျပည့္အစုံကုိေတာ့ ဗီြအုိေအ သတင္းေထာက္ စုစုက သတင္းေပးပုိ႔ထားပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ လက္ေထာက္ႏုိင္ငံျခားေရး ၀န္ႀကီး David Stilwell ဟာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒီကေန႔ မနက္ပုိင္းက ေတြ႔ဆုံခဲ့တာပါ။ ေတြ႔ဆုံမႈအတြင္း ျမန္မာႏုိင္ငံရဲ႕ ဒီမုိကေရစီ အသြင္ကူးေျပာင္းေရးမွာ အေမရိကန္က ေရရွည္ ကူညီေပးသြားမယ့္အေၾကာင္းအပါအ၀င္ တျခား ေဆြးေႏြးခဲ့ၾကတဲ့ အေၾကာင္းအရာေတြကုိ ရန္ကုန္ၿမိဳ႕ အေမရိကန္သံရုံး ေျပာခြင့္ရ Aryani Manring က ဗီြအုိေအကုိ အခုလုိ ေျပာျပပါတယ္။

“အေမရိကန္ျပည္ေထာင္စုရဲ႕ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ လက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီး David Stilwell ဟာ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒီကေန႔ ေနျပည္ေတာ္မွာ ေတြ႔ဆုံခဲ့ပါတယ္။ ေတြ႔ဆုံမႈအတြင္း ျမန္မာႏုိင္ငံရဲ႕ ဒီမုိကေရစီ အသြင္ကူးေျပာင္းေရးနဲ႔ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈေတြအတြက္ အေမရိကန္က ေရရွည္ ကူညီ ပံ့ပုိးေပးေရး၊ ႏွစ္ႏုိင္ငံအၾကားက အက်ဳိးတူ ကိစၥရပ္ေတြကုိ အတူလက္တြဲ ေျဖရွင္းေရး စတဲ့ ကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုဟာ ျမန္မာႏုိင္ငံရဲ႕ မိတ္ေဆြ၊ လုပ္ေဖာ္ကုိင္ဘက္ ႏုိင္ငံအျဖစ္ ဆက္လက္ ရပ္တည္သြားမယ္ဆုိတာကုိ ဒီခရီးစဥ္က မီးေမာင္းထုိးျပလုိက္တာလည္း ျဖစ္ပါတယ္။”

အေမရိကန္သံရုံးရဲ႕ Facebook လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာေတာ့ - ရခိုင္ျပည္နယ္ အၾကပ္အတည္းကို အတူတကြေျဖရွင္းေရး၊ ပဋိပကၡျဖစ္ပြားရာေနရာေတြက မေက်နပ္မႈအေၾကာင္းရင္းေတြကို ကိုင္တြယ္ေျဖရွင္းေရးနဲ႔ တာဝန္သိ ရင္းႏွီးျမႇဳပ္ႏွံမႈရဲ႕ အက်ိဳး ေက်းဇူးေတြအေၾကာင္း ေဆြးေႏြးခဲ့ၾကတယ္လုိ႔ ေဖာ္ျပထားပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ရဲ႕ Facebook လူမႈကြန္ယက္ စာမ်က္ႏွာမွာေတာ့ ေတြ႔ဆုံမႈအတြင္း ပညာေရး၊ စီးပြားေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ အေျခခံအေဆာက္ အအုံမ်ား ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ျမစ္ေၾကာင္းမ်ား ထိန္းသိမ္းေရးက႑မ်ား အပါအဝင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္သြားေရးႏွင့္ ASEAN၊ EAS ထိပ္သီးအစည္းအေဝးမ်ားဆိုင္ရာ ကိစၥရပ္ေတြကုိလည္း ေဆြးေႏြးျဖစ္ခဲ့တဲ့အေၾကာင္း ေဖာ္ျပထားပါတယ္။

လက္ေထာက္၀န္ႀကီး Stilwell ဟာ မေန႔က ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကုိ သြားေရာက္ခဲ့ၿပီး လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွနဲ႔ ေတြ႔ဆုံၿပီး ရခိုင္ျပည္နယ္တြင္း ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းေတြမွာ အေမရိကန္က ပါဝင္ကူညီႏုိင္မယ့္ အခ်က္ေတြကို ေဆြးေႏြးခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ အဲဒီေနာက္မွာ ရခိုင္ျပည္နယ္တြင္းက အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆံုခဲ့ၿပီး ေျမျပင္အေနအထားကို ေလ့လာခဲ့ပါတယ္။

အရပ္ဘက္အဖြဲ႕ေတြနဲ႔ ေတြ႕ဆံုခ်ိန္မွာ ရခိုင္ျပည္အေရးဟာ စုိးရိမ္ရတဲ့အေနအထား ေရာက္ေနၿပီး၊ မလိုအပ္ဘဲ အရပ္သားေတြ ထိခိုက္နစ္နာမႈ ရွိေနတဲ့အေပၚ ကူညီပံ့ပို႔ေပးႏုိင္မယ့္ နည္းလမ္းတခုကို ရွာေဖြသြားမယ္လို႔ လက္ေထာက္၀န္ႀကီးက ေျပာဆုိခဲ့ေၾကာင္း ရခိုင္တုိင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအရံုး ဥကၠ႒ ဦးေရႊေဘာ္စိန္က ေျပာပါတယ္။

“အဲဒီအေပၚမွာက်ေတာ့ သူတုိ႔အေနနဲ႔ ဒီလံုေလာက္တဲ့ပမာဏ ေထာက္ပံ့မႈေတြ ေပးထားပါတယ္တဲ့။ ဒါေပမယ့္ ဒီႏုိင္ငံရဲ႕ ဥပေဒအရ၊ ဒီလိုအပ္ခ်က္ေတြအရ ေႏွာင့္ေႏွးၾကန္႔ၾကာမႈ အေပၚမွာေတာ့ နားလည္ေပးဖုိ႔ က်ေတာ္တို႔ကုိ ေျပာသြားပါတယ္။ ဒါေပမယ့္ က်ေတာ္တုိ႔ဘက္က သူတုိ႔ကုိ ယံုၾကည္ဖို႔ျဖစ္ျဖစ္၊ နားလည္ေပးႏိုင္တယ္ ဆုိေပမယ့္ တကယ္လက္ေတြ႕မွာက်ေတာ့ ခန္႔မွန္းႏိုင္တဲ့ အေနအထားမ်ိဳး တခုခုေတာ့ ဖန္တီးေပးႏုိင္ဖို႔၊ ျဖစ္လာမယ္၊ မျဖစ္လာမယ္ဆုိတာကိုေတာ့ က်ေတာ္တို႔ ေစာင့္ၾကည့္ရဦးမွာေပါ့။”

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တုိ႔ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာေနရသူ ၆၀,၀၀၀ ေက်ာ္ရဲ႕ စားဝတ္ေနေရးအတြက္ ႏုိင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ ကူညီပံ့ပိုးေနမႈေတြဟာ လံုေလာက္တဲ့အေနအထားမွာ မရွိတာေၾကာင့္ အဲဒီကိစၥကုိ အကူအညီေပးဖုိ႔ အရပ္ဘက္အဖြဲ႕ေတြက ေတာင္းဆုိခဲ့ၾကပါတယ္။

လက္ေထာက္၀န္ႀကီး David Stilwell ဟာ သူ႔ရဲ႕ ျမန္မာျပည္ခရီးစဥ္အတြင္း အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ဦးေက်ာ္တင္၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္း တို႔နဲ႔လည္း ေနျပည္ေတာ္မွာ ဒီကေန႔ သီးျခားစီ ေတြ႔ဆံုခဲ့ပါတယ္။

လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး David Stilwell ဟာ မနက္ျဖန္ ေအာက္တိုဘာ ၃၀ ရက္ေန႔မွာ ျမန္မာႏုိင္ငံက ျပန္လည္ ထြက္ခြာမွာျဖစ္ၿပီး အေမရိကန္-အာဆီယံ ထိပ္သီးစည္းေ၀းပြဲတက္ဖုိ႔ ထုိင္းႏုိင္ငံကုိ ခရီးဆက္မွာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ လက္ေထာက္၀န္ႀကီးဟာ ေဒသတြင္းက တျခားႏုိင္ငံေတြျဖစ္တဲ့ မေလးရွား၊ တ႐ုတ္နဲ႔ ေတာင္ကိုရီယားႏုိင္ငံေတြကုိလည္း ခရီးဆက္မယ္လုိ႔ သိရပါတယ္ရွင္။


[Unicode Version]

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး David Stilwell နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာမှာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေကို အတူတကွ ဖြေရှင်းရေးပညာရေး၊ စီးပွားရေးနဲ့ တခြား နှစ်နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နှစ်ဘက် အစိုးရက သတင်းထုတ်ပြန်ပါတယ်။ လက်ထောက်ဝန်ကြီးဟာ မနေ့တုန်းကတော့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို သွားခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌအပါအဝင် ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် စုစုက သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အမေရိကန်က ရေရှည် ကူညီပေးသွားမယ့်အကြောင်းအပါအဝင် တခြား ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကို ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရ Aryani Manring က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Stilwell ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အမေရိကန်က ရေရှည် ကူညီ ပံ့ပိုးပေးရေး၊ နှစ်နိုင်ငံအကြားက အကျိုးတူ ကိစ္စရပ်တွေကို အတူလက်တွဲ ဖြေရှင်းရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်သွားမယ်ဆိုတာကို ဒီခရီးစဉ်က မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။”

အမေရိကန်သံရုံးရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာပေါ်မှာတော့ - ရခိုင်ပြည်နယ် အကြပ်အတည်းကို အတူတကွဖြေရှင်းရေး၊ ပဋိပက္ခဖြစ်ပွားရာနေရာတွေက မကျေနပ်မှုအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရေးနဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုရဲ့ အကျိုး ကျေးဇူးတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာမှာတော့ တွေ့ဆုံမှုအတွင်း ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ကြောင်းများ ထိန်းသိမ်းရေးကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ASEAN၊ EAS ထိပ်သီးအစည်းအဝေးများဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

လက်ထောက်ဝန်ကြီး Stilwell ဟာ မနေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သွားရောက်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ အမေရိကန်က ပါဝင်ကူညီနိုင်မယ့် အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ ရခိုင်ပြည်နယ်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး မြေပြင်အနေအထားကို လေ့လာခဲ့ပါတယ်။
အရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ ရခိုင်ပြည်အရေးဟာ စိုးရိမ်ရတဲ့အနေအထား ရောက်နေပြီး၊ မလိုအပ်ဘဲ အရပ်သားတွေ ထိခိုက်နစ်နာမှု ရှိနေတဲ့အပေါ် ကူညီပံ့ပို့ပေးနိုင်မယ့် နည်းလမ်းတခုကို ရှာဖွေသွားမယ်လို့ လက်ထောက်ဝန်ကြီးက ပြောဆိုခဲ့ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

“အဲဒီအပေါ်မှာကျတော့ သူတို့အနေနဲ့ ဒီလုံလောက်တဲ့ပမာဏ ထောက်ပံ့မှုတွေ ပေးထားပါတယ်တဲ့။ ဒါပေမယ့် ဒီနိုင်ငံရဲ့ ဥပဒေအရ၊ ဒီလိုအပ်ချက်တွေအရ နှောင့်နှေးကြန့်ကြာမှု အပေါ်မှာတော့ နားလည်ပေးဖို့ ကျတော်တို့ကို ပြောသွားပါတယ်။ ဒါပေမယ့် ကျတော်တို့ဘက်က သူတို့ကို ယုံကြည်ဖို့ဖြစ်ဖြစ်၊ နားလည်ပေးနိုင်တယ် ဆိုပေမယ့် တကယ်လက်တွေ့မှာကျတော့ ခန့်မှန်းနိုင်တဲ့ အနေအထားမျိုး တခုခုတော့ ဖန်တီးပေးနိုင်ဖို့၊ ဖြစ်လာမယ်၊ မဖြစ်လာမယ်ဆိုတာကိုတော့ ကျတော်တို့ စောင့်ကြည့်ရဦးမှာပေါ့။”

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူ ၆၀,၀၀၀ ကျော်ရဲ့ စားဝတ်နေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးနေမှုတွေဟာ လုံလောက်တဲ့အနေအထားမှာ မရှိတာကြောင့် အဲဒီကိစ္စကို အကူအညီပေးဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။

လက်ထောက်ဝန်ကြီး David Stilwell ဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း တို့နဲ့လည်း နေပြည်တော်မှာ ဒီကနေ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဟာ မနက်ဖြန် အောက်တိုဘာ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာမှာဖြစ်ပြီး အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့ ထိုင်းနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လက်ထောက်ဝန်ကြီးဟာ ဒေသတွင်းက တခြားနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ တရုတ်နဲ့ တောင်ကိုရီယားနိုင်ငံတွေကိုလည်း ခရီးဆက်မယ်လို့ သိရပါတယ်ရှင်။

စုစု / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကန္-လက္ေထာက္၀န္ႀကီးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာ့အေရးေဆြးေႏြး ကန္-လက္ေထာက္၀န္ႀကီးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာ့အေရးေဆြးေႏြး Reviewed by THITHTOOLWIN on 01:35 Rating: 5
Powered by Blogger.