AA ျပန္လႊတ္ေပးတဲ့ ေရယာဥ္ေပၚက ဝန္ထမ္းေတြကို ရဲက စစ္ေဆးေန

စစ္​​ေတြကေန ဘူးသီး​ေတာင္​ၿမိဳ႕ကို ထြက္​ခြာလာ​တဲ့ ​ေ႐ႊနဒီအျမန္​​ေရယာဥ္​ကို ၂ဝ၁၉ ေအာက္တိုဘာ ၂၆ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ​ေရမ်က္​​ေက်း႐ြာအနီးမွာ ေတြ႔ရစဥ္
Photo: San Myat Shwe
Zawgyi
ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ေရႊနဒီ ရွပ္ေျပးေရယာဥ္ေပၚက ရဲနဲ႔ တပ္မေတာ္သားတခ်ဳိ႕ကို ရကၡဳိင့္တပ္ေတာ္ AA က ဖမ္းဆီး ေခၚေဆာင္သြားတဲ့ ျဖစ္ရပ္အၿပီးမွာ  ေရယာဥ္လုိင္းတာဝန္ခံ အပါအဝင္ ဝန္ထမ္းရွစ္ဦးကုိ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔က ဖမ္းဆီးစစ္ေဆးေနတယ္လုိ႔ ဘူးသီးေတာင္ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီဝင္တခ်ဳိ႕ရဲ႕ ေျပာဆုိခ်က္အရ သိရပါတယ္။

တပ္မေတာ္သား၊ ရဲနဲ႔ အျခား၀န္ထမ္း ၅၀ ေက်ာ္ လုိက္ပါလာတဲ့ ေအာက္တုိဘာ ၂၆ ရက္ေန႔ ခရီးစဥ္ကုိ   AA က ေမယုျမစ္ လမ္းခုလတ္မွာ ရပ္တန္႔ေစတဲ့ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး စစ္ေဆးအေရးယူခံေနရတာျဖစ္တယ္လို႔  ေရယာဥ္ ဝန္ထမ္းေတြက ရွင္းျပေၾကာင္း  NLD ပါတီ ဘူးသီးေတာင္ ဥကၠ႒ ဦးရဲသိန္း က ေျပာျပပါတယ္။

AA က လူ ၅ဝ ေက်ာ္ကို ဖမ္းဆီးေခၚေဆာင္သြားၿပီး က်န္ခရီးသည္ေတြနဲ႔ ေရယာဥ္ကို ျပန္လႊတ္ေပးခဲ့တာပါ။

ဖမ္းဆီးခံထားရတဲ့ ေရယာဥ္လုပ္သားေတြကို ဘူးသီးေတာင္ၿမဳိ႕နယ္ တရားရုံးမွာ ဒီေန႔ ရမန္ယူဖုိ႔ ရုံးထုတ္လာခ်ိန္မွာ  စကားေျပာျဖစ္တယ္လုိ႔ ဦးရဲသိန္းက RFA ကုိ ေျပာပါတယ္။

ဒီမတုိင္ခင္မွာ ရွပ္ေျပးယာဥ္လုိင္းတာ၀န္ခံနဲ႔ လုပ္သား ခုႏွစ္ဦးကုိ ဘူးသီးေတာင္ၿမဳိ႕မစခန္းမွာ သုံးရက္ၾကာစစ္ေဆး ၿပီးျဖစ္ေပမယ့္၊ ေအာင္မဂၤလာ နယ္ျခားေစာင့္စခန္းမွာ ဆက္လက္စစ္ေဆးဖုိ႔အတြက္ ရမန္ႀကီးတပတ္ (၁၅ ရက္) ရုံးထုတ္ယူခဲ့ေၾကာင္း သူက ဆက္ေျပာပါတယ္။ လတ္တေလာမွာ အမႈအမ်ဳိးအစား မသိရွိရေသးေၾကာင္းနဲ႔ ေစတီျပင္ နယ္ျခားေစာင့္စခန္းက တရားလုိျပဳတုိင္တန္းတယ္လုိ႔ သိရေၾကာင္း ေျပာပါတယ္။

တပ္မေတာ္သား၊ ရဲနဲ႔ အျခား၀န္ထမ္းေတြကုိ AA ဖမ္းဆီးတဲ့ျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး ယာဥ္လုပ္သားေတြကုိ ေမးျမန္းတဲ့ အခါမွာ AA တပ္ဖြဲ႕၀င္ေတြက ငွက္ေပ်ာဖူးနဲ႔တူတဲ့ လက္နက္ႀကီး RPG နဲ႔ ခ်ိန္ထားေၾကာင္း၊ စက္ေလွေပၚမွာ ေသနတ္ ကုိင္ထားတဲ့ AA တပ္ဖြဲ႕၀င္ သုံးဦးလည္း ပါေၾကာင္းနဲ႔ ကမ္းကပ္ဖုိ႔ ေသနတ္အခ်က္ ၂၀ ၀န္းက်င္ ပစ္ေဖာက္ေခၚယူ ခဲ့ျခင္းျဖစ္ေၾကာင္း ဦးရဲသိန္းက ျပန္ေျပာင္းေျပာျပပါတယ္။

ရခုိင္ျပည္နယ္လႊတ္ေတာ္ ဘူးသီးေတာင္ၿမိဳ႕နယ္ လႊတ္ေတာ္အမတ္ ဦးထြန္းေအာင္သိန္းကလည္း ေရႊနဒီယာဥ္ လုိင္းပုိင္ရွင္ ဦးေရႊသိန္းအပါအ၀င္၊ ယာဥ္လုပ္သား ခုႏွစ္ဦးဟာ ဖမ္းဆီးစစ္ေဆးခံေနရတာရွိတယ္လုိ႔ RFA ကုိ ေျပာပါတယ္။ လတ္တေလာမွာ သံသယနဲ႔ ဖမ္းထားတာျဖစ္ၿပီး ပုဒ္မ အမ်ဳိးအစား တပ္ထားျခင္းမရွိေသးဘူးလုိ႔ သူက ေျပာပါတယ္။

ရခုိင္ျပည္နယ္ ရဲမွဴးႀကီး ၾကည္လင္းကုိ ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းတဲ့အခါ ယာဥ္လုိင္းကိစၥကုိ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ ကသာ သိရွိႏုိင္မယ္လုိ႔ေျပာပါတယ္။ RFA အေနနဲ႔ ေအာင္မဂၤလာနယ္ျခားေစာင့္စခန္းကုိ ဒီညေနအထိ ဆက္ သြယ္ႏုိင္ခဲ့ျခင္းမရွိပါဘူး။ ေအာက္တိုဘာလ ၂၈ ရက္ေန႔က တပ္မေတာ္ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္ရုံးရဲ႕ သတင္း ထုတ္ျပန္ခ်က္မွာေတာ့ သတင္းေပါက္ၾကားမႈနဲ႔ ပတ္သက္ၿပီး ေရႊနဒီအျမန္ေရယာဥ္လိုင္းကို စစ္ေဆးေနတယ္လုိ႔ ေဖာ္ျပထားပါတယ္။

AA အဖဲြ႔ကေတာ့  သူတို႔ ဖမ္းလာသူေတြနဲ႔  AA တပ္ဖြဲ႕၀င္ေတြဟာ တပ္မေတာ္ရဲ႕ ေလေၾကာင္းတုိက္ခုိက္မႈေတြ အတြင္း ေသဆုံးခဲ့တယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

စံုစမ္းစစ္ေဆးမႈေတြလုပ္ေနၿပီး ဥပေဒနဲ႔ ၿငိစြန္းမႈမရွိရင္ ျပန္လႊတ္ေပးသြားမယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ ၾကားေရးအဖြဲ႔က ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

RFA Burmese
https://www.rfa.org
------------------
Unicode
AA ပြန်လွှတ်ပေးတဲ့ ရေယာဉ်ပေါ်က ဝန်ထမ်းတွေကို ရဲက စစ်ဆေးနေ

စစ်တွေကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ၂ဝ၁၉ အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးမှာ တွေ့ရစဉ်
စစ်တွေကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ၂ဝ၁၉ အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးမှာ တွေ့ရစဉ်
Photo: San Myat Shwe

ဘူးသီးတောင်မြို့နယ်မှာ ရွှေနဒီ ရှပ်ပြေးရေယာဉ်ပေါ်က ရဲနဲ့ တပ်မတော်သားတချို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်အပြီးမှာ  ရေယာဉ်လိုင်းတာဝန်ခံ အပါအဝင် ဝန်ထမ်းရှစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

တပ်မတော်သား၊ ရဲနဲ့ အခြားဝန်ထမ်း ၅၀ ကျော် လိုက်ပါလာတဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ခရီးစဉ်ကို   AA က မေယုမြစ် လမ်းခုလတ်မှာ ရပ်တန့်စေတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ဆေးအရေးယူခံနေရတာဖြစ်တယ်လို့  ရေယာဉ် ဝန်ထမ်းတွေက ရှင်းပြကြောင်း  NLD ပါတီ ဘူးသီးတောင် ဥက္ကဋ္ဌ ဦးရဲသိန်း က ပြောပြပါတယ်။

AA က လူ ၅ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်ခရီးသည်တွေနဲ့ ရေယာဉ်ကို ပြန်လွှတ်ပေးခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ ရေယာဉ်လုပ်သားတွေကို ဘူးသီးတောင်မြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူဖို့ ရုံးထုတ်လာချိန်မှာ  စကားပြောဖြစ်တယ်လို့ ဦးရဲသိန်းက RFA ကို ပြောပါတယ်။

ဒီမတိုင်ခင်မှာ ရှပ်ပြေးယာဉ်လိုင်းတာဝန်ခံနဲ့ လုပ်သား ခုနှစ်ဦးကို ဘူးသီးတောင်မြို့မစခန်းမှာ သုံးရက်ကြာစစ်ဆေး ပြီးဖြစ်ပေမယ့်၊ အောင်မင်္ဂလာ နယ်ခြားစောင့်စခန်းမှာ ဆက်လက်စစ်ဆေးဖို့အတွက် ရမန်ကြီးတပတ် (၁၅ ရက်) ရုံးထုတ်ယူခဲ့ကြောင်း သူက ဆက်ပြောပါတယ်။ လတ်တလောမှာ အမှုအမျိုးအစား မသိရှိရသေးကြောင်းနဲ့ စေတီပြင် နယ်ခြားစောင့်စခန်းက တရားလိုပြုတိုင်တန်းတယ်လို့ သိရကြောင်း ပြောပါတယ်။

တပ်မတော်သား၊ ရဲနဲ့ အခြားဝန်ထမ်းတွေကို AA ဖမ်းဆီးတဲ့ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ယာဉ်လုပ်သားတွေကို မေးမြန်းတဲ့ အခါမှာ AA တပ်ဖွဲ့ဝင်တွေက ငှက်ပျောဖူးနဲ့တူတဲ့ လက်နက်ကြီး RPG နဲ့ ချိန်ထားကြောင်း၊ စက်လှေပေါ်မှာ သေနတ် ကိုင်ထားတဲ့ AA တပ်ဖွဲ့ဝင် သုံးဦးလည်း ပါကြောင်းနဲ့ ကမ်းကပ်ဖို့ သေနတ်အချက် ၂၀ ဝန်းကျင် ပစ်ဖောက်ခေါ်ယူ ခဲ့ခြင်းဖြစ်ကြောင်း ဦးရဲသိန်းက ပြန်ပြောင်းပြောပြပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းကလည်း ရွှေနဒီယာဉ် လိုင်းပိုင်ရှင် ဦးရွှေသိန်းအပါအဝင်၊ ယာဉ်လုပ်သား ခုနှစ်ဦးဟာ ဖမ်းဆီးစစ်ဆေးခံနေရတာရှိတယ်လို့ RFA ကို ပြောပါတယ်။ လတ်တလောမှာ သံသယနဲ့ ဖမ်းထားတာဖြစ်ပြီး ပုဒ်မ အမျိုးအစား တပ်ထားခြင်းမရှိသေးဘူးလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့အခါ ယာဉ်လိုင်းကိစ္စကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကသာ သိရှိနိုင်မယ်လို့ပြောပါတယ်။ RFA အနေနဲ့ အောင်မင်္ဂလာနယ်ခြားစောင့်စခန်းကို ဒီညနေအထိ ဆက် သွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။ အောက်တိုဘာလ ၂၈ ရက်နေ့က တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ သတင်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ရွှေနဒီအမြန်ရေယာဉ်လိုင်းကို စစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။

AA အဖွဲ့ကတော့  သူတို့ ဖမ်းလာသူတွေနဲ့  AA တပ်ဖွဲ့ဝင်တွေဟာ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ဥပဒေနဲ့ ငြိစွန်းမှုမရှိရင် ပြန်လွှတ်ပေးသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

RFA Burmese
https://www.rfa.org
AA ျပန္လႊတ္ေပးတဲ့ ေရယာဥ္ေပၚက ဝန္ထမ္းေတြကို ရဲက စစ္ေဆးေန AA ျပန္လႊတ္ေပးတဲ့ ေရယာဥ္ေပၚက ဝန္ထမ္းေတြကို ရဲက စစ္ေဆးေန Reviewed by THITHTOOLWIN on 01:37 Rating: 5
Powered by Blogger.