ရေသ့ေတာင္က ေက်ာင္းေတြမွာ ယာယီစခန္းခ်တာကို တပ္မေတာ္ ျငင္းဆို

ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာကုန္းတန္း(ေခၚ)ရက္ခုန္းတိုင္ေက်းရြာက တပ္မေတာ္စစ္ေၾကာင္း အကာအကြယ္ယူခဲ့တဲ့ ဘုန္းေတာ္ႀကီးေက်ာင္းကို ေတြ႔ရစဥ္
Photo : Citizen Journalist
Zawgyi
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာကုန္းတန္း(ေခၚ)ရက္ခုန္းတိုင္ေက်းရြာမွာရိွတဲ့ အစိုးရ စာသင္ေက်ာင္းနဲ႔ ေက်းရြာစာသင္ေက်ာင္းေတြကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုက အကာအကြယ္ယူၿပီး ယာယီစခန္းခ်ခဲ့ရာမွာ ပ်က္စီးဆံုး႐ံႈးမႈေတြရိွေၾကာင္း ေက်းရြာသားေတြက ဒီေန႔မနက္က ေျပာပါတယ္။

တပ္မေတာ္ ေျပာခြင့္ရသူေတြက တပ္မေတာ္ဟာ စာသင္ေက်ာင္းနဲ႔ ဘာသာေရး အေဆာက္အဦးေတြကို အကာအကြယ္မယူဘူးလို႔ တုံ႔ျပန္ထားၾကပါတယ္။

ဒါ့အျပင္ ဒီၿပိန္းေတာကုန္းတန္းေက်းရြာမွာ တပ္မေတာ္စစ္ေၾကာင္း စခန္းခ်ခဲ့တာမရိွဘူးလို႔လည္း အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက RFA ကို မေန႔က ေျပာဆိုခဲ့ပါတယ္။

ၿပိန္းေတာကုန္းတန္းေက်းရြာ စာသင္ေက်ာင္းမွာ ႐ံုးခန္းပစၥည္းအခ်ိဳ႕ ပ်က္စီးသြားတယ္လို႔ ရြာသားေတြက ေျပာပါတယ္။

အဲဒီတပ္မေတာ္စစ္ေၾကာင္း မေန႔က ေန႔လယ္ပိုင္းေလာက္မွာ ၿပိန္းေတာကုန္းတန္းေက်းရြာကေန မညင္းေတာင္ေက်းရြာကို ဆက္လက္ထြက္ခြာသြားရာမွာ မညင္းေတာင္ေက်းရြာအနီးမွာ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------
Unicode
ရသေ့တောင်က ကျောင်းတွေမှာ ယာယီစခန်းချတာကို တပ်မတော် ငြင်းဆို

ရသေ့တောင်မြို့နယ် ပြိန်းတောကုန်းတန်း(ခေါ်)ရက်ခုန်းတိုင်ကျေးရွာက တပ်မတော်စစ်ကြောင်း အကာအကွယ်ယူခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းကို တွေ့ရစဉ်
Photo : Citizen Journalist

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောကုန်းတန်း(ခေါ်)ရက်ခုန်းတိုင်ကျေးရွာမှာရှိတဲ့ အစိုးရ စာသင်ကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းတွေကို တပ်မတော်စစ်ကြောင်းတစ်ခုက အကာအကွယ်ယူပြီး ယာယီစခန်းချခဲ့ရာမှာ ပျက်စီးဆုံးရှုံးမှုတွေရှိကြောင်း ကျေးရွာသားတွေက ဒီနေ့မနက်က ပြောပါတယ်။

တပ်မတော် ပြောခွင့်ရသူတွေက တပ်မတော်ဟာ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အဦးတွေကို အကာအကွယ်မယူဘူးလို့ တုံ့ပြန်ထားကြပါတယ်။

ဒါ့အပြင် ဒီပြိန်းတောကုန်းတန်းကျေးရွာမှာ တပ်မတော်စစ်ကြောင်း စခန်းချခဲ့တာမရှိဘူးလို့လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို မနေ့က ပြောဆိုခဲ့ပါတယ်။

ပြိန်းတောကုန်းတန်းကျေးရွာ စာသင်ကျောင်းမှာ ရုံးခန်းပစ္စည်းအချို့ ပျက်စီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲဒီတပ်မတော်စစ်ကြောင်း မနေ့က နေ့လယ်ပိုင်းလောက်မှာ ပြိန်းတောကုန်းတန်းကျေးရွာကနေ မညင်းတောင်ကျေးရွာကို ဆက်လက်ထွက်ခွာသွားရာမှာ မညင်းတောင်ကျေးရွာအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္က ေက်ာင္းေတြမွာ ယာယီစခန္းခ်တာကို တပ္မေတာ္ ျငင္းဆို ရေသ့ေတာင္က ေက်ာင္းေတြမွာ ယာယီစခန္းခ်တာကို တပ္မေတာ္ ျငင္းဆို Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.