ေျမာက္ဦးတိုက္ပဲြမွ ထြက္ေျပးၾကစဥ္ ကေလး ႏွစ္ဦး ေရနစ္ေသဆံုး

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ ေျမပံုကို ေတြ႔ရစဥ္
Zawgyi
ေျမာက္ဦးၿမိဳ႕နယ္ လကၠာေက်းရြာမွာ မနက္ ၆ နာရီေလာက္တကည္းက တိုက္ပြဲျပင္းထန္စြာျဖစ္ပြားေနတာ ေန႔ လယ္ပိုင္းအထိ မရပ္ေသးသလို ေ၀သာလီေက်းရြာမွာလည္း မနက္ ရွစ္ခြဲေလာက္ကတည္းက စတင္ျဖစ္ပြားခဲ့ရာ က ေနအိမ္အခ်ိဳ႕ မီးေလာင္ေနတာ ျမင္ေတြ႕ရတယ္လုိ႔ ေဒသခံေတြက RFA ကိုေျပာပါတယ္။

ငါးဆြယ္ကန္ေခ်ာင္းထဲကေန စက္ေလွေတြနဲ႔ ထြက္ေျပးေနၾကရင္း စက္ေလွေမွာက္လို႔ ေ၀သာလီ ေက်းရြာက ၁၃ ႏွစ္အရြယ္ ကိုးတန္းေက်ာင္းသူတစ္ေယာက္နဲ႔ သံုးႏွစ္အရြယ္ ကေလးတစ္ေယာက္ ေရနစ္ေသဆံုးသြား တယ္လို႔ ပီပင္ရင္းေက်းရြာ ေဒသခံ ဦးသိန္းေက်ာ္ျမက ေျပာပါတယ္။

"လကၠာတို႔ ေ၀သာလီတို႔ ေပါက္ေတာျပင္တုိ႔ဘက္က ေျပးလာတဲ့ ေလွတစ္စီးျမဳပ္တယ္၊ ငါးဆြယ္ကန္ေခ်ာင္းမွာ ျမဳပ္တာ၊ ဆယ္သံုးႏွစ္ ကေလးတစ္ေယာက္နဲ႔ သံုးႏွစ္ ကေလးတစ္ေယာက္ဆံုးတယ္"

ေန႔လယ္ပိုင္းမွာေတာ့ ကိုးတန္းေက်ာင္းသူရဲ႕ ႐ုပ္အေလာင္းကို ဆယ္ယူရရွိထားေၾကာင္းနဲ႔ ေျမာက္ဦးၿမိဳ႕ဘက္ ကေန လက္နက္ႀကီးေတြနဲ႔ ေန႔လည္ပိုင္းအထိလွမ္းပစ္ေနတာကို ျမင္ေတြ႔ေနရေၾကာင္း ဦးသိန္းေက်ာ္ျမက ဆိုပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကလည္း လကၠာေက်းရြာမွာ တုိက္ပြဲ ျဖစ္တယ္ဆိုတာၾကားတဲ့အေၾကာင္း ေျပာပါတယ္။

"လကၠာေက်းရြာမွာ ပထမတစ္ႀကိမ္ျဖစ္တုန္းကတည္းက ရြာသားေတြက တစ္ေယာက္မွမရွိၾကေတာ့ပါဘူး"

တိုက္ပြဲျပင္းထန္ေနတဲ့ လကၠာနဲ႔ ေဝသာလီေက်းရြာေတြက လက္က်န္ေဒသခံေတြဟာ နီးစပ္ရာ ရြာေတြကို ထြက္ေျပးေနၾကရပါတယ္။

ရကိၡဳင့္တပ္ေတာ္ AA ရဲ႕ ျပန္ၾကားေရးတာ၀န္ခံ ခိုင္သုခက တိုပ္ပြဲျဖစ္ပြားေနတဲ့ လကၠာေက်းရြာကို စစ္ကူလာတဲ့ တပ္မေတာ္စစ္ေၾကာင္းနဲ႔ သူတို႔အဖြဲ႔ ေ၀သာလီရြာနားမွာ ထိပ္တုိက္ေတြ႔ခဲ့တယ္လို႔ ေျပာပါတယ္။

"လကၠာရြာမွာ ဗမာစစ္တပ္ကလာၿပီးေတာ့ စခန္းခ်ေနတယ္၊ ရြာသားေတြကေတာ့ ဗမာစစ္တပ္လာကတည္းက ေၾကာက္ပီးေတာ့ ေျပးသြားၾကၿပီ"

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦးက တိုက္ပြဲျပင္းထန္စြာျဖစ္ပြားတာ မွန္ကန္ေပမယ့္ တပ္မေတာ္က ရြာထဲမွာတပ္စြဲထားတာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

"လကၠာရြာနားမွာ နယ္ေျမလံုျခံဳေရးလုပ္ေနတဲ့ စစ္ေၾကာင္းတစ္ေၾကာင္းကို လကၠာရြာထဲက ဘုန္းႀကီးေက်ာင္းကေန ဒီေကာင္ေတြပစ္တာ၊ သူပစ္ကိုယ္ပစ္နဲ႔ တိုက္ပြဲနည္းနည္းျပင္းသြားတယ္"

တိုက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ ေျမာက္ဦးၿမိဳ႕ ရန္ကုန္ - စစ္ေတြကားလမ္းကိုလည္း ဒီကေန႔ ပိတ္ထားတယ္လို႔ သိရပါတယ္။

ေျမာက္ဦးၿမိဳ႕ထဲမွာ ရွိတဲ့ေတာင္ကုန္းနဲ႔ ၿမိဳ႕ျပင္မွာရွိတဲ့ ေတာင္ကုန္းႏွစ္ခုကေန တိုက္ပြဲျဖစ္ပြားတဲ့ လကၠာနဲ႔ ေ၀သာလီရြာေတြဘက္ကို လက္နက္ႀကီးေတြနဲ႔ ေန႔လယ္အထိ ပစ္ေနတာၾကားေနရတယ္လို႔ ေျမာက္ဦးၿမိဳ႕ေဒသခံ ဦးေမာင္သန္းက RFA ကိုေျပာပါတယ္။

"အဲဒီမွာ ကၽြန္ေတာ္တို႔ၿမိဳ႕ရဲ႕ အတြင္းဘက္မွာတစ္ကုန္း၊ ၿမိဳ႕အျပင္ဘက္မွာတစ္ကုန္း၊အဲဒီ ႏွစ္ကုန္းကေန တစ္လံုးနဲ႔တစ္လံုး ဆယ္မိနစ္ေလာက္ ျခားၿပီးေတာ့ လွမ္းပစ္တာ"

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကေန ဒီေန႔အထိ ႏွစ္ဘက္တိုက္ခိုက္မႈေတြနဲ႔ ဆက္ႏြယ္ပတ္သက္ၿပီးေတာ့ အရပ္သားေသဆံုးမႈ ၉၀ ေက်ာ္ရိွေနၿပီး ထိခိုက္ဒဏ္ရာရသူဟာ ၁၃၀ ဝန္းက်င္အထိရိွေနၿပီလို႔ ေဒသခံေတြကေျပာဆိုၾကပါတယ္ခင္ဗ်ာ။

RFA Burmese
https://www.rfa.org
-------------
Unicode
မြောက်ဦးတိုက်ပွဲမှ ထွက်ပြေးကြစဉ် ကလေး နှစ်ဦး ရေနစ်သေဆုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ မနက် ၆ နာရီလောက်တကည်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာ နေ့ လယ်ပိုင်းအထိ မရပ်သေးသလို ဝေသာလီကျေးရွာမှာလည်း မနက် ရှစ်ခွဲလောက်ကတည်းက စတင်ဖြစ်ပွားခဲ့ရာ က နေအိမ်အချို့ မီးလောင်နေတာ မြင်တွေ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ငါးဆွယ်ကန်ချောင်းထဲကနေ စက်လှေတွေနဲ့ ထွက်ပြေးနေကြရင်း စက်လှေမှောက်လို့ ဝေသာလီ ကျေးရွာက ၁၃ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ယောက်နဲ့ သုံးနှစ်အရွယ် ကလေးတစ်ယောက် ရေနစ်သေဆုံးသွား တယ်လို့ ပီပင်ရင်းကျေးရွာ ဒေသခံ ဦးသိန်းကျော်မြက ပြောပါတယ်။

"လက္ကာတို့ ဝေသာလီတို့ ပေါက်တောပြင်တို့ဘက်က ပြေးလာတဲ့ လှေတစ်စီးမြုပ်တယ်၊ ငါးဆွယ်ကန်ချောင်းမှာ မြုပ်တာ၊ ဆယ်သုံးနှစ် ကလေးတစ်ယောက်နဲ့ သုံးနှစ် ကလေးတစ်ယောက်ဆုံးတယ်"

နေ့လယ်ပိုင်းမှာတော့ ကိုးတန်းကျောင်းသူရဲ့ ရုပ်အလောင်းကို ဆယ်ယူရရှိထားကြောင်းနဲ့ မြောက်ဦးမြို့ဘက် ကနေ လက်နက်ကြီးတွေနဲ့ နေ့လည်ပိုင်းအထိလှမ်းပစ်နေတာကို မြင်တွေ့နေရကြောင်း ဦးသိန်းကျော်မြက ဆိုပါတယ်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း လက္ကာကျေးရွာမှာ တိုက်ပွဲ ဖြစ်တယ်ဆိုတာကြားတဲ့အကြောင်း ပြောပါတယ်။

"လက္ကာကျေးရွာမှာ ပထမတစ်ကြိမ်ဖြစ်တုန်းကတည်းက ရွာသားတွေက တစ်ယောက်မှမရှိကြတော့ပါဘူး"

တိုက်ပွဲပြင်းထန်နေတဲ့ လက္ကာနဲ့ ဝေသာလီကျေးရွာတွေက လက်ကျန်ဒေသခံတွေဟာ နီးစပ်ရာ ရွာတွေကို ထွက်ပြေးနေကြရပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တိုပ်ပွဲဖြစ်ပွားနေတဲ့ လက္ကာကျေးရွာကို စစ်ကူလာတဲ့ တပ်မတော်စစ်ကြောင်းနဲ့ သူတို့အဖွဲ့ ဝေသာလီရွာနားမှာ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ပြောပါတယ်။

"လက္ကာရွာမှာ ဗမာစစ်တပ်ကလာပြီးတော့ စခန်းချနေတယ်၊ ရွာသားတွေကတော့ ဗမာစစ်တပ်လာကတည်းက ကြောက်ပီးတော့ ပြေးသွားကြပြီ"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားတာ မှန်ကန်ပေမယ့် တပ်မတော်က ရွာထဲမှာတပ်စွဲထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

"လက္ကာရွာနားမှာ နယ်မြေလုံခြုံရေးလုပ်နေတဲ့ စစ်ကြောင်းတစ်ကြောင်းကို လက္ကာရွာထဲက ဘုန်းကြီးကျောင်းကနေ ဒီကောင်တွေပစ်တာ၊ သူပစ်ကိုယ်ပစ်နဲ့ တိုက်ပွဲနည်းနည်းပြင်းသွားတယ်"

တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် မြောက်ဦးမြို့ ရန်ကုန် - စစ်တွေကားလမ်းကိုလည်း ဒီကနေ့ ပိတ်ထားတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ထဲမှာ ရှိတဲ့တောင်ကုန်းနဲ့ မြို့ပြင်မှာရှိတဲ့ တောင်ကုန်းနှစ်ခုကနေ တိုက်ပွဲဖြစ်ပွားတဲ့ လက္ကာနဲ့ ဝေသာလီရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့လယ်အထိ ပစ်နေတာကြားနေရတယ်လို့ မြောက်ဦးမြို့ဒေသခံ ဦးမောင်သန်းက RFA ကိုပြောပါတယ်။

"အဲဒီမှာ ကျွန်တော်တို့မြို့ရဲ့ အတွင်းဘက်မှာတစ်ကုန်း၊ မြို့အပြင်ဘက်မှာတစ်ကုန်း၊အဲဒီ နှစ်ကုန်းကနေ တစ်လုံးနဲ့တစ်လုံး ဆယ်မိနစ်လောက် ခြားပြီးတော့ လှမ်းပစ်တာ"

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ နှစ်ဘက်တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပတ်သက်ပြီးတော့ အရပ်သားသေဆုံးမှု ၉၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူဟာ ၁၃၀ ဝန်းကျင်အထိရှိနေပြီလို့ ဒေသခံတွေကပြောဆိုကြပါတယ်ခင်ဗျာ။

RFA Burmese
https://www.rfa.org
ေျမာက္ဦးတိုက္ပဲြမွ ထြက္ေျပးၾကစဥ္ ကေလး ႏွစ္ဦး ေရနစ္ေသဆံုး ေျမာက္ဦးတိုက္ပဲြမွ ထြက္ေျပးၾကစဥ္ ကေလး ႏွစ္ဦး ေရနစ္ေသဆံုး Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.