ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာ ကုန္တန္းစာသင္ေက်ာင္းမွာ တပ္မေတာ္စခန္းခ်လို႔ ပ်က္စီးမႈေတြရွိခဲ့လို႔ ေဒသခံေတြ ေျပာ

ပညာေရးဝန္ထမ္းေတြကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ကေလးေတြကို စာသင္ၾကားေပးႏိုင္ဖို႔ ဆႏၵရွိေန
Zawgyi
တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသက ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာ ကုန္တန္း႐ြာအလယ္တန္းေက်ာင္းမွာ တပ္မေတာ္စစ္ေၾကာင္းက စခန္းခ်ခဲ့တဲ့အတြက္ ေက်ာင္းပိုင္ပစၥည္းေတြ ပ်က္စီးခဲ့ရၿပီး ေက်ာင္းအုပ္ဆရာႀကီး ႐ုံးခန္းနဲ႔ ဆရာမေတြရဲ႕အေဆာင္ေတြကို ေမႊေႏွာက္သြားခဲ့တယ္လို႔ ေက်ာင္းတာဝန္ရွိသူေတြကေျပာပါတယ္။

အဲ့ဒီစစ္ေၾကာင္းဟာ ၿပီးခဲ့တဲ့ သီတင္းကြၽတ္ ေက်ာင္းပိတ္ကာလအတြင္း ေက်ာင္းဆရာ၊ဆရာမေတြ မရွိတဲ့အခ်ိန္မွာ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ေအာက္တိုဘာ ၁၈ ရက္ေန႔မွ ထြက္သြားခဲ့တာျဖစ္ေၾကာင္းနဲ႔ အဲ့ဒီေက်ာင္းမွာ ၈ ရက္ ေလာက္ စခန္းခ်ေနခဲ့တယ္လို႔ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚသန္းသန္းႏုက ဘီဘီစီကို အတည္ျပဳေျပာၾကားပါတယ္။

တပ္မေတာ္ဘက္ကေတာ့ သူတို႔စစ္ေၾကာင္းေတြဟာ စာသင္ေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ စခန္းခ်ေနရာ ယူထားတာေတြမရွိဘူးလို႔ ေျပာဆိုတားေတြ ရွိပါတယ္။

ၿပိန္းေတာ ကုန္တန္းစာသင္ေက်ာင္း ပ်က္စီးခဲ့ရတာနဲ႔ ပတ္သက္ၿပီး ဘီဘီစီက တပ္မေတာ္ဘက္ကို ဆက္သြယ္ေမးၾကည့္ရမွာေတာ့ ဒီကိစၥကို သိရွိထားၿပီး ေက်ာင္းမွာ တူးသြားတဲ့ က်င္းေတြက ရကၡိဳင့္တပ္မေတာ္ (ေအေအ) ဘက္က လို႔ ျပန္လည္ေျဖၾကားပါတယ္။

"အဲ့ဒါက ေအေအက တူးသြားတဲ့က်င္းေတြျဖစ္တယ္၊ တပ္မေတာ္က အဲ့ဒီကိုမေရာက္တာ ၁၀ ရက္ေလာက္ရွိေနၿပီ၊ သြားလည္းမသြားဘူး၊ ပညာေရးဝန္ထမ္းေတြဆိုတာလည္း ေအေအကို အားေပးေနတဲ့သူေတြ ေျပာတာပဲ ျဖစ္လိမ့္မယ္၊ ဝန္ထမ္းအစစ္က မေျပာဘူး" လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

တပ္မေတာ္ဘက္ကေတာ့ စာသင္ေၾကာင္းမွာ စခန္းခ်ခဲ့တာ မရွိဘူးလို႔ဆို

ပညာေရးဝန္ထမ္းေတြ အေပၚ အခုလို စြပ္စြဲေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး ဘာေၾကာင့္ ေအေအ အားေပးသူေတြလို႔ ေျပာဆိုႏိုင္သလဲ လို႔ ဘီဘီစီက ထပ္ဆင့္ေမးျမန္းရာမွာလည္း တပ္မေတာ္က ရရွိထားတဲ့ သတင္းေတြအရ လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ျပန္လည္ ေျဖၾကားၿပီး အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ ထုတ္ေဖာ္ ေျပာဆိုတာမ်ိဳး မရွိပါဘူး။

အဲ့ဒီေက်း႐ြာေတြဟာ ေအေအကို စားနပ္ရိကၡာနဲ႔ ေထာက္ပံ့မႈေတြလုပ္ေပးေနတဲ့ေက်း႐ြာေတြျဖစ္ၿပီး တပ္မေတာ္စစ္ေၾကာင္းက ေက်ာင္းမွာလာေရာက္ စခန္းခ်ေနထိုင္သြားတယ္ဆိုတာက ႐ြာသားဟန္ေဆာင္ေနတဲ့ ေအေအတပ္ဖြဲ႕ဝင္ေတြရဲ႕ ေျပာဆိုခ်က္သာျဖစ္တယ္လို႔လည္း သူက စြပ္စြဲေျပာဆိုခဲ့ပါတယ္။

ၿပိန္းေတာ ကုန္တန္းစာသင္ေက်ာင္းက သက္ဆိုင္ရာ တာဝန္ရွိသူ ဆရာမေတြကို ေမးျမန္းရာမွာေတာ့ သူတို႔အေနနဲ႔ အဖြဲ႕အစည္း တစ္ခုခုနဲ႔ ဆက္သြယ္တာမ်ိဳး မရွိဘဲ တာဝန္က်ရာ ေနရာမွာ စာသင္ၾကားတဲ့ တာဝန္ကို ထမ္းေဆာင္ၿပီး အခု ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ကေတာ့ သီတင္းကြၽတ္ ေက်ာင္းပိတ္ရက္မွာ ျဖစ္သြားခဲ့တယ္လို႔ ဆိုပါတယ္။

"ကြၽန္မတို႔က သီတင္းကြၽတ္ေက်ာင္းပိတ္လို႔ ၁၀ ရက္ေန႔ကေန အိမ္ျပန္ပါတယ္၊ သူတို႔က ၁၁ ရက္ေန႔မွာ စခန္းခ်တယ္လို႔ ကြၽန္မတို႔ၾကားရပါတယ္၊ တပ္မ ၂၂ ကလို႔ ႐ြာသားေတြက ေျပာပါတယ္၊ ၈ ရက္ေလာက္ေနခဲ့တယ္" လို႔ သိရတယ္လို႔ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚသန္းသန္းႏုက ေျပာပါတယ္။

၁၈ ရက္ေန႔ ေန႔လယ္ ၁၂ နာရီေလာက္မွာ စစ္တပ္ စစ္ေၾကာင္းက ထြက္သြားခဲ့တယ္လို႔ ေဒၚသန္းသန္းႏုက ေျပာ ပါတယ္။ စစ္ေၾကာင္းမွာ အင္အား ဘယ္ေလာက္ ပါသလဲ ဆိုတာလည္း မသိရဘူး ဆိုပါတယ္။

ေက်ာင္းမွာ အေရးအႀကီးဆုံးျဖစ္တဲ့ ေက်ာင္းအုပ္ဆရာႀကီး ႐ုံးခန္းကပစၥည္းေတြ ပ်က္စီးသြားၿပီး ေက်ာင္းၿခံစည္း႐ိုးကိုး ေဖာက္ဖ်က္ၿပီးေတာ့ ထြက္သြားကာ အသုံးအေဆာင္ပစၥည္းေတြလည္း ပ်က္စီးၿပီးက်န္ခဲ့တယ္" လို႔ ေဒၚသန္းသန္းႏုက ေျပာပါတယ္။

 ေက်ာင္းမွာ လက္နက္ကိုင္တပ္ဖြဲ႕ သဲအိတ္ အကာအကြယ္ ယူ စခန္းခ်ခဲ့တဲ့ အေနအထားမ်ိဳး ျမင္ေတြ႕ခဲ့ရ

အဲဒီေက်ာင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းေတြဟာ တျခားေဒသေတြက လာေရာက္ၿပီး တာဝန္ထမ္းေဆာင္ ေနသူေတြ ျဖစ္တဲ့အတြက္ ေက်ာင္းၿခံဝင္းအတြင္းမွာ အေဆာင္ေတြ ေဆာက္လုပ္ေနၾကရေၾကာင္းနဲ႔ အခုလိုမ်ိဳး တပ္မေတာ္အေနနဲ႔ ဝင္ေရာက္ေမႊေႏွာက္မႈေတြ ျပဳလုပ္လာတဲ့အတြက္ ဆက္လက္တာဝန္ထမ္းေဆာင္ရမယ့္ ဆရာမေတြအတြက္ စိုးရိမ္စရာေတြ ျဖစ္လာေနၿပီလို႔ ဆရာမႀကီး ေဒၚသန္းသန္းႏုက သုံးသပ္ေျပာဆိုခဲ့ပါတယ္။

ၿပိန္းေတာ ကုန္တန္းအလက ေက်ာင္းမွာ အခုလိုမ်ိဳး စစ္သားေတြ လာေရာက္စခန္းခ်သြားခဲ့တယ္ဆိုတာကို ႐ြာသားေတြရဲ႕ေျပာျပခ်က္အရ သိရၿပီး တပ္မေတာ္စစ္ေၾကာင္းဝင္ေရာက္လာခဲ့တဲ့ေန႔ကေန ႐ြာသားေတြေၾကာက္႐ြံ႕ ထြက္ေျပးခဲ့ရေၾကာင္း ႐ြာသားေတြရဲ႕ သတင္းေပးပို႔ခ်က္အရ သိရတာျဖစ္တယ္လို႔ ဆရာမႀကီးက ေျပာပါတယ္။

ေက်ာင္းရဲ႕ အသုံးအေဆာင္ပစၥည္းေတြ ႏိုင္ငံေတာ္သခ်င္းဖြင့္တဲ့ ေဆာင္းေဘာက္ေတြ၊ အိုးခြက္ပန္းကန္ေတြနဲ႔ ဧည့္သည္ေတြကို ဧည့္ခံရာမွာအသုံးျပဳတဲ့ အသုံးအေဆာင္ပစၥည္းေတြကိုလည္း ဖ်က္ဆီးပစ္ခဲ့တယ္လို႔ဆရာမႀကီးက ဆိုပါတယ္။

အသုံးအေဆာင္ ပစၥည္းေတြ ေမႊေႏွာက္ ဖ်က္ဆီးခံရ

"ကြၽန္မတို႔ ပညာေရးဝန္ထမ္းတစ္ေယာက္အေနနဲ႔ စိတ္မေကာင္းဘူး၊ ဒီလိုမ်ိဳးသာဆိုရင္ ကေလးေတြရဲ႕ ပညာေရးအတြက္ လုံၿခဳံစြာနဲ႔ ဘယ္လိုဆက္ၿပီး ပညာသင္ၾကားႏိုင္ေတာ့မလဲ၊ ကြၽန္မအပါအဝင္ ဆရာမေတြ အဲ့ဒီမွာ ဘယ္လိုေနထိုင္ရဲေတာ့မလဲ၊ စိုးရိမ္စိတ္ေတြေတာ့ မ်ားေနတယ္။ ပညာေရးဝန္ထမ္းေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ၿငိမ္းခ်မ္းစြာနဲ႔ပဲ စာသင္ခ်င္ပါတယ္"လို႔ ေဒၚႏုႏုသန္းက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ သီတင္းကြၽတ္ကာလ ေက်ာင္းပိတ္ထားတာျဖစ္ၿပီး လာမယ့္ တနလၤာေန႔မွာ ေက်ာင္းကိုျပန္လည္ဖြင့္ေတာ့မွာျဖစ္ေပမယ့္ ေက်ာင္းျပန္လည္ဖြင့္လွစ္ဖို႔အတြက္ အခက္အခဲေတြရွိေနတယ္လို႔ ဆိုပါတယ္။ ေက်ာင္းကိုဖြင့္လွစ္မယ္ဆိုရင္လည္း စာသင္ႏိုင္မွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ရခိုင္ ျပည္နယ္ ဒုတိယျပည္နယ္ပညာေရးမႉးကိုလည္း ဘီဘီစီက ဆက္သြယ္ခဲ့ေပမယ့္ အလုပ္ကိစၥနဲ႔ ခရီးထြက္ေနခ်ိန္ ျဖစ္လို႔ တစ္စုံတစ္ရာ မွတ္ခ်က္ျပဳ ေျဖၾကားႏိုင္ျခင္း မရွိခဲ့ပါဘူး။

ၿပိန္းေတာ ကုန္တန္း အလယ္တန္းေက်ာင္းမွာ ၈ ရက္ခန႔္ စခန္းခ်ခဲ့တယ္ ဆိုတဲ့ အဲဒီ တပ္မေတာ္ စစ္ေၾကာင္းဟာ ေအာက္တို႔ဘာ ၁၈ ရက္ေန႔က မညႇင္းေတာင္ေက်း႐ြာဘက္ကို ထြက္သြားခ်ိန္မွာ ေအေအအဖြဲ႕နဲ႔ ထပ္မံတိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ေအာက္တိုဘာ ၁၈ ရက္ေန႔ နံနက္ပိုင္းက ေမာင္ေတာ-အငူေမာ္ကားလမ္းမ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက ခ်ိန္ခါလီေက်း႐ြာအနီးမွာလည္း တပ္မေတာ္စစ္ေၾကာင္းတစ္ခုကို ေအေအဘက္ကေန မိုင္းဆြဲတိုက္ခိုက္မႈျပဳလုပ္ခဲ့တဲ့ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ေသးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-----------------
Unicode
ရသေ့တောင်မြို့နယ် ပြိန်းတော ကုန်တန်းစာသင်ကျောင်းမှာ တပ်မတော်စခန်းချလို့ ပျက်စီးမှုတွေရှိခဲ့လို့ ဒေသခံတွေ ပြော

Image caption ပညာရေးဝန်ထမ်းတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကလေးတွေကို စာသင်ကြားပေးနိုင်ဖို့ ဆန္ဒရှိနေ

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ရသေ့တောင်မြို့နယ် ပြိန်းတော ကုန်တန်းရွာအလယ်တန်းကျောင်းမှာ တပ်မတော်စစ်ကြောင်းက စခန်းချခဲ့တဲ့အတွက် ကျောင်းပိုင်ပစ္စည်းတွေ ပျက်စီးခဲ့ရပြီး ကျောင်းအုပ်ဆရာကြီး ရုံးခန်းနဲ့ ဆရာမတွေရဲ့အဆောင်တွေကို မွှေနှောက်သွားခဲ့တယ်လို့ ကျောင်းတာဝန်ရှိသူတွေကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ သီတင်းကျွတ် ကျောင်းပိတ်ကာလအတွင်း ကျောင်းဆရာ၊ဆရာမတွေ မရှိတဲ့အချိန်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှ ထွက်သွားခဲ့တာဖြစ်ကြောင်းနဲ့ အဲ့ဒီကျောင်းမှာ ၈ ရက် လောက် စခန်းချနေခဲ့တယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနုက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

တပ်မတော်ဘက်ကတော့ သူတို့စစ်ကြောင်းတွေဟာ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စခန်းချနေရာ ယူထားတာတွေမရှိဘူးလို့ ပြောဆိုတားတွေ ရှိပါတယ်။

ပြိန်းတော ကုန်တန်းစာသင်ကျောင်း ပျက်စီးခဲ့ရတာနဲ့ ပတ်သက်ပြီး ဘီဘီစီက တပ်မတော်ဘက်ကို ဆက်သွယ်မေးကြည့်ရမှာတော့ ဒီကိစ္စကို သိရှိထားပြီး ကျောင်းမှာ တူးသွားတဲ့ ကျင်းတွေက ရက္ခိုင့်တပ်မတော် (အေအေ) ဘက်က လို့ ပြန်လည်ဖြေကြားပါတယ်။

"အဲ့ဒါက အေအေက တူးသွားတဲ့ကျင်းတွေဖြစ်တယ်၊ တပ်မတော်က အဲ့ဒီကိုမရောက်တာ ၁၀ ရက်လောက်ရှိနေပြီ၊ သွားလည်းမသွားဘူး၊ ပညာရေးဝန်ထမ်းတွေဆိုတာလည်း အေအေကို အားပေးနေတဲ့သူတွေ ပြောတာပဲ ဖြစ်လိမ့်မယ်၊ ဝန်ထမ်းအစစ်က မပြောဘူး" လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Nu Nu Than
Image caption တပ်မတော်ဘက်ကတော့ စာသင်ကြောင်းမှာ စခန်းချခဲ့တာ မရှိဘူးလို့ဆို

ပညာရေးဝန်ထမ်းတွေ အပေါ် အခုလို စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘာကြောင့် အေအေ အားပေးသူတွေလို့ ပြောဆိုနိုင်သလဲ လို့ ဘီဘီစီက ထပ်ဆင့်မေးမြန်းရာမှာလည်း တပ်မတော်က ရရှိထားတဲ့ သတင်းတွေအရ လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြန်လည် ဖြေကြားပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိပါဘူး။

အဲ့ဒီကျေးရွာတွေဟာ အေအေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့မှုတွေလုပ်ပေးနေတဲ့ကျေးရွာတွေဖြစ်ပြီး တပ်မတော်စစ်ကြောင်းက ကျောင်းမှာလာရောက် စခန်းချနေထိုင်သွားတယ်ဆိုတာက ရွာသားဟန်ဆောင်နေတဲ့ အေအေတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်သာဖြစ်တယ်လို့လည်း သူက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ပြိန်းတော ကုန်တန်းစာသင်ကျောင်းက သက်ဆိုင်ရာ တာဝန်ရှိသူ ဆရာမတွေကို မေးမြန်းရာမှာတော့ သူတို့အနေနဲ့ အဖွဲ့အစည်း တစ်ခုခုနဲ့ ဆက်သွယ်တာမျိုး မရှိဘဲ တာဝန်ကျရာ နေရာမှာ စာသင်ကြားတဲ့ တာဝန်ကို ထမ်းဆောင်ပြီး အခု ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်မတို့က သီတင်းကျွတ်ကျောင်းပိတ်လို့ ၁၀ ရက်နေ့ကနေ အိမ်ပြန်ပါတယ်၊ သူတို့က ၁၁ ရက်နေ့မှာ စခန်းချတယ်လို့ ကျွန်မတို့ကြားရပါတယ်၊ တပ်မ ၂၂ ကလို့ ရွာသားတွေက ပြောပါတယ်၊ ၈ ရက်လောက်နေခဲ့တယ်" လို့ သိရတယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနုက ပြောပါတယ်။

၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ စစ်တပ် စစ်ကြောင်းက ထွက်သွားခဲ့တယ်လို့ ဒေါ်သန်းသန်းနုက ပြော ပါတယ်။ စစ်ကြောင်းမှာ အင်အား ဘယ်လောက် ပါသလဲ ဆိုတာလည်း မသိရဘူး ဆိုပါတယ်။

ကျောင်းမှာ အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းအုပ်ဆရာကြီး ရုံးခန်းကပစ္စည်းတွေ ပျက်စီးသွားပြီး ကျောင်းခြံစည်းရိုးကိုး ဖောက်ဖျက်ပြီးတော့ ထွက်သွားကာ အသုံးအဆောင်ပစ္စည်းတွေလည်း ပျက်စီးပြီးကျန်ခဲ့တယ်" လို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။

Image caption ကျောင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ သဲအိတ် အကာအကွယ် ယူ စခန်းချခဲ့တဲ့ အနေအထားမျိုး မြင်တွေ့ခဲ့ရ

အဲဒီကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာ တခြားဒေသတွေက လာရောက်ပြီး တာဝန်ထမ်းဆောင် နေသူတွေ ဖြစ်တဲ့အတွက် ကျောင်းခြံဝင်းအတွင်းမှာ အဆောင်တွေ ဆောက်လုပ်နေကြရကြောင်းနဲ့ အခုလိုမျိုး တပ်မတော်အနေနဲ့ ဝင်ရောက်မွှေနှောက်မှုတွေ ပြုလုပ်လာတဲ့အတွက် ဆက်လက်တာဝန်ထမ်းဆောင်ရမယ့် ဆရာမတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာနေပြီလို့ ဆရာမကြီး ဒေါ်သန်းသန်းနုက သုံးသပ်ပြောဆိုခဲ့ပါတယ်။

ပြိန်းတော ကုန်တန်းအလက ကျောင်းမှာ အခုလိုမျိုး စစ်သားတွေ လာရောက်စခန်းချသွားခဲ့တယ်ဆိုတာကို ရွာသားတွေရဲ့ပြောပြချက်အရ သိရပြီး တပ်မတော်စစ်ကြောင်းဝင်ရောက်လာခဲ့တဲ့နေ့ကနေ ရွာသားတွေကြောက်ရွံ့ ထွက်ပြေးခဲ့ရကြောင်း ရွာသားတွေရဲ့ သတင်းပေးပို့ချက်အရ သိရတာဖြစ်တယ်လို့ ဆရာမကြီးက ပြောပါတယ်။

ကျောင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေ နိုင်ငံတော်သချင်းဖွင့်တဲ့ ဆောင်းဘောက်တွေ၊ အိုးခွက်ပန်းကန်တွေနဲ့ ဧည့်သည်တွေကို ဧည့်ခံရာမှာအသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်လို့ဆရာမကြီးက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Nu Nu Than
Image caption အသုံးအဆောင် ပစ္စည်းတွေ မွှေနှောက် ဖျက်ဆီးခံရ

"ကျွန်မတို့ ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ စိတ်မကောင်းဘူး၊ ဒီလိုမျိုးသာဆိုရင် ကလေးတွေရဲ့ ပညာရေးအတွက် လုံခြုံစွာနဲ့ ဘယ်လိုဆက်ပြီး ပညာသင်ကြားနိုင်တော့မလဲ၊ ကျွန်မအပါအဝင် ဆရာမတွေ အဲ့ဒီမှာ ဘယ်လိုနေထိုင်ရဲတော့မလဲ၊ စိုးရိမ်စိတ်တွေတော့ များနေတယ်။ ပညာရေးဝန်ထမ်းတွေ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းစွာနဲ့ပဲ စာသင်ချင်ပါတယ်"လို့ ဒေါ်နုနုသန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ သီတင်းကျွတ်ကာလ ကျောင်းပိတ်ထားတာဖြစ်ပြီး လာမယ့် တနင်္လာနေ့မှာ ကျောင်းကိုပြန်လည်ဖွင့်တော့မှာဖြစ်ပေမယ့် ကျောင်းပြန်လည်ဖွင့်လှစ်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ ကျောင်းကိုဖွင့်လှစ်မယ်ဆိုရင်လည်း စာသင်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရခိုင် ပြည်နယ် ဒုတိယပြည်နယ်ပညာရေးမှူးကိုလည်း ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အလုပ်ကိစ္စနဲ့ ခရီးထွက်နေချိန် ဖြစ်လို့ တစ်စုံတစ်ရာ မှတ်ချက်ပြု ဖြေကြားနိုင်ခြင်း မရှိခဲ့ပါဘူး။

ပြိန်းတော ကုန်တန်း အလယ်တန်းကျောင်းမှာ ၈ ရက်ခန့် စခန်းချခဲ့တယ် ဆိုတဲ့ အဲဒီ တပ်မတော် စစ်ကြောင်းဟာ အောက်တို့ဘာ ၁၈ ရက်နေ့က မညှင်းတောင်ကျေးရွာဘက်ကို ထွက်သွားချိန်မှာ အေအေအဖွဲ့နဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက မောင်တော-အငူမော်ကားလမ်းမ ရသေ့တောင်မြို့နယ်အတွင်းက ချိန်ခါလီကျေးရွာအနီးမှာလည်း တပ်မတော်စစ်ကြောင်းတစ်ခုကို အေအေဘက်ကနေ မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာ ကုန္တန္းစာသင္ေက်ာင္းမွာ တပ္မေတာ္စခန္းခ်လို႔ ပ်က္စီးမႈေတြရွိခဲ့လို႔ ေဒသခံေတြ ေျပာ ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာ ကုန္တန္းစာသင္ေက်ာင္းမွာ တပ္မေတာ္စခန္းခ်လို႔ ပ်က္စီးမႈေတြရွိခဲ့လို႔ ေဒသခံေတြ ေျပာ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.