သီတင္းကၽြတ္လျပည့္ေန႔ အေဝရာကြင္းတြင္ မီးပုံးပ်ံ ျပဳတ္က် ကားမီးေလာင္မွု ျဖစ္ပြား

Zawgyi
ေအာက္တုိဘာလ ၁၄ ရက္ ၂၀၁၉

သၽွမ္းျပည္နယ္ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕ တြင္ သီတင္းကၽြတ္လျပည့္ည အေပ်ာ္လႊတ္ မီးပုံးပ်ံတလုံး ျပဳတ္က်ရာ ကားတစီး မီးေလာင္မွု ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ေအာက္တိုဘာ ၁၃ ရက္ ည ၁၁ နာရီခြဲ က သီတင္းကၽြတ္လျပည့္ေန႔ အေပ်ာ္လႊတ္သည့္ မီးပုံးပ်ံ ေလတိုက္ရာမွ ျပဳတ္က်ကာ ကားမီးေလာင္မွုျဖစ္ပြားခဲ့သည္ ဟု သၽွမ္းျပည္နယ္ မီးပုံပ်ံပညာရွင္မ်ားအသင္း ဥကၠဌ ေဒါက္တာ သန္းဝင္း က သၽွမ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ မေန႔က မီးပုံးပ်ံ ျပဳတ္က်ၿပီး ကားတစီးမီးေလာင္တယ္။ ဒါက သီတင္းကၽြတ္လျပည့္ေန႔ အေပ်ာ္လႊတ္တဲ့ မီးပုံပ်ံပါ။ က်ေနာ္တို႔ၿပိဳင္ပြဲဝင္မယ့္ မီးပုံပ်ံမဟုတ္ဘူး။ ကားကဘာေၾကာင့္ မီးပုံပ်ံကြင္းမွာလာထားရတာလဲ အဲတာေတာ့က်ေနာ္တို႔လည္းသေဘာမေပါက္ဘူး” ဟု ေဒါက္တာ သန္းဝင္း က ေျပာသည္။

ေလတိုက္မွုေၾကာင့္ မီးပုံးပ်ံ ျပဳတ္က်သည့္ေနရာတြင္ အိမ္စီးကား ၃ စီး ရပ္ထားရာ၊ ၂ စီးမွာ အခ်ိန္မွီေရႊ႕နိုင္သျဖင့္ လႊတ္သြားေၾကာင္း၊ လက္ရွိ မီးေလာင္ခံရသည့္ ကားမွာမူ ယခုတိုင္ကားပိုင္ရွင္ မေတြ႕ေသးေၾကာင္းလည္း ေဒါက္တာသန္းဝင္းက ဆိုသည္။

“ မေန႔က မီးပုံးပ်ံ ကြင္းမွာ ကားတစီး မီးေလာင္ေနတယ္ ဆိုလို႔ က်ေနာ္တို႔သြားၾကည့္တယ္။ အခုလည္း မီးေလာင္သြားတဲ့ကားသမားကို လိုက္ရွာေနတယ္။ ကားပိုင္ရွင္ မေတြ႕ေသးဘူး” ဟု ေတာင္ႀကီးၿမိဳ႕မ ရဲစခန္းမွ စခန္းမွူး ဒုရဲမွူး ေက်ာ္ဝင္းေဆြ က သၽွမ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

မီးေလာင္ဆုံးရွုံးသည့္ ကားတန္ဖိုးမွာ က်ပ္သိန္း ၂၀ ေက်ာ္ရွိသည္ဟုလည္း ဒုရဲမွူး ေက်ာ္ဝင္းေဆြ က ေျပာသည္။

လက္ရွိမွာ မီးေပါ့ဆမွုျဖင့္ ကားပိုင္ရွင္ကို ရာဇာသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ အမွုဖြင့္ထားၿပီး ကားပိုင္ရွင္ကို စုံစမ္းေနဆဲျဖစ္သည္ဟု သိရသည္။

ေတာင္ႀကီးၿမိဳ႕တြင္ တန္ေဆာင္တိုင္မီးပုံးပ်ံၿပိဳင္ပြဲကိုမူ နိုဝင္ဘာလ ၄ ရက္မွ ၁၂ ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္းသိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------
Unicode
သီတင်းကျွတ်လပြည့်နေ့ အဝေရာကွင်းတွင် မီးပုံးပျံ ပြုတ်ကျ ကားမီးလောင်မှု ဖြစ်ပွား

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
အောက်တိုဘာလ ၁၄ ရက် ၂၀၁၉

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ တွင် သီတင်းကျွတ်လပြည့်ည အပျော်လွှတ် မီးပုံးပျံတလုံး ပြုတ်ကျရာ ကားတစီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၃ ရက် ည ၁၁ နာရီခွဲ က သီတင်းကျွတ်လပြည့်နေ့ အပျော်လွှတ်သည့် မီးပုံးပျံ လေတိုက်ရာမှ ပြုတ်ကျကာ ကားမီးလောင်မှုဖြစ်ပွားခဲ့သည် ဟု သျှမ်းပြည်နယ် မီးပုံပျံပညာရှင်များအသင်း ဥက္ကဌ ဒေါက်တာ သန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့က မီးပုံးပျံ ပြုတ်ကျပြီး ကားတစီးမီးလောင်တယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့ အပျော်လွှတ်တဲ့ မီးပုံပျံပါ။ ကျနော်တို့ပြိုင်ပွဲဝင်မယ့် မီးပုံပျံမဟုတ်ဘူး။ ကားကဘာကြောင့် မီးပုံပျံကွင်းမှာလာထားရတာလဲ အဲတာတော့ကျနော်တို့လည်းသဘောမပေါက်ဘူး” ဟု ဒေါက်တာ သန်းဝင်း က ပြောသည်။

လေတိုက်မှုကြောင့် မီးပုံးပျံ ပြုတ်ကျသည့်နေရာတွင် အိမ်စီးကား ၃ စီး ရပ်ထားရာ၊ ၂ စီးမှာ အချိန်မှီရွှေ့နိုင်သဖြင့် လွှတ်သွားကြောင်း၊ လက်ရှိ မီးလောင်ခံရသည့် ကားမှာမူ ယခုတိုင်ကားပိုင်ရှင် မတွေ့သေးကြောင်းလည်း ဒေါက်တာသန်းဝင်းက ဆိုသည်။

“ မနေ့က မီးပုံးပျံ ကွင်းမှာ ကားတစီး မီးလောင်နေတယ် ဆိုလို့ ကျနော်တို့သွားကြည့်တယ်။ အခုလည်း မီးလောင်သွားတဲ့ကားသမားကို လိုက်ရှာနေတယ်။ ကားပိုင်ရှင် မတွေ့သေးဘူး” ဟု တောင်ကြီးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ဝင်းဆွေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မီးလောင်ဆုံးရှုံးသည့် ကားတန်ဖိုးမှာ ကျပ်သိန်း ၂၀ ကျော်ရှိသည်ဟုလည်း ဒုရဲမှူး ကျော်ဝင်းဆွေ က ပြောသည်။

လက်ရှိမှာ မီးပေါ့ဆမှုဖြင့် ကားပိုင်ရှင်ကို ရာဇာသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပြီး ကားပိုင်ရှင်ကို စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။

တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကိုမူ နိုဝင်ဘာလ ၄ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
သီတင္းကၽြတ္လျပည့္ေန႔ အေဝရာကြင္းတြင္ မီးပုံးပ်ံ ျပဳတ္က် ကားမီးေလာင္မွု ျဖစ္ပြား သီတင္းကၽြတ္လျပည့္ေန႔ အေဝရာကြင္းတြင္ မီးပုံးပ်ံ ျပဳတ္က် ကားမီးေလာင္မွု ျဖစ္ပြား Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.