ပလက္၀ၿမိဳ႕ေပါက္ကဲြမႈ တဦးဒဏ္ရာရ

ပလက္၀ၿမိဳ႕(Photo khonumthung.news )
ျမန္မာစစ္တပ္နဲ႕ AAရခိုင္လက္နက္ကိုင္အဖြဲ႕တို႕ စစ္ေရးပဋိပကၡျဖစ္ပြားေနတဲ့ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ထဲ တပ္မေတာ္ တပ္ရင္းအနားမွာ ဒီကေန႕ ဗုံးေပါက္ကြဲမႈ တခုျဖစ္ပြားခဲ့ျပီး ၿမိဳ႕ခံတဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႕ ေဒသခံအာဏာပိုင္ ေတြ ကေျပာပါတယ္။

စစ္ေရး ပဋိပကၡကာလအတြင္း ပလက္၀ျမိဳ႕ထဲ ပထမဆုံးဗုံးေပါက္တာလို႕လဲ ျမိဳ႕ခံေတြကေျပာပါတယ္။ ပလက္၀ျမိဳ႕နဲ႕ ရခိုင္ျပည္နယ္ေက်ာက္ေတာ္ျမိဳ႕နယ္အတြင္း AAဖက္က ဗံုးခြဲ တိုက္ခိုက္ခဲ့ေၾကာင္း တပ္မေတာ္ဖက္က ေျပာပါ တယ္။ AAဖက္ကေတာ့ တိုက္ပြဲျဖစ္ပြားတာ မရွိေၾကာင္း ေျပာဆိုပါတယ္။ ဒီအေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္း ေထာက္ နိုင္ကြန္းအိန္ကေန ဆက္သြယ္ေမးျမန္း သတင္း ေပးပို႕ထားပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕အတြင္း ပလက္ေခ်ာင္း၊ ေခ်ာင္းဝကူတို႕ဆိပ္နဲ႕ ၿမိဳ႕ဦးေစတီ(ေခၚ) ေအာင္ေစတီသြား လမ္းၾကား သံတံတား အနီး ဒီမနက္၉နာရီ ေလာက္မွာ မိုင္းတစ္လံုး ေပါက္ကြဲခဲ့တယ္လို႕ ပလက္၀ၿမိဳ႕ခံ တဦးက ေျပာပါတယ္။

“ ပလက္၀ရဲ႕ အေရွ႕ ပလက္ေခ်ာင္းအ၀ နားေလးမွာ ေပါက္တာ။ ပလက္၀ၿမိဳ႕ အေရွ႕ဖက္ကြင္းနဲ႕ အလြန္ဆုံးရွိရင္ ႏွစ္မိနစ္ သုံုးမိနစ္ေလာက္ဆိုေရာက္ပါတယ္။ နီးနီးေလးဘဲ။ ပလက္ေခ်ာင္း အနားမွာ သံတံတားရွိတယ္။ အဲဒီသံတံတား အနားမွာ ေပါက္တာ။ ေပါက္တာက တလုံးထဲဘဲေပါက္တယ္။ ရဲေတြနဲ႕ လုံျခံဳေရး အျပည့္ခ်ထားတယ္။ အသြားအလာလည္း ေခတၱေတာ့ ပိတ္ထားတယ္။”

ဒီေန႕မိုင္းေပါက္ကြဲမႈ ျဖစ္စဥ္မွာ လူတဦးထိခိုက္ဒဏ္ရာရရွိၿပီး နယ္ေျမခံ စစ္တပ္ကေန လုံျခံဳေရးအရ ေဆာင္ရြက္ေန တယ္လို႕ ပလက္၀ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးကိုးေအာင္က ေျပာပါတယ္။

“တပ္မေတာ္နဲ႕ နားနီးတဲ့ ေနရာမွာျဖစ္ပါတယ္။ ၾကားရတဲ့ သတင္းက တေယာက္ဘဲ နဲနဲ ထိခိုက္ ဒဏ္ရာရတယ္လို႕ ေျပာပါ တယ္။ မစိုးရိမ္ရဘူးလို႕သိရပါတယ္။ တပ္ပိုင္းဆိုင္ရာ ကိစၥမို႕လို႕ တပ္နဲ႕ လဲနီးတာမို႕လို႕ စုံစမ္းေဆာင္ရြက္ေနတယ္လို႕ ယူဆပါတယ္ဗ်။”

ပလက္၀ၿမိဳ႕အတြင္း ပထမဦးဆုံးအႀကိမ္ ဗုံးေပါက္တာလို႕ ၿမိဳ႕ခံတဦးက ဆိုပါတယ္။

“အရင္တုန္းကေတာ့ အဲဒီလိုမ်ိဳးမရွိဘူး။ အခုေနာက္ပိုင္း ဒီအစိုးရတပ္မေတာ္နဲ႕ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႕ ျပႆနာေတြျဖစ္ၿပီးမွ ပထမဦးဆုံးေပါက္ကြဲမႈေပါ့။ ထိတ္လန္႕ေနၾကတာေပါ့။”

မိုင္းေပါက္ကြဲတဲ့ေနရာဟာ ခလရ(၂၈၉)တပ္ရင္းသြားတဲ့လမ္းမွာေပါက္ကြဲတာျဖစ္လို႕ တပ္ကိုဦးတည္ ၿပီးေဖါက္ခြဲဖို႕ ယူဆေၾကာင္း ၿမိဳ႕ခံတခ်ိဳ႕က ယူဆေနၾကတာပါ။

ဒီမိုင္းခြဲမွဳရဲ႕ လက္သည္ဟာ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ကလို႕ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦးက ေျပာပါတယ္။

“ဆြဲမိုင္းနဲ႕သူဟာသူခ်ၿပီးေတာ့ မီးရွိဳ႕ၿပီးသူ႕ဟာသူ ထကြဲတဲ့ဟာ။ အဲတာေတာ့ AAေပါ့ဗ်ာ။ AAဘဲရွိတာ AAလက္ခ်က္ေပါ့။ AAကအဲဒီလိုလုပ္ေနလို႕ ရွိရင္ေတာ့ ဟုတ္လား။ ကြ်န္ေတာ္တို႕ တပ္ေတြကေတာ့ ဘာမွမျဖစ္ဘုူး။ ေဒသခံျပည္သူလူထု ေတြဘဲ ထိခိုက္တယ္။”

ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ေျပာခြင့္ရ ခိုင္သုခကေတာ့ ဒီေန႕ဗုံးကြဲမွဳျဖစ္စဥ္ေတြနဲ႕ပက္သက္လို႕ သတင္းမရရွိေသးဘူး လို႕ ေျပာပါတယ္။

ပလက္၀ျမိဳ႕နယ္ အတြင္းမွာ ျမန္မာစစ္တပ္နဲ႕AA ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕ စစ္ေရးတင္းမာမွဳေတြ ရွိေနသလို ေဒသ ခံ(၂၅၀၀)ခန္႕ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

အလားတူ ဒီကေန႕မနက္မွာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေမ်ာက္ေတာင္ေက်းရြာဘက္မွာလဲ တိုက္ပြဲပစ္ခတ္ မႈျဖစ္ေနတယ္လို႕ ေမ်ာက္ေတာင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

“ကြ်န္ေတာ္တို႕ရြာရဲ႕ အေရွ႕ဖက္ေပါ့။ အဲဒီေတာင္ရဲ႕အနားမွာျဖစ္တာပါ။ တိုက္ပြဲကေတာ့ ေပါက္သံေတာ့(၁၀)မိနစ္(၁၅) မိနစ္ေလာက္ၾကားေနရတယ္။ လက္နက္ႀကီးလက္နက္ငယ္ေပါ့။ ရြာထဲဘာမွမျဖစ္ပါဘူး။”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး ၀င္းေဇာ္ဦးကေတာ့ ေမ်ာက္ေတာင္ ေက်းရြာ အနားမွာ တပ္မေတာ္ စစ္ေၾကာင္းကို AAဖက္ကေန မိုင္းခြဲတိုက္ခိုက္တာ ျဖစ္ေၾကာင္းေျပာပါတယ္။

“ေရႊျပည္၀န္းက်င္တ၀ိုက္မွာ ကြ်န္ေတာ္တို႕နယ္ေျမရွင္းေနတာရွိတယ္။ အဲဒီနယ္ေျမရွင္းတဲ့ လုံျခံဳေရးတပ္ဖြဲ႕ေတြကို AA ကဆြဲမိုင္းနဲ႕ ဆြဲျပီးေတာ့တိုက္တာ။ ဘာမွမျဖစ္ဘူး။ ေက်ာက္ေတာ္ရဲ႕ေျမာက္ဖက္ေပါ့။ ေမ်ာက္ေတာင္ဖက္မွာ။ မိုင္းဆြဲတာ ရီမုမိုင္းေပါ့။”

ရခိုင္လက္နက္ကိုင္AAအဖြဲ႕ကေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း ဒီကေန႕တိုက္ပြဲျဖစ္ပြား တာမရွိဘူးလို႕ AAေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

“တိုက္ပြဲမျဖစ္ဘူးလို႕ေျပာတယ္ အဲဒီေနရာမွာေလ။ သူတို႕ကဒီလိုဗ်။ စစ္ေၾကာင္းသြားလို႕ ရွိရင္ မသကၤာရင္သူတို႕က စမ္းျပီးေတာ့ပစ္တာ။”

လက္ရွိရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕အၾကား တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနသလို လတ္တေလာ ဗံုးခြဲတိုက္ခိုက္တဲ့ျဖစ္စဥ္ေတြ ေန႕စဥ္နဲ႕အမွ် ျဖစ္ပြားေနတာပါ။

ဒီလဆန္းပိုင္းအတြင္း ပုဏၰားကၽြန္းၿမိဳ႕နယ္ အတြင္းမွာ(၃)ႀကိမ္ မင္းျပားၿမိဳ႕နယ္အတြင္းမွာ တႀကိမ္ အခု ပလက္၀ၿမိဳ႕နဲ႕ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ဗံုးခြဲတိုက္ခိုက္မွဳေတြ ဆက္လက္ျဖစ္ပြား ေနတာလည္း ျဖစ္ပါတယ္။

.......................

{Unicode}

ပလက်ဝမြို့ပေါက်ကွဲမှု တဦးဒဏ်ရာရ

မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ထဲ တပ်မတော် တပ်ရင်းအနားမှာ ဒီကနေ့ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး မြို့ခံတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအာဏာပိုင် တွေ ကပြောပါတယ်။ စစ်ရေး ပဋိပက္ခကာလအတွင်း ပလက်ဝမြို့ထဲ ပထမဆုံးဗုံးပေါက်တာလို့လဲ မြို့ခံတွေကပြောပါတယ်။ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်အတွင်း AAဖက်က ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ဖက်က ပြောပါ တယ်။ AAဖက်ကတော့ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်း ပြောဆိုပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်း ပေးပို့ထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့အတွင်း ပလက်ချောင်း၊ ချောင်းဝကူတို့ဆိပ်နဲ့ မြို့ဦးစေတီ(ခေါ်) အောင်စေတီသွား လမ်းကြား သံတံတား အနီး ဒီမနက်၉နာရီ လောက်မှာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ပလက်ဝမြို့ခံ တဦးက ပြောပါတယ်။

“ ပလက်ဝရဲ့ အရှေ့ ပလက်ချောင်းအ၀ နားလေးမှာ ပေါက်တာ။ ပလက်ဝမြို့ အရှေ့ဖက်ကွင်းနဲ့ အလွန်ဆုံးရှိရင် နှစ်မိနစ် သုံးမိနစ်လောက်ဆိုရောက်ပါတယ်။ နီးနီးလေးဘဲ။ ပလက်ချောင်း အနားမှာ သံတံတားရှိတယ်။ အဲဒီသံတံတား အနားမှာ ပေါက်တာ။ ပေါက်တာက တလုံးထဲဘဲပေါက်တယ်။ ရဲတွေနဲ့ လုံခြုံရေး အပြည့်ချထားတယ်။ အသွားအလာလည်း ခေတ္တတော့ ပိတ်ထားတယ်။”

ဒီနေ့မိုင်းပေါက်ကွဲမှု ဖြစ်စဉ်မှာ လူတဦးထိခိုက်ဒဏ်ရာရရှိပြီး နယ်မြေခံ စစ်တပ်ကနေ လုံခြုံရေးအရ ဆောင်ရွက်နေ တယ်လို့ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ပြောပါတယ်။

“တပ်မတော်နဲ့ နားနီးတဲ့ နေရာမှာဖြစ်ပါတယ်။ ကြားရတဲ့ သတင်းက တယောက်ဘဲ နဲနဲ ထိခိုက် ဒဏ်ရာရတယ်လို့ ပြောပါ တယ်။ မစိုးရိမ်ရဘူးလို့သိရပါတယ်။ တပ်ပိုင်းဆိုင်ရာ ကိစ္စမို့လို့ တပ်နဲ့ လဲနီးတာမို့လို့ စုံစမ်းဆောင်ရွက်နေတယ်လို့ ယူဆပါတယ်ဗျ။”

ပလက်ဝမြို့အတွင်း ပထမဦးဆုံးအကြိမ် ဗုံးပေါက်တာလို့ မြို့ခံတဦးက ဆိုပါတယ်။

“အရင်တုန်းကတော့ အဲဒီလိုမျိုးမရှိဘူး။ အခုနောက်ပိုင်း ဒီအစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြဿနာတွေဖြစ်ပြီးမှ ပထမဦးဆုံးပေါက်ကွဲမှုပေါ့။ ထိတ်လန့်နေကြတာပေါ့။”

မိုင်းပေါက်ကွဲတဲ့နေရာဟာ ခလရ(၂၈၉)တပ်ရင်းသွားတဲ့လမ်းမှာပေါက်ကွဲတာဖြစ်လို့ တပ်ကိုဦးတည် ပြီးဖေါက်ခွဲဖို့ ယူဆကြောင်း မြို့ခံတချို့က ယူဆနေကြတာပါ။

ဒီမိုင်းခွဲမှုရဲ့ လက်သည်ဟာ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ဆွဲမိုင်းနဲ့သူဟာသူချပြီးတော့ မီးရှို့ပြီးသူ့ဟာသူ ထကွဲတဲ့ဟာ။ အဲတာတော့ AAပေါ့ဗျာ။ AAဘဲရှိတာ AAလက်ချက်ပေါ့။ AAကအဲဒီလိုလုပ်နေလို့ ရှိရင်တော့ ဟုတ်လား။ ကျွန်တော်တို့ တပ်တွေကတော့ ဘာမှမဖြစ်ဘုူး။ ဒေသခံပြည်သူလူထု တွေဘဲ ထိခိုက်တယ်။”

ရခိုင်လက်နက်ကိုင် AAအဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ ဒီနေ့ဗုံးကွဲမှုဖြစ်စဉ်တွေနဲ့ပက်သက်လို့ သတင်းမရရှိသေးဘူး လို့ ပြောပါတယ်။

ပလက်ဝမြို့နယ် အတွင်းမှာ မြန်မာစစ်တပ်နဲ့AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးတင်းမာမှုတွေ ရှိနေသလို ဒေသ ခံ(၂၅၀၀)ခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

အလားတူ ဒီကနေ့မနက်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာဘက်မှာလဲ တိုက်ပွဲပစ်ခတ် မှုဖြစ်နေတယ်လို့ မျောက်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

“ကျွန်တော်တို့ရွာရဲ့ အရှေ့ဖက်ပေါ့။ အဲဒီတောင်ရဲ့အနားမှာဖြစ်တာပါ။ တိုက်ပွဲကတော့ ပေါက်သံတော့(၁၀)မိနစ်(၁၅) မိနစ်လောက်ကြားနေရတယ်။ လက်နက်ကြီးလက်နက်ငယ်ပေါ့။ ရွာထဲဘာမှမဖြစ်ပါဘူး။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မျောက်တောင် ကျေးရွာ အနားမှာ တပ်မတော် စစ်ကြောင်းကို AAဖက်ကနေ မိုင်းခွဲတိုက်ခိုက်တာ ဖြစ်ကြောင်းပြောပါတယ်။

“ရွှေပြည်ဝန်းကျင်တဝိုက်မှာ ကျွန်တော်တို့နယ်မြေရှင်းနေတာရှိတယ်။ အဲဒီနယ်မြေရှင်းတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို AA ကဆွဲမိုင်းနဲ့ ဆွဲပြီးတော့တိုက်တာ။ ဘာမှမဖြစ်ဘူး။ ကျောက်တော်ရဲ့မြောက်ဖက်ပေါ့။ မျောက်တောင်ဖက်မှာ။ မိုင်းဆွဲတာ ရီမုမိုင်းပေါ့။”

ရခိုင်လက်နက်ကိုင်AAအဖွဲ့ကတော့ ကျောက်တော်မြို့နယ်အတွင်း ဒီကနေ့တိုက်ပွဲဖြစ်ပွား တာမရှိဘူးလို့ AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“တိုက်ပွဲမဖြစ်ဘူးလို့ပြောတယ် အဲဒီနေရာမှာလေ။ သူတို့ကဒီလိုဗျ။ စစ်ကြောင်းသွားလို့ ရှိရင် မသင်္ကာရင်သူတို့က စမ်းပြီးတော့ပစ်တာ။”

လက်ရှိရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို လတ်တလော ဗုံးခွဲတိုက်ခိုက်တဲ့ဖြစ်စဉ်တွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။

ဒီလဆန်းပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာ(၃)ကြိမ် မင်းပြားမြို့နယ်အတွင်းမှာ တကြိမ် အခု ပလက်ဝမြို့နဲ့ ကျောက်တော်မြို့နယ်အတွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား နေတာလည်း ဖြစ်ပါတယ်။

ႏုိင္ကြန္းအိန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ပလက္၀ၿမိဳ႕ေပါက္ကဲြမႈ တဦးဒဏ္ရာရ ပလက္၀ၿမိဳ႕ေပါက္ကဲြမႈ တဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 00:17 Rating: 5
Powered by Blogger.