ကင္ဂ်ဳံအြန္း အထြတ္အျမတ္ေတာင္ေပၚကို ျမင္းျဖဴႀကီးစီးၿပီးတက္

ႏွင္းေတြဖုံးေနတဲ့ ဘက္ဒူးေတာင္ေပၚမွာ ကင္ဂ်ဳံအြန္းကို ျမင္းျဖဴႀကီးနဲ႔ ေတြ႕ရပုံ
Zawgyi
ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ အျမင့္ဆုံးေတာင္ျဖစ္တဲ့ ဘက္ဒူးေတာင္ေပၚ ကင္မ္ဂ်ဳံအြန္း တက္သြားတယ္လို႔ KCNA ေျမာက္ကိုရီးယား အစိုးရ သတင္းဌာနက ဆိုပါတယ္။

ႏွင္းေတြ ဖုံးလႊမ္းေနတဲ့ ဘက္ဒူးေတာင္ထိပ္ေပၚ ျမင္းျဖဴႀကီး စီးၿပီး ကင္ဂ်ဳံအြန္း တက္သြားတဲ့ ပုံ အေတာ္မ်ားမ်ားကို KCNA သတင္းဌာနက ထုတ္ျပန္လိုက္ပါတယ္။

မီတာ ၂၇၅၀ ျမင့္တဲ့ အဲဒီ ေတာင္ထိပ္ေပၚ ကင္ဂ်ဳံအြန္း တက္သြားတာ ဒါ ပထမဆုံးအႀကိမ္ မဟုတ္ပါဘူး။ အဲဒီေတာင္ေပၚ တက္သြားတာဟာ အေရးႀကီးတဲ့ ေၾကညာခ်က္ ထုတ္ျပန္မယ္ဆိုတဲ့ အရိပ္လကၡဏာ အျဖစ္ အမ်ားက သိထားၾကတယ္လို႔ အကဲခတ္ေတြက ေျပာပါတယ္။

အဲဒီေတာင္ကို ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ သေကၤတ ေနရာတစ္ခု အျဖစ္ သတ္မွတ္ထားၿပီး ကင္ဂ်ဳံအြန္းရဲ႕ ဖခင္ျဖစ္သူ ေမြးဖြားခဲ့ရာ ေနရာ အျဖစ္လည္း ဂုဏ္ျပဳထားရွိထားတာပါ။

ဘက္ဒူးေတာင္ေပၚကို ျမင္းနဲ႔ တက္သြားတာဟာ ကိုရီးယား ေတာ္လွန္ေရး သမိုင္းမွာ အေတာ္ေလး အေရးပါတဲ့ ျဖစ္ရပ္ႀကီး တစ္ခု ျဖစ္ေၾကာင္း KCNA က ဒီကေန႔ ဗုဒၶဟူးေန႔မွာ ထုတ္ျပန္တဲ့ သတင္းထဲမွာ ေဖာ္ျပထားပါတယ္။

"ကင္ဂ်ဳံအြန္းဟာ ေျမာက္ကိုရီးယားႏိုင္ငံကို ၾသဇာအာဏာ အႀကီးဆုံးႏိုင္ငံႀကီး ျဖစ္လာေအာင္ တည္ေဆာက္ခဲ့တဲ့ ခရီးၾကမ္းအတြင္း သူရင္ဆိုင္ ႀကဳံေတြ႕ရတဲ့ အခက္အခဲ အတားအဆီးေတြကို ဘက္ဒူးေတာင္ႀကီးလို မယိုင္မလဲတဲ့ စိတ္ဓာတ္နဲ႔ တြန္းလွန္ႏိုင္ခဲ့ပုံကို ဘက္ဒူးေတာင္ထိပ္မွာ ျမင္းျဖဴႀကီးေပၚ ထိုင္ရင္း ျပန္လည္ သုံးသပ္ခဲ့ပါတယ္" လို႔ ဆိုပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ေတာင္ကိုရီးယားနဲ႔ ဆက္ဆံေရး ျပန္အဆင္ေျပေအာင္ ႀကိဳးစားမယ္လို႔ သူ႔ရဲ႕ ႏွစ္သစ္ကူး မိန္႔ခြန္းမွာ အရိပ္အႁမြက္ ထုတ္ေဖာ္ မေျပာခင္ သီတင္းပတ္ အနည္းငယ္ အလိုတုန္းကလည္း ဘက္ဒူးေတာင္ထိပ္ေပၚကို ကင္ဂ်ဳံအြန္း တက္ခဲ့ပါတယ္။

Reuters

Reuters

အာ႐ုံစိုက္ဖို႔ ျမင္းစီးျပတာလား

ပထမဆုံး ဒီ အပ်ံစား ဓာတ္ပုံေတြအေၾကာင္း ေျပာရေအာင္ပါ။

ကိုရီးယား ကြၽန္းဆြယ္ရဲ႕ လူသူ အေရာက္အေပါက္ နည္းတဲ့ ေနရာမွာ ပထမဆုံး ႏွင္းက်ခ်ိန္ ျမင္းျဖဴႀကီးကို စီးေနတဲ့ ေခါင္းေဆာင္တစ္ေယာက္ရဲ႕ ျမင္ကြင္းေလာက္ တျခား ဘာကမွ သူ႔ၾသဇာ အရွိန္အဝါကို ျပႏိုင္မွာ မဟုတ္ပါဘူး။

ဒါက ကင္မ်ိဳးႏြယ္ရဲ႕ ခြန္အားနဲ႔ ၾသဇာကို ျပဖို႔ လုပ္တာလည္း ျဖစ္ႏိုင္ပါတယ္။ ေျမာက္ကိုရီးယားေတြကို သူတို႔ ေခါင္းေဆာင္ရဲ႕ ၾသဇာကို သတိထားမိ လာေစဖို႔နဲ႔ ျမင္းေရးကြၽမ္းက်င္မႈကိုလည္း ျပသတာ ျဖစ္ႏိုင္ပါတယ္။

ဒါေပမဲ့ အစိုးရပိုင္ မီဒီယာေတြမွာ ေဖာ္ျပထားတဲ့ စကားေတြအရ တျခား ေတြးဆစရာေတြ ရွိလာပါတယ္။

"ကမာၻႀကီးကို အံ့ၾသသြားေစမွာမ်ိဳး လုပ္မယ္"ဆိုတာမ်ိဳးက ထူးျခားပါတယ္။

ကင္ဂ်ဳံအြန္းဟာ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြ မခ်ခင္ ဘက္ဒူးေတာင္ကို တက္ခဲ့ေလ့ ရွိပါတယ္။

အခုအခါမွာေတာ့ ကင္ဂ်ဳံအြန္းဟာ သူေျပာထားတဲ့ တာေဝးပစ္ဒုံးေတြနဲ႔ န်ဴကလီးယား လက္နက္စမ္းသပ္မႈေတြကို မလုပ္ဘူးဆိုတာကို ျပန္စဥ္းစားဖြယ္ ရွိတယ္ ဆိုတဲ့ ခန႔္မွန္းေျပာဆိုမႈေတြ ထြက္ေပၚေနပါတယ္။ ဒီကိစၥ အေမရိကန္နဲ႔ ေဆြးေႏြးတာေတြလည္း ရပ္တန႔္ေနၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာလည္း ျပည္တြင္း ျပည္ပ အေရးေတြနဲ႔ အလုပ္မ်ားေနပါတယ္။

ဒါေၾကာင့္ ဒီေတာင္ေပၚေလေတြကေန တစ္ဆင့္ အေမရိကန္ အစိုးရ အာ႐ုံစိုက္လာဖို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္က သတင္းေပးေကာင္း ေပးႏိုင္မွာ ျဖစ္ပါတယ္။

ဒီႏွစ္မကုန္ခင္ န်ဴကလီးယား ဖ်က္သိမ္းေရး သေဘာတူညီခ်က္ယူဖို႔ ေျမာက္ကိုရီးယားကို အေမရိကန္က ေျပာထားတာပါ။

ေျမာက္ကိုရီးယားဘက္ကေတာ့ ပိတ္ဆို႔ အေရးယူတာေတြကို အရင္ ဖယ္ရွားေပးၿပီးမွ န်ဴကလီးယားဖ်က္သိမ္းတဲ့ အစီအစဥ္ကို လုပ္မယ္လို႔ အႀကိမ္ႀကိမ္ ေျပာထားပါတယ္။ ဒါေပမဲ့ ဒါကို အေမရိကန္ဘက္က ေခါင္းညိတ္လာေအာင္ သူမလုပ္ႏိုင္ေသးပါဘူး။

အခု ဒုံးက်ည္ေတြ နည္းနည္းထပ္ပစ္ျပၿပီး အေမရိကန္ကို ဖိအားေပးဖို႔ အခ်ိန္ေရာက္ၿပီလို႔ သူယူဆေနတာလည္း ျဖစ္ႏိုင္ပါတယ္။

ဒါမွမဟုတ္လည္း ႏွင္းေတာထဲမွာ ျမင္းစီးရတာကို ေပ်ာ္ေန႐ုံ သက္သက္လည္း ျဖစ္ႏိုင္ပါတယ္။

ဘယ္ဟာ မွန္မလဲဆိုတာေတာ့ မၾကာခင္ လပိုင္းမွာ သိၾကရလိမ့္မယ္လို႔ ထင္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ကင္မ္ဂ်ဳံအြန္းကို ဘက္ဒူးေတာင္ထိပ္ကို တက္ေရာက္ခဲ့စဥ္

ကင္ဂ်ဳံအြန္းဟာ ဘက္ဒူးေတာင္ေပၚကို အနည္းဆုံး ၃ ခါေလာက္ တက္ခဲ့ဖူးတယ္လို႔ သတင္းေတြက ဆိုပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းကေတာ့ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္း နဲ႔ အတူ တက္ခဲ့ၾကတာပါ။

အရင္ကလည္း ေတာင္ထိပ္ေပၚကို သားေရဖိနပ္ အနက္ စီးၿပီး တက္သြားပုံရတဲ့ ကင္ဂ်ဳံအြန္းရဲ႕ ပုံေတြကိုလည္း KCNA သတင္းဌာနက ထုတ္ျပန္ခဲ့ဖူးပါတယ္။

ဘက္ဒူးေတာင္ဟာ သက္ရွိ လႈပ္ရွားေနတဲ့ မီးေတာင္တစ္ခုျဖစ္ၿပီး ဒီေနရာဟာ လြန္ခဲ့တဲ့ ႏွစ္ ၄၀၀၀ ေက်ာ္က ပထမဆုံး ကိုရီးယားမင္းဆက္ ဂ်ိဳေစာင္ေခတ္ကို တည္ေထာင္ခဲ့တဲ့ တန္ဂြန္ ဘုရင္ရဲ႕ ေမြးဖြားရာ ဇာတိလို႔ ဆိုၾကပါတယ္။

ဒီေတာင္ဟာ ၿပဳံယမ္းၿမိဳ႕ေတာ္နဲ႔ ကီလိုမီတာ ရာခ်ီေဝးပါတယ္။ ဒီေတာင္က ေျမာက္ကိုရီးယားနဲ႔ တ႐ုတ္နယ္စပ္ မွာရွိတာပါ။

ဒီလ အေစာပိုင္းမွာ ေျမာက္ကိုရီးယား နဲ႔ အေမရိကန္ အရာရွိေတြ ဆြီဒင္မွာ ေဆြးေႏြးခဲ့ၾကပါေသးတယ္။ အဲဒါဟာ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္နဲ႔ မစၥတာကင္တို႔ ဇြန္လတုန္းက ေတာင္-ေျမာက္ကိုရီးယား နယ္စပ္မွာ ခဏ ေတြ႕ခဲ့ၾကအၿပီး ပထမဆုံး ျပန္ေတြ႕ၾကတာ ျဖစ္ပါတယ္။

ဒီခရီးက ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ေျမာင္ဂ်ီကေတာ့ ေဆြးေႏြးပြဲက သူတို႔ ေမွ်ာ္လင့္သလို ျဖစ္မလာဘဲ ေနာက္ဆုံးမွာ ရပ္သြားတယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ အေမရိကန္ဘက္ေတာ့ ေကာင္းေကာင္းေဆြးေႏြးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေဆြးေႏြးပြဲေတြ မတိုင္ခင္မွာ ေျမာက္ကိုရီးယားက ပဲ့ထိန္းဒုံးအသစ္ အမ်ိဳးအစားေတြ စမ္းသပ္ခဲ့ပါေသးတယ္။

အဲဒါဟာ ဒီႏွစ္ထဲမွာ ၁၁ ႀကိမ္ေျမာက္ စမ္းသပ္တာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------------
Unicode
ကင်ဂျုံအွန်း အထွတ်အမြတ်တောင်ပေါ်ကို မြင်းဖြူကြီးစီးပြီးတက်

Image caption နှင်းတွေဖုံးနေတဲ့ ဘက်ဒူးတောင်ပေါ်မှာ ကင်ဂျုံအွန်းကို မြင်းဖြူကြီးနဲ့ တွေ့ရပုံ

မြောက်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဘက်ဒူးတောင်ပေါ် ကင်မ်ဂျုံအွန်း တက်သွားတယ်လို့ KCNA မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ဆိုပါတယ်။

နှင်းတွေ ဖုံးလွှမ်းနေတဲ့ ဘက်ဒူးတောင်ထိပ်ပေါ် မြင်းဖြူကြီး စီးပြီး ကင်ဂျုံအွန်း တက်သွားတဲ့ ပုံ အတော်များများကို KCNA သတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။

မီတာ ၂၇၅၀ မြင့်တဲ့ အဲဒီ တောင်ထိပ်ပေါ် ကင်ဂျုံအွန်း တက်သွားတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အဲဒီတောင်ပေါ် တက်သွားတာဟာ အရေးကြီးတဲ့ ကြေညာချက် ထုတ်ပြန်မယ်ဆိုတဲ့ အရိပ်လက္ခဏာ အဖြစ် အများက သိထားကြတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

အဲဒီတောင်ကို မြောက်ကိုရီးယားနိုင်ငံရဲ့ သင်္ကေတ နေရာတစ်ခု အဖြစ် သတ်မှတ်ထားပြီး ကင်ဂျုံအွန်းရဲ့ ဖခင်ဖြစ်သူ မွေးဖွားခဲ့ရာ နေရာ အဖြစ်လည်း ဂုဏ်ပြုထားရှိထားတာပါ။

ဘက်ဒူးတောင်ပေါ်ကို မြင်းနဲ့ တက်သွားတာဟာ ကိုရီးယား တော်လှန်ရေး သမိုင်းမှာ အတော်လေး အရေးပါတဲ့ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ကြောင်း KCNA က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

"ကင်ဂျုံအွန်းဟာ မြောက်ကိုရီးယားနိုင်ငံကို သြဇာအာဏာ အကြီးဆုံးနိုင်ငံကြီး ဖြစ်လာအောင် တည်ဆောက်ခဲ့တဲ့ ခရီးကြမ်းအတွင်း သူရင်ဆိုင် ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို ဘက်ဒူးတောင်ကြီးလို မယိုင်မလဲတဲ့ စိတ်ဓာတ်နဲ့ တွန်းလှန်နိုင်ခဲ့ပုံကို ဘက်ဒူးတောင်ထိပ်မှာ မြင်းဖြူကြီးပေါ် ထိုင်ရင်း ပြန်လည် သုံးသပ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်တုန်းက တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေအောင် ကြိုးစားမယ်လို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ အရိပ်အမြွက် ထုတ်ဖော် မပြောခင် သီတင်းပတ် အနည်းငယ် အလိုတုန်းကလည်း ဘက်ဒူးတောင်ထိပ်ပေါ်ကို ကင်ဂျုံအွန်း တက်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
ဓာတ်ပုံ မူပိုင် AFP
အာရုံစိုက်ဖို့ မြင်းစီးပြတာလား

ပထမဆုံး ဒီ အပျံစား ဓာတ်ပုံတွေအကြောင်း ပြောရအောင်ပါ။

ကိုရီးယား ကျွန်းဆွယ်ရဲ့ လူသူ အရောက်အပေါက် နည်းတဲ့ နေရာမှာ ပထမဆုံး နှင်းကျချိန် မြင်းဖြူကြီးကို စီးနေတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ မြင်ကွင်းလောက် တခြား ဘာကမှ သူ့သြဇာ အရှိန်အဝါကို ပြနိုင်မှာ မဟုတ်ပါဘူး။

ဒါက ကင်မျိုးနွယ်ရဲ့ ခွန်အားနဲ့ သြဇာကို ပြဖို့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားတွေကို သူတို့ ခေါင်းဆောင်ရဲ့ သြဇာကို သတိထားမိ လာစေဖို့နဲ့ မြင်းရေးကျွမ်းကျင်မှုကိုလည်း ပြသတာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အစိုးရပိုင် မီဒီယာတွေမှာ ဖော်ပြထားတဲ့ စကားတွေအရ တခြား တွေးဆစရာတွေ ရှိလာပါတယ်။

"ကမ္ဘာကြီးကို အံ့သြသွားစေမှာမျိုး လုပ်မယ်"ဆိုတာမျိုးက ထူးခြားပါတယ်။

ကင်ဂျုံအွန်းဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချခင် ဘက်ဒူးတောင်ကို တက်ခဲ့လေ့ ရှိပါတယ်။

အခုအခါမှာတော့ ကင်ဂျုံအွန်းဟာ သူပြောထားတဲ့ တာဝေးပစ်ဒုံးတွေနဲ့ နျူကလီးယား လက်နက်စမ်းသပ်မှုတွေကို မလုပ်ဘူးဆိုတာကို ပြန်စဉ်းစားဖွယ် ရှိတယ် ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စ အမေရိကန်နဲ့ ဆွေးနွေးတာတွေလည်း ရပ်တန့်နေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း ပြည်တွင်း ပြည်ပ အရေးတွေနဲ့ အလုပ်များနေပါတယ်။

ဒါကြောင့် ဒီတောင်ပေါ်လေတွေကနေ တစ်ဆင့် အမေရိကန် အစိုးရ အာရုံစိုက်လာဖို့ မြောက်ကိုရီးယား ခေါင်းဆောင်က သတင်းပေးကောင်း ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီနှစ်မကုန်ခင် နျူကလီးယား ဖျက်သိမ်းရေး သဘောတူညီချက်ယူဖို့ မြောက်ကိုရီးယားကို အမေရိကန်က ပြောထားတာပါ။

မြောက်ကိုရီးယားဘက်ကတော့ ပိတ်ဆို့ အရေးယူတာတွေကို အရင် ဖယ်ရှားပေးပြီးမှ နျူကလီးယားဖျက်သိမ်းတဲ့ အစီအစဉ်ကို လုပ်မယ်လို့ အကြိမ်ကြိမ် ပြောထားပါတယ်။ ဒါပေမဲ့ ဒါကို အမေရိကန်ဘက်က ခေါင်းညိတ်လာအောင် သူမလုပ်နိုင်သေးပါဘူး။

အခု ဒုံးကျည်တွေ နည်းနည်းထပ်ပစ်ပြပြီး အမေရိကန်ကို ဖိအားပေးဖို့ အချိန်ရောက်ပြီလို့ သူယူဆနေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ်လည်း နှင်းတောထဲမှာ မြင်းစီးရတာကို ပျော်နေရုံ သက်သက်လည်း ဖြစ်နိုင်ပါတယ်။

ဘယ်ဟာ မှန်မလဲဆိုတာတော့ မကြာခင် လပိုင်းမှာ သိကြရလိမ့်မယ်လို့ ထင်ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၇ ခုနှစ်တုန်းက ကင်မ်ဂျုံအွန်းကို ဘက်ဒူးတောင်ထိပ်ကို တက်ရောက်ခဲ့စဉ်

ကင်ဂျုံအွန်းဟာ ဘက်ဒူးတောင်ပေါ်ကို အနည်းဆုံး ၃ ခါလောက် တက်ခဲ့ဖူးတယ်လို့ သတင်းတွေက ဆိုပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း နဲ့ အတူ တက်ခဲ့ကြတာပါ။

အရင်ကလည်း တောင်ထိပ်ပေါ်ကို သားရေဖိနပ် အနက် စီးပြီး တက်သွားပုံရတဲ့ ကင်ဂျုံအွန်းရဲ့ ပုံတွေကိုလည်း KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဘက်ဒူးတောင်ဟာ သက်ရှိ လှုပ်ရှားနေတဲ့ မီးတောင်တစ်ခုဖြစ်ပြီး ဒီနေရာဟာ လွန်ခဲ့တဲ့ နှစ် ၄၀၀၀ ကျော်က ပထမဆုံး ကိုရီးယားမင်းဆက် ဂျိုစောင်ခေတ်ကို တည်ထောင်ခဲ့တဲ့ တန်ဂွန် ဘုရင်ရဲ့ မွေးဖွားရာ ဇာတိလို့ ဆိုကြပါတယ်။

ဒီတောင်ဟာ ပြုံယမ်းမြို့တော်နဲ့ ကီလိုမီတာ ရာချီဝေးပါတယ်။ ဒီတောင်က မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ် မှာရှိတာပါ။

ဒီလ အစောပိုင်းမှာ မြောက်ကိုရီးယား နဲ့ အမေရိကန် အရာရှိတွေ ဆွီဒင်မှာ ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒါဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မစ္စတာကင်တို့ ဇွန်လတုန်းက တောင်-မြောက်ကိုရီးယား နယ်စပ်မှာ ခဏ တွေ့ခဲ့ကြအပြီး ပထမဆုံး ပြန်တွေ့ကြတာ ဖြစ်ပါတယ်။

ဒီခရီးက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မြောင်ဂျီကတော့ ဆွေးနွေးပွဲက သူတို့ မျှော်လင့်သလို ဖြစ်မလာဘဲ နောက်ဆုံးမှာ ရပ်သွားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်ဘက်တော့ ကောင်းကောင်းဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေ မတိုင်ခင်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးအသစ် အမျိုးအစားတွေ စမ်းသပ်ခဲ့ပါသေးတယ်။

အဲဒါဟာ ဒီနှစ်ထဲမှာ ၁၁ ကြိမ်မြောက် စမ်းသပ်တာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကင္ဂ်ဳံအြန္း အထြတ္အျမတ္ေတာင္ေပၚကို ျမင္းျဖဴႀကီးစီးၿပီးတက္ ကင္ဂ်ဳံအြန္း အထြတ္အျမတ္ေတာင္ေပၚကို ျမင္းျဖဴႀကီးစီးၿပီးတက္ Reviewed by THITHTOOLWIN on 23:35 Rating: 5
Powered by Blogger.