မင္းျပားနဲ႔ ေက်ာက္ေတာ္မွာ ျမန္မာစစ္တပ္ တိုက္ခိုက္ခံရ

Zawgyi
ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာ ျမန္မာစစ္တပ္နဲ႕ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ တို႕အၾကား တိုက္ ပြဲေတြဆက္လက္ ျဖစ္ပြား ေနတာမွာ မေန႔က မင္းျပားၿမိဳ႕နယ္ဘက္မွာ တပ္မေတာ္ စစ္ေၾကာင္း တေၾကာင္းကို AA ဖက္က ပစ္ခတ္တိုက္ခိုက္ ခဲ့သလို ေက်ာက္ေတာ္ျမိဳ႕နယ္ဖက္မွာလည္း ဗုံးခြဲတိုက္ခဲ့တယ္လို႕ တပ္မေတာ္တာ၀န္ရွိသူေတြကေျပာပါတယ္။

AAဖက္ ကေတာ့ တိုက္ပြဲျဖစ္ပြားေၾကာင္း အတည္ျပဳခဲ့သလို အေသးစိတ္အေျခအေနကို မသိရွိေသးဘူး လို႕ဆိုပါတယ္။ လနဲ႔ခ်ီ ျဖစ္ေပၚေနတဲ့ တုိက္ပြဲေတြေၾကာင့္ ႏွစ္ဘက္ တပ္ဖြဲ႔၀င္ေတြအျပင္ အရပ္သားျပည္သူ အမ်ားအျပားလည္း အသက္ဆုံး ရႈံးမႈေတြ ရွိေနပါတယ္။ ဒီအေျခအေနကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန ဆက္သြယ္ ေမးျမန္း သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္၊ ပန္းေျမာင္းေက်းရြာဘက္မွာ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕ တိုက္ပြဲ ျဖစ္ပြားေနဆဲျဖစ္ျပီး မေန႕ကလည္း နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ေနတဲ့ တပ္မေတာ္ စစ္ေၾကာင္းကို AAဖက္က တိုက္ခိုက္ခဲ့ေၾကာင္း အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးကေျပာပါတယ္။

“ပန္းေျမာင္းရဲ႕အေရွ႕ဖက္ကျဖစ္ေနၾကတာ ျဖစ္ေနတုန္းဘဲဗ်ာ။ မေန႕ကပန္းေျမာင္းရဲ႕အေရွ႕ဖက္ေလ။ ကြ်န္ေတာ္တို႕ အုပ္ခ်ဳပ္မွဳလုပ္ေနတဲ့စစ္ေၾကာင္းတေၾကာင္းကို ဒီေကာင္ေတြ ေခ်ာင္းျပီးေတာ့ပစ္တာ ေစာင့္ျပီးေတာ့ ခ်တာေပါ့ေနာ္။ ဒါေပမယ့္ ဘာမွေတာ့ မျဖစ္ပါဘူး။”

မေန႕က မင္းျပားၿမိဳ႕နယ္ ဒိုင္းသားရြာဖက္မွာတိုက္ပြဲျဖစ္ပြား ခဲ့ေၾကာင္းအတည္ျပဳေပမဲ့ အေသးစိတ္ အေျခအေနကို မသိရ ေသးဘူးလို႕ ရခိုင္လက္နက္ကိုင္ AA ျပန္ၾကားေရး တာ၀န္ခံခိုင္သုခက ေျပာပါတယ္။

“မင္းျပားျမိဳ႕နယ္ အဲဒီဒိုင္းသားရြာဖက္မွာလဲ တိုက္ပြဲျဖစ္ပြား တာရွိတယ္။ ဒါေပမဲ့တိုက္ပြဲ အေသးစိတ္ ေတြကေတာ့ ကြ်န္ေတာ္ ဆီကိုမေရာက္လာေသးဘူး။”

တိုက္ပြဲျဖစ္ပြား ျဖစ္စဥ္အတြင္း ဒိုင္းသားရြာသားေတြ ရြာကေနတိမ္းေရွာင္ေနၾကရတယ္လို႕ ပန္းေျမာင္းေဒသခံ တဦး ကဆိုပါတယ္။

မေန႕ကလဲေက်ာက္ေတာ္ျမိဳ႕နယ္ ဆင္အိုးခ်ိဳင္ေက်းရြာဘက္မွာ တပ္မေတာ္စစ္ေၾကာင္းတခု ဗုံးခြဲတိုက္ခိုက္ခံရတယ္လို႕ ဆင္အိုးခ်ိဳင္ေက်းရြာ အုပ္ခ်ဳပ္ေရးအဖြဲ႕၀င္တဦးကေျပာပါတယ္။

“ဆင္အိုးခ်ိဳင္နဲ႕ ရြာသစ္နဲ႕ရြာေဟာင္းၾကားမွာ။ ကားလမ္းေပၚမွာဟုတ္တယ္။ ကြ်န္ေတာ္တို႕ကေတာ့ အသံၾကားလိုက္ တယ္လို႕။ ပထမတခ်က္ေပါက္တယ္။ အၾကီးၾကီးေပါက္တယ္။ လက္နက္ငယ္ေတြ ေပါက္တယ္။ တပ္မေတာ္စစ္ေၾကာင္း ပစ္တယ္အဲဒီမွာ။ ထိခိုက္မႈေတာ့ မၾကားဘူး။”

ဗုံးေပါက္ကြဲမွဳအၿပီး ျမန္မာစစ္တပ္ဖက္ကပစ္ခတ္မွဳေတြရွိေနသလို ရြာအတြင္း လက္နက္က်ည္ေတြက်ေရာက္ခဲ့တယ္လို႕ ဆင္အိုးခ်ိဳင္ရြာသစ္က ရြာသားေတြကေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမေန႕ကတပ္မေတာ္စစ္ေၾကာင္းဗုံးခြဲတိုက္ခိုက္ခံရတဲ့ အေျခအေနကိုေတာ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကအခုလိုေျပာပါတယ္။

“ေက်ာက္ေတာ္ဖက္မွာေတာ့ မီး၀စခန္းဖက္မွာေတာ့ ကြ်န္ေတာ္တို႕ဒီ AAကေနျပီးေတာ့ မိုင္းဆြဲတိုက္ခိုက္တဲ့ျဖစ္စဥ္တခု ေတာ့ရွိတယ္။ ႏွစ္ဖက္လုံးမွာ ထိခိုက္ဒဏ္ရာရရွိမႈ မရွိဘူး။”

ဆင္အိုးခ်ိဳင္ေက်းရြာဖက္ ဗုံးခြဲတိုက္ခိုက္တဲ့အေျခအေနကိုေတာ့ အေသးစိတ္ မသိရေသးေပမဲ့ ဒီရက္ပိုင္းအတြင္း ခ်င္းျပည္ နယ္ပလက္၀ျမိဳ႕နယ္ဖက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ရခိုင္လက္နက္ကိုင္AA ျပန္ၾကားေရးတာ၀န္ခံခိုင္သုခက ေျပာပါ တယ္။

“(၁၃)ရက္ေန႕တုန္းကေတာ့ ပလက္၀ျမိဳ႕နယ္ရဲ႕ အထက္ပိုင္း ပန္ခေတာင္ေၾကာေပါ့။ အဲဒီမွာတိုက္ပြဲ အျပင္းထန္ ျဖစ္ တာရွိတယ္။ အဲဒီမွာရန္သူဖက္ကလဲ အက်ဆုံး မ်ားတယ္။ ေနာက္ရန္သူ ဆီကေနျပီးေတာ့ ၆၀မမေျပာင္းရွည္ေပါ့ေနာ္။ အဲတာေတြအပါ၀င္ လက္နက္ပစၥည္းေတြ သိမ္းဆီး ရမိတာရွိတယ္။”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တပ္မေတာ္ေျပာခြင့္ရဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက ပလက္၀ျမိဳ႕နယ္ဖက္ တိုက္ပြဲျဖစ္ပြားခဲ့ ေၾကာင္းအတည္ျပဳေပမဲ့ တပ္မေတာ္ဖက္က ထိခိုက္မွဳမရွိဘူးလို႕ေျပာပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႕AAရခိုင္လက္နက္ကိုင္အဖြဲ႕တို႕ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသနဲ႕ ခ်င္းျပည္နယ္ပလက္၀ျမိဳ႕နယ္ အတြင္းမွာ တိုက္ပြဲေတြအပါအ၀င္ ဗုံးခြဲတိုက္ခိုက္မွဳေတြ ေန႕စဥ္လိုလိုျဖစ္ပြားေနပါတယ္။

ႏွစ္ဖက္ျဖစ္ပြားတဲ့ တိုက္ပြဲအတြင္းေဒသခံျပည္သူ(၈၀)ေက်ာ္ေသဆုံးမွဳျဖစ္ပြား ခဲ့သလို(၁၂၀)ေက်ာ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႕ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေျပာပါတယ္။

ျမန္မာအစိုးရအေနနဲ႕ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႕ ျငိမ္းခ်မ္းေရးနဲ႕ ပစ္ခတ္တိုက္ခိုက္မွဳ ရပ္စဲနိုင္ေရး အတြက္ ေတြ႕ဆုံညိွႏွိဳင္းေနခဲ့ေပမဲ့ တိုက္ပြဲေတြကေတာ့ရပ္တန္႕နိုင္ျခင္းမရွိေသးပါဘူး။

ဒီလိုတိုက္ပြဲျဖစ္ပြားေနမွဳေၾကာင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးမွဳအတြက္ တဖက္နဲ႕တဖက္ယုံၾကည္မွဳ အပိုင္းအားနည္းလာ ေစတယ္လို႕လဲ နိုင္ငံေရးေလ့လာသူေတြက ေ၀ဖန္ေျပာဆိုေနၾကပါတယ္။

...................

{Unicode)

မင်းပြားနဲ့ကျောက်တော်မှာ မြန်မာစစ်တပ်တိုက်ခိုက်ခံရ

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့AA ရခိုင်လက်နက်ကိုင်အဖွဲ့ တို့အကြား တိုက် ပွဲတွေဆက်လက် ဖြစ်ပွား နေတာမှာ မနေ့က မင်းပြားမြို့နယ်ဖက်မှာ တပ်မတော် စစ်ကြောင်း တကြောင်းကို AAဖက်က ပစ်ခတ်တိုက်ခိုက် ခဲ့သလို ကျောက်တော်မြို့နယ်ဖက်မှာလည်း ဗုံးခွဲတိုက်ခဲ့တယ်လို့ တပ်မတော်တာဝန်ရှိသူတွေကပြောပါတယ်။ AAဖက် ကတော့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုခဲ့သလို အသေးစိတ်အခြေအနေကို မသိရှိသေးဘူး လို့ဆိုပါတယ်။ လနဲ့ချီ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဘက် တပ်ဖွဲ့ဝင်တွေအပြင် အရပ်သားပြည်သူ အများအပြားလည်း အသက်ဆုံး ရှုံးမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး မနေ့ကလည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ တပ်မတော် စစ်ကြောင်းကို AAဖက်က တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

“ပန်းမြောင်းရဲ့အရှေ့ဖက်ကဖြစ်နေကြတာ ဖြစ်နေတုန်းဘဲဗျာ။ မနေ့ကပန်းမြောင်းရဲ့အရှေ့ဖက်လေ။ ကျွန်တော်တို့ အုပ်ချုပ်မှုလုပ်နေတဲ့စစ်ကြောင်းတကြောင်းကို ဒီကောင်တွေ ချောင်းပြီးတော့ပစ်တာ စောင့်ပြီးတော့ ချတာပေါ့နော်။ ဒါပေမယ့် ဘာမှတော့ မဖြစ်ပါဘူး။”

မနေ့က မင်းပြားမြို့နယ် ဒိုင်းသားရွာဖက်မှာတိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းအတည်ပြုပေမဲ့ အသေးစိတ် အခြေအနေကို မသိရ သေးဘူးလို့ ရခိုင်လက်နက်ကိုင် AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“မင်းပြားမြို့နယ် အဲဒီဒိုင်းသားရွာဖက်မှာလဲ တိုက်ပွဲဖြစ်ပွား တာရှိတယ်။ ဒါပေမဲ့တိုက်ပွဲ အသေးစိတ် တွေကတော့ ကျွန်တော် ဆီကိုမရောက်လာသေးဘူး။”

တိုက်ပွဲဖြစ်ပွား ဖြစ်စဉ်အတွင်း ဒိုင်းသားရွာသားတွေ ရွာကနေတိမ်းရှောင်နေကြရတယ်လို့ ပန်းမြောင်းဒေသခံ တဦး ကဆိုပါတယ်။

မနေ့ကလဲကျောက်တော်မြို့နယ် ဆင်အိုးချိုင်ကျေးရွာဘက်မှာ တပ်မတော်စစ်ကြောင်းတခု ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဆင်အိုးချိုင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ဆင်အိုးချိုင်နဲ့ ရွာသစ်နဲ့ရွာဟောင်းကြားမှာ။ ကားလမ်းပေါ်မှာဟုတ်တယ်။ ကျွန်တော်တို့ကတော့ အသံကြားလိုက် တယ်လို့။ ပထမတချက်ပေါက်တယ်။ အကြီးကြီးပေါက်တယ်။ လက်နက်ငယ်တွေ ပေါက်တယ်။ တပ်မတော်စစ်ကြောင်း ပစ်တယ်အဲဒီမှာ။ ထိခိုက်မှုတော့ မကြားဘူး။”

ဗုံးပေါက်ကွဲမှုအပြီး မြန်မာစစ်တပ်ဖက်ကပစ်ခတ်မှုတွေရှိနေသလို ရွာအတွင်း လက်နက်ကျည်တွေကျရောက်ခဲ့တယ်လို့ ဆင်အိုးချိုင်ရွာသစ်က ရွာသားတွေကပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမနေ့ကတပ်မတော်စစ်ကြောင်းဗုံးခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေကိုတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

“ကျောက်တော်ဖက်မှာတော့ မီးဝစခန်းဖက်မှာတော့ ကျွန်တော်တို့ဒီ AAကနေပြီးတော့ မိုင်းဆွဲတိုက်ခိုက်တဲ့ဖြစ်စဉ်တခု တော့ရှိတယ်။ နှစ်ဖက်လုံးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး။”

ဆင်အိုးချိုင်ကျေးရွာဖက် ဗုံးခွဲတိုက်ခိုက်တဲ့အခြေအနေကိုတော့ အသေးစိတ် မသိရသေးပေမဲ့ ဒီရက်ပိုင်းအတွင်း ချင်းပြည် နယ်ပလက်ဝမြို့နယ်ဖက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရခိုင်လက်နက်ကိုင်AA ပြန်ကြားရေးတာဝန်ခံခိုင်သုခက ပြောပါ တယ်။

“(၁၃)ရက်နေ့တုန်းကတော့ ပလက်ဝမြို့နယ်ရဲ့ အထက်ပိုင်း ပန်ခတောင်ကြောပေါ့။ အဲဒီမှာတိုက်ပွဲ အပြင်းထန် ဖြစ် တာရှိတယ်။ အဲဒီမှာရန်သူဖက်ကလဲ အကျဆုံး များတယ်။ နောက်ရန်သူ ဆီကနေပြီးတော့ ၆၀မမပြောင်းရှည်ပေါ့နော်။ အဲတာတွေအပါဝင် လက်နက်ပစ္စည်းတွေ သိမ်းဆီး ရမိတာရှိတယ်။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးက ပလက်ဝမြို့နယ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်းအတည်ပြုပေမဲ့ တပ်မတော်ဖက်က ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ် အတွင်းမှာ တိုက်ပွဲတွေအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပါတယ်။

နှစ်ဖက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းဒေသခံပြည်သူ(၈၀)ကျော်သေဆုံးမှုဖြစ်ပွား ခဲ့သလို(၁၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေး အတွက် တွေ့ဆုံညှိနှိုင်းနေခဲ့ပေမဲ့ တိုက်ပွဲတွေကတော့ရပ်တန့်နိုင်ခြင်းမရှိသေးပါဘူး။

ဒီလိုတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအတွက် တဖက်နဲ့တဖက်ယုံကြည်မှု အပိုင်းအားနည်းလာ စေတယ်လို့လဲ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

 ႏုိင္ကြန္းအိန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
မင္းျပားနဲ႔ ေက်ာက္ေတာ္မွာ ျမန္မာစစ္တပ္ တိုက္ခိုက္ခံရ မင္းျပားနဲ႔ ေက်ာက္ေတာ္မွာ ျမန္မာစစ္တပ္ တိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 23:41 Rating: 5
Powered by Blogger.