အေရွ႕ေတာင္အာရွမွာ အမ်ားဆုံး ျမန္မာေငြေၾကးေဖာင္းပြမႈ

စားေသာက္ကုန္ ထုတ္လုပ္မႈမွာ ေရာင္းအားနဲ႔ ဝယ္အားမမွ်
Zawgyi
၂ဝ၁၉ အတြက္ ျမန္မာႏိုင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ ၈ ရာခိုင္ႏႈန္းထိ ရွိတယ္လို႔ အာရွဖြံ႕ၿဖိဳးေရးဘဏ္ ေအဒီဘီက ေျပာၾကားပါတယ္။

ဒီႏွစ္ ျမန္မာႏိုင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ အစက ၆.၈ ရာခိုင္ႏႈန္းပဲ ရွိတယ္လို႔ ခန္႔မွန္းရာက ေနာက္ဆုံးရ ကိန္းဂဏန္းအခ်က္အလက္ေတြအရ ၈ ရာခိုင္ႏႈန္းထိ ျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းေၾကာင္း အာရွ ဖြံ႕ၿဖိဳးေရးဘဏ္ ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ကြၽမ္းက်င္သူ ပညာရွင္ မစၥယူမီကို တာမူရာက ေျပာပါတယ္။ ဒါဟာ မႏွစ္က ရွိခဲ့တဲ့ ေငြေၾကးေဖာင္းပြမႈႏႈန္း ၅.၉ ရာခိုင္ႏႈန္းထက္ ပိုျမင့္လာတာပါ။

ဒီလို ျမင့္တက္တာဟာ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထဲမွာ အမ်ားဆုံး ျဖစ္ၿပီး ေငြေၾကးေဖာင္းပြတဲ့ အဓိကအေၾကာင္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ စားေသာက္ကုန္ ထုတ္လုပ္မႈမွာ ေရာင္းအားနဲ႔ ဝယ္အားမမွ် တာေၾကာင့္ျဖစ္ၿပီး ကမာၻ႔ေရနံေစ်းတက္တာ၊ ေဒၚလာလဲႏႈန္းျမင့္တာ စတဲ့ အေၾကာင္းေတြ ပါတယ္လို႔ သိရပါတယ္။ စားေသာက္ကုန္ ထုတ္လုပ္မႈ နည္းတာ၊ ျဖန္႔ျဖဴးမႈ ေႏွးေကြးတာ စတာေတြေၾကာင့္ ေရာင္းကုန္ေတြ ေစ်းတက္ၿပီး ေငြေၾကးေဖာင္းပြမႈ ျမင့္တက္တာ ျဖစ္ပါတယ္။ ေနာက္ ရာသီဥတုဆိုးလို႔ ကုန္စည္သယ္ယူ ပို႔ေဆာင္ေရး ပ်က္ျပားတာနဲ႔ တျခားစရိတ္စကေတြေၾကာင့္ ေစ်းတက္တာေတြ ရွိပါတယ္။

ဒါေတာင္ ၂ဝ၁၈ ခုႏွစ္အတြင္း ျမန္မာအစိုးရက ဇိမ္ခံပစၥည္းတင္သြင္းမႈကို ထိန္းခ်ဳပ္လိုက္လို႔ သြင္းကုန္တန္ဖိုးက်ဆင္းခဲ့သလို ပို႔ကုန္တန္ဖိုးတက္တာ၊ ျပည္ပက တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားလာတာနဲ႔ ႏိုင္ငံတကာ ခရီးသြား အဝင္မ်ားလာတာ စတဲ့အခ်က္ေတြေၾကာင့္ ျပည္တြင္း ထုတ္လုပ္မႈတန္ဖိုး ၆.၆ ရာခိုင္ႏႈန္း တက္ခဲ့တယ္လို႔လည္း ေအဒီဘီ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ပို႔ကုန္တိုးလို႔ ကုန္သြယ္ေရး အပိုတန္ဖိုး အေမရိကန္ ေဒၚလာ ၅၄ သန္းေက်ာ္ထိ ရခဲ့ပါတယ္။

ဒီမွာ မၾကာခင္က တိုးျမႇင့္လိုက္တဲ့ လွ်ပ္စစ္မီတာခ တိုးျမႇင့္မႈေၾကာင့္ ျဖစ္တဲ့ ေငြေၾကးေဖာင္းပြမႈ ႐ိုက္ခတ္ခ်က္ကိုေတာ့ မေတြ႕ရေသးဘူးလို႔လည္း သိရပါတယ္။

 ေငြေၾကးေဖာင္းပြမႈဒဏ္ကို အေျခခံလူတန္းစားေတြ အဓိကရင္ဆိုင္ရ

ဒီကိန္းဂဏန္းေတြကို ျမန္မာအစိုးရ လစဥ္ထုတ္တဲ့ ေငြေၾကးေဖာင္းပြမႈ အစီရင္ခံစာေတြနဲ႔ ဗဟိုစာရင္းအင္းအဖြဲ႕နဲ႔ ဗဟိုဘဏ္ တို႔က ျပဳစုတဲ့ သုံးလတႀကိမ္ထုတ္ အစီရင္ခံစာေတြကို အေျခခံၿပီး တြက္ခ်က္ ထားတာပါ။

ဒါေပမဲ့ ကမာၻ႔တျခားေနရာေတြမွာလည္း ျမန္မာႏိုင္ငံလိုပဲ ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တဲ့ ႏိုင္ငံေတြ ရွိၿပီး တခ်ိဳ႕ႏိုင္ငံေတြမွာဆိုရင္ ၁၀ ရာခိုင္ႏႈန္း၊ ရာခိုင္ႏႈန္း ၃ဝ စသျဖင့္ ရွိတတ္တယ္လို႔လည္း သိရပါတယ္။
အရွိန္ကို ဆက္ၿပီး ထိန္းထားဖို႔ လို

ျမန္မာႏိုင္ငံမွာ စီးပြားေရး ျပဳျပင္မႈေတြ လုပ္လာတာဟာ ပထမအဆင့္မွာ အားရစရာ ေကာင္းခဲ့ၿပီး အခု ဒုတိယအဆင့္ ဝင္လာခ်ိန္မွာေတာ့ ဒီအရွိန္ကို ဆက္ၿပီး ထိန္းထားဖို႔ လိုတယ္လို႔လည္း အာရွ ဖြံ႕ၿဖိဳးေရးဘဏ္က မစၥယူမီကို တာမူရာက အႀကံေပးပါတယ္။

ႏိုင္ငံအမ်ားစုမွာလည္း ဒီဒုတိယအဆင့္မွာ ပိုၿပီး အခက္အခဲေတြ႕တတ္တာ ျဖစ္ပါတယ္။

ဒါေပမဲ့ ျမန္မာအစိုးရအတြက္ ေငြေၾကးေဖာင္းပြမႈကို ထိန္းခ်ဳပ္ရာမွာ အကန္႔အသတ္ေတြ ရွိတယ္လို႔လည္း သူက ဆိုပါတယ္။

တျခားအာဆီယံနဲ႔ အာရွပစိဖိတ္ ႏိုင္ငံေတြမွာ ေငြေၾကးေဖာင္းပြမႈကို ထိန္းခ်ဳပ္ရာမွာ ေအာင္ျမင္တာေတြ ရွိလာေပမယ့္ ျမန္မာမွာေတာ့ ေစ်းကြက္နဲ႔ မူဝါဒ ေဖာ္ေဆာင္ရာမွာ မရင့္က်က္ေသးတာေတြ ရွိတယ္ လို႔လည္း သိရ ပါတယ္။

ဒါေပမဲ့ ျမန္မာအစိုးရရဲ႕ ေငြေၾကးေဖာင္းပြမႈကို ကိုင္တြယ္ဖို႔ ႀကိဳးစားေနတာေတြဟာ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနၿပီး ဒီလို တႏွစ္အတြင္း ၈ ရာခိုင္ႏႈန္း ေဖာင္းပြမႈမ်ိဳးကို ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ယူဆေၾကာင္း လည္း မစၥ ယူမီကိုတာမူရာက ေျပာၾကားခဲ့ပါတယ္။

အထူးသျဖင့္ ရာသီဥတုေကာင္းၿပီး သီးႏွံအထြက္ေကာင္းမယ္ဆိုရင္ စားေသာက္ကုန္ေစ်းႏႈန္းေတြက်ၿပီး ေငြေၾကးေဖာင္းပြမႈ ကို ပိုၿပီးထိန္းခ်ဳပ္ႏိုင္မယ္လို႔လည္း သိရပါတယ္။

ေရရွည္မွာ ျမန္မာအစိုးရအေနနဲ႔ ေငြေၾကး ေဖာင္းပြမႈကို ထိန္းခ်ဳပ္ဖို႔ အတြက္ကေတာ့ စီမံခန္႔ခြဲမႈေတြကို ပိုၿပီး ထိေရာက္ေအာင္ ႀကိဳးစားသင့္တယ္လို႔ အာရွ ဖြံ႕ၿဖိဳးေရးဘဏ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ကြၽမ္းက်င္သူ ပညာရွင္ က ဆိုပါတယ္။

 မြန္ျပည္နယ္မွာ ေရႀကီးမႈဒဏ္ ဆိုး႐ြားစြာ ႀကဳံခဲ့ရ

အထူးသျဖင့္ ဘ႑ာေရးနဲ႔ ေငြေၾကးလုပ္ငန္းေတြမွာ ပိုၿပီး အားေကာင္းလာေအာင္ အစိုးရက အာ႐ုံစိုက္သင့္တယ္လို႔ သူက ဆိုပါတယ္။

ေနာက္ၿပီး ႏိုင္ငံေရးနဲ႔ လူမႈေရး ျဖစ္စဥ္ေတြ၊ သံတမန္ေရးနဲ႔ ျပည္ပဆက္ဆံေရး၊ ဒီမိုကေရစီျဖစ္ထြန္းေရးနဲ႔ အမ်ိဳးသား ရင္ၾကားေစ့ေရးလို ကိစၥေတြမွာ အစိုးရက တိုးတက္မႈေတြ ရေအာင္ လုပ္ဖို႔ လိုေနတယ္ လို႔ ေျပာပါတယ္။

ဒီအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္နဲ႔ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြ အဖြဲ႕၊ ကမာၻ႔ဘဏ္ စတဲ့ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ ျမန္မာအစိုးရနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။

ေလာေလာဆယ္ ေငြေၾကးေဖာင္းပြမႈကို ထိန္းခ်ဳပ္တဲ့ စနစ္ကို မကူညီႏိုင္ေပမယ့္ အေႂကြးစီမံမႈ နဲ႔ ေငြေၾကးေစ်းကြက္ ျဖစ္ထြန္းလာေအာင္ ကူညီေရးေတြမွာ အစိုးရ ဝန္ႀကီးဌာနေတြအတြက္ ေအဒီဘီက လုပ္ေဆာင္ေပးေနတယ္လို႔လည္း အာရွဖြံ႕ၿဖိဳးေရးဘဏ္က မစၥ ယူမီကိုတာမူရာက ဆိုပါတယ္။

ေရရွည္မွာေတာ့ စီးပြားေရးတိုးတက္ဖို႔အတြက္ အတိုးႏႈန္းကို ေျဖေလွ်ာ့တာ၊ ႏိုင္ငံျခား ေငြလဲႏႈန္းကို ျပဳျပင္တာ၊ ေငြေခ်းစာခ်ဳပ္ေတြ ေစ်းကြက္ထဲ ဝင္လာေအာင္ လႈံ႕ေဆာ္တာေတြ လုပ္ဖို႔ လိုတယ္လို႔ သူက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------------
Unicode
အရှေ့တောင်အာရှမှာ အများဆုံး မြန်မာငွေကြေးဖောင်းပွမှု


Image caption စားသောက်ကုန် ထုတ်လုပ်မှုမှာ ရောင်းအားနဲ့ ဝယ်အားမမျှ

၂ဝ၁၉ အတွက် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၈ ရာခိုင်နှုန်းထိ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ပြောကြားပါတယ်။

ဒီနှစ် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ အစက ၆.၈ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ခန့်မှန်းရာက နောက်ဆုံးရ ကိန်းဂဏန်းအချက်အလက်တွေအရ ၈ ရာခိုင်နှုန်းထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် မစ္စယူမီကို တာမူရာက ပြောပါတယ်။ ဒါဟာ မနှစ်က ရှိခဲ့တဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၅.၉ ရာခိုင်နှုန်းထက် ပိုမြင့်လာတာပါ။

ဒီလို မြင့်တက်တာဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အများဆုံး ဖြစ်ပြီး ငွေကြေးဖောင်းပွတဲ့ အဓိကအကြောင်းကတော့ မြန်မာနိုင်ငံရဲ့ စားသောက်ကုန် ထုတ်လုပ်မှုမှာ ရောင်းအားနဲ့ ဝယ်အားမမျှ တာကြောင့်ဖြစ်ပြီး ကမ္ဘာ့ရေနံဈေးတက်တာ၊ ဒေါ်လာလဲနှုန်းမြင့်တာ စတဲ့ အကြောင်းတွေ ပါတယ်လို့ သိရပါတယ်။ စားသောက်ကုန် ထုတ်လုပ်မှု နည်းတာ၊ ဖြန့်ဖြူးမှု နှေးကွေးတာ စတာတွေကြောင့် ရောင်းကုန်တွေ ဈေးတက်ပြီး ငွေကြေးဖောင်းပွမှု မြင့်တက်တာ ဖြစ်ပါတယ်။ နောက် ရာသီဥတုဆိုးလို့ ကုန်စည်သယ်ယူ ပို့ဆောင်ရေး ပျက်ပြားတာနဲ့ တခြားစရိတ်စကတွေကြောင့် ဈေးတက်တာတွေ ရှိပါတယ်။

ဒါတောင် ၂ဝ၁၈ ခုနှစ်အတွင်း မြန်မာအစိုးရက ဇိမ်ခံပစ္စည်းတင်သွင်းမှုကို ထိန်းချုပ်လိုက်လို့ သွင်းကုန်တန်ဖိုးကျဆင်းခဲ့သလို ပို့ကုန်တန်ဖိုးတက်တာ၊ ပြည်ပက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များလာတာနဲ့ နိုင်ငံတကာ ခရီးသွား အဝင်များလာတာ စတဲ့အချက်တွေကြောင့် ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး ၆.၆ ရာခိုင်နှုန်း တက်ခဲ့တယ်လို့လည်း အေဒီဘီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပို့ကုန်တိုးလို့ ကုန်သွယ်ရေး အပိုတန်ဖိုး အမေရိကန် ဒေါ်လာ ၅၄ သန်းကျော်ထိ ရခဲ့ပါတယ်။

ဒီမှာ မကြာခင်က တိုးမြှင့်လိုက်တဲ့ လျှပ်စစ်မီတာခ တိုးမြှင့်မှုကြောင့် ဖြစ်တဲ့ ငွေကြေးဖောင်းပွမှု ရိုက်ခတ်ချက်ကိုတော့ မတွေ့ရသေးဘူးလို့လည်း သိရပါတယ်။
ဓာတ်ပုံ မူပိုင် Santiago Urquijo Zamora
Image caption ငွေကြေးဖောင်းပွမှုဒဏ်ကို အခြေခံလူတန်းစားတွေ အဓိကရင်ဆိုင်ရ

ဒီကိန်းဂဏန်းတွေကို မြန်မာအစိုးရ လစဉ်ထုတ်တဲ့ ငွေကြေးဖောင်းပွမှု အစီရင်ခံစာတွေနဲ့ ဗဟိုစာရင်းအင်းအဖွဲ့နဲ့ ဗဟိုဘဏ် တို့က ပြုစုတဲ့ သုံးလတကြိမ်ထုတ် အစီရင်ခံစာတွေကို အခြေခံပြီး တွက်ချက် ထားတာပါ။

ဒါပေမဲ့ ကမ္ဘာ့တခြားနေရာတွေမှာလည်း မြန်မာနိုင်ငံလိုပဲ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တဲ့ နိုင်ငံတွေ ရှိပြီး တချို့နိုင်ငံတွေမှာဆိုရင် ၁၀ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၃ဝ စသဖြင့် ရှိတတ်တယ်လို့လည်း သိရပါတယ်။
အရှိန်ကို ဆက်ပြီး ထိန်းထားဖို့ လို

မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်မှုတွေ လုပ်လာတာဟာ ပထမအဆင့်မှာ အားရစရာ ကောင်းခဲ့ပြီး အခု ဒုတိယအဆင့် ဝင်လာချိန်မှာတော့ ဒီအရှိန်ကို ဆက်ပြီး ထိန်းထားဖို့ လိုတယ်လို့လည်း အာရှ ဖွံ့ဖြိုးရေးဘဏ်က မစ္စယူမီကို တာမူရာက အကြံပေးပါတယ်။

နိုင်ငံအများစုမှာလည်း ဒီဒုတိယအဆင့်မှာ ပိုပြီး အခက်အခဲတွေ့တတ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရအတွက် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာမှာ အကန့်အသတ်တွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

တခြားအာဆီယံနဲ့ အာရှပစိဖိတ် နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာမှာ အောင်မြင်တာတွေ ရှိလာပေမယ့် မြန်မာမှာတော့ ဈေးကွက်နဲ့ မူဝါဒ ဖော်ဆောင်ရာမှာ မရင့်ကျက်သေးတာတွေ ရှိတယ် လို့လည်း သိရ ပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရရဲ့ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖို့ ကြိုးစားနေတာတွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး ဒီလို တနှစ်အတွင်း ၈ ရာခိုင်နှုန်း ဖောင်းပွမှုမျိုးကို ထိန်းချုပ်နိုင်မယ်လို့ ယူဆကြောင်း လည်း မစ္စ ယူမီကိုတာမူရာက ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ရာသီဥတုကောင်းပြီး သီးနှံအထွက်ကောင်းမယ်ဆိုရင် စားသောက်ကုန်ဈေးနှုန်းတွေကျပြီး ငွေကြေးဖောင်းပွမှု ကို ပိုပြီးထိန်းချုပ်နိုင်မယ်လို့လည်း သိရပါတယ်။

ရေရှည်မှာ မြန်မာအစိုးရအနေနဲ့ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့ အတွက်ကတော့ စီမံခန့်ခွဲမှုတွေကို ပိုပြီး ထိရောက်အောင် ကြိုးစားသင့်တယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် က ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption မွန်ပြည်နယ်မှာ ရေကြီးမှုဒဏ် ဆိုးရွားစွာ ကြုံခဲ့ရ

အထူးသဖြင့် ဘဏ္ဍာရေးနဲ့ ငွေကြေးလုပ်ငန်းတွေမှာ ပိုပြီး အားကောင်းလာအောင် အစိုးရက အာရုံစိုက်သင့်တယ်လို့ သူက ဆိုပါတယ်။

နောက်ပြီး နိုင်ငံရေးနဲ့ လူမှုရေး ဖြစ်စဉ်တွေ၊ သံတမန်ရေးနဲ့ ပြည်ပဆက်ဆံရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးလို ကိစ္စတွေမှာ အစိုးရက တိုးတက်မှုတွေ ရအောင် လုပ်ဖို့ လိုနေတယ် လို့ ပြောပါတယ်။

ဒီအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ဘဏ် စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ မြန်မာအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

လောလောဆယ် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တဲ့ စနစ်ကို မကူညီနိုင်ပေမယ့် အကြွေးစီမံမှု နဲ့ ငွေကြေးဈေးကွက် ဖြစ်ထွန်းလာအောင် ကူညီရေးတွေမှာ အစိုးရ ဝန်ကြီးဌာနတွေအတွက် အေဒီဘီက လုပ်ဆောင်ပေးနေတယ်လို့လည်း အာရှဖွံ့ဖြိုးရေးဘဏ်က မစ္စ ယူမီကိုတာမူရာက ဆိုပါတယ်။

ရေရှည်မှာတော့ စီးပွားရေးတိုးတက်ဖို့အတွက် အတိုးနှုန်းကို ဖြေလျှော့တာ၊ နိုင်ငံခြား ငွေလဲနှုန်းကို ပြုပြင်တာ၊ ငွေချေးစာချုပ်တွေ ဈေးကွက်ထဲ ဝင်လာအောင် လှုံ့ဆော်တာတွေ လုပ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား