AA အဖဲြ႔ ဖမ္းဆီးခံ ရဲတပ္ဖဲြ႔၀င္တဦး ထပ္မံလြတ္ေျမာက္


(Zawgyi/Unicode)

ျပီးခဲ့တဲ့ရက္ေတြမွာ ရေသ့ေတာင္ျမိဳ႕နယ္အတြင္း ေရႊနဒီ အျမန္ေရယာဥ္ေပၚမွာ ပါလာတဲ့ လုံျခံဳေရးတပ္ဖြဲ႕၀င္ေတြအပါ၀င္ ခရီးသည္(၅၀)ဦးေက်ာ္ကို ရခိုင္လက္နက္ကိုင္AAအဖြဲ႕က ဖမ္းဆီးခဲ့ရာမွာ ျမန္မာစစ္တပ္ကေနရဟတ္ယာဥ္သုံး ပစ္ကူ တိုက္ခိုက္မွဳေၾကာင့္ ဖမ္းဆီးခံရသူအနက္ မေန႕ကတဦးအပါ၀င္(၁၅)ဦး ျပန္လည္လြတ္ေျမာက္ခဲ့တယ္လို႕ တပ္မေတာ္ ဖက္ကေျပာပါတယ္။ ဒီျဖစ္စဥ္အတြင္း ေရႊနဒီအျမန္ေရယာဥ္ပိုင္ရွင္ကို တပ္မေတာ္ဖက္က စစ္ေဆးမွဳေတြလုပ္ေဆာင္ ေနသလို ေဒသအတြင္းပစ္ခတ္တိုက္ခိုက္မွဳေတြမွာလဲ အရပ္သားေတြထိခိုက္မွဳေတြရွိေနတာပါ။ ဒီအေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရခိုင္လက္နက္ကိုင္AAအဖြဲ႕က ဖမ္းဆီးသြားတဲ့ လုံျခံဳေရးတပ္ဖြဲ႕၀င္ေတြအနက္က ရဲတပ္သား စိုင္းႏိုင္ေအာင္ကို ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းေက်းရြာေတာင္ဖက္မွာ တပ္မေတာ္ကယ္ဆယ္ေရး စစ္ေၾကာင္းကေန မေန႕က ထပ္မံေတြ႕ရွိခဲ့တယ္လို႕ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကေန သတင္းထုတ္ျပန္ထားတာပါ။

အဆိုပါရဲတပ္ဖြဲ႕၀င္ဟာ ျမန္မာစစ္တပ္ရဲ႕ရဟတ္ယာဥ္နဲ႕ စစ္ဆင္ေရးလုပ္ေဆာင္မွဳေၾကာင့္ ထြက္ေျပးလြတ္ေျမာက္ လာတယ္လို႕ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကေျပာပါတယ္။

“မေန႕က တေယာက္ေပါင္း(၁၅)ေယာက္။ (၁၅)ေယာက္ကို ျပန္ျပီးထြက္ေျပးလာတာ။ ေစတနာရွိလို႕လႊတ္ေပးတာ မဟုတ္ဘူး။ ကြ်န္ေတာ္တို႕အေပၚက ကယ္ဆယ္ေရးလုပ္တဲ့အတြက္ေၾကာင့္မို႕လို႕ ေျပးခြင့္ရလို႕ထြက္ေျပးလာတာေနာ္။ ရဟတ္ယာဥ္နဲ႕လိုက္ျပီး ကာဗာမေပးဘူးဆိုရင္ ဘာမွထြက္ေျပးစရာအေၾကာင္းမရွိဘူး။ အကုန္ေသကုန္မယ္။”

မေန႕ကလြတ္ေျမာက္လာတဲ့ရဲတပ္သားတဦးအပါ၀င္(၅)ဦးကို ၾကိဳးနဲ႕တုတ္ျပီး AAအဖြဲ႕ကေန ေသနတ္နဲ႕ပစ္ခတ္ ေရထဲပစ္ခ်ရာမွာ ဒဏ္ရာအနည္းငယ္မွအပ မေသဘဲ ျပန္လည္လြတ္ေျမာက္လာတယ္လို႕ တပ္မေတာ္သတင္းမွာ ေဖၚျပထားပါတယ္။

ျပီးခဲ့တဲ့ေအာက္တိုဘာလ ၂၆ ရက္ေန႕က ေရႊနဒီ အျမန္ေရယာဥ္ေပၚမွာပါလာတဲ့ စစ္တပ္ ရဲ အစိုးရ၀န္ထမ္းတခ်ိဳ႕နဲ႕ အရပ္သားစုစုေပါင္း(၅၀)ေက်ာ္ကို ရခိုင္လက္နက္ကိုင္AAအဖြဲ႕ကေန ရေသ့ေတာင္ျမိဳ႕နယ္ ေရမ်က္ေက်းရြာအနီး ဖမ္းဆီးေခၚေဆာင္သြားခဲ့တာပါ။

ဖမ္းဆီးေခၚေဆာင္သြားတဲ့ေနာက္ကို တပ္မေတာ္ကေန ရဟတ္ယာဥ္အပါ၀င္ေျမျပင္ စစ္ေၾကာင္း ေတြနဲ႕ လိုက္လံရွင္းလင္းတိုက္ခိုက္ရာမွာ ဖမ္းဆီးေခၚေဆာင္ သြားသူအနက္ ၁၅ ဦးကို ျပန္လည္ ကယ္တင္ႏိုင္ခဲ့ တယ္လို႕ တပ္မေတာ္ကေနသတင္းထုတ္ျပန္ထားပါတယ္။

ေလယာဥ္နဲ႕ပစ္ခတ္မွဳအတြင္း AAတပ္ဖြဲ႕၀င္ေတြေရာ ဖမ္းဆီးထိန္းသိမ္းခံရတဲ့သူေတြေရာ ေသဆုံးမွဳေတြ ရွိေန တယ္လို႕ AAဖက္ကထုတ္ျပန္ထားေပမဲ့ ဒါကိုတပ္မေတာ္ဖက္က ျငင္းဆန္ထားပါတယ္။

လက္ရွိေသဆုံးမွဳေတြေရာ အဖမ္းခံရတဲ့သူေတြစာရင္းေတြကို အတည္မျပဳနိုင္ေသးဘူးလို႕ AA ျပန္ၾကားေရးတာ၀န္ခံ ခိုင္သုခကေျပာပါတယ္။

“ဘယ္ႏွစ္ေယာက္အမွန္တကယ္က်ဆုံးသြားသလဲ။ ဘယ္ႏွစ္ေယာက္က ထြက္ေျပး လြတ္ေျမာက္ သြားသလဲ ဘယ္ႏွစ္ ေယာက္ကြ်န္ေတာ္တို႕နဲ႕အတူတူ လုံျခံဳတဲ့ ေနရာ ေရာက္ျပီးလဲဆိုတာကို ကြ်န္ေတာ္တို႕အခုခ်ိန္ထိ ကြ်န္ေတာ္တို႕ ဒီ ရွာေဖြကယ္ဆယ္ေရးေတြဆက္လုပ္ေနတုန္းဆိုေတာ့ ေလာေလာဆယ္ေတာ့ထုတ္ျပန္လို႕မရေသးဘူးျဖစ္ေနတယ္။”

ေရႊနဒီအျမန္ေရယာဥ္ေပၚ တပ္မေတာ္နဲ႕လုံျခံဳေရးတပ္ဖြဲ႕၀င္ေတြလိုက္ပါလာေၾကာင္း သတင္းေပါက္ၾကားသြားလို႕ AAတပ္ဖြဲ႕ေတြက သတင္းအရ ဒီလိုဖမ္းဆီးမွဳေတြျပဳလုပ္ခဲ့တယ္လို႕ သတင္းေတြထြက္ေပၚေနတဲ့အတြက္ ေရႊနဒီ အျမန္ေရယာဥ္ အသင္းကို လိုအပ္တဲ့စစ္ေဆးမႈျပဳလုပ္ေနတယ္လို႕ ဘူးသီးေတာင္ျမိဳ႕ခံတဦးကေျပာပါတယ္။

“သူတို႕ကဒီသတင္းေပါက္ၾကားသြားတာေပါ့ေနာ္။ တပ္မေတာ္အရာရွိတေယာက္ ေရယာဥ္ လက္မွတ္၀ယ္ရာကေန အဲဒီလိုဆိုျပီးေတာ့ သတင္းေခၚမွာဆိုျပီးေတာ့ စစ္ေဆးေန တယ္လို႕ေတာ့ၾကားတယ္။ ”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တပ္မေတာ္ေျပာခြင့္ရဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကေတာ့ ေရႊနဒီအျမန္ေရယာဥ္အသင္းကို လိုအပ္ခ်က္အရစစ္ေဆးေနေၾကာင္းအတည္ျပဳေျပာပါတယ္။

“ရွိတဲ့လူေတြကိုေတာ့ လိုအပ္တဲ့ စစ္ေၾကာေမးျမန္းမွဳေတြ လုပ္ေနတယ္။ ဒါပါဘဲ။ ”

ေရႊနဒီေရယာဥ္ပုိင္ရွင္ဦးေရႊသန္းနဲ႕ဝန္ထမ္း ၇ ေယာက္ကို ဘူးသီးေတာင္ၿမိဳ႕နယ္တရားရံုးမွာ ဒီကေန႕ ရံုးထုတ္ ခ်ဳပ္ရမန္ယူေနျပီး ဒီအေျခအေနကိုသိရွိဖို႕ ေရႊနဒီအျမန္ေရယာဥ္ အသင္းနဲ႕ယာဥ္ပိုင္ရွင္ကိုဆက္သြယ္ခဲ့ေပမဲ့ ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

တပ္မေတာ္နဲ႕လုံျခံဳေရးတပ္ဖြဲ႕၀င္ေတြဖမ္းဆီးခံတဲ့ျဖစ္စဥ္အျပီး ရေသ့ေတာင္ နဲ႕ဘူးသီးေတာင္ျမိဳ႕နယ္အတြင္း ေက်းရြာ တခ်ိဳ႕မွာ ျမန္မာစစ္တပ္ကေန လက္နက္ၾကီးငယ္ေတြ နဲ႕ပစ္ခတ္မွဳေတြရွိေနတယ္လို႕ေဒသခံရြာသားေတြက ေျပာပါ တယ္။

မေန႕က ဘူးသီးေတာင္ျမိဳ႕နယ္ စည္ေတာင္ေက်းရြာအတြင္း စစ္တပ္ကေန၀င္ေရာက္ပစ္ခတ္မွဳေၾကာင့္ ရြာသားေတြ တိမ္းေရွာင္ေနရသလို ေက်းရြာသူအမ်ိဳးသမီး(၂)ဦးထိခိုက္ဒဏ္ရာရသြားတယ္လို႕ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္ ဦးထြန္းေအာင္သိန္းကေျပာပါတယ္။

“စည္ေတာင္ေက်းရြာထဲမွာ တပ္ကေတာ့ရြာထဲမွာဘဲရွိေနပါတယ္ခင္ဗ်။ ေက်းရြာထဲမွာက ရြာသားေတြက သက္ၾကီး ရြယ္အိုေတြဘဲက်န္ေနေသးတယ္။ ကြ်န္ေတာ္စာရင္းအရဆိုရင္ (၂၀)နီးပါးေလာက္ကို ကြ်န္ေတာ္တို႕က်န္ေနေသး တာကိုသိရပါတယ္ခင္ဗ်။ က်န္တဲ့လူေတြကလဲနီးစပ္ရာေက်းရြာေတြကိုထြက္ေျပးၾကျပီးေလ။ မေန႕ကေတာ့စစ္ေၾကာင္း ကပစ္ျပီးေတာ ့ရြာဖက္ကိုတက္လာတယ္။ အၾကီးေရာ အငယ္ေရာ ပစ္တယ္လို႕ေျပာပါတယ္ခင္ဗ်။ အမ်ိဳးသမီးႏွစ္ ေယာက္က ဒဏ္ရာရသြားတယ္ အဲဒီလိုဘဲကြ်န္ေတာ္တို႕ၾကားသိရပါတယ္။ ကြ်န္ေတာ္ကေတာ့ICRCကို အေၾကာင္း ၾကားထားတယ္။ ဒဏ္ရာရတဲ့သူေတြပါ အခုရွိေနတဲ့ ပိတ္မိေနတဲ့သူေတြပါ ICRCကအကူညီေပးဖို႕အတြက္ ကိုအကူ ညီေတာင္းထားပါတယ္။”

အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တပ္မေတာ္ေျပာခြင့္ရဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကေတာ့ စည္ေတာင္ေက်းရြာ ဘက္မွာ ျမန္မာစစ္တပ္ေတြမရွိဘူးလို႕ျငင္းဆိုပါတယ္။

“မရွိဘူးခင္ဗ်။ စည္ေတာင္မွာထိေတြ႕မွဳမရွိဘူး။ စည္ေတာင္မွာကြ်န္ေတာ္တို႕တပ္ကိုမရွိဘူး။”

ဒီကေန႕မွာလဲရခိုင္ျပည္နယ္ မင္းျပား ေက်ာက္ေတာ္ျမိဳ႕နယ္ဖက္မွာ ျမန္မာစစ္တပ္နဲ႕ AA ရခိုင္လက္နက္ကိုင္ အဖြဲ႕တို႕ အၾကားတိုက္ပြဲျဖစ္ပြါးေနဆဲလို႕ တပ္မေတာ္ဖက္ကေရာ AAဖက္ကပါ ေျပာေပမဲ့ အေသးစိတ္အေျခအေနကို မသိရ ေသးဘူးလို႕ဆိုပါတယ္။

.................

AA အဖွဲ့ ဖမ်းဆီးခံ ရဲတပ်ဖွဲ့ဝင်တဦး ထပ်မံလွတ်မြောက်

(Unicode)

ပြီးခဲ့တဲ့ရက်တွေမှာ ရသေ့တောင်မြို့နယ်အတွင်း ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှာ ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါဝင် ခရီးသည်(၅၀)ဦးကျော်ကို ရခိုင်လက်နက်ကိုင်AAအဖွဲ့က ဖမ်းဆီးခဲ့ရာမှာ မြန်မာစစ်တပ်ကနေရဟတ်ယာဉ်သုံး ပစ်ကူ တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံရသူအနက် မနေ့ကတဦးအပါဝင်(၁၅)ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ တပ်မတော် ဖက်ကပြောပါတယ်။ ဒီဖြစ်စဉ်အတွင်း ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်ကို တပ်မတော်ဖက်က စစ်ဆေးမှုတွေလုပ်ဆောင် နေသလို ဒေသအတွင်းပစ်ခတ်တိုက်ခိုက်မှုတွေမှာလဲ အရပ်သားတွေထိခိုက်မှုတွေရှိနေတာပါ။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင်AAအဖွဲ့က ဖမ်းဆီးသွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနက်က ရဲတပ်သား စိုင်းနိုင်အောင်ကို ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတောင်ဖက်မှာ တပ်မတော်ကယ်ဆယ်ရေး စစ်ကြောင်းကနေ မနေ့က ထပ်မံတွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားတာပါ။

အဆိုပါရဲတပ်ဖွဲ့ဝင်ဟာ မြန်မာစစ်တပ်ရဲ့ရဟတ်ယာဉ်နဲ့ စစ်ဆင်ရေးလုပ်ဆောင်မှုကြောင့် ထွက်ပြေးလွတ်မြောက် လာတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

“မနေ့က တယောက်ပေါင်း(၁၅)ယောက်။ (၁၅)ယောက်ကို ပြန်ပြီးထွက်ပြေးလာတာ။ စေတနာရှိလို့လွှတ်ပေးတာ မဟုတ်ဘူး။ ကျွန်တော်တို့အပေါ်က ကယ်ဆယ်ရေးလုပ်တဲ့အတွက်ကြောင့်မို့လို့ ပြေးခွင့်ရလို့ထွက်ပြေးလာတာနော်။ ရဟတ်ယာဉ်နဲ့လိုက်ပြီး ကာဗာမပေးဘူးဆိုရင် ဘာမှထွက်ပြေးစရာအကြောင်းမရှိဘူး။ အကုန်သေကုန်မယ်။”

မနေ့ကလွတ်မြောက်လာတဲ့ရဲတပ်သားတဦးအပါဝင်(၅)ဦးကို ကြိုးနဲ့တုတ်ပြီး AAအဖွဲ့ကနေ သေနတ်နဲ့ပစ်ခတ် ရေထဲပစ်ချရာမှာ ဒဏ်ရာအနည်းငယ်မှအပ မသေဘဲ ပြန်လည်လွတ်မြောက်လာတယ်လို့ တပ်မတော်သတင်းမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှာပါလာတဲ့ စစ်တပ် ရဲ အစိုးရဝန်ထမ်းတချို့နဲ့ အရပ်သားစုစုပေါင်း(၅၀)ကျော်ကို ရခိုင်လက်နက်ကိုင်AAအဖွဲ့ကနေ ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့နောက်ကို တပ်မတော်ကနေ ရဟတ်ယာဉ်အပါဝင်မြေပြင် စစ်ကြောင်း တွေနဲ့ လိုက်လံရှင်းလင်းတိုက်ခိုက်ရာမှာ ဖမ်းဆီးခေါ်ဆောင် သွားသူအနက် ၁၅ ဦးကို ပြန်လည် ကယ်တင်နိုင်ခဲ့ တယ်လို့ တပ်မတော်ကနေသတင်းထုတ်ပြန်ထားပါတယ်။

လေယာဉ်နဲ့ပစ်ခတ်မှုအတွင်း AAတပ်ဖွဲ့ဝင်တွေရော ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေရော သေဆုံးမှုတွေ ရှိနေ တယ်လို့ AAဖက်ကထုတ်ပြန်ထားပေမဲ့ ဒါကိုတပ်မတော်ဖက်က ငြင်းဆန်ထားပါတယ်။

လက်ရှိသေဆုံးမှုတွေရော အဖမ်းခံရတဲ့သူတွေစာရင်းတွေကို အတည်မပြုနိုင်သေးဘူးလို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။

“ဘယ်နှစ်ယောက်အမှန်တကယ်ကျဆုံးသွားသလဲ။ ဘယ်နှစ်ယောက်က ထွက်ပြေး လွတ်မြောက် သွားသလဲ ဘယ်နှစ် ယောက်ကျွန်တော်တို့နဲ့အတူတူ လုံခြုံတဲ့ နေရာ ရောက်ပြီးလဲဆိုတာကို ကျွန်တော်တို့အခုချိန်ထိ ကျွန်တော်တို့ ဒီ ရှာဖွေကယ်ဆယ်ရေးတွေဆက်လုပ်နေတုန်းဆိုတော့ လောလောဆယ်တော့ထုတ်ပြန်လို့မရသေးဘူးဖြစ်နေတယ်။”

ရွှေနဒီအမြန်ရေယာဉ်ပေါ် တပ်မတော်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေလိုက်ပါလာကြောင်း သတင်းပေါက်ကြားသွားလို့ AAတပ်ဖွဲ့တွေက သတင်းအရ ဒီလိုဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ရွှေနဒီ အမြန်ရေယာဉ် အသင်းကို လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဘူးသီးတောင်မြို့ခံတဦးကပြောပါတယ်။

“သူတို့ကဒီသတင်းပေါက်ကြားသွားတာပေါ့နော်။ တပ်မတော်အရာရှိတယောက် ရေယာဉ် လက်မှတ်ဝယ်ရာကနေ အဲဒီလိုဆိုပြီးတော့ သတင်းခေါ်မှာဆိုပြီးတော့ စစ်ဆေးနေ တယ်လို့တော့ကြားတယ်။ ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ရွှေနဒီအမြန်ရေယာဉ်အသင်းကို လိုအပ်ချက်အရစစ်ဆေးနေကြောင်းအတည်ပြုပြောပါတယ်။

“ရှိတဲ့လူတွေကိုတော့ လိုအပ်တဲ့ စစ်ကြောမေးမြန်းမှုတွေ လုပ်နေတယ်။ ဒါပါဘဲ။ ”

ရွှေနဒီရေယာဉ်ပိုင်ရှင်ဦးရွှေသန်းနဲ့ဝန်ထမ်း ၇ ယောက်ကို ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ် ချုပ်ရမန်ယူနေပြီး ဒီအခြေအနေကိုသိရှိဖို့ ရွှေနဒီအမြန်ရေယာဉ် အသင်းနဲ့ယာဉ်ပိုင်ရှင်ကိုဆက်သွယ်ခဲ့ပေမဲ့ ဖြေကြားခြင်း မရှိခဲ့ပါဘူး။

တပ်မတော်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံတဲ့ဖြစ်စဉ်အပြီး ရသေ့တောင် နဲ့ဘူးသီးတောင်မြို့နယ်အတွင်း ကျေးရွာ တချို့မှာ မြန်မာစစ်တပ်ကနေ လက်နက်ကြီးငယ်တွေ နဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံရွာသားတွေက ပြောပါ တယ်။

မနေ့က ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအတွင်း စစ်တပ်ကနေဝင်ရောက်ပစ်ခတ်မှုကြောင့် ရွာသားတွေ တိမ်းရှောင်နေရသလို ကျေးရွာသူအမျိုးသမီး(၂)ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

“စည်တောင်ကျေးရွာထဲမှာ တပ်ကတော့ရွာထဲမှာဘဲရှိနေပါတယ်ခင်ဗျ။ ကျေးရွာထဲမှာက ရွာသားတွေက သက်ကြီး ရွယ်အိုတွေဘဲကျန်နေသေးတယ်။ ကျွန်တော်စာရင်းအရဆိုရင် (၂၀)နီးပါးလောက်ကို ကျွန်တော်တို့ကျန်နေသေး တာကိုသိရပါတယ်ခင်ဗျ။ ကျန်တဲ့လူတွေကလဲနီးစပ်ရာကျေးရွာတွေကိုထွက်ပြေးကြပြီးလေ။ မနေ့ကတော့စစ်ကြောင်း ကပစ်ပြီးတော့ရွာဖက်ကိုတက်လာတယ်။ အကြီးရော အငယ်ရော ပစ်တယ်လို့ပြောပါတယ်ခင်ဗျ။ အမျိုးသမီးနှစ် ယောက်က ဒဏ်ရာရသွားတယ် အဲဒီလိုဘဲကျွန်တော်တို့ကြားသိရပါတယ်။ ကျွန်တော်ကတော့ICRCကို အကြောင်း ကြားထားတယ်။ ဒဏ်ရာရတဲ့သူတွေပါ အခုရှိနေတဲ့ ပိတ်မိနေတဲ့သူတွေပါ ICRCကအကူညီပေးဖို့အတွက် ကိုအကူ ညီတောင်းထားပါတယ်။”

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ စည်တောင်ကျေးရွာ ဘက်မှာ မြန်မာစစ်တပ်တွေမရှိဘူးလို့ငြင်းဆိုပါတယ်။

“မရှိဘူးခင်ဗျ။ စည်တောင်မှာထိတွေ့မှုမရှိဘူး။ စည်တောင်မှာကျွန်တော်တို့တပ်ကိုမရှိဘူး။”

ဒီကနေ့မှာလဲရခိုင်ပြည်နယ် မင်းပြား ကျောက်တော်မြို့နယ်ဖက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ အကြားတိုက်ပွဲဖြစ်ပွါးနေဆဲလို့ တပ်မတော်ဖက်ကရော AAဖက်ကပါ ပြောပေမဲ့ အသေးစိတ်အခြေအနေကို မသိရ သေးဘူးလို့ဆိုပါတယ်။

 ႏုိင္ကြန္းအိန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
AA အဖဲြ႔ ဖမ္းဆီးခံ ရဲတပ္ဖဲြ႔၀င္တဦး ထပ္မံလြတ္ေျမာက္ AA အဖဲြ႔ ဖမ္းဆီးခံ ရဲတပ္ဖဲြ႔၀င္တဦး ထပ္မံလြတ္ေျမာက္ Reviewed by THITHTOOLWIN on 02:28 Rating: 5
Powered by Blogger.