ရန္ကုန္-စစ္ေတြ ဘတ္စ္ကားကို ေအေအထိန္းခ်ဳပ္၊ လူ ၃၁ ေယာက္ကို ဖမ္းေခၚသြား

 ေျမာက္ဦးအထြက္မွာ ခရီးသည္တင္ ဘတ္စ္ကားကို ေအေအထိန္းခ်ဳပ္
Zawgyi
ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕အနီးမွာ ခရီးသည္တင္ဘတ္စ္ကားတစ္စီးေပၚက လူ ၃၁ ေယာက္ကို ေအေအလက္နက္ကိုင္ေတြ ဖမ္းေခၚသြားခဲ့တယ္လို႔ အစိုးရ စစ္တပ္ကေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕ အလြန္ ထမရာဇ္ေက်း႐ြာအနီးမွာ ေအာက္တိုဘာ ၁၁ ရက္၊ ေသာၾကာေန႔တုန္းက မႏၲေလး-စစ္ေတြသြား ေ႐ႊျပည္တန္ဘတ္စ္ကားကို ေအေအလက္နက္ကိုင္ေတြက ထိန္းခ်ဳပ္ၿပီး လူေတြကို ေခၚသြားခဲ့ေၾကာင္း အေနာက္ပိုင္းတိုင္း စစ္ဌာခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက အတည္ျပဳပါတယ္။

ဖမ္းေခၚခံသြားရတဲ့ လူေတြထဲ မီးသတ္ဦးစီးဌာနက တပ္ဖြဲ႕ဝင္ ၁၉ ေယာက္လည္း ပါဝင္ေနပါတယ္။ သူတို႔ဟာ မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ ၿမိဳ႕နယ္၊ ဆီးပင္ႀကီး ဗဟိုဝန္ထမ္းတကၠသိုလ္ကေန သင္တန္းဆင္းလာၾကတဲ့သူေတြ ျဖစ္ပါတယ္။

ေအးရွားေဝါကုမၸဏီက ဝန္ထမ္း ၈ ဦးလည္း ဖမ္းေခၚခံရသူေတြထဲ ပါဝင္တယ္လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

စုစုေပါင္း လူ ၃၁ ေယာက္ကို ဖမ္းေခၚသြားတဲ့ ေအေအအဖြဲ႕ေနာက္ တပ္မေတာ္ စစ္ေၾကာင္းက ေနာက္ကေန လိုက္ေနတယ္လို႔လည္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ဆိုပါတယ္။

ဒီ အျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ေအေအအဖြဲ႕ဘက္ကို ေမးျမန္းဖို႔ ႀကိဳးစားေနေပမယ့္ အခုထက္ထိ အဆက္အသြယ္ မရေသးဘူးလို႔ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

လူ ၃ဝ ေက်ာ္ကို ေအေအဖမ္းေခၚ
ေဒသခံေတြ အေျပာအရလည္း ေျမာက္ဦးၿမိဳ႕နယ္နဲ႔ မဟာမုနိၾကား လမ္းတေလွ်ာက္က ႐ြာေတြမွာ အစိုးရတပ္ စစ္ေၾကာင္းေတြ ဝင္ေရာက္ေနတယ္လို႔ သိရပါတယ္။

ေပါက္ေတာျပင္၊ အုတ္ဖိုကန္ စတဲ့ ႐ြာေတြအနီး အစိုးရတပ္ေတြ လႈပ္ရွားေနတယ္ဆိုတဲ့ အေၾကာင္းေတြကို ႐ြာခံေတြဆီကေန သိထားရတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကလည္း ေျပာပါတယ္။

ဒီအေျခအေနမွာပဲ မိုင္းကြဲမႈေတြလည္း ေပၚေပါက္လာပါတယ္။ ေတာင္ျဖဴဆည္နဲ႔ လကၠာဘက္မွာ မိုင္း ေတြကြဲေၾကာင္း ၾကားသိထားရတယ္လို႔ လက္ရွိ ေျမျပင္ အေျခအေနနဲ႔ ပတ္သက္ၿပီး ဦးထြန္းသာစိန္က ေျပာပါတယ္။

ဒါ့ေၾကာင့္ ႐ြာေတြကေန လူေတြ ထြက္ေျပး ေရွာင္တိမ္းၾကတာမ်ိဳးေတြလည္း ရွိေနတယ္လို႔လည္း ဦးထြန္းသာစိန္က ဆိုပါတယ္။

အခုလို ေအေအဘက္က လူေတြဖမ္းဆီး၊ အစိုးရတပ္က ေနာက္ကေနလိုက္နဲ႔ အေျခအေန ရႈပ္ေထြးေနၿပီး ေဒသခံေတြၾကား စိုးရိမ္မႈေတြ ျမင့္တက္ေနတယ္လို႔ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

တခါ၊ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ ေအာက္တိုဘာ ၁ဝ ရက္ေန႔တုန္းကလည္း ဘူးသီးေတာင္ ၿမိဳ႕နယ္ထဲမွာ အစိုးရစစ္တပ္ယာဥ္တန္းကို ေအေအေတြက မိုင္းခြဲတိုက္ခိုက္ခဲ့ေပမယ့္ လူနဲ႔ ေမာ္ေတာ္ယာဥ္ေတြ ထိခိုက္မႈ မရွိခဲ့ဘူးလို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီျဖစ္စဥ္မွာေတာ့ အေဝးကထိန္းခ်ဳပ္ ေဖာက္ခြဲႏိုင္တဲ့ မကြဲေသးတဲ့ မိုင္း ၄ လုံးကို အသက္မဲ့ေအာင္လုပ္ၿပီး သိမ္းဆည္းခဲ့တယ္လို႔ ဆိုပါတယ္။

ေအအေတြဟာ ရပ္႐ြာေတြထဲ အရပ္သားေတြ အသြင္နဲ႔ ဝင္ေရာက္ေနတယ္လို႔လည္း ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး ထုတ္ျပန္ခ်က္ထဲ ေရးထားၿပီး စစ္ယာဥ္တန္းေတြကို မိုင္းဆြဲတာမ်ိဳး၊ တပ္စခန္းေတြကို ဝင္တိုက္တာမ်ိဳးေတြ ေအေအေတြဘက္က ျပဳလုပ္ေနတယ္လို႔ ဆိုထားပါတယ္။

BBC Burmese
https://www.bbc.com
---------------
Unicode
ရန်ကုန်-စစ်တွေ ဘတ်စ်ကားကို အေအေထိန်းချုပ်၊ လူ ၃၁ ယောက်ကို ဖမ်းခေါ်သွား

ဓာတ်ပုံ မူပိုင် Ko Maung Wine
Image caption မြောက်ဦးအထွက်မှာ ခရီးသည်တင် ဘတ်စ်ကားကို အေအေထိန်းချုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အနီးမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးပေါ်က လူ ၃၁ ယောက်ကို အေအေလက်နက်ကိုင်တွေ ဖမ်းခေါ်သွားခဲ့တယ်လို့ အစိုးရ စစ်တပ်ကပြောပါတယ်။

မြောက်ဦးမြို့ အလွန် ထမရာဇ်ကျေးရွာအနီးမှာ အောက်တိုဘာ ၁၁ ရက်၊ သောကြာနေ့တုန်းက မန္တလေး-စစ်တွေသွား ရွှေပြည်တန်ဘတ်စ်ကားကို အေအေလက်နက်ကိုင်တွေက ထိန်းချုပ်ပြီး လူတွေကို ခေါ်သွားခဲ့ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပါတယ်။

ဖမ်းခေါ်ခံသွားရတဲ့ လူတွေထဲ မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင် ၁၉ ယောက်လည်း ပါဝင်နေပါတယ်။ သူတို့ဟာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ ဆီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကနေ သင်တန်းဆင်းလာကြတဲ့သူတွေ ဖြစ်ပါတယ်။

အေးရှားဝေါကုမ္ပဏီက ဝန်ထမ်း ၈ ဦးလည်း ဖမ်းခေါ်ခံရသူတွေထဲ ပါဝင်တယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

စုစုပေါင်း လူ ၃၁ ယောက်ကို ဖမ်းခေါ်သွားတဲ့ အေအေအဖွဲ့နောက် တပ်မတော် စစ်ကြောင်းက နောက်ကနေ လိုက်နေတယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။

ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အေအေအဖွဲ့ဘက်ကို မေးမြန်းဖို့ ကြိုးစားနေပေမယ့် အခုထက်ထိ အဆက်အသွယ် မရသေးဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Arakan Army
Image caption လူ ၃ဝ ကျော်ကို အေအေဖမ်းခေါ်

ဒေသခံတွေ အပြောအရလည်း မြောက်ဦးမြို့နယ်နဲ့ မဟာမုနိကြား လမ်းတလျှောက်က ရွာတွေမှာ အစိုးရတပ် စစ်ကြောင်းတွေ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ပေါက်တောပြင်၊ အုတ်ဖိုကန် စတဲ့ ရွာတွေအနီး အစိုးရတပ်တွေ လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းတွေကို ရွာခံတွေဆီကနေ သိထားရတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း ပြောပါတယ်။

ဒီအခြေအနေမှာပဲ မိုင်းကွဲမှုတွေလည်း ပေါ်ပေါက်လာပါတယ်။ တောင်ဖြူဆည်နဲ့ လက္ကာဘက်မှာ မိုင်း တွေကွဲကြောင်း ကြားသိထားရတယ်လို့ လက်ရှိ မြေပြင် အခြေအနေနဲ့ ပတ်သက်ပြီး ဦးထွန်းသာစိန်က ပြောပါတယ်။

ဒါ့ကြောင့် ရွာတွေကနေ လူတွေ ထွက်ပြေး ရှောင်တိမ်းကြတာမျိုးတွေလည်း ရှိနေတယ်လို့လည်း ဦးထွန်းသာစိန်က ဆိုပါတယ်။

အခုလို အေအေဘက်က လူတွေဖမ်းဆီး၊ အစိုးရတပ်က နောက်ကနေလိုက်နဲ့ အခြေအနေ ရှုပ်ထွေးနေပြီး ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တခါ၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့ အောက်တိုဘာ ၁ဝ ရက်နေ့တုန်းကလည်း ဘူးသီးတောင် မြို့နယ်ထဲမှာ အစိုးရစစ်တပ်ယာဉ်တန်းကို အေအေတွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပေမယ့် လူနဲ့ မော်တော်ယာဉ်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်မှာတော့ အဝေးကထိန်းချုပ် ဖောက်ခွဲနိုင်တဲ့ မကွဲသေးတဲ့ မိုင်း ၄ လုံးကို အသက်မဲ့အောင်လုပ်ပြီး သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အေအတွေဟာ ရပ်ရွာတွေထဲ အရပ်သားတွေ အသွင်နဲ့ ဝင်ရောက်နေတယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်ထဲ ရေးထားပြီး စစ်ယာဉ်တန်းတွေကို မိုင်းဆွဲတာမျိုး၊ တပ်စခန်းတွေကို ဝင်တိုက်တာမျိုးတွေ အေအေတွေဘက်က ပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္-စစ္ေတြ ဘတ္စ္ကားကို ေအေအထိန္းခ်ဳပ္၊ လူ ၃၁ ေယာက္ကို ဖမ္းေခၚသြား ရန္ကုန္-စစ္ေတြ ဘတ္စ္ကားကို ေအေအထိန္းခ်ဳပ္၊ လူ ၃၁ ေယာက္ကို ဖမ္းေခၚသြား Reviewed by THITHTOOLWIN on 02:15 Rating: 5
Powered by Blogger.