စားဆီမ်ား တင္ေဆာင္လာသည့္ ၂၂ ဘီးတြဲယာဥ္တစ္စီး ဂြၽိဳင္းဆက္ျပဳတ္ၿပီး တိမ္းေမွာက္ခဲ့ကာ ရပ္နားေနၾကသည့္လူမ်ားအား ဝင္ေရာက္တိုက္မိသျဖင့္ (၄)ဦးေသ (၉)ဦးဒဏ္ရာရရွိ


Zawgyi
မိတၳီလာ ၁၂ ေအာက္တိုဘာ

ဝမ္းတြင္းၿမိဳ႕နယ္ ဒိုင္ေကာင္းကုန္းေက်း႐ြာအနီး၌ ေအာက္တိုဘာ ၁၁ ရက္ မြန္းလြဲ ၁ နာရီ ၅ မိနစ္တြင္ စားဆီမ်ား တင္ေဆာင္လာသည့္ ၂၂ ဘီး တြဲယာဥ္တစ္စီး ဂြၽိဳင္းဆက္ျပဳတ္ၿပီး လမ္း၏ဝဲဘက္သို႔ တိမ္းေမွာက္ခဲ့ကာ ရပ္နားေနၾကသည့္ လူမ်ားအား ဝင္ေရာက္တိုက္မိသျဖင့္ (၄)ဦးေသဆုံးၿပီး (၉)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။


ျဖစ္စဥ္မွာ ရန္ကုန္-မႏၲေလးလမ္းမႀကီး မိုင္တိုင္အမွတ္ (၃၆၅/၄)ႏွင့္ (၃၆၅/၅)အၾကား ဒိုင္ေကာင္းကုန္းေက်း႐ြာအနီး ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ စားဆီမ်ား တင္ေဆာင္ၿပီး ယာဥ္ေမာင္း ကိုတင္ေမာင္ဝင္း ေမာင္းႏွင္ကာ ေဘးခုံတြင္ ကိုျမင့္စိုး၊ ဦးေကသရ၊ ဦးကုသလာစာရတို႔ စီးနင္းလိုက္ပါလာေသာ ယာဥ္အမွတ္ 4N/…… NISSAN DIESEAL အမ်ိဳးအစား (၂၂)ဘီး တြဲယာဥ္သည္ ဂြၽိဳင္းဆက္ျပဳတ္ၿပီး ယာဥ္မွာ လမ္း၏ဝဲဘက္ျခမ္းသို႔ လဲက်တိမ္းေမွာက္ခဲ့ေၾကာင္း၊ ထိုသို႔တိမ္းေမွာက္ရာတြင္ လမ္း၏ဝဲဘက္ျခမ္းရွိ အပင္ေအာက္၌ ရပ္နားေနၾကေသာ လူမ်ားအား ဝင္ေရာက္တိုက္မိၿပီး ေမာင္သိဒၶိ (၁၉)ႏွစ္၊ ကိုခ်စ္သူေမာင္ (၃၁)ႏွစ္၊ မလင္းလင္း (၄၀)ႏွစ္ႏွင့္ အမည္မသိ (၆)ႏွစ္အ႐ြယ္ကေလးတို႔ ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ေၾကာင္း၊ ဦးေကသရ၊ ဦးကုသလာစာရ၊ ေက်ာ္ဝဏၰ၊ မေခ်ာအိၿဖိဳး၊ ေဒၚခ်ိဳ၊ စိုးသက္ဦး၊ ေဇာ္ႏိုင္ဝင္း၊ ကိုဝဏၰၿဖိဳး၊ ကိုစိုးေက်ာ္လႈိင္တို႔မွာ ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေ႐ႊေတာင္နယ္ေျမရဲစခန္းမွ အမ်ားသူငွာ သြားလာရာလမ္းေပၚတြင္ အျခားသူမ်ားအား ေသဆုံး/ထိခိုက္ဒဏ္ရာမ်ား ရရွိေအာင္ ယာဥ္အား မဆင္မျခင္ ေပါ့ေလ်ာ့စြာ ေမာင္းႏွင္ခဲ့သူ ကိုတင္ေမာင္ဝင္းအား အမႈဖြင့္ ေဆာင္႐ြက္ထားရွိေၾကာင္း သိရသည္။

သိန္းျမင့္ေက်ာ္(မိတၳီလာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------------
Unicode
စားဆီများ တင်ဆောင်လာသည့် ၂၂ ဘီးတွဲယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်ပြီး တိမ်းမှောက်ခဲ့ကာ ရပ်နားနေကြသည့်လူများအား ဝင်ရောက်တိုက်မိသဖြင့် (၄)ဦးသေ (၉)ဦးဒဏ်ရာရရှိ

ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာအနီး၌ အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် စားဆီများ တင်ဆောင်လာသည့် ၂၂ ဘီး တွဲယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်ပြီး လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ကာ ရပ်နားနေကြသည့် လူများအား ဝင်ရောက်တိုက်မိသဖြင့် (၄)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးလမ်းမကြီး မိုင်တိုင်အမှတ် (၃၆၅/၄)နှင့် (၃၆၅/၅)အကြား ဒိုင်ကောင်းကုန်းကျေးရွာအနီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စားဆီများ တင်ဆောင်ပြီး ယာဉ်မောင်း ကိုတင်မောင်ဝင်း မောင်းနှင်ကာ ဘေးခုံတွင် ကိုမြင့်စိုး၊ ဦးကေသရ၊ ဦးကုသလာစာရတို့ စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် 4N/…… NISSAN DIESEAL အမျိုးအစား (၂၂)ဘီး တွဲယာဉ်သည် ဂျွိုင်းဆက်ပြုတ်ပြီး ယာဉ်မှာ လမ်း၏ဝဲဘက်ခြမ်းသို့ လဲကျတိမ်းမှောက်ခဲ့ကြောင်း၊ ထိုသို့တိမ်းမှောက်ရာတွင် လမ်း၏ဝဲဘက်ခြမ်းရှိ အပင်အောက်၌ ရပ်နားနေကြသော လူများအား ဝင်ရောက်တိုက်မိပြီး မောင်သိဒ္ဓိ (၁၉)နှစ်၊ ကိုချစ်သူမောင် (၃၁)နှစ်၊ မလင်းလင်း (၄၀)နှစ်နှင့် အမည်မသိ (၆)နှစ်အရွယ်ကလေးတို့ ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဦးကေသရ၊ ဦးကုသလာစာရ၊ ကျော်ဝဏ္ဏ၊ မချောအိဖြိုး၊ ဒေါ်ချို၊ စိုးသက်ဦး၊ ဇော်နိုင်ဝင်း၊ ကိုဝဏ္ဏဖြိုး၊ ကိုစိုးကျော်လှိုင်တို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတောင်နယ်မြေရဲစခန်းမှ အများသူငှာ သွားလာရာလမ်းပေါ်တွင် အခြားသူများအား သေဆုံး/ထိခိုက်ဒဏ်ရာများ ရရှိအောင် ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ခဲ့သူ ကိုတင်မောင်ဝင်းအား အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
စားဆီမ်ား တင္ေဆာင္လာသည့္ ၂၂ ဘီးတြဲယာဥ္တစ္စီး ဂြၽိဳင္းဆက္ျပဳတ္ၿပီး တိမ္းေမွာက္ခဲ့ကာ ရပ္နားေနၾကသည့္လူမ်ားအား ဝင္ေရာက္တိုက္မိသျဖင့္ (၄)ဦးေသ (၉)ဦးဒဏ္ရာရရွိ စားဆီမ်ား တင္ေဆာင္လာသည့္ ၂၂ ဘီးတြဲယာဥ္တစ္စီး ဂြၽိဳင္းဆက္ျပဳတ္ၿပီး တိမ္းေမွာက္ခဲ့ကာ ရပ္နားေနၾကသည့္လူမ်ားအား ဝင္ေရာက္တိုက္မိသျဖင့္ (၄)ဦးေသ (၉)ဦးဒဏ္ရာရရွိ Reviewed by THITHTOOLWIN on 02:36 Rating: 5
Powered by Blogger.