ရွမ္းေျမာက္ေျမျမွဳပ္မိုင္းေၾကာင့္ ရက္ ၇ဝ အတြင္း လူ ၂ဝ ထိ

မိုင္းေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရခဲ့တဲ့ မိုင္းေငါ့ၿမိဳ႕နယ္ခြဲက အမ်ိဳးသားတစ္ဦးကို ၂၀၁၉၊ စက္တင္ဘာ ၂၆ ရက္ေန႔က ေတြ႔ရစဥ္
Zawgyi
ရွမ္းျပည္နယ္ေျမာက္ပုိင္း ေက်ာက္မဲခရုိင္မွာ ရက္ ၇၀ အတြင္း ေျမျမွဳပ္မုိင္း၊ တုိက္မုိင္းတို႔ေၾကာင့္ အရပ္သား ေလးဦး ေသဆံုးၿပီး ၁၈ ဦး ဒဏ္ရာရခဲ့ပါတယ္။

ၾသဂုတ္လဆန္းကေန စက္တင္ဘာလအထိ ေက်ာက္မဲခရုိင္အတြင္းမွာ မုိင္းနင္းမိၿပီး ေသဆုံးခဲ့သူ အရပ္သား ႏွစ္ဦး ထိခုိက္ဒဏ္ရာရရွိသူ ၁၇ ဦးရွိေၾကာင္း မုိင္းအႏၱရာယ္ အသိပညာေပးေဆာင္ရြက္ေနတဲ့ ေဒသခံၾကက္ေျခနီတပ္ဖြဲ႔က ေကာက္ခံထားတဲ့ စာရင္းအရသိရပါတယ္။

ေအာက္တုိဘာ ၉ ရက္ေန႔ ညေနက နမ့္ဆန္ျမဳိ႕နယ္ နမ့္ေတြအုပ္စု မမုိ႔ေက်းရြာက အမ်ဳိးသမီး တစ္ဦး လက္ဖက္ျခံ လုပ္ငန္းခြင္၀င္ေနခ်ိန္မွာ ေျမျမဳပ္မုိင္းေပါက္ကြဲလုိ႔ ေသဆုံးသြားခဲ့ပါတယ္။

ေအာက္တုိဘာ ၈ ရက္ေန႔ကလည္း မုိင္းလုံျမဳိ႕နယ္ခြဲ ေတာ့ဆန္ေက်းရြာအုပ္စုထဲက ေတာင္ပုိ႔လုိ႔ရြာနဲ႔ ပန္ဆန္ရြာၾကားမွာရွိတဲ့ လက္ဖက္ျခံမွာ အမ်ဳိးသားႏွစ္ဦး ေျမျမဳပ္္မုိင္းထိခဲ့တယ္လုိ႔ ေက်ာက္မဲအေျခစုိက္ ဇီဝိတပရဟိတအဖြဲ႔ ဥကၠ႒ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။

"မနက္ဆယ္နာရီေလာက္မွာ လက္ဖက္ျခံကုိေပါင္းျမက္ေတြရွင္းတာ။ ႏွစ္ေယာက္ ။ တစ္ေယာက္က ပြဲခ်င္းျပီး ေသသြားတယ္။ တစ္ေယာက္ကေတာ့ ဒဏ္ရာရတယ္"

ေသဆံုးသူဟာ အသက္ ၄၀ ၀န္းက်င္ ဦးသာေအး ျဖစ္ၿပီး ဒဏ္ရာရသူက အသက္ ၃၀  ၀န္းက်င္ရွိတဲ့ စုိင္းပန္းစံျဖစ္ပါတယ္။ ဒဏ္ရာရသူကို ေက်ာက္မဲေဆးရုံမွာ တင္ပုိ႔ကုသခဲ့ရတာျဖစ္ပါတယ္။

သူတို႔ကေတာ့ ေက်ာက္မဲခရုိင္အတြင္းမွာ ရက္ေပါင္း ၇၀ အတြင္း မုိင္းေၾကာင့္ ေသဆံုး၊ ဒဏ္ရာရ စာရင္းမွာ ေနာက္ဆံုးပါဝင္သြားသူေတြပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြရဲ႕ အက်ိဳးဆက္အေနနဲ႔ ေျမျမွဳပ္မုိင္းနဲ႔ စစ္လက္နက္ အႂကြင္းအက်န္ေတြေၾကာင့္ ေဒသခံေတြ ထိခုိက္ေသဆံုးရတဲ့ ျပႆနာေတြ ရွိေနပါတယ္။ ရွမ္းျပည္နယ္အတြင္းမွာ မုိင္းေၾကာင့္ ေသဆုံးမႈေတြကုိ စာရင္းအတိအက် ေကာက္ခံႏိုင္ဖို႔ အေျခအေန မေပးေသးတာေၾကာင့္ ဘယ္ေလာက္ ထိခုိက္ေသဆုံးခဲ့တယ္ဆုိတာကုိ တိတိက်က် ေျပာဆုိႏုိင္တာ မရွိပါဘူး။

ေက်ာက္မဲခရုိင္ဟာ TNLA၊ RCSS နဲ႔ တပ္မေတာ္တုိ႔ လႈပ္ရွားနယ္ေျမျဖစ္ၿပီး ဘယ္အဖြဲ႔က ေထာင္ထားတဲ့ ေျမျမွဳပ္မုိင္းေၾကာင့္ ထိခုိက္ေသဆုံးရတယ္ ဆုိတာကိုလည္း ေဒသခံေတြနဲ႔ အရပ္ဖက္ အဖြဲ႔အစည္းေတြက တိတိက်က် ေျပာဆုိဖို႔ ခက္ေနပါတယ္။

ေဒသတြင္း ေျမျမႇဳပ္မုိင္းေၾကာင့္ ထိခုိက္ေသဆုံးမႈ အေျခအေနကုိ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႔ကုိ ေမးျမန္းဖို႔ႀကိဳးစား ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

တအာင္းအမ်ိဳးသမီးအဖြဲ႔အစည္း TWO က ေကာက္ယူထားတဲ့ စာရင္းေတြအရ ရွမ္းျပည္ေျမာက္ပုိင္း ေက်ာက္မဲ၊ နမ့္ဆန္၊ ကြတ္ခုိင္နဲ႔ သီေပါျမဳိ႕ေတြမွာ ေျမျမွဳပ္မုိင္းအပါအ၀င္ လက္နက္ကိုင္ တုိက္ပြဲေတြေၾကာင့္ အရပ္သား ေသဆုံးမႈဟာ ၃ လအတြင္း ဆယ္ဦးခန္႔ရွိေနတယ္လုိ႔လည္း သိရပါတယ္။

မုိင္းေပါက္ကြဲမႈျဖစ္ပြားတဲ့ ေနရာေတြဟာ အရပ္သားျပည္သူေတြ လုပ္ကုိင္စားေသာက္ေနတဲ့ ေနရာေတြျဖစ္ တာေၾကာင့္ မုိင္းအသုံးျပဳတာေတြ မလုပ္ေစခ်င္ဘူးလုိ႔ TWO ေျပာေရးဆုိခြင့္ရွိသူ မေလြ႔ခ်ီဆ၀ါးက ေျပာပါတယ္။

"မုိင္းေၾကာင့္လူထုေတြ ေသဆုံးတာ ဒဏ္ရာရတာေတြ အမ်ားႀကီးရွိတယ္။ ျပည္သူေတြကေတာ့ ခံေနရတဲ့ အေပၚမွာ အဲဒီမွာလႈပ္ရွားေနတဲ့ သက္ဆုိင္ရာ လက္နက္ကုိင္တုိင္းက တာ၀န္ရွိတယ္။ အဲဒီအေပၚမွာျပန္ၿပီးေတာ့ တာ၀န္ယူမႈ တာ၀န္ခံမႈ တစ္စုံတစ္ရာ ျပန္လုပ္ေပးေစခ်င္တယ္"

ျပင္ဦးလြင္က တပ္မေတာ္ သင္တန္းေက်ာင္းနဲ႔ ေနာင္ခ်ဳိမူးယစ္ေဆးဝါး စစ္ေဆးေရးဂိတ္ကုိ ေျမာက္ပုိင္းမဟာမိတ္ သံုးဖြဲ႔က တုိက္ခုိက္ခဲ့ၿပီးေနာက္မွာ ေက်ာက္မဲ၊ သီေပါနဲ႔ ကြတ္ခုိင္ၿမိဳ႕ေတြ အပါအဝင္ ရွမ္းျပည္နယ္ ေျမာက္ပုိင္းက ေဒသခံေတြမွာ မုိင္းေၾကာင့္ အရပ္သားေတြ ထိခုိက္ေသဆုံးတာေတြရွိေနတဲ့အျပင္ တုိက္ပြဲေတြ အႀကီးအက်ယ္ျဖစ္ မွာကုိ ေဒသခံေတြ စုိးရိမ္ေနၾကပါတယ္။

အေရွ႕ေတာင္အာရွႏုိင္ငံေတြထဲက ျမန္မာႏုိင္ငံဟာ ေျမျမွပ္မုိင္းေၾကာင့္ ထိခုိက္ေသဆုံးမႈ တတိယအျမင့္ဆုံးႏုိင္ငံ အျဖစ္ ရပ္တည္ေနၿပီး၊ ၂၀၁၇ တစ္ႏွစ္တည္းမွာပဲ ျမန္မာႏုိင္ငံမွာ ေျမျမွပ္မုိင္းေၾကာင့္ ထိခုိက္ေသဆုံးသူ ၂၀၂ ဦး အထိ ရွိခဲ့တယ္လုိ႔ ေျမျမွပ္မုိင္းေစာင့္ၾကည့္ေရးအဖြဲ႔ Landmine and Cluster Munition Monitor ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ၂၀၁၈-၁၉ ၀န္းက်င္မွာလည္း မုိင္းျဖစ္စဥ္ေၾကာင့္၊ အထူးသျဖင့္ ရွမ္းေျမာက္နဲ႔ ရခုိင္ျပည္နယ္မွာ ထိခုိက္မႈျဖစ္စဥ္ေတြရွိေပမယ့္ အစီရင္ခံစာအေသးစိတ္ မေတြ႔ရေသးပါဘူး။

Landmine and Cluster Munition Monitor ရဲ႕ ေဖာ္ျပခ်က္အရ ျမန္မာႏုိင္ငံမွာ ၁၉၉၉ ကေန ၂၀၁၇ ခုႏွစ္အထိ ေျမျမွပ္မုိင္းေၾကာင့္ ေသဆုံး သူ ၅၃၇ ဦးရွိၿပီး၊ ထိခိုက္ဒဏ္ရာရသူ ၃၅၈၈ ဦးနဲ႔ အမည္မသိ ၁၁၈ ဦးထိရွိတယ္လုိ႔ သိရပါတယ္။

ေျမျမွဳပ္မိုင္း သံုးစြဲမႈကို ၁၉၉၇ ခုႏွစ္မွာ တစ္ကမၻာလံုးအတိုင္းအတာနဲ႔ ပိတ္ပင္ခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
---------------
Unicode

ရှမ်းမြောက်မြေမြှုပ်မိုင်းကြောင့် ရက် ၇ဝ အတွင်း လူ ၂ဝ ထိ

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ မိုင်းငေါ့မြို့နယ်ခွဲက အမျိုးသားတစ်ဦးကို ၂၀၁၉၊ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - တင်မောင်သိန်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်မှာ ရက် ၇၀ အတွင်း မြေမြှုပ်မိုင်း၊ တိုက်မိုင်းတို့ကြောင့် အရပ်သား လေးဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သြဂုတ်လဆန်းကနေ စက်တင်ဘာလအထိ ကျောက်မဲခရိုင်အတွင်းမှာ မိုင်းနင်းမိပြီး သေဆုံးခဲ့သူ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးရှိကြောင်း မိုင်းအန္တရာယ် အသိပညာပေးဆောင်ရွက်နေတဲ့ ဒေသခံကြက်ခြေနီတပ်ဖွဲ့က ကောက်ခံထားတဲ့ စာရင်းအရသိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ ညနေက နမ့်ဆန်မြို့နယ် နမ့်တွေအုပ်စု မမို့ကျေးရွာက အမျိုးသမီး တစ်ဦး လက်ဖက်ခြံ လုပ်ငန်းခွင်ဝင်နေချိန်မှာ မြေမြုပ်မိုင်းပေါက်ကွဲလို့ သေဆုံးသွားခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ကလည်း မိုင်းလုံမြို့နယ်ခွဲ တော့ဆန်ကျေးရွာအုပ်စုထဲက တောင်ပို့လို့ရွာနဲ့ ပန်ဆန်ရွာကြားမှာရှိတဲ့ လက်ဖက်ခြံမှာ အမျိုးသားနှစ်ဦး မြေမြုပ်မိုင်းထိခဲ့တယ်လို့ ကျောက်မဲအခြေစိုက် ဇီဝိတပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

"မနက်ဆယ်နာရီလောက်မှာ လက်ဖက်ခြံကိုပေါင်းမြက်တွေရှင်းတာ။ နှစ်ယောက် ။ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရတယ်"

သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင် ဦးသာအေး ဖြစ်ပြီး ဒဏ်ရာရသူက အသက် ၃၀  ဝန်းကျင်ရှိတဲ့ စိုင်းပန်းစံဖြစ်ပါတယ်။ ဒဏ်ရာရသူကို ကျောက်မဲဆေးရုံမှာ တင်ပို့ကုသခဲ့ရတာဖြစ်ပါတယ်။

သူတို့ကတော့ ကျောက်မဲခရိုင်အတွင်းမှာ ရက်ပေါင်း ၇၀ အတွင်း မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရ စာရင်းမှာ နောက်ဆုံးပါဝင်သွားသူတွေပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ အကျိုးဆက်အနေနဲ့ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ မိုင်းကြောင့် သေဆုံးမှုတွေကို စာရင်းအတိအကျ ကောက်ခံနိုင်ဖို့ အခြေအနေ မပေးသေးတာကြောင့် ဘယ်လောက် ထိခိုက်သေဆုံးခဲ့တယ်ဆိုတာကို တိတိကျကျ ပြောဆိုနိုင်တာ မရှိပါဘူး။

ကျောက်မဲခရိုင်ဟာ TNLA၊ RCSS နဲ့ တပ်မတော်တို့ လှုပ်ရှားနယ်မြေဖြစ်ပြီး ဘယ်အဖွဲ့က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရတယ် ဆိုတာကိုလည်း ဒေသခံတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက တိတိကျကျ ပြောဆိုဖို့ ခက်နေပါတယ်။

ဒေသတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကို မေးမြန်းဖို့ကြိုးစား ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ကောက်ယူထားတဲ့ စာရင်းတွေအရ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ ကွတ်ခိုင်နဲ့ သီပေါမြို့တွေမှာ မြေမြှုပ်မိုင်းအပါအဝင် လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုဟာ ၃ လအတွင်း ဆယ်ဦးခန့်ရှိနေတယ်လို့လည်း သိရပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာတွေဟာ အရပ်သားပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေဖြစ် တာကြောင့် မိုင်းအသုံးပြုတာတွေ မလုပ်စေချင်ဘူးလို့ TWO ပြောရေးဆိုခွင့်ရှိသူ မလွေ့ချီဆဝါးက ပြောပါတယ်။

"မိုင်းကြောင့်လူထုတွေ သေဆုံးတာ ဒဏ်ရာရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေကတော့ ခံနေရတဲ့ အပေါ်မှာ အဲဒီမှာလှုပ်ရှားနေတဲ့ သက်ဆိုင်ရာ လက်နက်ကိုင်တိုင်းက တာဝန်ရှိတယ်။ အဲဒီအပေါ်မှာပြန်ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု တစ်စုံတစ်ရာ ပြန်လုပ်ပေးစေချင်တယ်"

ပြင်ဦးလွင်က တပ်မတော် သင်တန်းကျောင်းနဲ့ နောင်ချိုမူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်မှာ ကျောက်မဲ၊ သီပေါနဲ့ ကွတ်ခိုင်မြို့တွေ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံတွေမှာ မိုင်းကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိနေတဲ့အပြင် တိုက်ပွဲတွေ အကြီးအကျယ်ဖြစ် မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲက မြန်မာနိုင်ငံဟာ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု တတိယအမြင့်ဆုံးနိုင်ငံ အဖြစ် ရပ်တည်နေပြီး၊ ၂၀၁၇ တစ်နှစ်တည်းမှာပဲ မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၀၂ ဦး အထိ ရှိခဲ့တယ်လို့ မြေမြှပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine and Cluster Munition Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၈-၁၉ ဝန်းကျင်မှာလည်း မိုင်းဖြစ်စဉ်ကြောင့်၊ အထူးသဖြင့် ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်မှာ ထိခိုက်မှုဖြစ်စဉ်တွေရှိပေမယ့် အစီရင်ခံစာအသေးစိတ် မတွေ့ရသေးပါဘူး။

Landmine and Cluster Munition Monitor ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ၁၉၉၉ ကနေ ၂၀၁၇ ခုနှစ်အထိ မြေမြှပ်မိုင်းကြောင့် သေဆုံး သူ ၅၃၇ ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရသူ ၃၅၈၈ ဦးနဲ့ အမည်မသိ ၁၁၈ ဦးထိရှိတယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်း သုံးစွဲမှုကို ၁၉၉၇ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပိတ်ပင်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ရွမ္းေျမာက္ေျမျမွဳပ္မိုင္းေၾကာင့္ ရက္ ၇ဝ အတြင္း လူ ၂ဝ ထိ ရွမ္းေျမာက္ေျမျမွဳပ္မိုင္းေၾကာင့္ ရက္ ၇ဝ အတြင္း လူ ၂ဝ ထိ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.