ဖမ္းဆီးခံထားရသူ ေသြးအန္တာေၾကာင့္ အထူးကုနဲ႔ျပဖုိ႔ မိသားစုလုိလား

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕က အေထြေထြေရာဂါကုေဆးရံုႀကီးကို ေတြ႔ရစဥ္
Zawgyi

ရကၡိဳင့္တပ္ေတာ္နဲ႔ ပတ္သက္မႈရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အၾကမ္းဖမ္းတိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲဆိုခံထားရတဲ့ ရခုိင္ျပည္နယ္ေျမာက္ပိုင္း ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ရြာသား ကိုစည္သူေအာင္ဟာ မေန႔တုန္းက ေသြးထပ္အန္တာေၾကာင့္ စစ္ေတြအက်ဥ္းေထာင္ကေန စစ္ေတြေဆးရံုကို လာေရာက္ျပသခဲ့ရပါတယ္။

ဒီလို႔ျပသၿပီး ညေနပိုင္းမွာဘဲ စစ္ေတြအက်ဥ္းေထာင္ကိုျပန္ေခၚသြားၿပီး အက်ဥ္းေထာင္ေဆးရံုမွာပဲ ကုသေနတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

လက္ရွိအခ်ိန္ထိ ကိုစည္သူေအာင္ဟာ ရင္ဘက္ေအာင့္တာ၊ေသြးအန္ေနေသးတာေၾကာင့္ မိသားစုဝင္ေတြကေတာ့ ျပင္ပေဆးရုံးမွာ အထူးကုဆရာဝန္ေတြကုသခြင့္ရဖို႔ ေထာင္အာဏာပုိင္ေတြဆီ ေတာင္းဆိုသြားမယ္လို႔ ဖခင္ျဖစ္သူ ဦးေမာင္ေသာင္းေအးက ေျပာပါတယ္။

“ရင္ဘက္ေတြ ေခါင္းေတြမူးတယ္ ေအာင့္တယ္လို႔ ေျပာတယ္၊ က်ေနာ္ကေတာ့ အျပင္ထုတ္ၿပီး ေဆးရံုတင္ကုသခ်င္ပါတယ္၊ သူအျမန္ဆံုးေကာင္းမွ အန္ကယ္တို႔လည္း အလုပ္ေတြလုပ္ရမွာ၊ အန္ကယ္တို႔က နယ္ကဆိုေတာ့ အလုပ္လည္းမလုပ္ရ အခုေတာ့ ပိုက္ဆံေတြလည္း တအားကုန္တယ္၊ သ႔ူကိုအျမန္ဆံုး ေကာင္းေစခ်င္တယ္၊အရင္ေခါက္ကလို ေဆးရံုထုတ္ၿပီး ကုသခ်င္ပါတယ္၊ ေထာင္ပိုင္ဆီသြားၿပီး အကူညီေတာင္းမယ္လို႔ စဥ္းစားထားပါတယ္”

ဒီေန႔ စစ္ေတြအက်ဥ္းဦးစီးကုိ သြားေရာက္တင္ျပဖုိ႕ႀကဳိးစားေပမယ့္၊ အထက္လူႀကီးေတြ လာမယ္ဆုိတဲ့ အေၾကာင္းျပခ်က္ေၾကာင့္၊ ေနာက္တစ္ေန႔ ေတြ႔ဆုံဖုိ႔ ခ်ိန္းဆုိလိုက္ေၾကာင္း သူက ေျပာပါတယ္။

ကုိစည္သူေအာင္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလထဲမွာ ေသြးအန္တာေၾကာင့္ စစ္ေတြေဆးရုံမွာ ႏွစ္ႀကိမ္ တက္ေရာက္ေဆးကုသရခဲ့ပါတယ္။ ဒါေၾကာင့္ မေန႔က ေဆးရုံတက္တာဟာ သံုးႀကိမ္ေျမာက္ျဖစ္ပါတယ္။

AAPP ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔က ဦးေအာင္မ်ိဳးေက်ာ္က အက်ဥ္းသားတစ္ေယာက္ က်န္းမာေရးမေကာင္းရင္ အျပင္မွာတက္ေရာက္ကုသခြင့္ရွိတယ္လို႔ ေျပာပါတယ္။

“အက်ဥ္းေထာင္ေတြထဲမွာ ေရာက္ေနရင္ ဒါကေတာ့ အက်ဥ္းေထာင္ အာဏာပိုင္ေတြမွာ တာဝန္အျပည့္အဝရွိတယ္၊ သူ႔အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈသည္ အျပင္မွာကုသဖို႔ လုိအပ္လို႔ရွိရင္ အျပင္မွာထုတ္ၿပီး ကုသကို ကုသေပးရမွာျဖစ္တယ္၊ အက်ဥ္းေထာင္ထဲမွာရွိတဲ့ ေဆးဝါးဆိုတာလည္း မလံုေလာက္ဘူး၊ မျပည့္စံုဘူး၊ ဒီအေျခအေနမွာ အျပင္မွာကုသမယ္ဆိုတာ သူ႔ရဲ႕ရပိုင္ခြင့္ျဖစ္တယ္ ဒါကိုျဖည့္ေပးပါ၊ အက်ဥ္းေထာင္ အာဏာပိုင္ေတြရဲ႕ တာဝန္ျဖစ္တယ္၊ ဒါကို လုပ္ကိုလုပ္ေပးရမယ္”

ဒီကိစၥနဲ႔ပတ္သက္ၿပီး စစ္ေတြအက်ဥ္းေထာင္ကို ဆက္သြယ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ေနျပည္ေတာ္ အက်ဥ္းဦးစီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဒုတိယညႊန္ၾကားေရးမွဴး ဦးမင္းထြန္းစိုးကို ေမးျမန္းရာမွာေတာ့ အက်ဥ္းေထာင္ေတြမွာ အျပင္မွာေဆးရံုတင္ဖို႔ လိုအပ္တဲ့လူနာေတြကို တင္ခြင့္ေပးတယ္လို႔ ေျပာပါတယ္။

“သူကက်န္းမာေရးအတြက္ ေဆးရံုတင္ဖို႔ လိုအပ္ခ်က္ရွိရင္ သက္ဆိုင္ရာတာဝန္ခံက က်ေနာ္တို႔ဆီ လွမ္းေျပာရင္ က်ေနာ္တို႔က ခြင့္ျပဳေပးတယ္ဗ်၊ ၿပီးမွ စာကတရားဝင္လမ္းေၾကာင္းကေန တင္ရတာေပါ့၊ လူကအရင္တင္ရတာေပါ့၊ လံုျခံဳေရးကန္႔သတ္ထားတဲ့ လူေတြက်ေတာ့ ေထာင္ပိုင္ေတြပဲ သိမွာေပါ့”

ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႔ ဒုတိယရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီး ဦးေမာင္ေမာင္းစိုးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ အစည္းအေဝး ေရာက္ေနတာေၾကာင့္ ေနာက္မွျပန္ေခၚဖို႔ ေျပာပါတယ္။ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းနဲ႔ အဆက္အသြယ္ မရရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဒီကိစၥနဲ႔ပက္သက္ၿပီး RFA က ေမးျမန္းရာမွာေတာ့ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက စစ္ေၾကာေရးနဲ႔ပဲျဖစ္ျဖစ္ စစ္ေျမျပင္မွာျဖစ္ျဖစ္ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြရွိေၾကာင္းနဲ႔ ခ်ိဳ႕ယြင္းခ်က္ရွိရင္ ဥပေဒအတိုင္းေဆာင္ရြက္သြားမယ္လို႔ ေျပာထားပါတယ္။

ကိုစည္သူေအာင္ကို အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ထားသလို AA အဖဲြ႔နဲ႔လည္း ပတ္သက္တယ္လို႔ စြပ္စြဲထားပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူ ခုိင္သုခကေတာ့ ကုိစည္သူေအာင္ဟာ AA အဖြဲ႔နဲ႔ ပတ္သက္မႈ မရွိေၾကာင္း RFA ကို ေျပာထားပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၁၂ ရက္ေန႔ညက ေျမာက္ဦးၿမိဳ႕နယ္ ေခ်ာင္းတိုက္တံတားအနီးမွာ လူနာတစ္ဦးကုိ ေဆးရံုကိုပုိ႔ေဆာင္ ေပးေနခ်ိန္မွာ ကိုစည္သူေအာင္ အဖမ္းခံခဲ့ရတာျဖစ္ၿပီး ေလးလၾကာ စစ္ေၾကာေရးမွာ စစ္ေဆးခံရၿပီး အခုလိုေသြးအန္တာလို႔ ဖခင္ျဖစ္သူ ဦးေမာင္ေသာင္းေအးက ေျပာပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ေပါက္ေတာျပင္ေက်းရြာက ကိုေနမ်ိဳးထြန္းဟာ ၂၀၁၉ ဇြန္လတုန္္းက ေက်ာက္ေတာ္ေဆးရံုမွာ ေသဆံုးခဲ့သလို႔ ကိုေဇာ္ဝင္းလိႈင္ဟာလည္း ဇြန္လိႈင္လ ၁ ရက္ေန႔မွာ ေသြးအန္ၿပီး စစ္ေတြေဆးရံုမွာ ေသဆံုးခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
-----------------
Unicode

ဖမ်းဆီးခံထားရသူ သွေးအန်တာကြောင့် အထူးကုနဲ့ပြဖို့ မိသားစုလိုလား

ရက္ခိုင့်တပ်တော်နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖမ်းတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာသား ကိုစည်သူအောင်ဟာ မနေ့တုန်းက သွေးထပ်အန်တာကြောင့် စစ်တွေအကျဉ်းထောင်ကနေ စစ်တွေဆေးရုံကို လာရောက်ပြသခဲ့ရပါတယ်။

ဒီလို့ပြသပြီး ညနေပိုင်းမှာဘဲ စစ်တွေအကျဉ်းထောင်ကိုပြန်ခေါ်သွားပြီး အကျဉ်းထောင်ဆေးရုံမှာပဲ ကုသနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိအချိန်ထိ ကိုစည်သူအောင်ဟာ ရင်ဘက်အောင့်တာ၊သွေးအန်နေသေးတာကြောင့် မိသားစုဝင်တွေကတော့ ပြင်ပဆေးရုံးမှာ အထူးကုဆရာဝန်တွေကုသခွင့်ရဖို့ ထောင်အာဏာပိုင်တွေဆီ တောင်းဆိုသွားမယ်လို့ ဖခင်ဖြစ်သူ ဦးမောင်သောင်းအေးက ပြောပါတယ်။

“ရင်ဘက်တွေ ခေါင်းတွေမူးတယ် အောင့်တယ်လို့ ပြောတယ်၊ ကျနော်ကတော့ အပြင်ထုတ်ပြီး ဆေးရုံတင်ကုသချင်ပါတယ်၊ သူအမြန်ဆုံးကောင်းမှ အန်ကယ်တို့လည်း အလုပ်တွေလုပ်ရမှာ၊ အန်ကယ်တို့က နယ်ကဆိုတော့ အလုပ်လည်းမလုပ်ရ အခုတော့ ပိုက်ဆံတွေလည်း တအားကုန်တယ်၊ သ့ူကိုအမြန်ဆုံး ကောင်းစေချင်တယ်၊အရင်ခေါက်ကလို ဆေးရုံထုတ်ပြီး ကုသချင်ပါတယ်၊ ထောင်ပိုင်ဆီသွားပြီး အကူညီတောင်းမယ်လို့ စဉ်းစားထားပါတယ်”

ဒီနေ့ စစ်တွေအကျဉ်းဦးစီးကို သွားရောက်တင်ပြဖို့ကြိုးစားပေမယ့်၊ အထက်လူကြီးတွေ လာမယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့်၊ နောက်တစ်နေ့ တွေ့ဆုံဖို့ ချိန်းဆိုလိုက်ကြောင်း သူက ပြောပါတယ်။

ကိုစည်သူအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ သွေးအန်တာကြောင့် စစ်တွေဆေးရုံမှာ နှစ်ကြိမ် တက်ရောက်ဆေးကုသရခဲ့ပါတယ်။ ဒါကြောင့် မနေ့က ဆေးရုံတက်တာဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးအောင်မျိုးကျော်က အကျဉ်းသားတစ်ယောက် ကျန်းမာရေးမကောင်းရင် အပြင်မှာတက်ရောက်ကုသခွင့်ရှိတယ်လို့ ပြောပါတယ်။

“အကျဉ်းထောင်တွေထဲမှာ ရောက်နေရင် ဒါကတော့ အကျဉ်းထောင် အာဏာပိုင်တွေမှာ တာဝန်အပြည့်အဝရှိတယ်၊ သူ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် အပြင်မှာကုသဖို့ လိုအပ်လို့ရှိရင် အပြင်မှာထုတ်ပြီး ကုသကို ကုသပေးရမှာဖြစ်တယ်၊ အကျဉ်းထောင်ထဲမှာရှိတဲ့ ဆေးဝါးဆိုတာလည်း မလုံလောက်ဘူး၊ မပြည့်စုံဘူး၊ ဒီအခြေအနေမှာ အပြင်မှာကုသမယ်ဆိုတာ သူ့ရဲ့ရပိုင်ခွင့်ဖြစ်တယ် ဒါကိုဖြည့်ပေးပါ၊ အကျဉ်းထောင် အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ်၊ ဒါကို လုပ်ကိုလုပ်ပေးရမယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နေပြည်တော် အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို မေးမြန်းရာမှာတော့ အကျဉ်းထောင်တွေမှာ အပြင်မှာဆေးရုံတင်ဖို့ လိုအပ်တဲ့လူနာတွေကို တင်ခွင့်ပေးတယ်လို့ ပြောပါတယ်။

“သူကကျန်းမာရေးအတွက် ဆေးရုံတင်ဖို့ လိုအပ်ချက်ရှိရင် သက်ဆိုင်ရာတာဝန်ခံက ကျနော်တို့ဆီ လှမ်းပြောရင် ကျနော်တို့က ခွင့်ပြုပေးတယ်ဗျ၊ ပြီးမှ စာကတရားဝင်လမ်းကြောင်းကနေ တင်ရတာပေါ့၊ လူကအရင်တင်ရတာပေါ့၊ လုံခြုံရေးကန့်သတ်ထားတဲ့ လူတွေကျတော့ ထောင်ပိုင်တွေပဲ သိမှာပေါ့”

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးမောင်မောင်းစိုးကို ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေး ရောက်နေတာကြောင့် နောက်မှပြန်ခေါ်ဖို့ ပြောပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီကိစ္စနဲ့ပက်သက်ပြီး RFA က မေးမြန်းရာမှာတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စစ်ကြောရေးနဲ့ပဲဖြစ်ဖြစ် စစ်မြေပြင်မှာဖြစ်ဖြစ် လိုက်နာရမယ့် စည်းကမ်းချက်တွေရှိကြောင်းနဲ့ ချို့ယွင်းချက်ရှိရင် ဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

ကိုစည်သူအောင်ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားသလို AA အဖွဲ့နဲ့လည်း ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။

ရက္ခိုင့်တပ်တော် AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ကိုစည်သူအောင်ဟာ AA အဖွဲ့နဲ့ ပတ်သက်မှု မရှိကြောင်း RFA ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ညက မြောက်ဦးမြို့နယ် ချောင်းတိုက်တံတားအနီးမှာ လူနာတစ်ဦးကို ဆေးရုံကိုပို့ဆောင် ပေးနေချိန်မှာ ကိုစည်သူအောင် အဖမ်းခံခဲ့ရတာဖြစ်ပြီး လေးလကြာ စစ်ကြောရေးမှာ စစ်ဆေးခံရပြီး အခုလိုသွေးအန်တာလို့ ဖခင်ဖြစ်သူ ဦးမောင်သောင်းအေးက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာက ကိုနေမျိုးထွန်းဟာ ၂၀၁၉ ဇွန်လတုန်းက ကျောက်တော်ဆေးရုံမှာ သေဆုံးခဲ့သလို့ ကိုဇော်ဝင်းလှိုင်ဟာလည်း ဇွန်လှိုင်လ ၁ ရက်နေ့မှာ သွေးအန်ပြီး စစ်တွေဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ဖမ္းဆီးခံထားရသူ ေသြးအန္တာေၾကာင့္ အထူးကုနဲ႔ျပဖုိ႔ မိသားစုလုိလား ဖမ္းဆီးခံထားရသူ ေသြးအန္တာေၾကာင့္ အထူးကုနဲ႔ျပဖုိ႔ မိသားစုလုိလား Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.