ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ နယ္အတြင္းရြာသား (၁၅)ဦး ေပ်ာက္ဆုံးေန

(ဓါတ္ပံု- Google Map)
Zawgyi
ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕တိုက္ပြဲျဖစ္ပြားေနတဲ့ ခ်င္းျပည္နယ္ပလက္၀ျမိဳ႕နယ္အတြင္း ဒီတလ အတြင္းရြာသား(၅)ဦးေပ်ာက္ဆုံးေနသလို စုစုေပါင္း(၁၅)ဦးအထိ ေပ်ာက္ဆုံးေနတာ အခုထိ သတင္းမၾကားရ ေသး ဘုူလို႕ ခ်င္းလူ႕အခြင့္အေရးအဖြဲ႕တာ၀န္ရွိသူေတြကေျပာပါတယ္။ ဒီရြာသားေတြကို ဘယ္အဖြဲ႕ကေန ဖမ္းဆီးေခၚေဆာင္ သြားတယ္ဆိုတာ မသိရွိရေသးသလို ေဒသအတြင္းလုံျခံဳေရးဟာလဲ စိတ္မခ်ရေသးတဲ့အေျခအေနမွာရွိေနပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္နိုင္ကြန္းအိန္ကေနသတင္းေပးပို႕ထားပါတယ္။

ခ်င္းျပည္နယ္ပလက္၀ျမိဳ႕နယ္အတြင္း စက္တင္ဘာလလယ္ကေန ေအာက္တိုဘာလ(၉)ရက္ေန႕ အထိ ကိုယ္ဝန္ ေဆာင္မိခင္တစ္ဦးအပါအဝင္ လူ(၅)ဦးထပ္မံ ေပ်ာက္ဆုံးေနတယ္လို႕ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ကေန သတင္း ထုတ္ျပန္ထားပါတယ္။

အထူးသျဖင့္ ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕စစ္ေရးတင္းမာေနတဲ့ေဒသမွာ ခရီးသြားလာရင္း ေတာင္ယာအလုပ္လုပ္ကိုင္ရင္းေပ်ာက္ဆုံးေနၾကတာပါ။

ဒီအေျခအေနကိုခ်င္းလူ႔အခြင့္အေရးအဖြဲ႕ရဲ႕ဒါရိုက္တာကိုေတးရားကအခုလိုေျပာပါတယ္။

“ဒီလဘဲေအာက္တိုဘာ(၅)ရက္မွာ ပလက္၀ျမိဳ႕နယ္သာယာကုန္းေက်းရြာေန ဦးကူးေဟြးက ေတာင္ယာမွာ သူဟင္းသီး ဟင္းရြက္ခူးဖို႕ေတာင္ယာသြားတာ။ အဲတာကိုအခ်ိန္မီျပန္ေရာက္မလာတာနဲ႕ သူ႕ဇနီးျဖစ္သူ ေဒၚသႏၱာဦးက ေတာင္ယာ ကို သူုျပန္ျပီးေတာ့ သူေယာက်္ားကိုသြားရွာတာ။ အဲတာရွာရင္းနဲ႕ဘဲ သူပါတခါထဲ ေပ်ာက္သြားတာ ႏွစ္ေယာက္စလုံးေပါ့ ေနာ္။ ဒုတိယျဖစ္စဥ္ တခုကေတာ့ စက္တင္ဘာလ(၁၄)ရက္ေန႕မွာေပါ့။ ၀န္းေခ်ာင္း၀ရြာသား(၃)ဦးဟာ ရခိုင္ျပည္နယ္ ေျမာက္ဦးျမိဳ႕နယ္ ဆန္အိုးေက်းရြာမွာသူတို႕ ဆန္ ဆီ ဆား ငပိသြား၀ယ္ၾကတာ။ စက္ေလွတစီး နဲ႕ေပါ့ေနာ။ အဲဒီမွာ အျပန္မွာသူတို႕ေပ်ာက္သြားတာ။ စက္ေလွလဲေပ်ာက္တယ္ လူလဲေပ်ာက္တယ္ အခုျဖစ္တယ္အဲဒီလို။ အခုေနာက္ဆုံး ဒီလ(၅)ရက္နဲ႕ဆို (၁၅)ေယာက္ရွိျပီးေပါ့ေနာ။ အဲဒီကိုယ္၀န္ေဆာင္ မိန္းကေလးတဦးအပါအ၀င္ေပါ့ေနာ။”

လက္ရွိအခ်ိန္ထိရြာသား(၁၅)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ျပီး အဆက္သြယ္ မရေသးဘူးလို႕သူကဆိုပါတယ္။

သာယာကုန္းေက်း႐ြာဟာ ျမန္မာတပ္မေတာ္ရဲ႕ စစ္ဗ်ဴဟာစခန္းရွိတဲ့ ခေမာက္ဝေက်း႐ြာမွ (၄)မိုင္ခန႔္သာ ကြာေဝးသလို AA လက္နက္ကိုင္အဖြဲ႕ လူပ္ရွားသြားလာေနတဲ့ ေနရာေတြနဲ႕လဲနီးစပ္ေနတာေၾကာင့္ ဘယ္အဖြဲ႕ဖမ္းသြားတယ္ဆိုတာ အတည္မျပဳနိုင္ေသးပါဘူး။

ဒါေပမဲ့ ဒီလိုဖမ္းဆီးမွဳျဖစ္စဥ္မွာ ေဒသခံရြာသားေတြက ရခိုင္ လက္နက္ကိုင္အဖြဲ႕ ကလို႕ယူဆေနေၾကာင္း ကိုေတးရာ ကေျပာပါတယ္။

“စက္ေလွအသြားလာေတြကို ရခိုင္ျပည္နယ္နဲ႕ခ်င္းျပည္နယ္ နယ္စပ္ပါ့ေနာ္ အဲတာနဲ႕အနီးတ၀ိုက္မွာ AA တပ္ဖြဲ႕ေတြက တခါတေလ၀င္ေရာက္ စစ္ျပီးေတာ့ တခါတေလ လူေတြစစ္တယ္ တခါတေလဆန္ေတြ စစ္ျပီးေတာ့ ဆန္ေတြလဲယူတယ္ ဆိုတာေျပာတာရွိတယ္။ အဲဒီေပ်ာက္သြားတဲ့လူေတြလဲ ရခိုင္တပ္မေတာ္ AAအဖြဲ႕လက္ခ်က္ျဖစ္မယ္လို႕ ေတာ္ေတာ္မွတ္ ခ်က္ေပးတယ္။ ဒါေပမဲ့ကြ်န္ေတာ္တို႕အဖြဲ႕ကေတာ့ သီးျခားအတည္ျပဳခ်က္ေတာ့ကြ်န္ေတာ္တို႕မွာ မရွိဘူးျဖစ္ေနတယ္ ေပါ့ေနာ။”

ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ေျပာခြင့္ရခိုင္သုခကေတာ့ ရြာသားေတြကို သူတို႕အဖြဲ႕ ဖမ္းဆီးတာ မရွိေၾကာင္းေျပာပါတယ္။

“ကြ်န္ေတာ္တို႕ဖက္ကအဲဒီလိုမ်ိဳး ဖမ္းဆီးထားတာမရွိဘူး။ ကြ်န္ေတာ္တို႕အရင္တုန္းကဟိုဥစၥာေတြလဲ အကုန္လုံးျပန္ လႊတ္ေပးျပီးျပီး။ အခုအဲဒီလိုမ်ိဳးထိန္းသိမ္းထားတာ ဘာမွမရွိဘူး။”

ျပီးခဲ့တဲ့မတ္လ(၃၀)ရက္မွာ ပလက္၀ျမိဳ႕နယ္ တြင္းကင္းအေလာင္းရြာမွာ လမ္းလုပ္ငန္း ေဆာင္ရြက္ေနတဲ့ ဆုထူးစံ ကုမၸဏီဝန္ထမ္းလမ္းေဖါက္အလုပ္သမား(၈)ဦးကို AAအဖြဲ႕ကေန ဖမ္းဆီးေခၚေဆာင္သြားခဲ့ျပီး ၾသဂုတ္လ ၁၆ ရက္ ေန႔မွာ ျပန္လည္လႊတ္ေပးခဲ့ပါတယ္။

ပလက္၀ျမိဳ႕နယ္ဖက္မွာလဲ ျမန္မာစစ္တပ္နဲ႕AAရခိုင္လက္နက္ကိုင္အဖြဲ႕တို႕အၾကား တိုက္ပြဲေတြျဖစ္ပြားေနဆဲျဖစ္ပါ တယ္။

တိုက္ပြဲျဖစ္စဥ္ေတြေၾကာင့္ ပလက္၀ျမိဳ႕နယ္မွာစစ္ေဘးေရွာင္(၂၀၀၀)၀န္းက်င္ရွိေနတယ္လို႕ ပလက္၀စစ္ေရွာင္အကူ ညီ ေပးေရး အဖြဲ႕အတြင္းေရးမွဴးဦးေက်ာ္ေအာင္ကေျပာပါတယ္။

“တိုးတာေတာ့မရွိဘူး။ လက္ရွိက ခန္႕မွန္း(၂၀၀၀)၀န္းက်င္ေလာက္ေတာ့ရွိမယ္။ လူဦးေရေပါ့။ ေနတာကေတာ့ ျပန္႕ၾကဲေနတယ္။ မ်ားတဲ့ေနရာကေတာ့ အဓိကကေတာ့မီးစာေပါ့အမ်ားဆုံးရွိတယ္။ ေနထိုင္စားေသာက္ေရးက အခုလတ္တေလာမွာေတာ့အဆင္ေျပပါတယ္။”

လက္ရွိပလက္၀ျမိဳ႕နယ္ နယ္စပ္ဘက္မွာတိုက္ပြဲျဖစ္ပြားေနျပီး ေဒသအတြင္း တိုက္ပြဲေလ်ာ့က်လာေနတယ္လို႕ သူက ဆိုပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာေတာ့ ျမန္မာစစ္တပ္နဲ႕AAအဖြဲ႕တို႕အၾကား တိုက္ပြဲျပင္းထန္ေနဆဲျဖစ္ျပီး တိုက္ပြဲ ျဖစ္စဥ္အတြင္းေဒသခံရြာသား(၇၀၀၀၀)နီးပါး စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႕ စစ္ေရွာင္ကူညီေရးအဖြဲ႕ တာ၀န္ရွိ သူေတြကေျပာပါတယ္။

....................

{Unicode}

ချင်းပြည်နယ် ပလက်ဝမြို့ နယ်အတွင်းရွာသား (၁၅)ဦး ပျောက်ဆုံးနေ

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း ဒီတလ အတွင်းရွာသား(၅)ဦးပျောက်ဆုံးနေသလို စုစုပေါင်း(၁၅)ဦးအထိ ပျောက်ဆုံးနေတာ အခုထိ သတင်းမကြားရ သေး ဘုူလို့ ချင်းလူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒီရွာသားတွေကို ဘယ်အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင် သွားတယ်ဆိုတာ မသိရှိရသေးသလို ဒေသအတွင်းလုံခြုံရေးဟာလဲ စိတ်မချရသေးတဲ့အခြေအနေမှာရှိနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း စက်တင်ဘာလလယ်ကနေ အောက်တိုဘာလ(၉)ရက်နေ့ အထိ ကိုယ်ဝန် ဆောင်မိခင်တစ်ဦးအပါအဝင် လူ(၅)ဦးထပ်မံ ပျောက်ဆုံးနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ကနေ သတင်း ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့စစ်ရေးတင်းမာနေတဲ့ဒေသမှာ ခရီးသွားလာရင်း တောင်ယာအလုပ်လုပ်ကိုင်ရင်းပျောက်ဆုံးနေကြတာပါ။

ဒီအခြေအနေကိုချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ဒါရိုက်တာကိုတေးရားကအခုလိုပြောပါတယ်။

“ဒီလဘဲအောက်တိုဘာ(၅)ရက်မှာ ပလက်ဝမြို့နယ်သာယာကုန်းကျေးရွာနေ ဦးကူးဟွေးက တောင်ယာမှာ သူဟင်းသီး ဟင်းရွက်ခူးဖို့တောင်ယာသွားတာ။ အဲတာကိုအချိန်မီပြန်ရောက်မလာတာနဲ့ သူ့ဇနီးဖြစ်သူ ဒေါ်သန္တာဦးက တောင်ယာ ကို သူုပြန်ပြီးတော့ သူယောကျ်ားကိုသွားရှာတာ။ အဲတာရှာရင်းနဲ့ဘဲ သူပါတခါထဲ ပျောက်သွားတာ နှစ်ယောက်စလုံးပေါ့ နော်။ ဒုတိယဖြစ်စဉ် တခုကတော့ စက်တင်ဘာလ(၁၄)ရက်နေ့မှာပေါ့။ ဝန်းချောင်းဝရွာသား(၃)ဦးဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဆန်အိုးကျေးရွာမှာသူတို့ ဆန် ဆီ ဆား ငပိသွားဝယ်ကြတာ။ စက်လှေတစီး နဲ့ပေါ့နော။ အဲဒီမှာ အပြန်မှာသူတို့ပျောက်သွားတာ။ စက်လှေလဲပျောက်တယ် လူလဲပျောက်တယ် အခုဖြစ်တယ်အဲဒီလို။ အခုနောက်ဆုံး ဒီလ(၅)ရက်နဲ့ဆို (၁၅)ယောက်ရှိပြီးပေါ့နော။ အဲဒီကိုယ်ဝန်ဆောင် မိန်းကလေးတဦးအပါအဝင်ပေါ့နော။”

လက်ရှိအချိန်ထိရွာသား(၁၅)ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး အဆက်သွယ် မရသေးဘူးလို့သူကဆိုပါတယ်။

သာယာကုန်းကျေးရွာဟာ မြန်မာတပ်မတော်ရဲ့ စစ်ဗျူဟာစခန်းရှိတဲ့ ခမောက်ဝကျေးရွာမှ (၄)မိုင်ခန့်သာ ကွာဝေးသလို AA လက်နက်ကိုင်အဖွဲ့ လူပ်ရှားသွားလာနေတဲ့ နေရာတွေနဲ့လဲနီးစပ်နေတာကြောင့် ဘယ်အဖွဲ့ဖမ်းသွားတယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။

ဒါပေမဲ့ ဒီလိုဖမ်းဆီးမှုဖြစ်စဉ်မှာ ဒေသခံရွာသားတွေက ရခိုင် လက်နက်ကိုင်အဖွဲ့ ကလို့ယူဆနေကြောင်း ကိုတေးရာ ကပြောပါတယ်။

“စက်လှေအသွားလာတွေကို ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ် နယ်စပ်ပါ့နော် အဲတာနဲ့အနီးတဝိုက်မှာ AA တပ်ဖွဲ့တွေက တခါတလေဝင်ရောက် စစ်ပြီးတော့ တခါတလေ လူတွေစစ်တယ် တခါတလေဆန်တွေ စစ်ပြီးတော့ ဆန်တွေလဲယူတယ် ဆိုတာပြောတာရှိတယ်။ အဲဒီပျောက်သွားတဲ့လူတွေလဲ ရခိုင်တပ်မတော် AAအဖွဲ့လက်ချက်ဖြစ်မယ်လို့ တော်တော်မှတ် ချက်ပေးတယ်။ ဒါပေမဲ့ကျွန်တော်တို့အဖွဲ့ကတော့ သီးခြားအတည်ပြုချက်တော့ကျွန်တော်တို့မှာ မရှိဘူးဖြစ်နေတယ် ပေါ့နော။”

ရခိုင်လက်နက်ကိုင် AAအဖွဲ့ပြောခွင့်ရခိုင်သုခကတော့ ရွာသားတွေကို သူတို့အဖွဲ့ ဖမ်းဆီးတာ မရှိကြောင်းပြောပါတယ်။

“ကျွန်တော်တို့ဖက်ကအဲဒီလိုမျိုး ဖမ်းဆီးထားတာမရှိဘူး။ ကျွန်တော်တို့အရင်တုန်းကဟိုဥစ္စာတွေလဲ အကုန်လုံးပြန် လွှတ်ပေးပြီးပြီး။ အခုအဲဒီလိုမျိုးထိန်းသိမ်းထားတာ ဘာမှမရှိဘူး။”

ပြီးခဲ့တဲ့မတ်လ(၃၀)ရက်မှာ ပလက်ဝမြို့နယ် တွင်းကင်းအလောင်းရွာမှာ လမ်းလုပ်ငန်း ဆောင်ရွက်နေတဲ့ ဆုထူးစံ ကုမ္ပဏီဝန်ထမ်းလမ်းဖေါက်အလုပ်သမား(၈)ဦးကို AAအဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သြဂုတ်လ ၁၆ ရက် နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ပလက်ဝမြို့နယ်ဖက်မှာလဲ မြန်မာစစ်တပ်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါ တယ်။

တိုက်ပွဲဖြစ်စဉ်တွေကြောင့် ပလက်ဝမြို့နယ်မှာစစ်ဘေးရှောင်(၂၀၀၀)ဝန်းကျင်ရှိနေတယ်လို့ ပလက်ဝစစ်ရှောင်အကူ ညီ ပေးရေး အဖွဲ့အတွင်းရေးမှူးဦးကျော်အောင်ကပြောပါတယ်။

“တိုးတာတော့မရှိဘူး။ လက်ရှိက ခန့်မှန်း(၂၀၀၀)ဝန်းကျင်လောက်တော့ရှိမယ်။ လူဦးရေပေါ့။ နေတာကတော့ ပြန့်ကြဲနေတယ်။ များတဲ့နေရာကတော့ အဓိကကတော့မီးစာပေါ့အများဆုံးရှိတယ်။ နေထိုင်စားသောက်ရေးက အခုလတ်တလောမှာတော့အဆင်ပြေပါတယ်။”

လက်ရှိပလက်ဝမြို့နယ် နယ်စပ်ဘက်မှာတိုက်ပွဲဖြစ်ပွားနေပြီး ဒေသအတွင်း တိုက်ပွဲလျော့ကျလာနေတယ်လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာတော့ မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲ ဖြစ်စဉ်အတွင်းဒေသခံရွာသား(၇၀၀၀၀)နီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိ သူတွေကပြောပါတယ်။

ႏုိင္ကြန္းအိန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ နယ္အတြင္းရြာသား (၁၅)ဦး ေပ်ာက္ဆုံးေန ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ နယ္အတြင္းရြာသား (၁၅)ဦး ေပ်ာက္ဆုံးေန Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.