ဘူးမႈတ္တတ္တဲ့ကေလးေတြ စကားပိုတတ္လြယ္


၂၁ ေအာက္တိုဘာ
Zawgyi
တံေတြးေတြထြက္ေအာင္အထိ တဘူးဘူးနဲ႔ ဘူးမႈတ္တတ္တဲ့ ကေလးေတြ၊ ႏႈတ္ခမ္းကို လွ်ာနဲ႔သပ္တတ္တဲ့ ကေလးေတြက စကားစေျပာတတ္ဖို႔ ပိုလြယ္တယ္လို႔ အဂၤလန္ႏိုင္ငံ Lancaster University ရဲ႕ သုေတသနက ေဖာ္ျပခဲ့ပါတယ္။

ႏႈတ္ခမ္းလႈပ္ရွားမႈေတြနဲ႔ ကေလးရဲ႕ ဘာသာစကားစြမ္းရည္ေတြၾကားမွာ ဆက္ႏႊယ္မႈႀကီးမားတယ္လို႔ သုေတသီေတြက ေျပာပါတယ္။ ကေလးေတြကို လွ်ာနဲ႔ႏႈတ္ခမ္းသပ္တတ္ေအာင္ သင္ေပးတာ၊ ဘူးမႈတ္ဖို႔ သင္ေပးတာ၊ ကစားနည္းလုပ္ေပးတာကမွ စကားလုံးေတြ အသံထြက္တတ္လာေအာင္ သူတို႔ရဲ႕ သင္ယူေလ့လာႏိုင္စြမ္းကို ပိုေကာင္းေစမယ္လို႔ ဆိုပါတယ္။

သုေတသနမွာ အသက္တစ္ႏွစ္ခြဲအ႐ြယ္ ကေလးငယ္ အေယာက္ ၁၂၀ ေက်ာ္ကို ေလ့လာခဲ့ပါတယ္။ ဒီအ႐ြယ္မွာ ကေလးေတြက စကားလုံးအသစ္ေတြ သင္ယူမႈ ပိုျမန္တာျဖစ္ပါတယ္။ ေလ့လာမႈရလဒ္ေတြအရ ႏႈတ္ခမ္းလႈပ္ရွားမႈ သိပ္မရွိတဲ့ ကေလးေတြဟာ ဘာသာစကားစြမ္းရည္မွာ အားနည္းၾကတယ္လို႔ သုေတသီ Dr Katie Alcock ကေျပာပါတယ္။ ကေလးေတြကို ႏႈတ္ခမ္းလႈပ္ရွားမႈ မ်ားမ်ားလုပ္ရတဲ့ ကစားနည္းေတြ ကစားေပးတဲ့၊ ေခ်ာ့ျမႇဴတဲ့မိဘေတြနဲ႔ဆို ကေလးက စကားပိုတတ္ၾကတယ္လို႔ သုေတသနက ေထာက္ျပခဲ့ပါတယ္။

“ ကေလးေတြက တစ္ႏွစ္ခြဲေရာက္တဲ့အခါ ထက္ဝက္ေလာက္က စကားလုံး ၁၀ဝ ေလာက္ စေျပာတတ္ေနၿပီး စာေၾကာင္းေတြပါ ဆက္ၿပီးေျပာတတ္ေနၿပီ။ ေနာက္တဝက္ကေတာ့ မရဘူး။ ကေလးေတြရဲ႕ ၅ ရာခိုင္ႏႈန္း၊ ၁၀ ရာခိုင္ႏႈန္း ေလာက္က စကားတတ္တာ အရမ္းနည္းတယ္။” လို႔ သူကေျပာပါတယ္။ ကေလးကို စကားတတ္ေစခ်င္၊ ဘာသာစကားကြၽမ္းက်င္ေစခ်င္ရင္ ဘူးမႈတ္မွာကို မေၾကာက္ပါနဲ႔။ ဝမ္းသာလိုက္ပါ။ ဒီနည္းေလးေတြနဲ႔ ကေလးရဲ႕ ေလ့လာသင္ယူမႈမွာ ကူညီေပးပါ။

ကေလးက လုပ္လိုက္တဲ့ အသံေလးေတြအတိုင္း အသံလိုက္ထြက္ေပးပါ။ ကေလးနဲ႔စကားေျပာပါ။ စကားေျပာတဲ့အခါ အသံအသစ္အဆန္းေလးေတြ ထည့္ေျပာပါ။ ကေလးက လိုက္တုသလား ၾကည့္ပါ။ ကေလးကို သီခ်င္းဆိုျပပါ။ ျမန္မာဓေလ့အရ ပုခက္ေလးထဲထည့္ သီခ်င္းဆိုသိပ္တာ သိပ္ေကာင္းတဲ့နည္းပါ။ အသံအနိမ့္အျမင့္ အမ်ိဳးမ်ိဳးနဲ႔ တခ်ိဳ႕ေနရာမွာ အသံျမႇင့္ၿပီး တခ်ိဳ႕ေနရာမွာ တိုးတိုးညႇင္းညႇင္းဆိုပါ။ ကေလးမွတ္မိေလာက္တဲ့ ဆိုေနက်သီခ်င္းကိုပဲ ဆိုျပၿပီး သူႏႈတ္ခမ္း လိုက္လႈပ္သလားၾကည့္ပါ။ ကေလးနဲ႔ ႐ြယ္တူလို အေဖာ္လုပ္ကစားေပးပါ။ ဖုန္းဆက္တဲ့ပုံလိုလုပ္ၿပီး သူနဲ႔စကားေျပာေနသေယာင္ လုပ္ေပးပါ။

သင့္ကေလးက သင့္အသံအၿမဲၾကားေနပါေစ။ တတ္ႏိုင္သေလာက္ ခဏခဏ စကားေျပာေပးပါ။ အထူးသျဖင့္ သူ႔ကို စကားေျပာလိုက္တဲ့အခါ သူ႔ဘက္က မ်က္ႏွာႂကြက္သားလႈပ္ရွားတဲ့ တုံ႔ျပန္မႈျဖစ္လာေအာင္ ႀကိဳးစားပါ။ ဥပမာ ျမႇဴလိုက္လို႔ျပန္ရယ္ျပတာဆိုရင္ မ်က္ႏွာႂကြက္သား လႈပ္ရွားပါလိမ့္မယ္။

ေရးသားသူ - Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
Unicode
ဘူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ်

၂၁ အောက်တိုဘာ

တံတွေးတွေထွက်အောင်အထိ တဘူးဘူးနဲ့ ဘူးမှုတ်တတ်တဲ့ ကလေးတွေ၊ နှုတ်ခမ်းကို လျှာနဲ့သပ်တတ်တဲ့ ကလေးတွေက စကားစပြောတတ်ဖို့ ပိုလွယ်တယ်လို့ အင်္ဂလန်နိုင်ငံ Lancaster University ရဲ့ သုတေသနက ဖော်ပြခဲ့ပါတယ်။

နှုတ်ခမ်းလှုပ်ရှားမှုတွေနဲ့ ကလေးရဲ့ ဘာသာစကားစွမ်းရည်တွေကြားမှာ ဆက်နွှယ်မှုကြီးမားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ကလေးတွေကို လျှာနဲ့နှုတ်ခမ်းသပ်တတ်အောင် သင်ပေးတာ၊ ဘူးမှုတ်ဖို့ သင်ပေးတာ၊ ကစားနည်းလုပ်ပေးတာကမှ စကားလုံးတွေ အသံထွက်တတ်လာအောင် သူတို့ရဲ့ သင်ယူလေ့လာနိုင်စွမ်းကို ပိုကောင်းစေမယ်လို့ ဆိုပါတယ်။

သုတေသနမှာ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် အယောက် ၁၂၀ ကျော်ကို လေ့လာခဲ့ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက စကားလုံးအသစ်တွေ သင်ယူမှု ပိုမြန်တာဖြစ်ပါတယ်။ လေ့လာမှုရလဒ်တွေအရ နှုတ်ခမ်းလှုပ်ရှားမှု သိပ်မရှိတဲ့ ကလေးတွေဟာ ဘာသာစကားစွမ်းရည်မှာ အားနည်းကြတယ်လို့ သုတေသီ Dr Katie Alcock ကပြောပါတယ်။ ကလေးတွေကို နှုတ်ခမ်းလှုပ်ရှားမှု များများလုပ်ရတဲ့ ကစားနည်းတွေ ကစားပေးတဲ့၊ ချော့မြှူတဲ့မိဘတွေနဲ့ဆို ကလေးက စကားပိုတတ်ကြတယ်လို့ သုတေသနက ထောက်ပြခဲ့ပါတယ်။

“ ကလေးတွေက တစ်နှစ်ခွဲရောက်တဲ့အခါ ထက်ဝက်လောက်က စကားလုံး ၁၀ဝ လောက် စပြောတတ်နေပြီး စာကြောင်းတွေပါ ဆက်ပြီးပြောတတ်နေပြီ။ နောက်တဝက်ကတော့ မရဘူး။ ကလေးတွေရဲ့ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း လောက်က စကားတတ်တာ အရမ်းနည်းတယ်။” လို့ သူကပြောပါတယ်။ ကလေးကို စကားတတ်စေချင်၊ ဘာသာစကားကျွမ်းကျင်စေချင်ရင် ဘူးမှုတ်မှာကို မကြောက်ပါနဲ့။ ဝမ်းသာလိုက်ပါ။ ဒီနည်းလေးတွေနဲ့ ကလေးရဲ့ လေ့လာသင်ယူမှုမှာ ကူညီပေးပါ။

ကလေးက လုပ်လိုက်တဲ့ အသံလေးတွေအတိုင်း အသံလိုက်ထွက်ပေးပါ။ ကလေးနဲ့စကားပြောပါ။ စကားပြောတဲ့အခါ အသံအသစ်အဆန်းလေးတွေ ထည့်ပြောပါ။ ကလေးက လိုက်တုသလား ကြည့်ပါ။ ကလေးကို သီချင်းဆိုပြပါ။ မြန်မာဓလေ့အရ ပုခက်လေးထဲထည့် သီချင်းဆိုသိပ်တာ သိပ်ကောင်းတဲ့နည်းပါ။ အသံအနိမ့်အမြင့် အမျိုးမျိုးနဲ့ တချို့နေရာမှာ အသံမြှင့်ပြီး တချို့နေရာမှာ တိုးတိုးညှင်းညှင်းဆိုပါ။ ကလေးမှတ်မိလောက်တဲ့ ဆိုနေကျသီချင်းကိုပဲ ဆိုပြပြီး သူနှုတ်ခမ်း လိုက်လှုပ်သလားကြည့်ပါ။ ကလေးနဲ့ ရွယ်တူလို အဖော်လုပ်ကစားပေးပါ။ ဖုန်းဆက်တဲ့ပုံလိုလုပ်ပြီး သူနဲ့စကားပြောနေသယောင် လုပ်ပေးပါ။

သင့်ကလေးက သင့်အသံအမြဲကြားနေပါစေ။ တတ်နိုင်သလောက် ခဏခဏ စကားပြောပေးပါ။ အထူးသဖြင့် သူ့ကို စကားပြောလိုက်တဲ့အခါ သူ့ဘက်က မျက်နှာကြွက်သားလှုပ်ရှားတဲ့ တုံ့ပြန်မှုဖြစ်လာအောင် ကြိုးစားပါ။ ဥပမာ မြှူလိုက်လို့ပြန်ရယ်ပြတာဆိုရင် မျက်နှာကြွက်သား လှုပ်ရှားပါလိမ့်မယ်။

ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဘူးမႈတ္တတ္တဲ့ကေလးေတြ စကားပိုတတ္လြယ္ ဘူးမႈတ္တတ္တဲ့ကေလးေတြ စကားပိုတတ္လြယ္ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.