တကယ္ေကာင္းက်ိဳးမ်ားတဲ့ ခ်င္း(ဂ်င္း)ထည့္ျခင္း

Zawgyi
ခ်င္း(ဂ်င္း)ထည့္တယ္ဆိုတာ ဗန္းစကားမွာေတာ့ မဟုတ္မမွန္တာကို လိမ္ညာအသုံးခ်တာမ်ိဳး အဓိပၸာယ္သုံးၾကေပမယ့္ ဒီခ်င္းကေတာ့ အစားအေသာက္ထဲ ထည့္တဲ့ခ်င္း ပါေနာ္။

ခ်င္းကို ဟင္းခတ္အေမႊးအႀကိဳင္အေနနဲ႔အသုံးမ်ားၾကၿပီး အိႏၵိယမွာ စတင္သုံးစြဲခဲ့တာျဖစ္ပါတယ္။ အခုေတာ့ အိႏၵိယတင္မက တ႐ုတ္၊ျမန္မာ၊ထိုင္း အပါအဝင္ အာရွႏိုင္ငံေတြရဲ႕ ဟင္းလ်ာေတြမွာ အေတာ္မ်ားမ်ားထည့္ခ်က္ စားသုံးေလ့ရွိပါတယ္။

သူ႔ရဲ႕အစာေၾကလြယ္ေစတဲ့အာနိသင္နဲ႔အသားကိုႏူးအိေစတဲ့အစြမ္းေၾကာင့္ အသားဟင္းေတြခ်က္တဲ့အခါ ခ်င္း သို႔မဟုတ္ ခ်င္းအဆီကိုလည္း သုံးၿပီး အသားႏွပ္ၾကပါတယ္။

ခ်င္းရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးအမ်ားစုဟာ ပူရွရွနဲ႔အနံ႔ျပင္းေစတဲ့ Gingerol ေခၚ ျဒပ္ေပါင္းတစ္မ်ိဳးပါဝင္မႈ ေၾကာင့္ပဲျဖစ္ပါတယ္။

ခ်င္းအဆီရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား
၁။ ဝမ္းတြင္းျပႆနာေတြကို သက္သာေစတယ္

ခ်င္းနဲ႔ ခ်င္းအဆီကို ေလထိုးေလေအာင့္၊ဗိုက္ေအာင့္္ျခင္းမ်ားအတြက္ သုံးတတ္ၾကပါတယ္။ အစာမေၾကျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ေလထိုးေလေအာင့္၊ဝမ္းေလွ်ာျခင္း၊ေလပြျခင္း၊စတဲ့ အစာအိမ္နဲ႔အူလမ္းေၾကာင္းျပႆနာေတြ အတြက္ ေဆးတစ္လက္ျဖစ္ပါတယ္။ ခ်င္းလက္ဖက္ရည္ကိုလည္း သည္ေရာဂါေတြအတြက္သုံးေလ့ရွိတဲ့အျပင္ ခ်င္းအဆီက အစာစားခ်င္စိတ္ျဖစ္လာေအာင္အားေပးတဲ့အတြက္ ကိုယ္အေလးခ်ိန္တိုးလိုသူေတြ၊ခံတြင္းပ်က္ေန သူေတြအတြက္ အက်ိဳးရွိေစႏိုင္ပါတယ္။

၂။ အစာအဆိပ္သင့္ျခင္းကို ကုသႏိုင္တယ္

ခ်င္းဟာ ပိုးေတြကိုေသေစၿပီး ေလကိုေၾကေစတဲ့ဓာတ္စာျဖစ္ပါတယ္။ အစာအဆိပ္သင့္ျခင္းကို ကုသရာမွာ အသုံးျပဳႏိုင္ၿပီး အူလမ္းေၾကာင္းေရာဂါေတြ၊ ဘက္တီးရီးယားေၾကာင့္ျဖစ္တဲ့ဝမ္းကိုက္ျခင္းကို ကုသႏိုင္ပါတယ္။

၃။ မအီမသာျဖစ္ျခင္းကိုသက္သာေစတယ္

ခ်င္းနဲ႔ ခ်င္းအဆီက မအီမသာျဖစ္ျခင္း၊ ခရီးပန္းမူးေဝျခင္းနဲ႔ ပ်ိဳ႕အန္ျခင္းေတြအတြက္ ထိေရာက္မႈရွိေၾကာင္း သုေတသနေတြကေဖာ္ျပခဲ့ၿပီးျဖစ္ပါတယ္။ အမ်ိဳးသမီးေတြ ကိုယ္ဝန္ေၾကာင့္ပ်ိဳ႕အန္ျခင္းသက္သာေလ်ာပါးေစဖို႔ အတြက္လည္း ခ်င္းကိုသုံးၾကပါတယ္။

၄။ ငွက္ဖ်ားကာကြယ္တယ္

ခ်င္းနဲ႔ခ်င္းအဆီက ကိုယ္ခံအားကိုေကာင္းေစလို႔ yellow fever နဲ႔ ငွက္ဖ်ားတို႔ကိုလည္း ကာကြယ္ႏိုင္ပါတယ္။

၅။ အသက္ရႉလမ္းေၾကာင္းေရာဂါေတြကို ကုသႏိုင္တယ္

ခ်င္းနဲ႔ခ်င္းအဆီတို႔ဟာ သလိပ္ေပ်ာ္ေဆးေတြလိုအစြမ္းထက္တာေၾကာင့္ ေခ်ာင္းဆိုး၊ရင္က်ပ္၊တုပ္ေကြး၊ ပန္းနာ၊ ေလႁပြန္ေရာင္ျခင္းနဲ႔ အသက္ရႉရခက္ျခင္းတို႔လို အသက္ရႉလမ္းေၾကာင္းေဝဒနာေတြကို ကုသေပးႏိုင္ပါတယ္။ ခ်င္းက လည္ေခ်ာင္းနဲ႔အဆုတ္ထဲက ခြၽဲသလိပ္ေတြကိုဖယ္ရွားေပးတဲ့ေနရာမွာ ထိေရာက္လွတာေၾကာင့္ အိႏၵိယမွာ ေရေႏြးၾကမ္းထဲထည့္ေသာက္တတ္ၾကပါတယ္။ ပ်ားရည္နဲ႔ခ်င္း ေရာစပ္လိုက္တဲ့ေဆးဖက္ဝင္အာနိသင္က အသက္ရႉလမ္းေၾကာင္းေရာဂါေတြကုသရာမွာအစြမ္းထက္ပါတယ္။

၆။ ေရာင္ရမ္းမႈကိုေလ်ာ့ေစတယ္

ခ်င္းရဲ႕အေရာင္က်ေစတဲ့အာနိသင္ေၾကာင့္ အဆစ္ေရာင္ေရာဂါ၊ ေလးဖက္နာေဝဒနာမ်ား၊ ေခါင္းကိုက္ျခင္းနဲ႔ ေခါင္းတစ္ျခမ္းကိုက္ျခင္းတို႔မွာ ေရာင္ရမ္းမႈနဲ႔နာက်င္ကိုက္ခဲမႈသက္သာေစႏိုင္ပါတယ္။

ခ်င္းအဆီ သို႔မဟုတ္ ခ်င္းအႏွစ္ကို နာက်င္ေနတဲ့ႂကြက္သားေပၚမွာ လိမ္းေပးရင္ သက္သာေစႏိုင္ပါတယ္။

၇။ အမ်ိဳးသမီးမ်ား ရာသီလာစဥ္ျပႆနာမ်ားကိုသက္သာေစႏိုင္တယ္

ဓမၼတာမမွန္ျခင္း၊ ရာသီလာစဥ္ ကိုက္ခဲျခင္းတို႔ကို ခ်င္းက သက္သာေစႏိုင္ပါတယ္။ ခ်င္းေရေႏြးၾကမ္း၊ ခ်င္းျပဳတ္ရည္၊ ခ်င္းထည့္ထားတဲ့ ဟင္းရည္တို႔ကို ေသာက္လို႔ရတယ္။

၈။ ႏွလုံးက်န္းမာေစတယ္

တ႐ုတ္ျပည္မွာဆိုရင္ ခ်င္းက ႏွလုံးက်န္းမာေရးကို အားေကာင္းေစတယ္လို႔ယုံၾကည္ၾကပါတယ္။ သုေတသနေတြအရ ခ်င္းဟာ ေသြးတြင္းကိုလက္စထေရာကိုက်ေစၿပီး ေသြးခဲျဖစ္ေပၚျခင္းကိုကာကြယ္ေပး တယ္လို႔ေဖာ္ျပၾကပါတယ္။ သည္လိုကာကြယ္ေပးျခင္းအားျဖင့္ ေသြးေၾကာပိတ္ဆို႔ျခင္းျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစတဲ့အတြက္ ႏွလုံး႐ုတ္တရက္ေခတၱရပ္ျခင္းနဲ႔ ေလျဖတ္ျခင္းအႏၲရာယ္ေတြနည္းသြားေစမွာျဖစ္ ပါတယ္။

၉။ ပန္းေသျခင္းကို ကုသႏိုင္တယ္

ခ်င္းဟာ အမ်ိဳးသားက်န္းမာေရးအတြက္လည္း အသုံးဝင္ပါတယ္။ ခ်င္းနဲ႔ခ်င္းအဆီတို႔က သည္ဘက္မွာ သဘာဝအားတိုးေဆးအာနိသင္ရွိတာေၾကာင့္ ပန္းေသပန္းညႇိဳးျဖစ္ျခင္း၊ သုက္လႊတ္ျမန္ျခင္းတို႔အတြက္ အစြမ္းထက္တယ္လို႔ဆိုပါတယ္။

၁၀။ ေက်ာက္ကပ္ေက်ာက္ကို ေၾကေစတယ္

ခ်င္းေဖ်ာ္ရည္၊ ခ်င္းေရေႏြးၾကမ္းက ေက်ာက္ကပ္ေက်ာက္ကိုေၾကေစႏိုင္တယ္လို႔လည္း ယူဆၾကပါတယ္။

၁၁။ ဆံသားက်န္းမာေရး

ခ်င္းဟာ ဆံသားက်န္းမာေရးအတြက္လည္းေကာင္းပါတယ္။ ခ်င္းရည္က ေဗာက္ေပ်ာက္ေစႏိုင္ပါတယ္။

၁၂။ ကင္ဆာကာကြယ္ႏိုင္တယ္

American Cancer Society အရ ခ်င္းက ကင္ဆာကိုကုသရာမွာအသုံးဝင္ႏိုင္တယ္လို႔ ကနဦးသုေတသနေတြက ေဖာ္ျပခဲ့ပါတယ္။
ခ်င္းအဆီကို သံပရာ၊သံပ႐ို၊ယူကလစ္၊႐ို႕စ္ေမရီ၊လိေမၼာ္သီးတို႔အပါအဝင္ တျခားအဆီေတြနဲ႔လည္း ေရာသုံးႏိုင္ပါတယ္။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
Unicode
 တကယ်ကောင်းကျိုးများတဲ့ ချင်း(ဂျင်း)ထည့်ခြင်း

ချင်း(ဂျင်း)ထည့်တယ်ဆိုတာ ဗန်းစကားမှာတော့ မဟုတ်မမှန်တာကို လိမ်ညာအသုံးချတာမျိုး အဓိပ္ပာယ်သုံးကြပေမယ့် ဒီချင်းကတော့ အစားအသောက်ထဲ ထည့်တဲ့ချင်း ပါနော်။

ချင်းကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့အသုံးများကြပြီး အိန္ဒိယမှာ စတင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ အခုတော့ အိန္ဒိယတင်မက တရုတ်၊မြန်မာ၊ထိုင်း အပါအဝင် အာရှနိုင်ငံတွေရဲ့ ဟင်းလျာတွေမှာ အတော်များများထည့်ချက် စားသုံးလေ့ရှိပါတယ်။

သူ့ရဲ့အစာကြေလွယ်စေတဲ့အာနိသင်နဲ့အသားကိုနူးအိစေတဲ့အစွမ်းကြောင့် အသားဟင်းတွေချက်တဲ့အခါ ချင်း သို့မဟုတ် ချင်းအဆီကိုလည်း သုံးပြီး အသားနှပ်ကြပါတယ်။

ချင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးအများစုဟာ ပူရှရှနဲ့အနံ့ပြင်းစေတဲ့ Gingerol ခေါ် ဒြပ်ပေါင်းတစ်မျိုးပါဝင်မှု ကြောင့်ပဲဖြစ်ပါတယ်။

ချင်းအဆီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
၁။ ဝမ်းတွင်းပြဿနာတွေကို သက်သာစေတယ်

ချင်းနဲ့ ချင်းအဆီကို လေထိုးလေအောင့်၊ဗိုက်အောင့်ခြင်းများအတွက် သုံးတတ်ကြပါတယ်။ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်၊ဝမ်းလျှောခြင်း၊လေပွခြင်း၊စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေ အတွက် ဆေးတစ်လက်ဖြစ်ပါတယ်။ ချင်းလက်ဖက်ရည်ကိုလည်း သည်ရောဂါတွေအတွက်သုံးလေ့ရှိတဲ့အပြင် ချင်းအဆီက အစာစားချင်စိတ်ဖြစ်လာအောင်အားပေးတဲ့အတွက် ကိုယ်အလေးချိန်တိုးလိုသူတွေ၊ခံတွင်းပျက်နေ သူတွေအတွက် အကျိုးရှိစေနိုင်ပါတယ်။

၂။ အစာအဆိပ်သင့်ခြင်းကို ကုသနိုင်တယ်

ချင်းဟာ ပိုးတွေကိုသေစေပြီး လေကိုကြေစေတဲ့ဓာတ်စာဖြစ်ပါတယ်။ အစာအဆိပ်သင့်ခြင်းကို ကုသရာမှာ အသုံးပြုနိုင်ပြီး အူလမ်းကြောင်းရောဂါတွေ၊ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ဝမ်းကိုက်ခြင်းကို ကုသနိုင်ပါတယ်။

၃။ မအီမသာဖြစ်ခြင်းကိုသက်သာစေတယ်

ချင်းနဲ့ ချင်းအဆီက မအီမသာဖြစ်ခြင်း၊ ခရီးပန်းမူးဝေခြင်းနဲ့ ပျို့အန်ခြင်းတွေအတွက် ထိရောက်မှုရှိကြောင်း သုတေသနတွေကဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ကြောင့်ပျို့အန်ခြင်းသက်သာလျောပါးစေဖို့ အတွက်လည်း ချင်းကိုသုံးကြပါတယ်။

၄။ ငှက်ဖျားကာကွယ်တယ်

ချင်းနဲ့ချင်းအဆီက ကိုယ်ခံအားကိုကောင်းစေလို့ yellow fever နဲ့ ငှက်ဖျားတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။

၅။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ကုသနိုင်တယ်

ချင်းနဲ့ချင်းအဆီတို့ဟာ သလိပ်ပျော်ဆေးတွေလိုအစွမ်းထက်တာကြောင့် ချောင်းဆိုး၊ရင်ကျပ်၊တုပ်ကွေး၊ ပန်းနာ၊ လေပြွန်ရောင်ခြင်းနဲ့ အသက်ရှူရခက်ခြင်းတို့လို အသက်ရှူလမ်းကြောင်းဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။ ချင်းက လည်ချောင်းနဲ့အဆုတ်ထဲက ချွဲသလိပ်တွေကိုဖယ်ရှားပေးတဲ့နေရာမှာ ထိရောက်လှတာကြောင့် အိန္ဒိယမှာ ရေနွေးကြမ်းထဲထည့်သောက်တတ်ကြပါတယ်။ ပျားရည်နဲ့ချင်း ရောစပ်လိုက်တဲ့ဆေးဖက်ဝင်အာနိသင်က အသက်ရှူလမ်းကြောင်းရောဂါတွေကုသရာမှာအစွမ်းထက်ပါတယ်။

၆။ ရောင်ရမ်းမှုကိုလျော့စေတယ်

ချင်းရဲ့အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆစ်ရောင်ရောဂါ၊ လေးဖက်နာဝေဒနာများ၊ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့မှာ ရောင်ရမ်းမှုနဲ့နာကျင်ကိုက်ခဲမှုသက်သာစေနိုင်ပါတယ်။

ချင်းအဆီ သို့မဟုတ် ချင်းအနှစ်ကို နာကျင်နေတဲ့ကြွက်သားပေါ်မှာ လိမ်းပေးရင် သက်သာစေနိုင်ပါတယ်။

၇။ အမျိုးသမီးများ ရာသီလာစဉ်ပြဿနာများကိုသက်သာစေနိုင်တယ်

ဓမ္မတာမမှန်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်းတို့ကို ချင်းက သက်သာစေနိုင်ပါတယ်။ ချင်းရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ချင်းထည့်ထားတဲ့ ဟင်းရည်တို့ကို သောက်လို့ရတယ်။

၈။ နှလုံးကျန်းမာစေတယ်

တရုတ်ပြည်မှာဆိုရင် ချင်းက နှလုံးကျန်းမာရေးကို အားကောင်းစေတယ်လို့ယုံကြည်ကြပါတယ်။ သုတေသနတွေအရ ချင်းဟာ သွေးတွင်းကိုလက်စထရောကိုကျစေပြီး သွေးခဲဖြစ်ပေါ်ခြင်းကိုကာကွယ်ပေး တယ်လို့ဖော်ပြကြပါတယ်။ သည်လိုကာကွယ်ပေးခြင်းအားဖြင့် သွေးကြောပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့အတွက် နှလုံးရုတ်တရက်ခေတ္တရပ်ခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ်တွေနည်းသွားစေမှာဖြစ် ပါတယ်။

၉။ ပန်းသေခြင်းကို ကုသနိုင်တယ်

ချင်းဟာ အမျိုးသားကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ချင်းနဲ့ချင်းအဆီတို့က သည်ဘက်မှာ သဘာဝအားတိုးဆေးအာနိသင်ရှိတာကြောင့် ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်းတို့အတွက် အစွမ်းထက်တယ်လို့ဆိုပါတယ်။

၁၀။ ကျောက်ကပ်ကျောက်ကို ကြေစေတယ်

ချင်းဖျော်ရည်၊ ချင်းရေနွေးကြမ်းက ကျောက်ကပ်ကျောက်ကိုကြေစေနိုင်တယ်လို့လည်း ယူဆကြပါတယ်။

၁၁။ ဆံသားကျန်းမာရေး

ချင်းဟာ ဆံသားကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ချင်းရည်က ဗောက်ပျောက်စေနိုင်ပါတယ်။

၁၂။ ကင်ဆာကာကွယ်နိုင်တယ်

American Cancer Society အရ ချင်းက ကင်ဆာကိုကုသရာမှာအသုံးဝင်နိုင်တယ်လို့ ကနဦးသုတေသနတွေက ဖော်ပြခဲ့ပါတယ်။
ချင်းအဆီကို သံပရာ၊သံပရို၊ယူကလစ်၊ရို့စ်မေရီ၊လိမ္မော်သီးတို့အပါအဝင် တခြားအဆီတွေနဲ့လည်း ရောသုံးနိုင်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
တကယ္ေကာင္းက်ိဳးမ်ားတဲ့ ခ်င္း(ဂ်င္း)ထည့္ျခင္း တကယ္ေကာင္းက်ိဳးမ်ားတဲ့ ခ်င္း(ဂ်င္း)ထည့္ျခင္း Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.