လက္နက္ႀကီးက်လို႔ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္မ်ား ထိခိုက္ဒဏ္ရာရ

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသက ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ လက္နက္ႀကီး က်ည္က်ေရာက္ ေပါက္ကြဲ
Zawgyi
ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသက ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ လက္နက္ႀကီး က်ည္က်ေရာက္ ေပါက္ကြဲခဲ့တဲ့အတြက္ အမ်ိဳးသမီးႏွစ္ဦးနဲ႔ ကေလးတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ဒဏ္ရာရသူေတြကေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲက ထိပ္ထူးေပါက္ မူဆလင္ေက်း႐ြာက ေဒၚအာေယရွားနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ဆင္ခုန္တိုင္ ေက်း႐ြာက အသက္ ၃၀ အ႐ြယ္အမ်ိဳးသမီးနဲ႔ သူ႔ ကေလးတို႔ျဖစ္ပါတယ္။

လက္နက္ႀကီးက်ည္က်တာေၾကာင့္ ေဒၚအာေယရွားရဲ႕ ညာဘက္ေျခေထာက္မွာ ျပင္းျပင္းထန္ထန္ဒဏ္ရာရခဲ့သလို သူေမြးထားတဲ့ ႏြားတစ္ေကာင္နဲ႔ ေခြးတစ္ေကာင္ကိုပါ ထိမွန္ေသဆုံးခဲ့ပါတယ္။

ထိပ္ထူးေပါက္ မူဆလင္ေက်း႐ြာဟာ ဘူးသီးေတာင္ၿမိဳ႕ရဲ႕ ေတာင္ဘက္မွာ ရွိတဲ့ ေက်း႐ြာတစ္႐ြာျဖစ္ၿပီး မေန႔က အဲဒီနယ္ေျမအတြင္းမွာ တိုက္ပြဲျဖစ္ပြားတာ မရွိပဲ လက္နက္ႀကီးပစ္ခတ္မႈေတြ ျပဳလုပ္တာျဖစ္တယ္လို႔ ေဒသခံ႐ြာသားေတြက ဆိုပါတယ္။

ေက်း႐ြာေတြအတြင္း လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲတာနဲ႔ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဆက္သြယ္ေမးျမန္းေပမယ့္ ေမးျမန္းလို႔ မရခဲ့ပါဘူး။

ဘူးသီးေတာင္ၿမိဳ႕နယ္ ႏြား႐ုံေတာင္မွာ အေျခစိုက္ထားတဲ တပ္မ ၂၂ လက္ေအာက္ခံ ခမရ ၂၀၉ ကေန လက္နက္ႀကီး ႏွစ္ခ်က္ပစ္ခဲ့ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္ ဆင္ခုန္တိုင္႐ြာကို က်ေရာက္ခဲ့တာ ျဖစ္တယ္လို႔ AA ရဲ႕ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခက ဘီဘီစီကို ေျပာပါတယ္။

ထိပ္ထူးေပါက္ေက်း႐ြာဟာ ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ဘက္ပိုင္းက ေက်ာက္ရံအုပ္စု အတြင္းမွာရွိၿပီး စံဂိုးေထာင္၊ သုံးဆယ့္တစ္ဘုံ စတဲ့ ေက်း႐ြာေတြနဲ႔ အနီးဝန္းက်င္ ေက်း႐ြာတစ္႐ြာလည္း ျဖစ္ပါတယ္။

အခုရက္ပိုင္းအတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ ေနၾကသလို ဘူးသီးေတာင္ၿမိဳ႕နယ္ အတြင္းမွာလည္း တိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ပြားေနပါတယ္။

ေအာက္တိုဘာ ၁၉ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြ အတြင္းမွာေတာ့ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ႏွစ္စီးနဲ႔ ပစ္ခတ္မႈေတြ ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာေပမယ့္ အဲဒီရဟတ္ယာဥ္ေတြဟာ ပစ္ကူေပးေနတာ မဟုတ္ေၾကာင္းနဲ႔ ကင္းေထာက္တဲ့ ရဟတ္ယာဥ္ေတြ ျဖစ္တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ျငင္းဆိုထားပါတယ္။

ေအာက္တိုဘာ ၂၀ ရက္ေန႔မွာလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ အေရွ႕ေျမာက္ဘက္ ငါးမိုင္ခန္႔အကြာ အုတ္ေတာင္ေက်း႐ြာအနား မနက္ပိုင္း ၇ နာရီေလာက္က တစ္ႀကိမ္၊ ေန႔လည္ ၁၁ နာရီ ေလာက္မွာ တစ္ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ႏွစ္ဖက္တိုက္ပြဲေတြအတြင္း အရပ္သားထိခိုက္ ေသဆုံးမႈေတြဟာ ျမင့္တက္လာေနၿပီး သက္ဆိုင္ရာ အဖြဲ႕အစည္းေတြအေနနဲ႔ ျငင္းဆိုေနၾကတာေတြကို ေတြ႕ေနရၿပီး အခုလိုမ်ိဳး ျပည္သူေတြ ထိခိုက္ေသဆုံး ေနၾကရတဲ့အေပၚမွာ သက္ဆိုင္ရာအဖြဲ႕အစည္းေတြအေနနဲ႔ တာဝန္ယူေစခ်င္တယ္လို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊက တိုက္တြန္းေျပာဆိုထားပါတယ္။

မေန႔က ညေနပိုင္းအထိ လက္နက္ႀကီးေတြ ပစ္ခတ္ေနတဲ့အတြက္ တိုက္ပြဲျဖစ္စဥ္နဲ႔ ပတ္သက္လို႔ တပ္မေတာ္ တာဝန္ရွိသူေတြကို ေမးျမန္းခဲ့ရာမွာေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ တိုက္ပြဲ ျဖစ္ပြားတာ မရွိဘူးလို႔ တပ္မေတာ္ဘက္က ထပ္မံျငင္းဆိုလိုက္ပါတယ္။

ရခိုင္ျပည္နယ္တြင္းမွာ တိုက္ပြဲေတြအတြင္း ေသဆုံးခဲ့သူေတြဟာ တေျဖးေျဖး တိုးပြားလာေနၿပီး အသက္ ၆၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ ေအာက္တိုဘာ ၈ ရက္ေန႔ညမွာပဲ အသက္ ၇၀ ေက်ာ္အ႐ြယ္ အဖြားအိုတစ္ဦးနဲ႔ အသက္ ၁၇ ႏွစ္အ႐ြယ္ မသန္စြမ္းသူတစ္ဦး၊ ေအာက္တိုဘာ ၁၅ ရက္ေန႔မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ အသက္၅၃ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ရပါတယ္။

BBC Burmese
https://www.bbc.com
----------------
Unicode
လက်နက်ကြီးကျလို့ အမျိုးသမီးနဲ့ ကလေးသူငယ်များ ထိခိုက်ဒဏ်ရာရ

ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးနှစ်ဦးနဲ့ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူတွေကတော့ ဘူးသီးတောင်မြို့နယ်ထဲက ထိပ်ထူးပေါက် မူဆလင်ကျေးရွာက ဒေါ်အာယေရှားနဲ့ ရသေ့တောင်မြို့နယ်ထဲက ဆင်ခုန်တိုင် ကျေးရွာက အသက် ၃၀ အရွယ်အမျိုးသမီးနဲ့ သူ့ ကလေးတို့ဖြစ်ပါတယ်။

လက်နက်ကြီးကျည်ကျတာကြောင့် ဒေါ်အာယေရှားရဲ့ ညာဘက်ခြေထောက်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့သလို သူမွေးထားတဲ့ နွားတစ်ကောင်နဲ့ ခွေးတစ်ကောင်ကိုပါ ထိမှန်သေဆုံးခဲ့ပါတယ်။

ထိပ်ထူးပေါက် မူဆလင်ကျေးရွာဟာ ဘူးသီးတောင်မြို့ရဲ့ တောင်ဘက်မှာ ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး မနေ့က အဲဒီနယ်မြေအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပဲ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်တာဖြစ်တယ်လို့ ဒေသခံရွာသားတွေက ဆိုပါတယ်။

ကျေးရွာတွေအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတာနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းပေမယ့် မေးမြန်းလို့ မရခဲ့ပါဘူး။

ဘူးသီးတောင်မြို့နယ် နွားရုံတောင်မှာ အခြေစိုက်ထားတဲ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၉ ကနေ လက်နက်ကြီး နှစ်ချက်ပစ်ခဲ့ပြီး ရသေ့တောင်မြို့နယ် ဆင်ခုန်တိုင်ရွာကို ကျရောက်ခဲ့တာ ဖြစ်တယ်လို့ AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ထိပ်ထူးပေါက်ကျေးရွာဟာ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းက ကျောက်ရံအုပ်စု အတွင်းမှာရှိပြီး စံဂိုးထောင်၊ သုံးဆယ့်တစ်ဘုံ စတဲ့ ကျေးရွာတွေနဲ့ အနီးဝန်းကျင် ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန် နေကြသလို ဘူးသီးတောင်မြို့နယ် အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာတော့ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် အဲဒီရဟတ်ယာဉ်တွေဟာ ပစ်ကူပေးနေတာ မဟုတ်ကြောင်းနဲ့ ကင်းထောက်တဲ့ ရဟတ်ယာဉ်တွေ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုထားပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့မှာလည်း ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက် ငါးမိုင်ခန့်အကွာ အုတ်တောင်ကျေးရွာအနား မနက်ပိုင်း ၇ နာရီလောက်က တစ်ကြိမ်၊ နေ့လည် ၁၁ နာရီ လောက်မှာ တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက် သေဆုံးမှုတွေဟာ မြင့်တက်လာနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ငြင်းဆိုနေကြတာတွေကို တွေ့နေရပြီး အခုလိုမျိုး ပြည်သူတွေ ထိခိုက်သေဆုံး နေကြရတဲ့အပေါ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူစေချင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက တိုက်တွန်းပြောဆိုထားပါတယ်။

မနေ့က ညနေပိုင်းအထိ လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့အတွက် တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော် တာဝန်ရှိသူတွေကို မေးမြန်းခဲ့ရာမှာတော့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူးလို့ တပ်မတော်ဘက်က ထပ်မံငြင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့သူတွေဟာ တဖြေးဖြေး တိုးပွားလာနေပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အောက်တိုဘာ ၈ ရက်နေ့ညမှာပဲ အသက် ၇၀ ကျော်အရွယ် အဖွားအိုတစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် မသန်စွမ်းသူတစ်ဦး၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျောက်တော်မြို့နယ်မှာ အသက်၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

BBC Burmese
https://www.bbc.com
လက္နက္ႀကီးက်လို႔ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္မ်ား ထိခိုက္ဒဏ္ရာရ လက္နက္ႀကီးက်လို႔ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္မ်ား ထိခိုက္ဒဏ္ရာရ Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.