အိႏၵိယက က်င္းတိမ္တိမ္မွာ ျမႇဳပ္ထားတဲ့ ေမြးခါစမိန္းကေလး

 ေဆး႐ုံမွာ ကုသေပးေနရတဲ့ ေမြးကင္းစ ကေလးငယ္
Zawgyi
အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းမွာ ေမြးခါစ မိန္းကေလး တေယာက္ကို အရွင္လတ္လတ္ ျမႇဳပ္ထားခဲ့တာကို ရွာေဖြေတြ႕ခဲ့တယ္လို႔ ရဲအရာရွိတေယာက္က ေျပာပါတယ္။

ေမြးၿပီးၿပီးခ်င္း ေသသြားတဲ့ သမီးမိန္းကေလးကို လာျမႇဳပ္တဲ့ ႐ြာသားတေယာက္က ဒီမိန္းကေလးကို ေတြ႕ခဲ့တာလို႔ အူတာ ပရာဒက္ရွ္ ျပည္နယ္ က ရဲအရာရွိ အဘီနန္ဒန္ဆင္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

ေျမေအာက္ သုံးေပေလာက္ အနက္မွာ ဒီကေလးကို ေျမအိုးနဲ႔ ထည့္ျမႇဳပ္ထားတာကို ေတြ႕ခဲ့ရၿပီးေနာက္ ေဆး႐ုံကို အျမန္ေခၚလာခဲ့ရၿပီး ကုသေနရပါတယ္။

ရဲက ဒီအမႈကို စစ္ေဆးေနတာပါ။

လူမဆန္တဲ့ ျပစ္မႈလို႔ အဘီနန္ဒန္ဆင္းက ဆို

"ဒီမိန္းကေလးရဲ႕ မိဘေတြ ဘယ္သူလဲ ဆိုတာ ရွာေတြ႕ေအာင္ ႀကိဳးစားေနတယ္၊ သူတို႔သေဘာဆႏၵနဲ႔ ဒီလိုျမႇဳပ္ခဲ့တာလို႔ သံသယရွိတယ္ " လို႔ မစၥတာ ဆင္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

မိန္းကေလးကို ရွာေတြ႕တဲ့ ႐ြာသားက သူ႔သမီးအတြက္ သူက်င္းတူးေနတုန္း အမွတ္မထင္ ဒီမိန္းကေလးကို ေတြ႕ခဲ့တာ ျဖစ္ပါတယ္။

"သူ႔ကေလးအတြက္ သူက်င္းတူးေနတုန္း သုံးေပေလာက္မွာ ေပါက္တူးက ေျမအိုးကို ထိမိၿပီး ဆြဲထုတ္လိုက္တဲ့အခါ အဲဒီမိန္းကေလးကို လဲလ်က္သားေလး ေတြ႕တာပဲ " လို႔ မစၥတာ ဆင္းက ရွင္းျပပါတယ္။

"ရဲက ကေလးကို ေဆး႐ုံေခၚသြားၿပီး ကုသေပးေနပါတယ္" လို႔လည္း ဆိုပါတယ္။


အိႏၵိယဟာ ကမာၻေပၚမွာ က်ားမအခ်ိဳးအစား မညီဆုံး တိုင္းျပည္တခု ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြကို လူမႈေရးအရ ခြဲျခားတာေတြ ရွိတတ္ၿပီး သမီးမိန္းကေလးေတြကိုလည္း ေငြေရးေၾကးေရးအရ ဝန္ထုပ္ဝန္ပိုးလို ျမင္ၾကတာပါ။ အထူးသျဖင့္ ဆင္းရဲတဲ့ လူမႈအသိုင္းအဝိုင္းေတြမွာ ျဖစ္ပါတယ္။

သားေတြကို ပိုၿပီးလိုခ်င္တဲ့ ႐ိုးရာဓေလ့အရ သန္းနဲ႔ခ်ီတဲ့ မိန္းကေလးေတြကို သေႏၶသားဘဝနဲ႔ ေမြးခါစမွာ သတ္ျဖတ္တာေတြ ႏွစ္ေတြနဲ႔ခ်ီၿပီး ျဖစ္ေနခဲ့တာလို႔လည္း လႈပ္ရွားတက္ႂကြသူေတြက ေျပာပါတယ္။

တရားမဝင္ သားဖ်က္ခ်တဲ့ ေဆးခန္းေတြမွာ ဒီမိန္းကေလး ကိုယ္ဝန္ေတြကို ဖ်က္ပစ္တာေတြ အမ်ားဆုံး ျဖစ္ေနၿပီး ေမြးခါစမွာ သတ္ပစ္တာေတြကလည္း မၾကာမၾကာ ေတြ႕ေနရတာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
Unicode
အိန္ဒိယက ကျင်းတိမ်တိမ်မှာ မြှုပ်ထားတဲ့ မွေးခါစမိန်းကလေး

ဓာတ်ပုံ မူပိုင် Anoop Kumar Mishra
Image caption ဆေးရုံမှာ ကုသပေးနေရတဲ့ မွေးကင်းစ ကလေးငယ်

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မွေးခါစ မိန်းကလေး တယောက်ကို အရှင်လတ်လတ် မြှုပ်ထားခဲ့တာကို ရှာဖွေတွေ့ခဲ့တယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။

မွေးပြီးပြီးချင်း သေသွားတဲ့ သမီးမိန်းကလေးကို လာမြှုပ်တဲ့ ရွာသားတယောက်က ဒီမိန်းကလေးကို တွေ့ခဲ့တာလို့ အူတာ ပရာဒက်ရှ် ပြည်နယ် က ရဲအရာရှိ အဘီနန်ဒန်ဆင်းက သတင်းထောက်တွေကို ပြောပါတယ်။

မြေအောက် သုံးပေလောက် အနက်မှာ ဒီကလေးကို မြေအိုးနဲ့ ထည့်မြှုပ်ထားတာကို တွေ့ခဲ့ရပြီးနောက် ဆေးရုံကို အမြန်ခေါ်လာခဲ့ရပြီး ကုသနေရပါတယ်။

ရဲက ဒီအမှုကို စစ်ဆေးနေတာပါ။
ဓာတ်ပုံ မူပိုင် ANI
Image caption လူမဆန်တဲ့ ပြစ်မှုလို့ အဘီနန်ဒန်ဆင်းက ဆို

"ဒီမိန်းကလေးရဲ့ မိဘတွေ ဘယ်သူလဲ ဆိုတာ ရှာတွေ့အောင် ကြိုးစားနေတယ်၊ သူတို့သဘောဆန္ဒနဲ့ ဒီလိုမြှုပ်ခဲ့တာလို့ သံသယရှိတယ် " လို့ မစ္စတာ ဆင်းက သတင်းထောက်တွေကို ပြောပါတယ်။

မိန်းကလေးကို ရှာတွေ့တဲ့ ရွာသားက သူ့သမီးအတွက် သူကျင်းတူးနေတုန်း အမှတ်မထင် ဒီမိန်းကလေးကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

"သူ့ကလေးအတွက် သူကျင်းတူးနေတုန်း သုံးပေလောက်မှာ ပေါက်တူးက မြေအိုးကို ထိမိပြီး ဆွဲထုတ်လိုက်တဲ့အခါ အဲဒီမိန်းကလေးကို လဲလျက်သားလေး တွေ့တာပဲ " လို့ မစ္စတာ ဆင်းက ရှင်းပြပါတယ်။

"ရဲက ကလေးကို ဆေးရုံခေါ်သွားပြီး ကုသပေးနေပါတယ်" လို့လည်း ဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကျားမအချိုးအစား မညီဆုံး တိုင်းပြည်တခု ဖြစ်ပါတယ်။ အမျိုးသမီးတွေကို လူမှုရေးအရ ခွဲခြားတာတွေ ရှိတတ်ပြီး သမီးမိန်းကလေးတွေကိုလည်း ငွေရေးကြေးရေးအရ ဝန်ထုပ်ဝန်ပိုးလို မြင်ကြတာပါ။ အထူးသဖြင့် ဆင်းရဲတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ ဖြစ်ပါတယ်။

သားတွေကို ပိုပြီးလိုချင်တဲ့ ရိုးရာဓလေ့အရ သန်းနဲ့ချီတဲ့ မိန်းကလေးတွေကို သန္ဓေသားဘဝနဲ့ မွေးခါစမှာ သတ်ဖြတ်တာတွေ နှစ်တွေနဲ့ချီပြီး ဖြစ်နေခဲ့တာလို့လည်း လှုပ်ရှားတက်ကြွသူတွေက ပြောပါတယ်။

တရားမဝင် သားဖျက်ချတဲ့ ဆေးခန်းတွေမှာ ဒီမိန်းကလေး ကိုယ်ဝန်တွေကို ဖျက်ပစ်တာတွေ အများဆုံး ဖြစ်နေပြီး မွေးခါစမှာ သတ်ပစ်တာတွေကလည်း မကြာမကြာ တွေ့နေရတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
အိႏၵိယက က်င္းတိမ္တိမ္မွာ ျမႇဳပ္ထားတဲ့ ေမြးခါစမိန္းကေလး အိႏၵိယက က်င္းတိမ္တိမ္မွာ ျမႇဳပ္ထားတဲ့ ေမြးခါစမိန္းကေလး Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.