ဂ်ပန္မွာ မုန္တိုင္းမိလို႔ ေမွာက္သြားတဲ့ သေဘၤာမွာ ျမန္မာသေဘၤာသားေတြပါဝင္

ဂ်ပန္မွာ အႏွစ္၆ဝအတြင္း အျပင္းထန္ဆုံးမုန္တိုင္းဒဏ္ကိုခံစားခဲ့ရ
Zawgyi
ပနားမားအလံလႊင့္ထူထားတဲ့ JIA DE ကုန္တင္သေဘၤာဟာ ေအာက္တိုဘာ ၁၂ ရက္ေန႔က ဂ်ပန္ႏိုင္ငံ ကာဝါဆာကီၿမိဳ႕နားမွာ တိမ္းေမွာက္သြားတာျဖစ္ၿပီး ျမန္မာႏိုင္ငံသားသေဘၤာကပၸတိန္အပါအဝင္ ၄ ဦးကို အသက္ရွင္လွ်က္ ကယ္ဆယ္ႏိုင္ခဲ့ၿပီး ေပ်ာက္ဆုံးေနသူ ေတြလည္းရွိေနတယ္လို႔ ဂ်ပန္သတင္းဌာနေတြမွာ ေဖာ္ျပထားပါတယ္။

တိမ္းေမွာက္သြားတဲ့သေဘၤာမွာ ျမန္မာသေဘၤာသားေတြ ပါဝင္တယ္ဆိုတာကို ေရေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန DMA က ၫႊန္ၾကားေရးမႉးဦးဟိန္းထက္စိုးက ဘီဘီစီကို အတည္ျပဳေျပာဆိုပါတယ္။

' ' ပို႔တာကေတာ့ တိုးတက္ထူး ကုမၸဏီက ပို႔တာ။ အဲဒီသေဘၤာမွာ ျမန္မာက ဘယ္ႏွစ္ဦးပါသြားတယ္၊ ေပ်ာက္ဆုံး၊ ဘာညာက ကုမၸဏီက ဟိုဘက္ကို လွမ္းဆက္သြယ္ေမးျမန္းေနတုန္းပဲ။အေသးစိတ္ အတည္မျပဳႏိုင္ေသးဘူး။'' လို႔ ဦးဟိန္းထက္စိုးကေျပာပါတယ္။

ဂ်ပန္ႏိုင္ငံမွာတိမ္းေမွာက္သြားတဲ့ ျမန္မာသေဘၤာသားေတြရဲ႕အေျခအေနနဲ႔ပတ္သက္ၿပီးသိရွိႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးကိုဆက္သြယ္ေမးျမန္းၿပီးအကူအညီေတာင္းထားတယ္လို႔လည္း ႏိုင္ငံျခားေရးဌာနက တာဝန္ရွိသူတစ္ဦးကလည္း ဘီဘီစီကို ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕ျပည္တြင္းမီဒီယာေတြမွာ ေဖာ္ျပထားတဲ့ သတင္းေတြအရ သေဘၤာမွာ ျမန္မာႏိုင္ငံသား ၃ဦး၊တ႐ုတ္ႏိုင္ငံသား ၇ ဦး၊ဗီယက္နမ္ႏိုင္ငံသား ၂ဦး စုစုေပါင္း ၁၂ ဦးပါ ဝင္ၿပီး ျမန္မာႏိုင္ငံသား သေဘၤာကပၸတိန္နဲ႔ ဗီယက္နမ္ ႏိုင္ငံသားအပါအဝင္ ၄ဦးကို အသက္ရွင္ လ်က္ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဂ်ပန္မွာ မုန္တိုင္း ဟာဂီဘိစ္ေၾကာင့္ လူ ၃၇ ဦးေသဆုံးၿပီး အေယာက္ ၂၀ေက်ာ္ေပ်ာက္ဆုံးေနဆဲ
သေဘၤာျမဳပ္သြားတဲ့ေနရာအနီးမွာ တ႐ုတ္ႏိုင္ငံသားသေဘၤာသား ၅ဦးရဲ႕အေလာင္းေတြကို ဆယ္ယူရရွိ ထားၿပီး သေဘၤာသား ၃ဦးေပ်ာက္ဆုံးေနဆဲျဖစ္ၿပီး ဂ်ပန္ေရျပင္ကာကြယ္ေရးတပ္က ရွာေဖြေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

' ' ကုမၸဏီကေတာ့ ၾကားလိုင္းမဟုတ္ဘူး DMA မွာ လိုင္စင္တင္ထားတဲ့ကုမၸဏီပဲ။ ပါသြားတဲ့ သေဘၤာသား ေတြနဲ႔ပတ္သက္ၿပီး သေဘၤာနစ္ျမဳပ္တာတို႔ဘာတို႔ ထိခိုက္ဒဏ္ရာရတာတို႔ဘာတို႔ဆိုရင္ သူတို႔ခ်ဳပ္ထားတဲ့ စာခ်ဳပ္နဲ႔ အလံတင္ႏိုင္ငံရဲ႕ စည္းမ်ဥ္းစည္းကမ္း ေတြအေပၚမူတည္ၿပီး ေလွ်ာ္ေၾကးနစ္နာေၾကးေတြရွိတယ္။ ပနားမားအလံတင္ထားရင္ေတာ့ အနိမ့္ဆုံးအဆင့္ကိုေတာ့ ေက်ာ္ရမယ္။''လို႔ ျမန္မာပင္လယ္ေရေၾကာင္း သေဘၤာသားမ်ားအဖြဲ႕ခ်ဳပ္အတြင္းေရးမႉးကိုရဲဝင္းထြန္းကသေဘၤာတိမ္းေမွာက္ တဲ့အေျခ အေနနဲ႔ ပတ္သက္ ၿပီး သေဘၤာသားေတြရဲ႕နစ္နာမႈအေပၚခံစားခြင့္ရွိတဲ့အေျခအေနကို ရွင္းျပပါတယ္။

အခုတိမ္းေမွာက္သြားတဲ့ JIA DE သေဘၤာဟာ ၂၀၀၂ ခုႏွစ္ကတည္ေဆာက္ထားတဲ့ တန္ခ်ိန္ ၁၉၂၅ တန္ဆံ့ ကုန္တင္သေဘၤာျဖစ္ၿပီး ဂ်ပန္ႏိုင္ငံ ကာဝါဆကီၿမိဳ႕ကို ေအာက္တိုဘာ ၁၀ ရက္ေန႔က ေရာက္ရွိခဲ့ တာျဖစ္တယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
-------------
Unicode
ဂျပန်မှာ မုန်တိုင်းမိလို့ မှောက်သွားတဲ့ သင်္ဘောမှာ မြန်မာသင်္ဘောသားတွေပါဝင်

ဓာတ်ပုံ မူပိုင် ANNE-CHRISTINE POUJOULAT/AFP/Getty
Image caption ဂျပန်မှာ အနှစ်၆ဝအတွင်း အပြင်းထန်ဆုံးမုန်တိုင်းဒဏ်ကိုခံစားခဲ့ရ

ပနားမားအလံလွှင့်ထူထားတဲ့ JIA DE ကုန်တင်သင်္ဘောဟာ အောက်တိုဘာ ၁၂ ရက်နေ့က ဂျပန်နိုင်ငံ ကာဝါဆာကီမြို့နားမှာ တိမ်းမှောက်သွားတာဖြစ်ပြီး မြန်မာနိုင်ငံသားသင်္ဘောကပ္ပတိန်အပါအဝင် ၄ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ တွေလည်းရှိနေတယ်လို့ ဂျပန်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

တိမ်းမှောက်သွားတဲ့သင်္ဘောမှာ မြန်မာသင်္ဘောသားတွေ ပါဝင်တယ်ဆိုတာကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန DMA က ညွှန်ကြားရေးမှူးဦးဟိန်းထက်စိုးက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

' ' ပို့တာကတော့ တိုးတက်ထူး ကုမ္ပဏီက ပို့တာ။ အဲဒီသင်္ဘောမှာ မြန်မာက ဘယ်နှစ်ဦးပါသွားတယ်၊ ပျောက်ဆုံး၊ ဘာညာက ကုမ္ပဏီက ဟိုဘက်ကို လှမ်းဆက်သွယ်မေးမြန်းနေတုန်းပဲ။အသေးစိတ် အတည်မပြုနိုင်သေးဘူး။'' လို့ ဦးဟိန်းထက်စိုးကပြောပါတယ်။

ဂျပန်နိုင်ငံမှာတိမ်းမှောက်သွားတဲ့ မြန်မာသင်္ဘောသားတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးသိရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကိုဆက်သွယ်မေးမြန်းပြီးအကူအညီတောင်းထားတယ်လို့လည်း နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတစ်ဦးကလည်း ဘီဘီစီကို ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေအရ သင်္ဘောမှာ မြန်မာနိုင်ငံသား ၃ဦး၊တရုတ်နိုင်ငံသား ၇ ဦး၊ဗီယက်နမ်နိုင်ငံသား ၂ဦး စုစုပေါင်း ၁၂ ဦးပါ ဝင်ပြီး မြန်မာနိုင်ငံသား သင်္ဘောကပ္ပတိန်နဲ့ ဗီယက်နမ် နိုင်ငံသားအပါအဝင် ၄ဦးကို အသက်ရှင် လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ မူပိုင် STR/JIJI PRESS/AFP/Getty
Image caption ဂျပန်မှာ မုန်တိုင်း ဟာဂီဘိစ်ကြောင့် လူ ၃၇ ဦးသေဆုံးပြီး အယောက် ၂၀ကျော်ပျောက်ဆုံးနေဆဲ

သင်္ဘောမြုပ်သွားတဲ့နေရာအနီးမှာ တရုတ်နိုင်ငံသားသင်္ဘောသား ၅ဦးရဲ့အလောင်းတွေကို ဆယ်ယူရရှိ ထားပြီး သင်္ဘောသား ၃ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ဂျပန်ရေပြင်ကာကွယ်ရေးတပ်က ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

' ' ကုမ္ပဏီကတော့ ကြားလိုင်းမဟုတ်ဘူး DMA မှာ လိုင်စင်တင်ထားတဲ့ကုမ္ပဏီပဲ။ ပါသွားတဲ့ သင်္ဘောသား တွေနဲ့ပတ်သက်ပြီး သင်္ဘောနစ်မြုပ်တာတို့ဘာတို့ ထိခိုက်ဒဏ်ရာရတာတို့ဘာတို့ဆိုရင် သူတို့ချုပ်ထားတဲ့ စာချုပ်နဲ့ အလံတင်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်း တွေအပေါ်မူတည်ပြီး လျှော်ကြေးနစ်နာကြေးတွေရှိတယ်။ ပနားမားအလံတင်ထားရင်တော့ အနိမ့်ဆုံးအဆင့်ကိုတော့ ကျော်ရမယ်။''လို့ မြန်မာပင်လယ်ရေကြောင်း သင်္ဘောသားများအဖွဲ့ချုပ်အတွင်းရေးမှူးကိုရဲဝင်းထွန်းကသင်္ဘောတိမ်းမှောက် တဲ့အခြေ အနေနဲ့ ပတ်သက် ပြီး သင်္ဘောသားတွေရဲ့နစ်နာမှုအပေါ်ခံစားခွင့်ရှိတဲ့အခြေအနေကို ရှင်းပြပါတယ်။

အခုတိမ်းမှောက်သွားတဲ့ JIA DE သင်္ဘောဟာ ၂၀၀၂ ခုနှစ်ကတည်ဆောက်ထားတဲ့ တန်ချိန် ၁၉၂၅ တန်ဆံ့ ကုန်တင်သင်္ဘောဖြစ်ပြီး ဂျပန်နိုင်ငံ ကာဝါဆကီမြို့ကို အောက်တိုဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
ဂ်ပန္မွာ မုန္တိုင္းမိလို႔ ေမွာက္သြားတဲ့ သေဘၤာမွာ ျမန္မာသေဘၤာသားေတြပါဝင္ ဂ်ပန္မွာ မုန္တိုင္းမိလို႔ ေမွာက္သြားတဲ့ သေဘၤာမွာ ျမန္မာသေဘၤာသားေတြပါဝင္ Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.