ရေသ့ေတာင္ စာသင္ေက်ာင္းနား လက္နက္ႀကီးက်လို႔ ေက်ာင္းပိတ္လိုက္ရ

 Myint Lwin
Zawgyi
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေတာင္ပိုင္းေဒသမွာရွိတဲ့ ဆင္ခုန္တိုင္ ရခိုင္ေက်း႐ြာ စာသင္ေက်ာင္းအနီးမွာ ဒီကေန႔ ေအာက္တိုဘာလ ၂၂ ရက္ မနက္ ၁၁ နာရီ ေလာက္က လက္နက္ႀကီးက်ည္တစ္လုံး က်ေရာက္ ေပါက္ကြဲခဲ့တဲ့အတြက္ ေက်ာင္းကို ယာယီပိတ္ထားလိုက္ရၿပီး ကေလးေတြ ေဘးကင္းလုံၿခဳံေစေရးအတြက္ ေက်ာင္းသားမိဘေတြဆီကို ျပန္လည္ အပ္ႏွံလိုက္ရတယ္လို႔ ေက်ာင္းတာဝန္ရွိသူေတြက ေျပာပါတယ္။

ေက်ာင္းသားေတြကိုေတာ့ ထိခိုက္မႈမရွိသလို ေက်ာင္းကိုလည္း ထိခိုက္မႈမရွိခဲ့ဘူးလို႔ ေက်ာင္းဆရာေတြက ေျပာပါတယ္။

အဲ့ဒီက်ည္ဟာ ေက်ာင္းရဲ႕အျပင္ဘက္ ၿခံစည္း႐ိုးနားမွာ က်ေရာက္ေပါက္ကြဲခဲ့တာျဖစ္ၿပီး ေက်ာင္းေဆာင္နဲ႔ ကိုက္ ၅၀ ေလာက္အကြာမွာ က်ခဲ့တာျဖစ္တယ္လို႔ ပညာေရးဌာနလည္း ဘီဘီစီကို အတည္ျပဳပါတယ္။

အခုလိုမ်ိဳး ေပါက္ကြဲမႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေျပာခြင့္ရ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ အဲ့ဒီျဖစ္စဥ္ကို သူ႔အေနနဲ႔ မသိရွိဘူးလို႔ ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ဒီေန႔ အဲ့ဒီနယ္ေျမမွာ တိုက္ပြဲမရွိဘူးလို႔ တပ္မေတာ္ဘက္ကေရာ ေက်း႐ြာသားေတြဘက္ကပါ ေျပာဆိုခဲ့ၾကပါတယ္။

"တိုက္ပြဲျဖစ္တာမရွိဘူး။ တိုက္ပြဲမွမျဖစ္တာ အဲ့ဒါေတာ့ ကြၽန္ေတာ္မေျပာတတ္ဘူး"လို႔ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

အဲ့ဒီလက္နက္ႀကီးက်ည္ဟာ မနက္ ၁၁ နာရီေလာက္ ကေလးေတြကို စာသင္ေနခ်ိန္မွာ ေပါက္ကြဲခဲ့လို႔ ေက်ာင္းေဆာင္တစ္ခုလုံး ကေလးေတြ ထိတ္လန္႔ၿပီး ႐ုတ္႐ုတ္သဲသဲျဖစ္သြားတဲ့ အတြက္ ထိန္းမႏိုင္ျဖစ္ခဲ့ရတယ္လို႔ ေက်ာင္းတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

 ေက်ာင္းၿခံစည္း႐ိုးနားကို က်လာတယ္ဆိုတဲ့ က်ည္

ဆင္ခုန္တိုင္ေက်း႐ြာဟာ အိမ္ေျခ ၈၀ နီးပါးရွိၿပီး အဲ့ဒီေက်ာင္းမွာ သူငယ္တန္းကေန ဆ႒မတန္းအထိ ပညာသင္ၾကားေနၾကတဲ့ ေက်ာင္းသူေက်ာင္းသားဦးေရ ၆၀ ေက်ာ္ရွိပါတယ္။

"ေက်ာင္းမွာ ကေလးေတြကို စာသင္ေနတဲ့အခ်ိန္ ၁၀ နာရီ ၄၀ ေလာက္မွာ ေက်ာင္းရဲ႕ ၿခံစည္း႐ိုး အျပင္ဘက္ကိုက္ ၅၀ ေလာက္ေတာင္မကြာဘူး။ လယ္ကြင္းထဲကို လက္နက္ႀကီးက်ည္က်ၿပီးေတာ့ ေပါက္ကြဲတယ္။ အသံက က်ယ္ေတာ့ ကေလးေတြက ထြက္ေျပးၾကနဲ႔ ထိန္းမႏိုင္ ျဖစ္ခဲ့တယ္။ မိဘေတြလည္း ေက်ာင္းကို က်လားမသိဆိုၿပီး ေရာက္လာၾကေတာ့ ကေလးေတြကို ျပန္အပ္လိုက္တယ္။ ေက်ာင္းကိုလည္း ဒီေန႔ ပိတ္ထားလိုက္ရတယ္"လို႔ ေက်ာင္းတာဝန္ရွိသူက ေျပာပါတယ္။

အဲ့ဒီေက်ာင္းမွာ ဆင္ခုန္တိုင္ေက်း႐ြာက ေက်ာင္းသူေက်ာင္းသားေတြ အျပင္ စစ္ေဘးေရွာင္ကေလးငယ္ေတြလည္း ပညာသင္ၾကားေနၾကတာ ျဖစ္ပါတယ္။

"ကေလးေတြ စာသင္ေနတဲ့အခ်ိန္မွာ အခုလိုမ်ိဳး စာသင္ေက်ာင္းနားမွာ လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲတယ္ဆို တာ့ ေက်ာင္းသားမိဘေတြအေနနဲ႔ ေတာ္ေတာ္ေလး စိုးရိမ္မႈေတြရွိခဲ့တာေပါ့။ အခုလိုမ်ိဳး စာသင္ေက်ာင္းေတြအနားကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈမလုပ္ဖို႔ အားလုံးကို ေတာင္းဆိုပါတယ္"လို႔ ေက်ာင္းသားမိဘတစ္ဦးျဖစ္တဲ့ ဦးေက်ာ္လႈိင္ကေျပာပါတယ္။

အခုလိုမ်ိဳးျဖစ္လာေနတဲ့အတြက္ ကေလးေတြကို ေက်ာင္းေတြမွာ စာသင္လႊတ္ဖို႔အတြက္ မိဘေတြအေနနဲ႔ စိတ္မခ်ႏိုင္ေတာ့ဘူးလို႔ သူကဆက္ၿပီး ေျပာပါတယ္။

တိုက္ပြဲမျဖစ္ေပမဲ့ အခုလိုမ်ိဳး လက္နက္ႀကီးက်ည္ေတြ ႐ြာအနီး က်ေရာက္ေပါက္ကြဲတဲ့အတြက္ ေက်း႐ြာသားေတြအေနနဲ႔ စိုးရိမ္ေၾကာက္လန႔္ေနတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

ဆင္ခုန္တိုင္ေက်း႐ြာဟာ မြတ္ဆလင္ေက်း႐ြာနဲ႔ ရခိုင္ေက်း႐ြာႏွစ္႐ြာရွိၿပီး အဲ့ဒီ႐ြာႏွစ္႐ြာဟာ ႏွစ္ဖာလုံေလာက္ပဲကြာေဝးပါတယ္။ ေအာက္တိုဘာ ၂၀ ရက္ေန႔ကလည္း ဆင္ခုန္တိုင္ မြတ္ဆလင္ေက်း႐ြာကို လက္နက္ႀကီးတစ္လုံး က်ေရာက္ခဲ့တာေၾကာင့္ အမ်ိဳးသမီးတစ္ဦးနဲ႔ ကေလးတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ဒါ့အျပင္ အဲ့ဒီ ၂၀ ရက္ေန႔ ညေန ၈ နာရီဝန္းက်င္မွာပဲ ဘူးသီးေတာင္ၿမိဳ႕နယ္က ထိပ္ထူးေပါက္ မြတ္ဆလင္ေက်း႐ြာ အတြင္းက ေနအိမ္တစ္အိမ္ရဲ႕ ၿခံဝင္းထဲကို လက္နက္ႀကီးတစ္လုံးက်ေရာက္ ေပါက္ကြဲခဲ့တာေၾကာင့္ ေနအိမ္ေပၚမွာထိုင္ေနတဲ့ အသက္ ၄၅ ႏွစ္အ႐ြယ္ မြတ္ဆလင္အမ်ိဳးသမီးတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ႏြားတစ္ေကာင္နဲ႔ ေခြးတစ္ေကာင္ပါ ေသဆုံးခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
---------------
Unicode
ရသေ့တောင် စာသင်ကျောင်းနား လက်နက်ကြီးကျလို့ ကျောင်းပိတ်လိုက်ရ

ဓာတ်ပုံ မူပိုင် Myint Lwin

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တောင်ပိုင်းဒေသမှာရှိတဲ့ ဆင်ခုန်တိုင် ရခိုင်ကျေးရွာ စာသင်ကျောင်းအနီးမှာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် မနက် ၁၁ နာရီ လောက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းကို ယာယီပိတ်ထားလိုက်ရပြီး ကလေးတွေ ဘေးကင်းလုံခြုံစေရေးအတွက် ကျောင်းသားမိဘတွေဆီကို ပြန်လည် အပ်နှံလိုက်ရတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကျောင်းသားတွေကိုတော့ ထိခိုက်မှုမရှိသလို ကျောင်းကိုလည်း ထိခိုက်မှုမရှိခဲ့ဘူးလို့ ကျောင်းဆရာတွေက ပြောပါတယ်။

အဲ့ဒီကျည်ဟာ ကျောင်းရဲ့အပြင်ဘက် ခြံစည်းရိုးနားမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောင်းဆောင်နဲ့ ကိုက် ၅၀ လောက်အကွာမှာ ကျခဲ့တာဖြစ်တယ်လို့ ပညာရေးဌာနလည်း ဘီဘီစီကို အတည်ပြုပါတယ်။

အခုလိုမျိုး ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဲ့ဒီဖြစ်စဉ်ကို သူ့အနေနဲ့ မသိရှိဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီနေ့ အဲ့ဒီနယ်မြေမှာ တိုက်ပွဲမရှိဘူးလို့ တပ်မတော်ဘက်ကရော ကျေးရွာသားတွေဘက်ကပါ ပြောဆိုခဲ့ကြပါတယ်။

"တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲမှမဖြစ်တာ အဲ့ဒါတော့ ကျွန်တော်မပြောတတ်ဘူး"လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ မနက် ၁၁ နာရီလောက် ကလေးတွေကို စာသင်နေချိန်မှာ ပေါက်ကွဲခဲ့လို့ ကျောင်းဆောင်တစ်ခုလုံး ကလေးတွေ ထိတ်လန့်ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ အတွက် ထိန်းမနိုင်ဖြစ်ခဲ့ရတယ်လို့ ကျောင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် CJ
Image caption ကျောင်းခြံစည်းရိုးနားကို ကျလာတယ်ဆိုတဲ့ ကျည်

ဆင်ခုန်တိုင်ကျေးရွာဟာ အိမ်ခြေ ၈၀ နီးပါးရှိပြီး အဲ့ဒီကျောင်းမှာ သူငယ်တန်းကနေ ဆဋ္ဌမတန်းအထိ ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားဦးရေ ၆၀ ကျော်ရှိပါတယ်။

"ကျောင်းမှာ ကလေးတွေကို စာသင်နေတဲ့အချိန် ၁၀ နာရီ ၄၀ လောက်မှာ ကျောင်းရဲ့ ခြံစည်းရိုး အပြင်ဘက်ကိုက် ၅၀ လောက်တောင်မကွာဘူး။ လယ်ကွင်းထဲကို လက်နက်ကြီးကျည်ကျပြီးတော့ ပေါက်ကွဲတယ်။ အသံက ကျယ်တော့ ကလေးတွေက ထွက်ပြေးကြနဲ့ ထိန်းမနိုင် ဖြစ်ခဲ့တယ်။ မိဘတွေလည်း ကျောင်းကို ကျလားမသိဆိုပြီး ရောက်လာကြတော့ ကလေးတွေကို ပြန်အပ်လိုက်တယ်။ ကျောင်းကိုလည်း ဒီနေ့ ပိတ်ထားလိုက်ရတယ်"လို့ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီကျောင်းမှာ ဆင်ခုန်တိုင်ကျေးရွာက ကျောင်းသူကျောင်းသားတွေ အပြင် စစ်ဘေးရှောင်ကလေးငယ်တွေလည်း ပညာသင်ကြားနေကြတာ ဖြစ်ပါတယ်။

"ကလေးတွေ စာသင်နေတဲ့အချိန်မှာ အခုလိုမျိုး စာသင်ကျောင်းနားမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတယ်ဆို တာ့ ကျောင်းသားမိဘတွေအနေနဲ့ တော်တော်လေး စိုးရိမ်မှုတွေရှိခဲ့တာပေါ့။ အခုလိုမျိုး စာသင်ကျောင်းတွေအနားကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုမလုပ်ဖို့ အားလုံးကို တောင်းဆိုပါတယ်"လို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဦးကျော်လှိုင်ကပြောပါတယ်။

အခုလိုမျိုးဖြစ်လာနေတဲ့အတွက် ကလေးတွေကို ကျောင်းတွေမှာ စာသင်လွှတ်ဖို့အတွက် မိဘတွေအနေနဲ့ စိတ်မချနိုင်တော့ဘူးလို့ သူကဆက်ပြီး ပြောပါတယ်။

တိုက်ပွဲမဖြစ်ပေမဲ့ အခုလိုမျိုး လက်နက်ကြီးကျည်တွေ ရွာအနီး ကျရောက်ပေါက်ကွဲတဲ့အတွက် ကျေးရွာသားတွေအနေနဲ့ စိုးရိမ်ကြောက်လန့်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဆင်ခုန်တိုင်ကျေးရွာဟာ မွတ်ဆလင်ကျေးရွာနဲ့ ရခိုင်ကျေးရွာနှစ်ရွာရှိပြီး အဲ့ဒီရွာနှစ်ရွာဟာ နှစ်ဖာလုံလောက်ပဲကွာဝေးပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ဆင်ခုန်တိုင် မွတ်ဆလင်ကျေးရွာကို လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီ ၂၀ ရက်နေ့ ညနေ ၈ နာရီဝန်းကျင်မှာပဲ ဘူးသီးတောင်မြို့နယ်က ထိပ်ထူးပေါက် မွတ်ဆလင်ကျေးရွာ အတွင်းက နေအိမ်တစ်အိမ်ရဲ့ ခြံဝင်းထဲကို လက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ပေါ်မှာထိုင်နေတဲ့ အသက် ၄၅ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွားတစ်ကောင်နဲ့ ခွေးတစ်ကောင်ပါ သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ရေသ့ေတာင္ စာသင္ေက်ာင္းနား လက္နက္ႀကီးက်လို႔ ေက်ာင္းပိတ္လိုက္ရ ရေသ့ေတာင္ စာသင္ေက်ာင္းနား လက္နက္ႀကီးက်လို႔ ေက်ာင္းပိတ္လိုက္ရ Reviewed by THITHTOOLWIN on 00:34 Rating: 5
Powered by Blogger.