ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ တိုက်ိဳပြဲ အႏိုင္ရ

၂၀၁၇ ခုႏွစ္က ရန္ကုန္တြင္ ျပဳလုပ္ခဲ့သည့္ One Championship ၿပိဳင္ပြဲတြင္ ေအာင္ပြဲဆင္ခဲ့သည့္ ေအာင္လအန္ဆန္။ (ဇူလုိင္ ၁၊ ၂၀၁၇)
Zawgyi
ဂ်ပန္ႏုိင္ငံ တုိက်ိဳၿမိဳ႕မွာ ဒီကေန႔ ထိုးသတ္ခဲ့တဲ့ ကိုယ္ခံပညာသိုင္းေပါင္းစံုၿပိဳင္ပဲြ (Century of One Championship) ၿပိဳင္ပဲြမွာေတာ့ ျမန္မာႏုိင္ငံက ကခ်င္တုိင္းရင္းသား ေအာင္လအန္ဆန္ အႏုိင္ရၿပီး ခ်န္ပီယံျဖစ္သြားပါတယ္။

ျမန္မာႏုိင္ငံက ေအာင္လအန္ဆန္နဲ႔ အေမရိကန္မွာေမြးဖြားတဲ့ ဖိလစ္ပိုင္ႏုိင္ငံက စိန္ေခၚသူ ဘရန္ဒန္ဗဲယာ (Brandon Vera) တုိ႔ ဒီကေန႔ ထုိးသတ္ၾကတာမွာ ေအာင္လက ဒုတိယအခ်ီမွာ အလဲထိုးၿပီး ဒိုင္ပဲြရပ္နဲ႔ အႏုိင္ရသြားခဲ့တာ ျဖစ္ပါတယ္။

ဒီပဲြမွာ ဖိလစ္ပိုင္ႏုိင္ငံသား လိုက္ဟဲဗီး၀ိတ္တန္းက ဘရန္ဒန္ဗဲယာက ေအာင္လကို စိန္ေခၚခဲ့တာျဖစ္ၿပီး ေအာင္လက ဒီပဲြကို အႏုိင္ရသြားတဲ့အတြက္ သူ႔ရဲ႕ မစ္ဒယ္္လ္၀ိတ္ ခ်န္ပီယံသရဖူေတြကို ေအာင္ေအာင္ျမင္ျမင္ ကာကြယ္ႏုိင္ခဲ့တဲ့အျပင္ လိုက္ဟဲဗီး၀ိတ္ခ်န္ပီယံဆုကိုပါ ရရွိသြားခဲ့ပါတယ္။

------------------------------

(Unicode)

ကချင်တိုင်းရင်းသား အောင်လအန်ဆန် တိုကျိုပွဲ အနိုင်ရ

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီကနေ့ ထိုးသတ်ခဲ့တဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ (Century of One Championship) ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသား အောင်လအန်ဆန် အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။

မြန်မာနိုင်ငံက အောင်လအန်ဆန်နဲ့ အမေရိကန်မှာမွေးဖွားတဲ့ ဖိလစ်ပိုင်နိုင်ငံက စိန်ခေါ်သူ ဘရန်ဒန်ဗဲယာ (Brandon Vera) တို့ ဒီကနေ့ ထိုးသတ်ကြတာမှာ အောင်လက ဒုတိယအချီမှာ အလဲထိုးပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဖိလစ်ပိုင်နိုင်ငံသား လိုက်ဟဲဗီးဝိတ်တန်းက ဘရန်ဒန်ဗဲယာက အောင်လကို စိန်ခေါ်ခဲ့တာဖြစ်ပြီး အောင်လက ဒီပွဲကို အနိုင်ရသွားတဲ့အတွက် သူ့ရဲ့ မစ်ဒယ်လ်ဝိတ် ချန်ပီယံသရဖူတွေကို အောင်အောင်မြင်မြင် ကာကွယ်နိုင်ခဲ့တဲ့အပြင် လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုကိုပါ ရရှိသွားခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ တိုက်ိဳပြဲ အႏိုင္ရ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ တိုက်ိဳပြဲ အႏိုင္ရ Reviewed by THITHTOOLWIN on 00:11 Rating: 5
Powered by Blogger.