ေ႐ႊဘိုၿမိဳ႕တြင္ လူေသေအာင္တိုက္ၿပီးထြက္ေျပးတဲ့ ယာဥ္ေမာင္း ဖမ္းဆီးရမိ


Zawgyi
ေ႐ႊဘို ေအာက္တိုဘာ ၁၅

စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုၿမိဳ႕တြင္ ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈေၾကာင့္ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာရွိ လမ္းေဘးဂ်ာနယ္ အေရာင္းဆိုင္အား ဝင္တိုက္မိ၍ လူတစ္ဦးေသဆုံးခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္သြားခဲ့ေသာ ယာဥ္ေမာင္းျဖစ္သူကိုဖမ္းဆီး ရမိခဲ့ေၾကာင္း အမွတ္(၁၁၄) ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမႉး ႐ုံး(ေ႐ႊဘို) မွ ဒုရဲမႉးညီညီလြင္က ေျပာသည္။

ျဖစ္စဥ္မွာ ေ႐ႊဘိုၿမိဳ႕တြင္ ေအာက္တိုဘာ ၁၄ ရက္ နံနက္ ၇နာရီက ေ႐ႊဘို-မႏၲေလး သြားကားလမ္းမေပၚတြင္ ၎လမ္းအတိုင္း ေတာင္မွေျမာက္သို႔ အမည္မသိအမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာေသာ YGN-3F/ - - - - AD Van အျဖဴေရာင္ယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာ ၏ေဘးတြင္ ဂ်ာနယ္ေရာင္းခ်ရန္ ဆိုင္ခင္းက်င္းေနေသာ ဦးေက်ာ္သိန္း (သ) ၅၄ႏွစ္ အမွတ္(၆)ရပ္ကြက္ သခြေတၱာရပ္ ေ႐ႊဘိုၿမိဳ႕ေနသူအား ဝင္ေရာက္တိုက္မိ၍ ယာဥ္ေမာင္းျဖစ္သူမွာ ယာဥ္ကိုထားခဲ့ၿပီး လူမွာထြက္ေျပးတိမ္းေရွာင္သြားခဲ့သည္။ ယာဥ္တိုက္မႈေၾကာင့္ ဦးေက်ာ္သိန္းမွာ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္သည့္ေနရာတြင္ ေသဆုံးခဲ့ေၾကာင္းသိရသည္။

ထြက္ေျပးတိမ္းေရွာင္သြားခဲ့ေသာ ယာဥ္ေမာင္းျဖစ္သူမွာေအာက္တိုဘာ ၁၄ ရက္ နံနက္ ၁၀ နာရီခြဲက အမွတ္(၁၁၄)ယာဥ္ထိန္း ရဲတပ္ဖြဲ႕စုမႉး႐ုံး (ေ႐ႊဘို) သို႔ လာေရာက္အဖမ္းခံခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္မဆင္မျခင္ေမာင္းႏွင္၍ လူကိုေသဆုံးေစသူ ယာဥ္ေမာင္း ဖိုးေအာင္(ခ)ေအာင္ေဇယ်မင္း(သ)၂၄ႏွစ္ တည္ဘိုပင္ေက်း႐ြာ ခင္ဦးၿမိဳ႕နယ္ေနသူကို ေ႐ႊဘိုၿမိဳ႕မ ရဲစခန္းက အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

မိုးေသာက္(ေ႐ႊဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
------------
Unicode
ရွှေဘိုမြို့တွင် လူသေအောင်တိုက်ပြီးထွက်ပြေးတဲ့
ယာဉ်မောင်း ဖမ်းဆီးရမိ

ရွှေဘို အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ လမ်းဘေးဂျာနယ် အရောင်းဆိုင်အား ဝင်တိုက်မိ၍ လူတစ်ဦးသေဆုံးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ယာဉ်မောင်းဖြစ်သူကိုဖမ်းဆီး ရမိခဲ့ကြောင်း အမှတ်(၁၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံး(ရွှေဘို) မှ ဒုရဲမှူးညီညီလွင်က ပြောသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့တွင် အောက်တိုဘာ ၁၄ ရက် နံနက် ၇နာရီက ရွှေဘို-မန္တလေး သွားကားလမ်းမပေါ်တွင် ၎င်းလမ်းအတိုင်း တောင်မှမြောက်သို့ အမည်မသိအမျိုးသားတစ်ဦး မောင်းနှင်လာသော YGN-3F/ - - - - AD Van အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော ၏ဘေးတွင် ဂျာနယ်ရောင်းချရန် ဆိုင်ခင်းကျင်းနေသော ဦးကျော်သိန်း (သ) ၅၄နှစ် အမှတ်(၆)ရပ်ကွက် သခွတ္တောရပ် ရွှေဘိုမြို့နေသူအား ဝင်ရောက်တိုက်မိ၍ ယာဉ်မောင်းဖြစ်သူမှာ ယာဉ်ကိုထားခဲ့ပြီး လူမှာထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဦးကျော်သိန်းမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်သည့်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ယာဉ်မောင်းဖြစ်သူမှာအောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခွဲက အမှတ်(၁၁၄)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး (ရွှေဘို) သို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်၍ လူကိုသေဆုံးစေသူ ယာဉ်မောင်း ဖိုးအောင်(ခ)အောင်ဇေယျမင်း(သ)၂၄နှစ် တည်ဘိုပင်ကျေးရွာ ခင်ဦးမြို့နယ်နေသူကို ရွှေဘိုမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေ႐ႊဘိုၿမိဳ႕တြင္ လူေသေအာင္တိုက္ၿပီးထြက္ေျပးတဲ့ ယာဥ္ေမာင္း ဖမ္းဆီးရမိ ေ႐ႊဘိုၿမိဳ႕တြင္ လူေသေအာင္တိုက္ၿပီးထြက္ေျပးတဲ့ ယာဥ္ေမာင္း ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.