အသားဖတ္ေတြ ကြာေနတဲ့ ေျခေထာက္ကို ဒီလိုကုစားၾကရေအာင္

Zawgyi
လူေတာ္ေတာ္မ်ားမ်ားက မ်က္ႏွာနဲ႔ ကိုယ္ခႏၶာအလွအပကိုပဲ ဂ႐ုစိုက္ရင္းနဲ႔ ေျခေထာက္ေလးေတြကို ေသခ်ာျပဳစုေပးဖို႔ ေမ့တတ္ၾကတယ္ေနာ္။ တကယ္ေတာ့ ဒီေျခေထာက္ေလးေတြက ဘယ္ပဲသြားသြား ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္အေလးခ်ိန္တစ္ခုလုံးကို ဟန္ခ်က္ညီေအာင္ ထိန္းေပးရတဲ့ ေထာက္တိုင္ေတြပါ။ အျပင္က အၿမဲတမ္းသြားလာတာ၊ ေဒါက္ဖိနပ္ေတြ၊ က်ပ္လြန္းတဲ့ ဖိနပ္ေတြ၊ ေျပးလႊားလႈပ္ရွားရတဲ့ အားကစားလုပ္လြန္းတာ၊ ေနေရာင္ျခည္ဒဏ္ေၾကာင့္ ေျခေထာက္ေတြက အစိုဓာတ္ခမ္းေျခာက္ၿပီး ၾကာလာရင္ အသားဖတ္ေတြ ကြာလာတတ္တယ္ေနာ္။ ဒီအတြက္ေတာ့ စိတ္မပူပါနဲ႔။ ေျခေထာက္အသားပပ္တာ၊ အက္ကြဲၿပီး ေျခာက္ေနတာ၊ ေျခဖေနာင့္ ၾကမ္းေနတာ၊ အေရာင္မညီ မည္းညစ္ေနတာေတြကို ကုစားေပးမယ့္ နည္းလမ္းေတြကို ဒီေဆာင္းပါးမွာ ေျပာျပေပးမယ္ေနာ္။

ေျခေထာက္က အသားဘာလို႔ ကြာတာလဲ။

လြယ္လြယ္ေျပာရမယ္ဆိုရင္ေတာ့ အသားေျခာက္လို႔ပါပဲ။ သဘာဝအတိုင္း ႏူးညံ့ေခ်ာေမြ႕ေနေစဖို႔ အေရျပားက သဘာဝအဆီျဖစ္တဲ့ sebum ကို အၿမဲထုတ္လုပ္ေပးရပါတယ္။ ဒီအဆီေတြ ခမ္းေျခာက္သြားတဲ့အခါ ေျခေထာက္အသားက မြဲေျခာက္ေျခာက္ျဖစ္လာတယ္။ ဖိနပ္အက်ပ္ေတြစီးၿပီး တစ္ေနကုန္ အျပင္ထြက္သြားလာတယ္။ ၿပီးရင္ ဒီပ်က္စီးေနတဲ့ ေျခေထာက္ကို အသားအေရျပဳျပင္ ထိန္းသိမ္းတာေတြ ဘာမွျပန္မလုပ္ေတာ့ ဆဲလ္အေသေတြ စုမိၿပီး အသားကၾကမ္းေျခာက္လာကာ အသားဖတ္ေတြ အၿမဲကြာက်ေနေတာ့တာေပါ့။

ဒီျပႆနာကို ဘယ္လိုေျဖရွင္းမလဲ။

၁။ ေရခ်ိဳးတဲ့အခ်ိန္မွာ ေျခေထာက္ကို ေသခ်ာတိုက္ခြၽတ္ေဆးေၾကာဖို႔ မေမ့ပါနဲ႔။ ေျခသည္း၊ ေျခေခ်ာင္းၾကား၊ ေျခဖဝါး၊ ေျခဖေနာင့္၊ ေျခဖမိုး ေနရာအစုံကို ဆပ္ျပာတိုက္ၿပီးသြားရင္ ေခ်းတြန္းေက်ာက္နဲ႔ျဖစ္ျဖစ္ ျဖည္းျဖည္းခ်င္း တိုက္ေပးပါ။

၂။ ေရခ်ိဳးၿပီးသြားတဲ့အခါ ေျခေထာက္လိမ္းခရင္မ္ တစ္ခုခု လိမ္းလို႔ရပါတယ္။ အစိုဓာတ္လည္း ထိန္းေပးႏိုင္မယ္၊ အာဟာရဓာတ္လည္း ျဖည့္ေပးႏိုင္မယ္၊ အသားကို ႏူးညံ့သြားေစႏိုင္တဲ့ ပစၥည္းေတြ သုံးေပးႏိုင္ရင္ ပိုေကာင္းပါတယ္။

၃။ ညအိပ္တဲ့အခါ ေျခဗလာမအိပ္ပါနဲ႔။ Lotion ဒါမွမဟုတ္ အစိုဓာတ္ထိန္းခရင္မ္နဲ႔ ေျခေထာက္တစ္ခုလုံး ႏွံ႔ေနေအာင္ လိမ္းၿပီးသြားရင္ ေျခအိတ္အပါးေလး ဝတ္အိပ္ေပးပါ။

၄။ အားလပ္ရက္ အခ်ိန္ေပးႏိုင္တယ္ဆိုရင္ ေရနဲ႔ ရွာလကာရည္ေရာၿပီး ေျခေထာက္ကို ဆယ္မိနစ္ေလာက္ စိမ္ထားေပးလို႔ ရပါတယ္။

၅။ ေဒါက္ျမင့္ဖိနပ္၊ အားကစားဖိနပ္ေတြကို အၾကာႀကီး မစီးပါနဲ႔။ ေျခေထာက္အတြက္ ေလဝင္ေလထြက္ေကာင္းၿပီး သက္ေတာင့္သက္သာျဖစ္ေစမယ့္ ေျခညႇပ္ဖိနပ္အပါးေတြကိုပဲ စီးေပးပါ။

၆။ ကိုယ္ခႏၶာအတြက္ ေၾကးခြၽတ္တဲ့ေနရာမွာ သုံးတဲ့ Scrub ေတြကို ေျခဖဝါးအတြက္လည္း အသုံးျပဳေပးလို႔ရပါတယ္။ တစ္ခုသတိထားရမွာကေတာ့ Scrub တိုက္ၿပီး ေၾကးခြၽတ္တာကို တစ္ပတ္ ၂ ႀကိမ္သာ အမ်ားဆုံးလုပ္ေပးရမွာျဖစ္ၿပီး ေၾကးခြၽတ္ၿပီးသြားတဲ့အခါမွာလည္း ေျခေထာက္ကို အစိုဓာတ္ျပန္ထိန္းေပးဖို႔ပါ။

၇။ ေရမ်ားမ်ားေသာက္ပါ။ အရည္႐ႊမ္းတဲ့ အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္ေတြကို မ်ားမ်ားစားေပးပါ။ ဗီတာမင္ စီ အားေဆးေတြကို ေသာက္ေပးပါ။

ဒီနည္းလမ္းေတြသာ မွန္မွန္လုပ္ေပးမယ္ဆိုရင္ အသားပပ္ၿပီး ၾကမ္းေျခာက္ေနတဲ့ ေျခေထာက္လည္း နဂိုအတိုင္း ႏူးညံ့ေခ်ာေမြ႕သြားမွာ အေသအခ်ာပါပဲ။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
Unicode
အသားဖတ်တွေ ကွာနေတဲ့ ခြေထောက်ကို ဒီလိုကုစားကြရအောင်

လူတော်တော်များများက မျက်နှာနဲ့ ကိုယ်ခန္ဓာအလှအပကိုပဲ ဂရုစိုက်ရင်းနဲ့ ခြေထောက်လေးတွေကို သေချာပြုစုပေးဖို့ မေ့တတ်ကြတယ်နော်။ တကယ်တော့ ဒီခြေထောက်လေးတွေက ဘယ်ပဲသွားသွား ကျွန်တော်တို့ရဲ့ ကိုယ်အလေးချိန်တစ်ခုလုံးကို ဟန်ချက်ညီအောင် ထိန်းပေးရတဲ့ ထောက်တိုင်တွေပါ။ အပြင်က အမြဲတမ်းသွားလာတာ၊ ဒေါက်ဖိနပ်တွေ၊ ကျပ်လွန်းတဲ့ ဖိနပ်တွေ၊ ပြေးလွှားလှုပ်ရှားရတဲ့ အားကစားလုပ်လွန်းတာ၊ နေရောင်ခြည်ဒဏ်ကြောင့် ခြေထောက်တွေက အစိုဓာတ်ခမ်းခြောက်ပြီး ကြာလာရင် အသားဖတ်တွေ ကွာလာတတ်တယ်နော်။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ခြေထောက်အသားပပ်တာ၊ အက်ကွဲပြီး ခြောက်နေတာ၊ ခြေဖနောင့် ကြမ်းနေတာ၊ အရောင်မညီ မည်းညစ်နေတာတွေကို ကုစားပေးမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးမယ်နော်။

ခြေထောက်က အသားဘာလို့ ကွာတာလဲ။

လွယ်လွယ်ပြောရမယ်ဆိုရင်တော့ အသားခြောက်လို့ပါပဲ။ သဘာဝအတိုင်း နူးညံ့ချောမွေ့နေစေဖို့ အရေပြားက သဘာဝအဆီဖြစ်တဲ့ sebum ကို အမြဲထုတ်လုပ်ပေးရပါတယ်။ ဒီအဆီတွေ ခမ်းခြောက်သွားတဲ့အခါ ခြေထောက်အသားက မွဲခြောက်ခြောက်ဖြစ်လာတယ်။ ဖိနပ်အကျပ်တွေစီးပြီး တစ်နေကုန် အပြင်ထွက်သွားလာတယ်။ ပြီးရင် ဒီပျက်စီးနေတဲ့ ခြေထောက်ကို အသားအရေပြုပြင် ထိန်းသိမ်းတာတွေ ဘာမှပြန်မလုပ်တော့ ဆဲလ်အသေတွေ စုမိပြီး အသားကကြမ်းခြောက်လာကာ အသားဖတ်တွေ အမြဲကွာကျနေတော့တာပေါ့။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

၁။ ရေချိုးတဲ့အချိန်မှာ ခြေထောက်ကို သေချာတိုက်ချွတ်ဆေးကြောဖို့ မမေ့ပါနဲ့။ ခြေသည်း၊ ခြေချောင်းကြား၊ ခြေဖဝါး၊ ခြေဖနောင့်၊ ခြေဖမိုး နေရာအစုံကို ဆပ်ပြာတိုက်ပြီးသွားရင် ချေးတွန်းကျောက်နဲ့ဖြစ်ဖြစ် ဖြည်းဖြည်းချင်း တိုက်ပေးပါ။

၂။ ရေချိုးပြီးသွားတဲ့အခါ ခြေထောက်လိမ်းခရင်မ် တစ်ခုခု လိမ်းလို့ရပါတယ်။ အစိုဓာတ်လည်း ထိန်းပေးနိုင်မယ်၊ အာဟာရဓာတ်လည်း ဖြည့်ပေးနိုင်မယ်၊ အသားကို နူးညံ့သွားစေနိုင်တဲ့ ပစ္စည်းတွေ သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။

၃။ ညအိပ်တဲ့အခါ ခြေဗလာမအိပ်ပါနဲ့။ Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ်နဲ့ ခြေထောက်တစ်ခုလုံး နှံ့နေအောင် လိမ်းပြီးသွားရင် ခြေအိတ်အပါးလေး ဝတ်အိပ်ပေးပါ။

၄။ အားလပ်ရက် အချိန်ပေးနိုင်တယ်ဆိုရင် ရေနဲ့ ရှာလကာရည်ရောပြီး ခြေထောက်ကို ဆယ်မိနစ်လောက် စိမ်ထားပေးလို့ ရပါတယ်။

၅။ ဒေါက်မြင့်ဖိနပ်၊ အားကစားဖိနပ်တွေကို အကြာကြီး မစီးပါနဲ့။ ခြေထောက်အတွက် လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာဖြစ်စေမယ့် ခြေညှပ်ဖိနပ်အပါးတွေကိုပဲ စီးပေးပါ။

၆။ ကိုယ်ခန္ဓာအတွက် ကြေးချွတ်တဲ့နေရာမှာ သုံးတဲ့ Scrub တွေကို ခြေဖဝါးအတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ တစ်ခုသတိထားရမှာကတော့ Scrub တိုက်ပြီး ကြေးချွတ်တာကို တစ်ပတ် ၂ ကြိမ်သာ အများဆုံးလုပ်ပေးရမှာဖြစ်ပြီး ကြေးချွတ်ပြီးသွားတဲ့အခါမှာလည်း ခြေထောက်ကို အစိုဓာတ်ပြန်ထိန်းပေးဖို့ပါ။

၇။ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ဗီတာမင် စီ အားဆေးတွေကို သောက်ပေးပါ။

ဒီနည်းလမ်းတွေသာ မှန်မှန်လုပ်ပေးမယ်ဆိုရင် အသားပပ်ပြီး ကြမ်းခြောက်နေတဲ့ ခြေထောက်လည်း နဂိုအတိုင်း နူးညံ့ချောမွေ့သွားမှာ အသေအချာပါပဲ။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အသားဖတ္ေတြ ကြာေနတဲ့ ေျခေထာက္ကို ဒီလိုကုစားၾကရေအာင္ အသားဖတ္ေတြ ကြာေနတဲ့ ေျခေထာက္ကို ဒီလိုကုစားၾကရေအာင္ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.