ေက်ာက္ေတာ္ၿမိဳ႕နယ္ ပစ္ခတ္မႈ ၁ ဦးေသ၊ ၁ ဦး ဒဏ္ရာရ

ထြက္ေျပးေနေသာ ေဒသခံမ်ား
Zawgyi
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေရႊလႈိင္ေက်းရြာမွာ ဒီကေန႔ စစ္တပ္ရဲ႕ပစ္ခတ္မႈေၾကာင့္ အရပ္သားတဦးေသဆံုးၿပီး၊ တဦးထိခုိက္ဒဏ္ရာရခဲ့ပါတယ္။ ဒီပစ္ခတ္မႈကုိ တပ္မေတာ္ဘက္က အတည္ျပဳၿပီး မသကၤာဖြယ္ရာ သံသယရွိသူေတြကို ပစ္ခတ္လိုက္တာလို႔ ေျပာပါတယ္။

ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ဒီကေန႔ ေအာက္တိုဘာ ၁၅ရက္ မနက္ ၆နာရီဝန္းက်င္မွာ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေရႊလိႈင္ေက်းရြာမွာ စစ္တပ္ရဲ႕ပစ္ခတ္မႈေၾကာင့္ စစ္ေအာင္ရြာသား ဦးကုလားေမာင္ေသဆံုးသြားပါတယ္။ ဒါ့အျပင္ စစ္တပ္ရဲ႕ ပစ္ခတ္မႈေၾကာင့္ ေရႊလႈိင္ေက်းရြာက ေမာင္ေနဆန္းဝင္းဆုိသူလည္း ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ဝင္ လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းကေတာ့ ပစ္ခတ္ခံရသူေတြဟာ အရပ္သားမဟုတ္ဘူးလို႔ ဆိုပါတယ္။

“အဲဒါ အရပ္သားမဟုတ္ဘူး။ ဆိုင္ကယ္နဲ႔ ေမာင္းေျပးတဲ့ေကာင္က လက္ပစ္ဗံုးပါတာ။ တားတယ္၊ ေမးတယ္၊ ေျပးတယ္။ေျပးေတာ့ပစ္တယ္ေပါ့။ သူပုန္ကေတာ့ သူပုန္လိုလုပ္မွာပဲ။ အၾကမ္းဖက္ေတြကေတာ့။”

သူတုိ႔ႏွစ္ဦးကို စစ္တပ္က ဘာေၾကာင့္ပစ္ခတ္ခဲ့တယ္ဆုိတာကိုေတာ့ ေသဆံုးသူနဲ႔ ထိခိုက္ဒဏ္ရာရရွိသူ မိသားစုဝင္ေတြက အေၾကာင္းတစံုတရာ မသိရွိၾကေသးပါဘူး။

ထိခိုက္ဒဏ္ရာေၾကာင့္ စစ္ေတြေဆးရံုမွာ ကုသမႈခံယူေနတဲ့ ေမာင္ေနဆန္းဝင္းဟာ စစ္ေတြကိုေက်ာင္းသြားဖုိ႔ ကားထုတ္ေနခ်ိန္မွာ ပစ္ခတ္ခံရတာလို႔ ဦးေလးျဖစ္သူက ေျပာပါတယ္။

“က်ေတာ္တို႔ကေတာ့ ဘာမွမဆုိင္တဲ့၊ ဘာမွျပႆနာမရွိတဲ့ ဒီေက်ာင္းသားေလး ကေလးကို ဘယ္လိုျဖစ္လို႔ပစ္တာလဲေနာ္။ ျပည္သူကုိ ကာကြယ္ေပးမယ့္ တပ္မေတာ္ဆိုတဲ့ဟာ အခုက ျပည္သူကေၾကာက္ေနရတယ္။ က်ေတာ္တို႔ရခိုင္ေတြက တပ္မေတာ္လာရင္ ပုန္းၿပီးေတာ့ ဟုိကုိေျပး၊ ဒီကုိေျပး ျဖစ္ေနရတယ္။”

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေက်းရြာေတြမွာ မနက္၅နာရီအခ်ိန္ေလာက္ဆို လူသူသြားလာေနၾကၿပီး အခင္းျဖစ္တဲ့မနက္ကေတာ့ တပ္မေတာ္စစ္ေၾကာင္းဆင္းလာတဲ့အခ်ိန္မွာ ရြာသားႏွစ္ဦး ပစ္ခတ္ခံခဲ့ရတာလို႔ ေဒသခံေတြက ဆိုပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္းက အခုပစ္ခတ္ခံလိုက္ရတဲ့ပံုစံက စစ္ေရးပဋိပကၡအေျခအေနေၾကာင့္ မဟုတ္ဘဲ ေနာက္ပိုင္းမွာ အျဖစ္မ်ားလာတဲ့ တဘက္သတ္ပစ္ခတ္မႈ ျဖစ္စဥ္မ်ိဳးုလို႔ ေျပာပါတယ္။

“က်ေတာ္တို႔သိရသေလာက္ကေတာ့ အဲဒီဘက္ေတြမွာ တုိက္ပြဲေတြျဖစ္တာတုိ႔ ဘာတို႔ကေတာ့ မရွိဘူး။ ဒီေန႔မနက္လည္း အခင္းျဖစ္တဲ့အခါမွာ က်ေတာ္တို႔ေမးၾကည့္တဲ့အခါ တိုက္ပြဲျဖစ္တဲ့ပံုစံမဟုတ္ဘူး။ ေနာက္ပုိင္း က်ေတာ္တုိ႔ ျဖစ္စဥ္ေတြေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရသေလာက္ေပါ့။ တဖက္ကေနၿပီးေတာ့မွ ပစ္တာခတ္တာေတြ ျဖစ္လာတယ္ေပါ့ ေနာက္ပုိင္းမွာ။ အခုလည္းပဲ အဲလိုျဖစ္စဥ္မ်ိဳးေပါ့။”

ရခိုင္ျပည္နယ္တြင္း စစ္ေရးေစာင့္ၾကည့္သူ ဦးေဇာ္ဝင္းကေတာ့ တပ္မေတာ္စစ္ေၾကာင္းဆင္းလာၿပီဆို ေဒသခံရြာသားေတြ ေျပးလႊားေရွာင္ပုန္းေနရတဲ့ အေျခအေနထိ စစ္တပ္ကိုေၾကာက္လန္႔ေနရတယ္လို႔ ဆုိပါတယ္။

“ဗီြဒီယုိဇာတ္ကားေတြမွာ သီဟတင္စုိးတို႔၊ ေနထက္လင္းတုိ႔ကားေတြမွာ ဂ်ပန္ငပုေတြလာၿပီေဟ့ ေျပးၾက ေျပးၾကဆို ရြာသားေတြ ေျပးရတယ္မလား။ ဒီဘက္မွာလည္း အဲလိုမ်ိဳးဗ်။ ေျပာရရင္လည္း အားနာနာ။ စစ္တပ္ကလာၿပီဆိုရင္ ဘယ္ရြာနားေရာက္ေနၿပီ၊ ေဟ့ ငါတုိ႔ရြာနားေရာက္ေနၿပီ ေျပးၾကေဟ့။ ရြာသားေတြက အဲလို သူတုိ႔ကို ေၾကာက္လန္႔ေနၾကတာေလ။”

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ တုိက္ပြဲေၾကာင့္မဟုတ္ဘဲ စစ္ေၾကာင္းနဲ႔ေတြ႕လို႔ ပစ္ခတ္ခံရတာေၾကာင့္ ေသဆံုး၊ ဒဏ္ရာရရွိသူ အခုႏွစ္ထဲမွာ ၅၀ ဝန္းက်င္ရွိေနၿပီလို႔ ေလ့လာေစာင့္ၾကည့္သူေတြက ေျပာပါတယ္။

..............................

{unicode}

ကျောက်တော်မြို့နယ် ပစ်ခတ်မှု ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ရွှေလှိုင်ကျေးရွာမှာ ဒီကနေ့ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သားတဦးသေဆုံးပြီး၊ တဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီပစ်ခတ်မှုကို တပ်မတော်ဘက်က အတည်ပြုပြီး မသင်္ကာဖွယ်ရာ သံသယရှိသူတွေကို ပစ်ခတ်လိုက်တာလို့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၅ရက် မနက် ၆နာရီဝန်းကျင်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ရွှေလှိုင်ကျေးရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် စစ်အောင်ရွာသား ဦးကုလားမောင်သေဆုံးသွားပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရွှေလှိုင်ကျေးရွာက မောင်နေဆန်းဝင်းဆိုသူလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကတော့ ပစ်ခတ်ခံရသူတွေဟာ အရပ်သားမဟုတ်ဘူးလို့ ဆိုပါတယ်။

“အဲဒါ အရပ်သားမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ မောင်းပြေးတဲ့ကောင်က လက်ပစ်ဗုံးပါတာ။ တားတယ်၊ မေးတယ်၊ ပြေးတယ်။ပြေးတော့ပစ်တယ်ပေါ့။ သူပုန်ကတော့ သူပုန်လိုလုပ်မှာပဲ။ အကြမ်းဖက်တွေကတော့။”

သူတို့နှစ်ဦးကို စစ်တပ်က ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ မိသားစုဝင်တွေက အကြောင်းတစုံတရာ မသိရှိကြသေးပါဘူး။

ထိခိုက်ဒဏ်ရာကြောင့် စစ်တွေဆေးရုံမှာ ကုသမှုခံယူနေတဲ့ မောင်နေဆန်းဝင်းဟာ စစ်တွေကိုကျောင်းသွားဖို့ ကားထုတ်နေချိန်မှာ ပစ်ခတ်ခံရတာလို့ ဦးလေးဖြစ်သူက ပြောပါတယ်။

“ကျတော်တို့ကတော့ ဘာမှမဆိုင်တဲ့၊ ဘာမှပြဿနာမရှိတဲ့ ဒီကျောင်းသားလေး ကလေးကို ဘယ်လိုဖြစ်လို့ပစ်တာလဲနော်။ ပြည်သူကို ကာကွယ်ပေးမယ့် တပ်မတော်ဆိုတဲ့ဟာ အခုက ပြည်သူကကြောက်နေရတယ်။ ကျတော်တို့ရခိုင်တွေက တပ်မတော်လာရင် ပုန်းပြီးတော့ ဟိုကိုပြေး၊ ဒီကိုပြေး ဖြစ်နေရတယ်။”

ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ မနက်၅နာရီအချိန်လောက်ဆို လူသူသွားလာနေကြပြီး အခင်းဖြစ်တဲ့မနက်ကတော့ တပ်မတော်စစ်ကြောင်းဆင်းလာတဲ့အချိန်မှာ ရွာသားနှစ်ဦး ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက အခုပစ်ခတ်ခံလိုက်ရတဲ့ပုံစံက စစ်ရေးပဋိပက္ခအခြေအနေကြောင့် မဟုတ်ဘဲ နောက်ပိုင်းမှာ အဖြစ်များလာတဲ့ တဘက်သတ်ပစ်ခတ်မှု ဖြစ်စဉ်မျိုးုလို့ ပြောပါတယ်။

“ကျတော်တို့သိရသလောက်ကတော့ အဲဒီဘက်တွေမှာ တိုက်ပွဲတွေဖြစ်တာတို့ ဘာတို့ကတော့ မရှိဘူး။ ဒီနေ့မနက်လည်း အခင်းဖြစ်တဲ့အခါမှာ ကျတော်တို့မေးကြည့်တဲ့အခါ တိုက်ပွဲဖြစ်တဲ့ပုံစံမဟုတ်ဘူး။ နောက်ပိုင်း ကျတော်တို့ ဖြစ်စဉ်တွေတော်တော်များများမှာ တွေ့ရသလောက်ပေါ့။ တဖက်ကနေပြီးတော့မှ ပစ်တာခတ်တာတွေ ဖြစ်လာတယ်ပေါ့ နောက်ပိုင်းမှာ။ အခုလည်းပဲ အဲလိုဖြစ်စဉ်မျိုးပေါ့။”

ရခိုင်ပြည်နယ်တွင်း စစ်ရေးစောင့်ကြည့်သူ ဦးဇော်ဝင်းကတော့ တပ်မတော်စစ်ကြောင်းဆင်းလာပြီဆို ဒေသခံရွာသားတွေ ပြေးလွှားရှောင်ပုန်းနေရတဲ့ အခြေအနေထိ စစ်တပ်ကိုကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။

“ဗွီဒီယိုဇာတ်ကားတွေမှာ သီဟတင်စိုးတို့၊ နေထက်လင်းတို့ကားတွေမှာ ဂျပန်ငပုတွေလာပြီဟေ့ ပြေးကြ ပြေးကြဆို ရွာသားတွေ ပြေးရတယ်မလား။ ဒီဘက်မှာလည်း အဲလိုမျိုးဗျ။ ပြောရရင်လည်း အားနာနာ။ စစ်တပ်ကလာပြီဆိုရင် ဘယ်ရွာနားရောက်နေပြီ၊ ဟေ့ ငါတို့ရွာနားရောက်နေပြီ ပြေးကြဟေ့။ ရွာသားတွေက အဲလို သူတို့ကို ကြောက်လန့်နေကြတာလေ။”

ကျောက်တော်မြို့နယ်မှာ တိုက်ပွဲကြောင့်မဟုတ်ဘဲ စစ်ကြောင်းနဲ့တွေ့လို့ ပစ်ခတ်ခံရတာကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ အခုနှစ်ထဲမှာ ၅၀ ဝန်းကျင်ရှိနေပြီလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

 စုစု/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေက်ာက္ေတာ္ၿမိဳ႕နယ္ ပစ္ခတ္မႈ ၁ ဦးေသ၊ ၁ ဦး ဒဏ္ရာရ ေက်ာက္ေတာ္ၿမိဳ႕နယ္ ပစ္ခတ္မႈ ၁ ဦးေသ၊ ၁ ဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.