ခရမ္းသီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြ


၁၈ ေအာက္တိုဘာ
Zawgyi
ခရမ္းသီးမွာ ဗီတာမင္ေတြ၊ အာဟာရဓာတ္ေတြနဲ႔ အမွ်င္ဓာတ္တို႔အျပည့္အဝပါဝင္ပါတယ္။ ခရမ္းသီးက ႏွလုံး၊ ဦးေႏွာက္၊ အေရျပားနဲ႔ အ႐ိုးကို အက်ိဳးျပဳတဲ့အျပင္ အစာေခ်စနစ္ကိုေကာင္းမြန္ေစၿပီး အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါကိုပါ ထိန္းႏိုင္တဲ့အစြမ္း ရွိတယ္လို႔ သိရပါတယ္။

သူ႔ရဲ႕ေကာင္းက်ိဳးေတြထဲက တစ္ခ်က္ကေတာ့ အဆီဓာတ္မပါရွိတာပဲျဖစ္ပါတယ္။ မီးဖုတ္စားတာပဲျဖစ္ျဖစ္၊ ဟင္းခ်က္စားတာပဲျဖစ္ျဖစ္ မ်ိဳးစုံသုံးလို႔ရတဲ့ ခရမ္းသီးဟာ အဆီခ်အသားက်စ္လ်စ္ဖို႔အတြက္လည္း အသုံးဝင္မွာျဖစ္ပါတယ္။

ခရမ္းသီးရဲ႕ေကာင္းက်ိဳးမ်ား
(၁) ႏွလုံးရဲ႕လုပ္ေဆာင္ခ်က္ ေကာင္းေစတယ္
ႏွလုံးက်န္းမာေရးအတြက္ ကိုလက္စထေရာပမာဏနဲ႔ ေသြးဖိအားကို မွန္ကန္တဲ့အဆင့္ရွိမွာထိန္းထားႏိုင္ဖို႔ လိုပါတယ္။ သည္လိုမွမထိန္းနိင္ရင္ ဆိုး႐ြားတဲ့ႏွလုံးေရာဂါအေျခအေနေတြျဖစ္ႏိုင္ေျခပိုမ်ားေစပါတယ္။ ခရမ္းသီး ဟာ phytonutrients လို႔ေခၚတဲ့ ႏွလုံးကိုကာကြယ္ေပးတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးပါဝင္မႈေၾကာင့္ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစၿပီး ေသြးေၾကာလုပ္ေဆာင္ခ်က္ေတြ ေကာင္းမြန္ေစတယ္လို႔ သုေတသနတစ္ခုက ေဖာ္ျပခဲ့ပါတယ္။

ခရမ္းသီးမွာ မေကာင္းတဲ့ကိုလက္စထေရာပါဝင္မႈပမာဏလည္းနည္းပါးတာေၾကာင့္ ႏွလုံးေသြးေၾကာပိတ္ဆို႔မႈျဖစ္ေစႏိုင္တဲ့ အဆီေခ်းေတြျဖစ္မလာေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၂) ဦးေႏွာက္ကိုကာကြယ္ေပးတယ္
ခရမ္းသီးအခြံမွာပါတဲ့ nasunin လို႔ေခၚတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္မ်ိဳးေၾကာင့္ ခရမ္းေရာင္ျဖစ္ေနတာပါ။ nasunin ဟာ ဦးေႏွာက္ထဲကအဆီဓာတ္ေတြကိုထိခိုက္မႈမရွိေအာင္ကာကြယ္ေပးႏိုင္တယ္လို႔ ေတြ႕ရွိထားပါတယ္။ ဦးေႏွာက္ဆဲလ္အေျမႇးေတြထဲမွာ ေတြ႕ရတဲ့ သည္အဆီေတြက အာဟာရဓာတ္ေတြကို စုပ္ယူေပးတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ခရမ္းသီးကိုခ်က္မယ္ဆိုရင္ အခြံကအေရးပါတာေၾကာင့္ အခြံခြာမပစ္ပါနဲ႔။

(၃) အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါကို ထိန္းခ်ဳပ္ႏိုင္တယ္
အာဟာရဓာတ္ေတြအျပည့္အဝပါတဲ့အျပင္ အမွ်င္ဓာတ္ပါဝင္မႈမ်ားၿပီး ေပ်ာ္ဝင္လြယ္တဲ့ကာဗိုဟိုက္ဒရိတ္ေတြ လည္း နည္းပါးပါတယ္။ဒါ့ေၾကာင့္ ဆီးခ်ိဳေရာဂါရွိသူေတြဟာ ထမင္းစားရင္ ခရမ္းသီးဟင္းတစ္ခြက္ေတာ့ ထည့္သြင္းသင့္ပါတယ္။

ခရမ္းသီးမွာ ဂလူးကို႔စ္စုပ္ယူမႈကိုထိန္းခ်ဳပ္ေပးတဲ့ျဒပ္ေပါင္းေတြျဖစ္တဲ့ alpha-glucosidase နဲ႔ angiotensin တို႔ ပါဝင္မႈျမင့္မားတာေၾကာင့္ ဆီးခ်ိဳကာကြယ္ၿပီး ထိန္းခ်ဳပ္ႏိုင္တယ္လို႔ သုေတသနက ဆိုပါတယ္။ phenols ဆိုတဲ့ ဓာတ္ေၾကာင့္လည္း အင္ဆူလင္က ကာဗိုဟိုက္ဒရိတ္ေတြကိုၿဖိဳခြဲမႈေႏွးေကြးေစၿပီး ေသြးတြင္းသၾကားဓာတ္ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။

(၄) ကိုယ္အေလးခ်ိန္ကိုက်ေစတယ္
ဝိတ္ခ်ဖို႔စဥ္းစားေနသူျဖစ္ရင္ ခရမ္းသီးက အကူအညီေပးပါလိမ့္မယ္။ အမွ်င္ဓာတ္မ်ားလို႔ သင့္ကို အခ်ိန္အေတာ္ၾကာ ဗိုက္ျပည့္ေနေစၿပီး ကယ္လိုရီကလည္း နည္းပါတယ္။ ခရမ္းသီးအစိမ္း ၁၀ဝ ဂရမ္မွာ ၂၄ ကယ္လိုရီသာ ပါရွိပါတယ္။

(၅) အသားအေရလွေစတယ္
ခရမ္းသီးမွာ ဗီတာမင္ စီနဲ႔ အီး ႂကြယ္ဝတာေၾကာင့္ ေနေရာင္ျခည္မွာပါတဲ့ ခရမ္းလြန္ဒဏ္ကို အကာအကြယ္ေပးပါတယ္။ ဒါ့အျပင္ အေရးအေၾကာင္းမ်ား၊ အမည္းစက္မ်ား အျပင္ အိုမင္းရင့္ေရာ္မႈ လကၡဏာေတြကို ေႏွးေကြးေစပါတယ္။

Nasunin ဟာ ဆဲလ္အေျမႇးပါးေတြထိခိုက္ေရာင္ရမ္းေစတဲ့( ဝက္ၿခံနဲ႔ psoriasis မွာလိုမ်ိဳး) အေျခအေနေတြ မျဖစ္ေစဖို႔ ကာကြယ္တဲ့ free radical တားဆီးေရးပစၥည္းအျဖစ္ လုပ္ေဆာင္ေပးပါတယ္။ အသားအေရ လွပေစဖို႔ အတြက္ လိုအပ္တဲ့ niacin, folate, နဲ႔ manganese ဓာတ္တို႔ကိုလည္း ခရမ္းသီးမွာေတြ႕ရပါတယ္။

(၆) အ႐ိုးသန္မာေစတယ္
သင့္မွာ အ႐ိုးပြေရာဂါျဖစ္လာႏိုင္တဲ့အႏၲရာယ္ရွိေနတယ္ဆိုရင္လည္း ခရမ္းသီးကို မၾကာခဏစားေပးဖို႔လိုပါတယ္။ အ႐ိုးက်န္းမာေရး အတြက္ အေရးပါတဲ့ phytonutrients, iron, manganese, နဲ႔ vitamin K တို႔လည္းႂကြယ္ဝစြာ ပါဝင္ပါတယ္။သည္ဓာတ္ေတြက ကယ္လ္စီယမ္ကို ထိေရာက္စြာအသုံးခ်ႏိုင္ဖို႔ေထာက္ကူေပးတာျဖစ္လို႔ ေနာက္ဆုံးမွာ အ႐ိုးသန္မာမႈကို အားေပးတာျဖစ္ပါတယ္။

(၇) သံဓာတ္လြန္ကဲျခင္းကို ေလွ်ာ့ခ်ေပးတယ္
Nasunin ေၾကာင့္ပါပဲ။ nasunin က သင့္ရဲ႕ခႏၶာကိုယ္စနစ္ထဲက ပိုလွ်ံေနတဲ့ သံဓာတ္ပမာဏကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ သံဓာတ္လြန္ကဲတဲ့အခါ ႐ုတ္တရက္ႏွလုံးေခတၱရပ္ျခင္း၊ ကင္ဆာတို႔နဲ႔ ဆက္ႏႊယ္ေစၿပီး free radical ထြက္ရွိမႈကို တိုးေစႏိုင္ပါတယ္။ အထူးသျဖင့္ ေသြးဆုံးကာနီးအမ်ိဳးသမီးေတြမွာ သံဓာတ္လြန္ကဲမႈ ပိုျဖစ္ေစႏိုင္ပါတယ္။

(၈) စိတ္က်ေရာဂါလကၡဏာေတြကို သက္သာေလ်ာ့ပါးေစတယ္
Serotonin လို႔ေခၚတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးခ်ိဳ႕တဲ့တဲ့အခါ စိတ္က်ေဝဒနာနဲ႔ စိုးရိမ္ပူပန္မႈကို ျဖစ္ေစတယ္လို႔ သုေတသီေတြကေျပာၾကပါတယ္။ ခရမ္းသီးမွာ serotonin အတြက္အေရးပါတဲ့ scopoletin ဓာတ္တစ္ခုပါဝင္တာေၾကာင့္ စိတ္က်ေရာဂါအတြက္ သက္သာေလ်ာ့ပါးေစပါတယ္။

(၉) အစာေျခစနစ္ကိုေကာင္းေစတယ္
ေရဓာတ္နဲ႔ အမွ်င္ဓာတ္ပါဝင္မႈမ်ားတဲ့ ခရမ္းသီးေတြဟာ အစာေျခစနစ္အတြက္ေကာင္းတာေၾကာင့္ စားသင့္တဲ့အသီးျဖစ္ပါတယ္။

ခရမ္းသီးကို ခ်က္စား၊ မီးဖုတ္စား၊ ေပါင္းစားလို႔ရေပမယ့္ ေၾကာ္စားရင္ေတာ့ သတိျပဳသင့္တာက ခရမ္းသီးက ဆီအရမ္းစုပ္ပါတယ္။

ေရးသားသူ - Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ- Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
Unicode

ခရမ်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ခရမ်းသီးမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တို့အပြည့်အဝပါဝင်ပါတယ်။ ခရမ်းသီးက နှလုံး၊ ဦးနှောက်၊ အရေပြားနဲ့ အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အမျိုးအစား ၂ ဆီးချိုရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်း ရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့ကောင်းကျိုးတွေထဲက တစ်ချက်ကတော့ အဆီဓာတ်မပါရှိတာပဲဖြစ်ပါတယ်။ မီးဖုတ်စားတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရတဲ့ ခရမ်းသီးဟာ အဆီချအသားကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်မှာဖြစ်ပါတယ်။

ခရမ်းသီးရဲ့ကောင်းကျိုးများ
(၁) နှလုံးရဲ့လုပ်ဆောင်ချက် ကောင်းစေတယ်
နှလုံးကျန်းမာရေးအတွက် ကိုလက်စထရောပမာဏနဲ့ သွေးဖိအားကို မှန်ကန်တဲ့အဆင့်ရှိမှာထိန်းထားနိုင်ဖို့ လိုပါတယ်။ သည်လိုမှမထိန်းနိင်ရင် ဆိုးရွားတဲ့နှလုံးရောဂါအခြေအနေတွေဖြစ်နိုင်ခြေပိုများစေပါတယ်။ ခရမ်းသီး ဟာ phytonutrients လို့ခေါ်တဲ့ နှလုံးကိုကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်မှုကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက်တွေ ကောင်းမွန်စေတယ်လို့ သုတေသနတစ်ခုက ဖော်ပြခဲ့ပါတယ်။

ခရမ်းသီးမှာ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုပမာဏလည်းနည်းပါးတာကြောင့် နှလုံးသွေးကြောပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ အဆီချေးတွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) ဦးနှောက်ကိုကာကွယ်ပေးတယ်
ခရမ်းသီးအခွံမှာပါတဲ့ nasunin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးကြောင့် ခရမ်းရောင်ဖြစ်နေတာပါ။ nasunin ဟာ ဦးနှောက်ထဲကအဆီဓာတ်တွေကိုထိခိုက်မှုမရှိအောင်ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဦးနှောက်ဆဲလ်အမြှေးတွေထဲမှာ တွေ့ရတဲ့ သည်အဆီတွေက အာဟာရဓာတ်တွေကို စုပ်ယူပေးတာဖြစ်ပါတယ်။

ဒါ့ကြောင့် ခရမ်းသီးကိုချက်မယ်ဆိုရင် အခွံကအရေးပါတာကြောင့် အခွံခွာမပစ်ပါနဲ့။

(၃) အမျိုးအစား ၂ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်တယ်
အာဟာရဓာတ်တွေအပြည့်အဝပါတဲ့အပြင် အမျှင်ဓာတ်ပါဝင်မှုများပြီး ပျော်ဝင်လွယ်တဲ့ကာဗိုဟိုက်ဒရိတ်တွေ လည်း နည်းပါးပါတယ်။ဒါ့ကြောင့် ဆီးချိုရောဂါရှိသူတွေဟာ ထမင်းစားရင် ခရမ်းသီးဟင်းတစ်ခွက်တော့ ထည့်သွင်းသင့်ပါတယ်။

ခရမ်းသီးမှာ ဂလူးကို့စ်စုပ်ယူမှုကိုထိန်းချုပ်ပေးတဲ့ဒြပ်ပေါင်းတွေဖြစ်တဲ့ alpha-glucosidase နဲ့ angiotensin တို့ ပါဝင်မှုမြင့်မားတာကြောင့် ဆီးချိုကာကွယ်ပြီး ထိန်းချုပ်နိုင်တယ်လို့ သုတေသနက ဆိုပါတယ်။ phenols ဆိုတဲ့ ဓာတ်ကြောင့်လည်း အင်ဆူလင်က ကာဗိုဟိုက်ဒရိတ်တွေကိုဖြိုခွဲမှုနှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါတယ်။

(၄) ကိုယ်အလေးချိန်ကိုကျစေတယ်
ဝိတ်ချဖို့စဉ်းစားနေသူဖြစ်ရင် ခရမ်းသီးက အကူအညီပေးပါလိမ့်မယ်။ အမျှင်ဓာတ်များလို့ သင့်ကို အချိန်အတော်ကြာ ဗိုက်ပြည့်နေစေပြီး ကယ်လိုရီကလည်း နည်းပါတယ်။ ခရမ်းသီးအစိမ်း ၁၀ဝ ဂရမ်မှာ ၂၄ ကယ်လိုရီသာ ပါရှိပါတယ်။

(၅) အသားအရေလှစေတယ်
ခရမ်းသီးမှာ ဗီတာမင် စီနဲ့ အီး ကြွယ်ဝတာကြောင့် နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ဒဏ်ကို အကာအကွယ်ပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းများ၊ အမည်းစက်များ အပြင် အိုမင်းရင့်ရော်မှု လက္ခဏာတွေကို နှေးကွေးစေပါတယ်။

Nasunin ဟာ ဆဲလ်အမြှေးပါးတွေထိခိုက်ရောင်ရမ်းစေတဲ့( ဝက်ခြံနဲ့ psoriasis မှာလိုမျိုး) အခြေအနေတွေ မဖြစ်စေဖို့ ကာကွယ်တဲ့ free radical တားဆီးရေးပစ္စည်းအဖြစ် လုပ်ဆောင်ပေးပါတယ်။ အသားအရေ လှပစေဖို့ အတွက် လိုအပ်တဲ့ niacin, folate, နဲ့ manganese ဓာတ်တို့ကိုလည်း ခရမ်းသီးမှာတွေ့ရပါတယ်။

(၆) အရိုးသန်မာစေတယ်
သင့်မှာ အရိုးပွရောဂါဖြစ်လာနိုင်တဲ့အန္တရာယ်ရှိနေတယ်ဆိုရင်လည်း ခရမ်းသီးကို မကြာခဏစားပေးဖို့လိုပါတယ်။ အရိုးကျန်းမာရေး အတွက် အရေးပါတဲ့ phytonutrients, iron, manganese, နဲ့ vitamin K တို့လည်းကြွယ်ဝစွာ ပါဝင်ပါတယ်။သည်ဓာတ်တွေက ကယ်လ်စီယမ်ကို ထိရောက်စွာအသုံးချနိုင်ဖို့ထောက်ကူပေးတာဖြစ်လို့ နောက်ဆုံးမှာ အရိုးသန်မာမှုကို အားပေးတာဖြစ်ပါတယ်။

(၇) သံဓာတ်လွန်ကဲခြင်းကို လျှော့ချပေးတယ်
Nasunin ကြောင့်ပါပဲ။ nasunin က သင့်ရဲ့ခန္ဓာကိုယ်စနစ်ထဲက ပိုလျှံနေတဲ့ သံဓာတ်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ သံဓာတ်လွန်ကဲတဲ့အခါ ရုတ်တရက်နှလုံးခေတ္တရပ်ခြင်း၊ ကင်ဆာတို့နဲ့ ဆက်နွှယ်စေပြီး free radical ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ အထူးသဖြင့် သွေးဆုံးကာနီးအမျိုးသမီးတွေမှာ သံဓာတ်လွန်ကဲမှု ပိုဖြစ်စေနိုင်ပါတယ်။

(၈) စိတ်ကျရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေတယ်
Serotonin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးချို့တဲ့တဲ့အခါ စိတ်ကျဝေဒနာနဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်စေတယ်လို့ သုတေသီတွေကပြောကြပါတယ်။ ခရမ်းသီးမှာ serotonin အတွက်အရေးပါတဲ့ scopoletin ဓာတ်တစ်ခုပါဝင်တာကြောင့် စိတ်ကျရောဂါအတွက် သက်သာလျော့ပါးစေပါတယ်။

(၉) အစာခြေစနစ်ကိုကောင်းစေတယ်
ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ခရမ်းသီးတွေဟာ အစာခြေစနစ်အတွက်ကောင်းတာကြောင့် စားသင့်တဲ့အသီးဖြစ်ပါတယ်။

ခရမ်းသီးကို ချက်စား၊ မီးဖုတ်စား၊ ပေါင်းစားလို့ရပေမယ့် ကြော်စားရင်တော့ သတိပြုသင့်တာက ခရမ်းသီးက ဆီအရမ်းစုပ်ပါတယ်။

ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ခရမ္းသီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ခရမ္းသီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြ Reviewed by THITHTOOLWIN on 01:45 Rating: 5
Powered by Blogger.