အၾကားအာ႐ုံေကာင္းေစဖို႔ လုပ္ေဆာင္ေပးသင့္တာအခ်ိဳ႕


၁၈ ေအာက္တိုဘာ
Zawgyi
လူေတြရဲ႕ လႈပ္ရွားလုပ္ေဆာင္မႈတိုင္းက အျမင္၊အၾကား၊အထိအေတြ႕အာ႐ုံေတြေပၚမွာ အေျခခံတာပါ။ ဒီအာ႐ုံေတြထဲက တစ္ခုခုသာ မေကာင္းခဲ့ဘူးဆိုရင္ေန႔စဥ္လႈပ္ရွားမႈမွာေတာ္ေတာ္ေလး ထိခိုက္မွာပါ။ ဒီေတာ့ အာ႐ုံခံစားမႈေတြကာင္းဖို႔က မျဖစ္မေနဂ႐ုစိုက္ဖို႔လိုမယ္ဆိုတာ ေျပာေနစရာေတာင္မလိုေအာင္ပါပဲ။ ဒီတစ္ေခါက္ေတာ့ အၾကားအာ႐ုံေကာင္းေစဖို႔အတြက္ လုပ္ေဆာင္သင့္တာေလးေတြကိုေျပာျပေပးပါမယ္။

ဒီအခ်က္ေတြေၾကာင့္ အၾကားအာ႐ုံထိခိုက္ေစႏိုင္ပါတယ္
တစ္ခုခုမေျပာခင္ အရင္လုပ္ရတဲ့အလုပ္ကနားေထာင္ရတာပါ။ နားေလးပဲခဏေလာက္ ပိတ္ထားၾကည့္လိုက္ ဘာေျပာမွန္းမသိလို႔ ဘယ္လိုတုံ႔ျပန္ရမလဲ မသိျဖစ္သြားႏိုင္တာသိၿပီးျဖစ္မွာပါ။ ဒီေတာ့ အၾကားအာ႐ုံကိုေကာင္းေကာင္းဂ႐ုစိုက္ဖို႔ လိုအပ္မယ္ဆိုတာ အေထြအထူးေတာင္ေျပာေနစရာမလိုပါဘူး။

ဝက္သက္လိုမ်ိဳးေရာဂါပိုးကူးစက္ျဖစ္ပြားတာ
က်ယ္ေလာင္ဆူညံတဲ့အသံေတြ အၿမဲနားေထာင္ေနရတာ
ေဆးမွားေသာက္တာ
အသက္အ႐ြယ္ႀကီးရင့္လာတာ
ေမြးရာပါအၾကားအာ႐ုံမေကာင္းတာ
အဖ်ားႀကီးတာ
ေလျဖတ္တာ
ဦးေႏွာက္မွာ အက်ိတ္ေတြျဖစ္တာေၾကာင့္ အၾကားအာ႐ုံဆုံးရႈံးႏိုင္ပါတယ္။
ဒါေတြအျပင္

တစ္ခုခုနဲ႔နားစည္ကို ထိုးမိတာ
နားဖာေခ်းေတြပိတ္ေနတာ
နားပိုးဝင္ကူးစက္တာ
နားအတြင္းပိုင္းအ႐ိုးထိခိုက္မိတာ
နားထဲကိုျပင္ပအရာဝတၳဳတစ္ခုခုဝင္တာေတြေၾကာင့္လည္း အၾကားအာ႐ုံထိခိုက္ေစႏိုင္ပါတယ္။
အၾကားအာ႐ုံေကာင္းေစဖို႔လုပ္ေဆာင္ေပးသင့္တာအခ်ိဳ႕
အၾကားအာ႐ုံေကာင္းေစဖို႔နဲ႔ျပန္လည္သန္စြမ္းလာေစဖို႔ အခုေျပာျပမယ့္ နည္းလမ္းေလးေတြကအေထာက္အကူျပဳေပးႏိုင္မွာပါ။

ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္းလုပ္ပါဆိုလို႔ Gym သြားခိုင္းတာမဟုတ္ပါဘူး။ေန႔စဥ္ပုံမွန္ တိတ္ဆိတ္တဲ့ေနရာေလးမွာ ၁၅ မိနစ္ေလာက္လမ္းေလွ်ာက္ေပးတာမ်ိဳးက အၾကာအာ႐ုံေကာင္းေစဖို႔ အေထာက္အပံ့ေပးႏိုင္ပါတယ္။ မနက္ခင္းမွာေနေရာင္ေႏြးေႏြးေလးေအးေအးေလးကို တဝရႈသြင္းၿပီး အၾကားအာ႐ုံေကာင္းေအာင္ ႀကိဳးစားလိုက္ပါ။

ေယာဂကစားပါ

ေယာဂကက်န္းမာေရးအတြက္အေထာက္အကူျပဳတယ္ဆိုတာကေတာ့ အမ်ားကလက္ခံထားၿပီးသားကိစၥပါ။ေယာဂကစားတာေၾကာင့္ရရွိႏိုင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြထဲမွာ အၾကားအာ႐ုံေကာင္းေစတာကလည္း တစ္ခုအပါအဝင္ပါ။ေယာဂကစားတာေၾကာင့္ အၾကားအာ႐ုံနဲ႔ ဦးေႏွာက္ၾကားမွာ အေကာင္းဆုံးခ်ိတ္ဆက္ေပးႏိုင္ၿပီး အာ႐ုံေၾကာေတြရဲ႕လုပ္ေဆာင္မႈကိုေကာင္းမြန္ေစႏိုင္ပါတယ္။

ဗီတာမင္ေတြပါေအာင္စားသုံးပါ

အၾကားအာ႐ုံေကာင္းေစဖို႔အတြက္ေဖာလစ္အက္ဆစ္၊ မဂၢနီဆီယမ္၊ဇင့္ နဲ႔ ဗီတာမင္ B တို႔ပါဝင္ေအာင္စားသုံးရပါမယ္။ ဒါမွအၾကားအာ႐ုံအတြက္အေရးပါတဲ့ နားကို အေကာင္းဆုံးကာကြယ္ေပးႏိုင္ၿပီး အၾကားအာ႐ုံက်န္းမာေစႏိုင္မွာပါ။

ေဆးလိပ္ျဖတ္ပါ

ေဆးလိပ္ေသာက္သူေတြဟာ သာမန္ထက္ အၾကားအာ႐ုံဆုံးရႈံးႏိုင္ေျခ ၂ ဆေလာက္ပိုမ်ားေနပါတယ္။ေဆးလိပ္မ်ာပါတဲ့ နီကိုတင္းက နားအတြင္းပိုင္းမ်ာရွိတဲ့ ဆဲလ္ေတြဆီေသြးစီးဆင္းရာက္ရွိမႈကို အဟန္႔အတားျဖစ္ေစႏိုင္တာေၾကာင့္ပါ။ ဒါေၾကာင့္ အၾကားအာ႐ုံက်န္းမာခ်င္ရင္ေဆးလိပ္ျဖတ္ပါ။

တရားထိုင္ပါ

ဆူညံသံေတြကင္းတဲ့ေနရာမွာ တရားမွတ္တာက အၾကားအာ႐ုံေကာင္းဖို႔ အေကာင္းဆုံးအေထာက္အပံ့ေပးႏိုင္ပါတယ္။ တရားမွတ္တဲ့အခါ အသက္ျပင္းျပင္းရႈတာကေသြးစီးဆင္းမႈေကာင္းေစၿပီး ကိုယ္တြင္းေအာက္ဆီဂ်င္ပမာဏကိုတိုးေစႏိုင္ပါတယ္။ အသံတစ္ခုခုကိုအာ႐ုံစိုက္လို႔ ဝင္သက္ထြက္သက္မွတ္ၿပီး အသံလာရာဆီကိုအာ႐ုံစူးစိုက္နားေထာင္ေပးပါ။

သီခ်င္းေတြကို အသံက်ယ္က်ယ္နားမေထာင္ပါနဲ႔

သီခ်င္းေတြကို အသံက်ယ္က်ယ္နားေထာင္တာက စိတ္လြတ္လပ္ေပါ့ပါးေစတယ္ဆိုေပမယ့္ အရမ္းက်ယ္လြန္းတဲ့အသံေတြက နားစည္ကိုထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ သီခ်င္းႀကိဳက္တယ္ဆိုရင္ေတာင္ အသံအက်ယ္ႀကီးနားမေထာင္ပါနဲ႔။ နားၾကပ္တပ္လို႔နားေထာင္တဲ့အခါ ပိုၿပီး သတိထားပါ။ ဆူညံက်ယ္ေလာင္တဲ့အသံေတြက အၾကားအာ႐ုံကို ဆိုးဆိုး႐ြား႐ြားထိခိုက္ေစႏိုင္ပါတယ္။
ေရးသားသူ - Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ- Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------
Unicode
အကြားအာရုံကောင်းစေဖို့ လုပ်ဆောင်ပေးသင့်တာအချို့

၁၈ အောက်တိုဘာ

လူတွေရဲ့ လှုပ်ရှားလုပ်ဆောင်မှုတိုင်းက အမြင်၊အကြား၊အထိအတွေ့အာရုံတွေပေါ်မှာ အခြေခံတာပါ။ ဒီအာရုံတွေထဲက တစ်ခုခုသာ မကောင်းခဲ့ဘူးဆိုရင်နေ့စဉ်လှုပ်ရှားမှုမှာတော်တော်လေး ထိခိုက်မှာပါ။ ဒီတော့ အာရုံခံစားမှုတွေကာင်းဖို့က မဖြစ်မနေဂရုစိုက်ဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒီတစ်ခေါက်တော့ အကြားအာရုံကောင်းစေဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေကိုပြောပြပေးပါမယ်။

ဒီအချက်တွေကြောင့် အကြားအာရုံထိခိုက်စေနိုင်ပါတယ်
တစ်ခုခုမပြောခင် အရင်လုပ်ရတဲ့အလုပ်ကနားထောင်ရတာပါ။ နားလေးပဲခဏလောက် ပိတ်ထားကြည့်လိုက် ဘာပြောမှန်းမသိလို့ ဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်သွားနိုင်တာသိပြီးဖြစ်မှာပါ။ ဒီတော့ အကြားအာရုံကိုကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်မယ်ဆိုတာ အထွေအထူးတောင်ပြောနေစရာမလိုပါဘူး။

ဝက်သက်လိုမျိုးရောဂါပိုးကူးစက်ဖြစ်ပွားတာ
ကျယ်လောင်ဆူညံတဲ့အသံတွေ အမြဲနားထောင်နေရတာ
ဆေးမှားသောက်တာ
အသက်အရွယ်ကြီးရင့်လာတာ
မွေးရာပါအကြားအာရုံမကောင်းတာ
အဖျားကြီးတာ
လေဖြတ်တာ
ဦးနှောက်မှာ အကျိတ်တွေဖြစ်တာကြောင့် အကြားအာရုံဆုံးရှုံးနိုင်ပါတယ်။
ဒါတွေအပြင်

တစ်ခုခုနဲ့နားစည်ကို ထိုးမိတာ
နားဖာချေးတွေပိတ်နေတာ
နားပိုးဝင်ကူးစက်တာ
နားအတွင်းပိုင်းအရိုးထိခိုက်မိတာ
နားထဲကိုပြင်ပအရာဝတ္ထုတစ်ခုခုဝင်တာတွေကြောင့်လည်း အကြားအာရုံထိခိုက်စေနိုင်ပါတယ်။
အကြားအာရုံကောင်းစေဖို့လုပ်ဆောင်ပေးသင့်တာအချို့
အကြားအာရုံကောင်းစေဖို့နဲ့ပြန်လည်သန်စွမ်းလာစေဖို့ အခုပြောပြမယ့် နည်းလမ်းလေးတွေကအထောက်အကူပြုပေးနိုင်မှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပါဆိုလို့ Gym သွားခိုင်းတာမဟုတ်ပါဘူး။နေ့စဉ်ပုံမှန် တိတ်ဆိတ်တဲ့နေရာလေးမှာ ၁၅ မိနစ်လောက်လမ်းလျှောက်ပေးတာမျိုးက အကြာအာရုံကောင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ မနက်ခင်းမှာနေရောင်နွေးနွေးလေးအေးအေးလေးကို တဝရှုသွင်းပြီး အကြားအာရုံကောင်းအောင် ကြိုးစားလိုက်ပါ။

ယောဂကစားပါ

ယောဂကကျန်းမာရေးအတွက်အထောက်အကူပြုတယ်ဆိုတာကတော့ အများကလက်ခံထားပြီးသားကိစ္စပါ။ယောဂကစားတာကြောင့်ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အကြားအာရုံကောင်းစေတာကလည်း တစ်ခုအပါအဝင်ပါ။ယောဂကစားတာကြောင့် အကြားအာရုံနဲ့ ဦးနှောက်ကြားမှာ အကောင်းဆုံးချိတ်ဆက်ပေးနိုင်ပြီး အာရုံကြောတွေရဲ့လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်ပါတယ်။

ဗီတာမင်တွေပါအောင်စားသုံးပါ

အကြားအာရုံကောင်းစေဖို့အတွက်ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ဇင့် နဲ့ ဗီတာမင် B တို့ပါဝင်အောင်စားသုံးရပါမယ်။ ဒါမှအကြားအာရုံအတွက်အရေးပါတဲ့ နားကို အကောင်းဆုံးကာကွယ်ပေးနိုင်ပြီး အကြားအာရုံကျန်းမာစေနိုင်မှာပါ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်သူတွေဟာ သာမန်ထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ၂ ဆလောက်ပိုများနေပါတယ်။ဆေးလိပ်မျာပါတဲ့ နီကိုတင်းက နားအတွင်းပိုင်းမျာရှိတဲ့ ဆဲလ်တွေဆီသွေးစီးဆင်းရာက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အကြားအာရုံကျန်းမာချင်ရင်ဆေးလိပ်ဖြတ်ပါ။

တရားထိုင်ပါ

ဆူညံသံတွေကင်းတဲ့နေရာမှာ တရားမှတ်တာက အကြားအာရုံကောင်းဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ တရားမှတ်တဲ့အခါ အသက်ပြင်းပြင်းရှုတာကသွေးစီးဆင်းမှုကောင်းစေပြီး ကိုယ်တွင်းအောက်ဆီဂျင်ပမာဏကိုတိုးစေနိုင်ပါတယ်။ အသံတစ်ခုခုကိုအာရုံစိုက်လို့ ဝင်သက်ထွက်သက်မှတ်ပြီး အသံလာရာဆီကိုအာရုံစူးစိုက်နားထောင်ပေးပါ။

သီချင်းတွေကို အသံကျယ်ကျယ်နားမထောင်ပါနဲ့

သီချင်းတွေကို အသံကျယ်ကျယ်နားထောင်တာက စိတ်လွတ်လပ်ပေါ့ပါးစေတယ်ဆိုပေမယ့် အရမ်းကျယ်လွန်းတဲ့အသံတွေက နားစည်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သီချင်းကြိုက်တယ်ဆိုရင်တောင် အသံအကျယ်ကြီးနားမထောင်ပါနဲ့။ နားကြပ်တပ်လို့နားထောင်တဲ့အခါ ပိုပြီး သတိထားပါ။ ဆူညံကျယ်လောင်တဲ့အသံတွေက အကြားအာရုံကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အၾကားအာ႐ုံေကာင္းေစဖို႔ လုပ္ေဆာင္ေပးသင့္တာအခ်ိဳ႕ အၾကားအာ႐ုံေကာင္းေစဖို႔ လုပ္ေဆာင္ေပးသင့္တာအခ်ိဳ႕ Reviewed by THITHTOOLWIN on 01:48 Rating: 5
Powered by Blogger.